Tuesday, September 27, 2011

စစ်တွေမြို့ မှာ ရွှေဝါရောင်ဆန္ဒပြပွဲကို လုံခြုံရီးတိ စောင့်ကြည့်နီရေ

           ရွှေဝါရောင်တော်လှန်ရီး ဆန္ဒပြပွ လုပ်ဖို့ လားဆိုပနာ နေပြည်တော်က တိုက်ရိုက်ညွှန်ကြားထားရေ အတွက် လုံခြုံရီးကို ကြောက်ကောင်းထမန်း ချထားရေလို့  ပြောကတ်ပါရေ ။ ညဇဘက်ဆိုကေ ရဲကားတိက မကန် လားနီပနာ နီရာတိုင်းမှာ လားနီကတ်စွာ မြင်နီရပါရေလတ်။ ဒေနိမိုးထကတော့ခါ ဆွမ်းခံကြွရေ မောင် ရှင်ချေတိကို မြင်ရရေလေး ခါတိုင်းနိထက်နည်းနီရေ ဆိုစွာကို ဆွမ်းခံကြွစွာတိကို သတိထားမိပါရေလို့  တ ချို့ က ပြောပါရေ ။
          ဘုန်းကြီးအချင်းချင်း သတ်ဖို့  အတွက် စွမ်းအားရှင်ဘုန်းကြီးအဖွဲ့ ကို ဖွဲ့ ထားကေလေး ဆန္ဒပြပွဲကို လုပ်လာခကေ ယင်းအဖွဲ့ က စိတ်မချရရေအတွက် အခုပိုင် ရဲကားတိက အင်အားပြပနာ လားနီကတ်တေလို့  သိရပါရေ ။ ရွှေဝါရောင်တော်လှန်ရီး နှစ်ပတ်လည်အတွက်ရာ ရန်ကုန်မြို့ မှာ ဆန္ဒပြပွဲ ဖြိုက်လာရေဆိုကေ စစ်တွေမြို့ က ရဟန်းသင်္ဃာတော် တိကလေး အဆင်သင့် ဆန္ဒပြပွဲကို လုပ်ကတ်ဖို့  လို့  သိရ ပါရေ ။   
         လွန်ခရေ -၂၀၀၇-ခုနှစ် စက်တင်ဘာလ ၂၅-ရက်နိက ရွှေဝါရောင်တော်လှန်ရီး ဖြိုက်တေအခါ စစ်တွေ   မြို့ က အထင်ကရ ပါခပနာ စိတ္တသုခ ကျောင်းက ဦးဇင်းအရိသရိယ မှာ ရွှေဝါရောင်တော်လှန် ရီး ခေါင်း   ဆောင်အဖြိုက် ဦးဆောင်ခပါရေ ။ ယေဇူးနင့်လေး နအဖစစ်အစိုးရက ဖမ်းဆီးလို့  ရလားရေအခါ ဘူးသီး   တောင်ထောင်မှာ ( ရ ) နှစ်ချထားပါရေ ။ ဦးဇင်းဦးအရိသရိယမှာ ဂျပန်နိုင်ငံ ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ် ( ပြည်ပ ) က -၂၀၀၈-) ခုနှစ်အတွက် ဆရာတော် ဦးဥတ္တမဂုဏ်ပြုဆု ချီးမြှင့်ပီးထားရေ ရဟန်းတပါးဖြိုက် ပါရေ ။