Wednesday, September 14, 2011

ဘုံပေါက်သာကျော် ၏ တော်လှန်ရီး ခရီးဝယ် စာအုပ်က ဆရာတော် ဦးစိန္တာနင့် နိုင်ငံရီးလှုပ်ရှားမှူ ( ပထမပိုင်း )

       မြီပုံညီလာခံကို -၁၉၄၇-ခုနှစ် ဧပြီလ--၁-ရက်နိက -၃-ရက်နိအထိ ကျင်းပဖို့  ဆုံးဖြတ်ခကတ်ပါသည်။ ညီလာခံပထမ နိအတွက် ဆရာတော် ဦးစိန္တာက သဘာပတိအဖြိုက်၎င်း၊ ဘုံပေါက်သာကျော်က အတွင်း ရီးမှူးအဖြိုက်၎င်း ။ အလံနီပါတီက ကိုအောင်လင်းက နိုင်ငံရီး တရားဟောဖို့ သူ အဖြိုက်၎င်း သတ်မှတ် ထားပါသည်။ ညဇါဖက်မှာ ဗိုလ်ချုပ်အောင်ဆန်း ၊ ဦးဗဆွေ ( ၀န်ကြီးနင့် ကာကွယ်ရီးဝန်ကြီးဟောင်း ဦးဗဆွေ ) ။ဦးအောင်ဇံဝေ ( ၀န်ကြီးဟောင်း ) ။ဗိုလ်မှူးမင်းလွင် ( ဆောက်လုပ်ရီးကော်ပိုရေးရှင်းဌါနချုပ်-ပညာသည် ဦးစီးမှူး၊ ရို့  မမျှော် လင့်ဘဲနင့်အမ်ဂျီဘီသဘောင်္ ငယ်နင့်  ရောက်လာပါသည်။
    သူရို့ တိက မြီပုံမှာ ညဥ့်မအိပ်နိုင်လို့  ပြောရေအတွက် ဒေကနိ တရားဟောပွဲမှာ ဟောပြောခွင့်ပြု ရန်   တောင်းကတ်ပါသည်။ ခေါဆာင်ပိုင်း အချင်းချင်း ဆွီးနွီး ကတ်ဗြီးေ က ဗိုလ်ချုပ်အောင်ဆန်း၊ ကိုဗဆွေ ၊ ကိုအောင်လင်း ရို့ ကို ဟောခွင့်ပြုရန် ဆုံးဖြတ် ကတ်လိုက် ပါသည်။အချိန်ကန့် သတ်မှူမဟိ။လိုသမျှ ပြောလီ ဧပြီလ -၁-ရက်နိ ညဇါဖက်-ရ-ချက်တီးမှာ ညီလာခံ စပါ သည်။ ဆရာတော်ဦးစိန္တာက သဘာပတိ ဆောင် ရွက် သည်။ ညီလာခံ မဏ္ဍပ်မှာ ကိုယ်စားလှယ်-ရ၀၀- -ကျော်တက်ရောက်သည်။တက်ရောက်နားထောင် သူ ခြောက်သောင်းကျော် အုတ်အော်  သောင်းသောင်း ဟိနီကတ်ပါသည်။ မဏ္ဍပ်တွင်းက ပရိတ်သတ် တိ  က ဆရာတော်ဦးစိန္တာကို ရှိခိုးပူဇေါ် ကတ်ပါသည်။ ညီလာခံ ဧည့်ခံရီးကော်မီတီ ဥက္ကဌ ဦးဘိုးဦး ( ရခိုင်ပြည်   ပြည်သူ့ လွပ်လပ်ရီးအဖွဲ့ ဌါနချုပ်-ဥက္ကဌ ) က မိန့် ခွန်းပြောပါသည်။ ပြည်သူလူထုလက်ခုပ်သံတိ ညံ လား ခပါသည်။သဘာပတိ ဆရာတော် ဦးစိန္တာ မိန့် ခွန်း ပြောဖို့ ဆိုရေအခါ လက်ခုပ်သံတိ ရရောင်း သတ် လို့  ထွက်လာပါသည်။ ဆရာတာ် ၏မိန့် ခွန်းမှာ ဗြိသျှနယ်ချဲ့ကိုယ်လိုနီကျွန်ဘ၀မှ လက်နက်စွဲကိုင်တော်လှန်  ရီးဖြင့် အလွပ်ရုန်း ထွက် ရန် အဓိကထားရေ မိန့် ခွန်းဖြိုက်ပါသည်။ ဆရာတော် ဦးစိန္တာကို လွပ်လပ်ရီး ဗိသုကာကြီး ။ 
          လယ်သမားဖခင်ကြီးလို့  ထင်ထားကတ်တေ ရခိုင်ပြည်သူတိ လက်ခုပ်သံမှာ မဏ္ဍပ်အတွင်း ညံမ စဲဖြိုက် နီပါသည်။ ယင်းမြီပုံ တပ်ပေါင်းစု ညီလာခံနင့် ပါတ်သက်ပနာ -၁၉၄၇-ခုနှစ် -ဧပြီလ-၂၄-ရက် ( ၁၃၀၉-ခု-ကဆုန်လဆန်း-၁၅-ရက် ကြာသပတေးနိ) ထုတ်ဝီရေ သူရိယသတင်းစာမှာ   ဒေပိုင်အတိုင်း ဖေါ်ပြခစွာ ဟိပါသည်။  
 " လွပ်လွပ်ရီးကို - ရွီးကောက်ပွဲနင့် ရဖို့  လား " " ဟား --ဟား -----ဟား--- " " 
 လွပ်လွပ်ရီးကို ရွီးကောက်ပွဲနင့် မရနိုင်- တော်လှန်ယူမှ ရနိုင် "
  - ဦးစိန္တာကိုယ်တော် - " တော်လှန်ရီး ဆိုစွာ မလွယ် ။ 
 အဖက်ဖက်က ပြင်ဆင်ဖို့  လိုရေ " 
 - ဗိုလ်ချုပ်အောင်ဆန်း - " ထန်းတပင် သေနတ်ပစ်မှူမှာ ဦးအောင်ဆန်းက နယ်ချဲ့ သမားကို ဒူးထောက် လိုက် - ယေဗျန် " ( အလံနီ အောင်လင်း ) ဧပြီလ-၁-ရက်နိမှ -၃-ရက်နိအထိ မြီပုံမြို့ မှာ အယင်နိတိနင့် မတူဘဲ ဆူညံနီပနာ သူပုန် ထ--ထ- ဆိုရေ အသံတိက သုံးရက်လုံးလုံး တမြို့ လုံး ပဲ့ တင်ထပ်နီပါသည်။
 ယင်းနိမှာ ရခိုင်တိုင်းလုံးဆိုင်ရာ လက်ဝဲညီညွတ်ရီး တပ်ပေါင်းစုညီလာခံကြီးကိုကျင်းပနီလို့  ဖြိုက်ပါသည်။  ထိုညီလာခံကို ဗိုလ်ချုပ်အောင်ဆန်း ၊ ဖဆပလ အတွင်းရီးမှူး ဦးဗဆွေ နင့် ၀န်ကြီး ဦးအောင်ဇံ ဝေ ရို့ က လည်း လီယဉ်ပျံနင့်တမျိုး စစ်သင်္ဘောတိနင့် တဖုံ လာတက်ကတ်စွာဖြိုက် သည်။        ယေဗြီးကေ  ကျောက်ဖြူ ၊ သံတွဲ ၊ စစ်တွေ စီရင်စုမှ ဖဆပလ ကိုယ်စားလှယ်၊ ဗမာမူဆလင် အမျိုးသမီး ၊ လူငယ် ၊လယ်သမား၊ ယာသမားတိနင့် စစ်တွေပုလိပ်သမဂ္ဂက ကိုယ်စားလှယ် ပေါင်း ( ၂၀၀၀၀ ) ကျော် တက်ရောက်ခကတ်ပါသည်။ 
  လူများ သဘောကျနီခသော ပိုစတာကြီး ညီလာခံမဏ္ဍပ်ကြီးအတွင်းမှာ ( သံတွဲ သူပုန် အရီး။ သွီးနင့် ကူမေ ) ၊ ( လွပ်လွပ်ရီးကို ရွီးကောက်ပွဲနင့် ရဖို့ လတ် - ဟား-ဟားဟား ) ။
  ပိုစတာတိကို ကပ်ထားစွာ တွိရပါသည်။ ကလေချေတချို့ က တယောက်ဗြီး တယောက် အသံထွက်ဖတ် ကာ လားခကတ်ပါသည်။ တချို့ မှာ ကောင်းကောင်းသဘောကျဗျန် ရယ်ကတ်ပါသည်။
 ညီလာခံ စဗျန် ။
ညီလာခံကို လယ်သမားတေးခင်းဖြင့် စတင်ဖွင့်လှစ်ပနာ သဘာပတိ ဦးစိန္တာကိုယ်တော်က ဆောင် ရွက်   ဗြီးကေ အကျိုးဆောင်အဖြိုက် ဘုံပေါက်သာကျော်က ဆောင်ရွက်ခပါသည်။
 ဖဆပလ က အချောင်သမား ရာဖြိုက်တေ
  ယင်းနောက် သဘာပတိ ဦးစိန္တာက မိန့် ခွန်း မြွက်ကြားစွာမှာ အခုဖဆပလအဖွဲ့ ကို အချောင် သမား အဖွဲ့ လို့ မိမိရဲရဲတောက်စွပ်စွဲကြောင်း။ယင်းနောက်ဖဆပလအဖွဲ့ သည်နယ်ချဲ့ သမားဘားမှာဒူးထောက်ခ ယနီယေအတွက်နင့် အထူးရှုတ်ချကြောင်း။ ဖဆပလ အဖွဲ့ ဝင်တိ အားလုံးနင့် ဥက္ကဌ ဦးအောင် ဆန်းရို့  ကိုလေး မင်းရို့  မရှက်ကတ်လားလို့  မီးချင်ကြောင်း။ ဖဆပလအဖွဲ့ ဝင်ရို့ မှာ ရှက်တတ်တေ ပုဂ္ဂိုလ် တိ    ဖြိုက် ဖို့  ထင်ကြောင်း ။ ဖဆပလအဖွဲ့ က လွပ်လပ်ရီးကို ရွီးကောက်ပွဲနင့် ရဖို့  ဆိုစွာ အချောင်သမား စကားရာဖြိုက်ကြောင်း။ နယ်ချဲ့ သမားအင်္ဂလိပ်အကြိုက် ပြောရေ မျက်နှာလို မျက်နာရ စကားရာဖြိုက်   ကြောင်း ၊ လွပ်လွပ်ရီးကို ရွီးကောက်ပွဲနင့် မရနိုင်ကြောင်း။ လွပ်လွပ်ရီးကို သူပုန်ထယူမှ ရမည်ဖြိုက်   ကြောင်း   အကျယ်တ၀င့် ဟောပြောလားခပါသည်။ ပရိတ်သတ်ကြီးကလေး သူပုန် -ထ-ထ- အချောင် သမား - ရှက်ဖို့  ကောင်းရေ - ဆိုရေ သြဘာသံတိမှာလေး နားကွဲမတတ် ဆူညံနီပါသည်။ ဦးစိန္တာ ကိုယ်တော် တရားဟောနီစိုင် ဖဆပလ ဥက္ကဌ ဦးအောင်ဆန်းမှာ ခေါင်းကြီး အောက်စိုက်နီစွာကို တွိရပါ သည်။
 တော်လှန်ရီးဆိုစွာ မလွယ် 
  ယင်းနောက် ဦးအောင်ဆန်းက ထပနာ လူထုကို တဖေ့ချေ လောက် ရှင်းပြချင်ပါရေ လို့  ပြောဗျန် တော် လှန်ရီးဆိုစွာ မလွယ်ကြောင်း၊ အပြောနင့် လုပ်ကိုင်လို့  မဖြိုက် နိုင်ကြောင်း။ လက်တွိလုပ်ကိုင်ပြမှသာလျင် လုပ်ကိုင်လို့  ဖြိုက်နိုင်ကြောင်း၊ ယင်းပိုင် တော်လှန်ရီး မလုပ်မှီမှာလေး အဖက်ဖက်မှ ပြင်ဆင်မှူတိ လို        ကြောင်း၊ယင်းပိုင် ဗြီးမြောက် အောင်မြင်မှရာ သေနတ်တချက်မဖေါက်ဘဲအာဏာကိုသိမ်းယူနိုင်  ကြောင်း    ဟောပြောလားခပါသည်။ 
 ဦးအောင်ဆန်း ဒေါသထွက်လို့  လားဗျန် 
 ယင်းနောက် အလံနီ   အောင်လင်း က ထန်းတပင် သေနတ်ပစ်မှုကြီးမှာ ဦးအောင်ဆန်းက နယ်ချဲ့ သမား ကို ဒူးထောက် အရုံးပီး လိုက်ကြောင်းကို ပြောလိုက်ပါသည်။ ယေခါ ယင်းချင့်က သူမဟုတ်- သခင်ချစ်ရာ -ဆိုပနာ ဦးအောင်ဆန်း က ဒေါသံထွက်ပနာ ပြောဆိုပါသည်။ ယေကေလေး အလံနီ အောင်လင်းက ထပ် လို့  ပြောနီရေအတွက် ဦးအောင်ဆန်းမှာ ဒေါသထွက်ဗျန် နီရာမှ ရုပ်ချည်း ထလို့  ပြန်လားပါသည်။ ယင်းပိုင်ထလိုက်တေအခါလူထုကြီးကလေးသူပုန်သူပုန်ထ--ထလို့ ကြွီးကြော်လိုက်ပါသည်။  ယေဗြီးနောက် ဆုံးဖြတ်ချက်တိကို ချမှတ်လိုက်ကတ်ပါသည်။ 
 ဆု့းဖြတ်ချက်များ 
 ၁။ တော်လှန်ရီးမှာ ကျဆုံးခရေ ရဲဘော်တိအတွက် ချီးကြူးရီး ဗိမန်ကြီးတခု ဆောက်လုပ်ရန် ။ 
 ၂။ သီးစားခ လုံးဝမပီးရန်။
 ၃။ မြီခွန် လုံးဝမပီးရန် ။
 ၄ ။ အမတော်ငွေ မပီးရန် ။
 ၅ ။ လယ်မြီ ၀င်ထွန်ရီးများ ပြုလုပ်ရန် ။
 ၆ ။ လယ်သမာရို့ ၏ ကြွီးဟောင်းတိကို လုံးဝမပီးရန် ။
 ရ ။ ပြည် သူ့ လွပ်လပ်မှူ ရယူရန် ။
 ၈ ။ စာရီး စာချီ ကျောင်းသား ပုလိပ်အရီးကို ဖြီရှင်းရန် ။
 ၉ ။ အလုပ်သမားတိကို အခွင့်ပိုပီးရန် ။ 
 ၁၀ ။ သောင်းကျန်းနီရေ နယ်ချဲ့ စစ်တပ်ကို လက်တုန့် ပြန်ရန် ။
 ၁၁ ။ ရခိုင်လူမျိုးရို့ ၏ ကံကြမ္မာကို ရခိုင်လူမျိုးရို့ ကရာ ဖန်တီးရန် ၊
 ၁၂ ။ ဗြိသျ စစ်တပ်များ အမြန်ဆုံးရုပ်သိမ်းရန် ။ 
 ၁၃ ။ ရခိုင်တိုင်းလုံးဆိုင်၇ာ လက်ဝဲညီညွတ်ရီး တပ်ပေါင်းစု ဖွဲ့ စီးတည်ဆောက်ရန်။   စစွာရို့ ကို ဆုံးဖြတ် ချက် ချလိုက်ပါသည်။ 
    ယေဗြီးကေ ယင်းညီလာခံမှာ တက်ရောက်ကတ်တေ လူကြီးတိနင့် ရခိုင်တိုင်းလုံးဆိုင်ရာ လက်ဝဲညီ ညွတ်ရီး တပ်ပေါင်းစုကို ဖွဲ့ စီးလိုက်ကတ်ပါသည်။ ဦးကျော်မြ ( ဥက္ကဌ ) ( နောင် -ဗကပ ဥက္ကဌ ) ။ ဦးညိုထွန်း ( ဒု ဥက္ကဌ - နောင်ဝန်ကြီး ) ။ ဘုံပေါက်သာကျော် ( အတွင်းရီးမှူး - တော်လှန်ရီး ခရီးဝယ် စာအုပ်ရီးသူ ) ။ ဦးစိန္တာ ( ငွေထိမ်းနင့် သြ၀ါဒစရိယဆရာတော် ) ။ ဦးပညာဝံသ ( သြ၀ါဒစရိယ ဆ ရာတော် ) ။ ဦးထွန်းအောင် ( စစ်တွေ ) ။ ဦးဘဟန် ( ကျောက်ဖြူ ။ ဦးသိန်းမွန် ( သံတွဲ)ရို့ မှာအမှူ ဆောင် လူကြီး များ ဖြိုက်ကြောင်း ယင်းအတိုင်း သူရိယသတင်းစာမှာ ရီးသား ဖေါ်ပြထားပါသည်။ ယင်းအချိန်က ရခိုင်ပြည်သူတိ ဗြိတိသျှနယ်ချဲ့  ကိုလိုနီကျွန်ဘ၀က လွပ်လပ်ရီးကို လက်နက်စွဲကိုင် တော်လှန်ရဖို့ ဆိုရေ လမ်းစိုင်ကို လှိုက်လှိုက်လှဲလှဲ လက်ခံကတ်ပါသည်။ နိုင်ငံရီးနည်းနင့် လွပ်လပ်ရီးကို ရအောင်ယူဖို့  ဆိုစွာ ကို လက်မခံကတ် ။ ယင်းချင့်က ဗြိတိသျှနယ်ချဲ့ စစ်တပ်များ၏ လူမဆန်ရေ ဖိနှိပ်မှူ၊ ဗိုလ်ချုပ်အောင်ဆန်း နင့် ဖဆပလဘုရင်ခံ အတိုင်ပင်ခံ အစိုးရအဖွဲ့ ကို လက်ခံပနာ ကြာအင်းတောင်ရွာ၊ ကမ်းထောင့်ကြီးရွာ ။ စရေ ရွာပေါင်များစွာတိ ကို မီးတိုက်ခစွာနင့်လေး ပတ်သက်နီပါသည်။ မြီအောက်တော်လှန်ရီး တပ်ဖွဲ့ တိ ဖွဲ့ ခြင်း၊ အာဏာဏီ ကျေးရွာတိ ဖွဲ့ ခြင်း၊ ဗြိတိသျှနယ်ချဲ့  ဒလံသူကြီးတိကို ဖြုတ်ခြင်း၊ မကြီညာရေ စင်ပြိုင် အစိုးရဖွဲ့ ခြင်း တိလေး ပါဝင်ပါတ်သက်နီပါသည်။ မြီပုံတပ်ပေါင်းစု ညီလာခံမှ စစ်တွေပြန်လားခရေ ဗိုလ် ချုပ်အောင်ဆန်းလေး စစ်တွေ ကျောင်းသားသပိတ်ကို ဖြီရှင်းနိုင်ရီးအတွက် စစ်တွေမြို့ မှာ ဟိရေ ပြည့လုံး ချမ်းသာ ဘုရားကြီးရင်ပြင်ကို လားပါသည်။ ယင်းရင်ပြင်မှာ စစ်တွေကျောင်းသား သပိတ်အဖွဲ့ စခမ်းဟိ ပါသည်။ ဦးကျော်သာ ခေါင်းဆောင် ရေ ကျောင်းသားတိက ဘုရားကြီးရင်ပြင်ထဲကို မ၀င်ရအောင် ဗိုလ် ချုပ်အောင်ဆန်းရို့ ကို မ၀င်ရစီဘဲ ပိတ်ဆို့ ထားပါသည်။
  ( ဘုံပေါက်သာကျော်က ဒေချင့်ကိုသုံးသပ်ပြထားစွာမှာ ဒေကနိ ခေတ်သစ်သမိုင်းမှာဗိုလ်ချုပ်အောင်ဆန်း က မှားခစွာလား ၊ ဆရာတော်ဦးစိန္တာ ၊ ဦးကျော်မြ ၊ ဦးညိုထွန်းနှင့် ဘုံပေါက်သာကျော်ကပင် မှားခလီ လား ဆိုစွာကို ဒေကနိ အဆုံးအဖြတ် ပီးနီပါဗျန် လို့  ကောက်ချက် ချပြထားပါသည်။ )
မှတ်ချက် ။။။။ ။။။။။ ဒေချင့်က ဘုံပေါက်သာကျော်ရီးရေ တော်လှန်ရီး ခရီးဝယ် စာအုပ်က အတိုင်း ရီးထား စွာကို ရခိုင်လီသံနင့် ရီးပြထားစွာ ဖြိုက်ပါယင့် ။ ဒုတိယပိုင်းမှာ ဆရာတော်ဦးစိန္တာကို ဖမ်းလားစွာနင့် လူုထု တိုက်ပွဲ ဆန္ဒပြပွဲ လုပ်စွာတိ ။ သူရိယသတင်းစာက ဆရာတော် ဦးစိန္တာကို ဖမ်းထားစွာနင့် ပါတ်သက် လို့  ရီးထားစွာတိ ၊ ဗိုလ်ချုပ်အောင်ဆန်း -ဥက္ကဌ လုပ်တေ ဖဆပလ အဖွဲ့ နင့် ဆရာတော် ဦးစိန္တာက မ တည့်ရေ အတွက် ကြာအင်းတောင်ရွာ မီးတိုက်ခံရစွာ ၊ ရခိုင်ပြည်လွပ်လပ်ရီးဖခင်ကြီး ဖြိုက်တေ ဆရာေ တာ် ကို အောက် သားနိုင်ငံရီးသမားတိက ထောင်ထဲ ထည့်ထားလိုက်စွာကို သိရအောင် တင်ပြပါဖို့  သိ ။ 

ခိုင်အောင်ကျော် ( နယူးယောက် )