Monday, September 19, 2011

အာဏာသိမ်းရေ စက်တင်ဘာ-၁၈-ရက် နိ-သမိုင်းဖြစ်ရပ်မှန်(စစ်တွေ)

     ၈၈၈၈ အရီးအခင်းကာလမှာ နိုင်ငံရေးအရ လှုပ်ရှားရန် စစ်တွေမြို့ နယ် သပိတ်ကော်မီတီက မြရုပ်ရှင်ရုံ မှာ မြို့ လုံးကျွတ်အစီးအ၀ီးခေါ်သည်။ ထို့ကြောင့် ရပ်ကွက်များမှာ ကိုယ်စားလှယ်များ တက်ရောက်ရသည်။ စစ်တွေမြို့ နယ် သပိတ်ကော်မီတီမှာ ဦးအေးကျော် က- ဥက္ကဌဖြစ်ပနာ ဦးဦးလှစော ( ယခု ရတပ-ပါတီ အ တွင်းရေးမှူး ) က အတွင်းရေးမှူး အဖြစ် ဦးဆောင်လှုပ်ရှားနေသည့် အချိန်ဖြိုက်သည်။ ဒုဥက္ကဌမှာ ဦး ( နွား ) သာထွန်းအောင်ဖြိုက်သည်။ သပိတ်ကော်မီတီမှာ စစ်တွေမြို့ အတွင်း ဆန္ဒပြ လှုပ်ရှားမှူများ ၊ ရခိုင် တပြည်နယ်လုံး ဆန္ဒပြလှုပ်ရှားမူများကို စီမံကွပ်ကဲနီရရာ မြို့ တွင်းလုံခြုံရီးများကိုလည်း မနိုင်မနင်းဖြိုက် လာရသည်။  
        မြရုပ်ရှင်ရုံတွင် ဥက္ကဌ ဆရာဦးအေးကျော်က စစ်တွေမြို့ ၌် လုံခြုံရီးနှင့် အုပ်ချုပ်ချုပ်ရီး ကော်မီတီကို ရပ်ကွက်အလိုက် တာဝန်ယူဆောင်ရွက်ကတ်ရန် အစည်းအဝေး ခေါ်ယူရခြင်း ဖြစ်ကြောင်း   ဟောပြောပါ သည်။ သပိတ်ကော်မတီအနီဖြင့် နိုင်ငံရေးကို ဆက်လက်အကောင်အထည် ဖေါ်ဆောင်ရန် လိုအပ်ပါ သဖြင့် စစ်တွေမြို့ နယ်အတွင်း သက်ဆိုင်ရာ လူကြီးမင်းများက မိမိရို့  ရပ်ကွက်များတွင် ငြိမ်းချမ်းသာယာ လုံခြုံရီးအတွက် ဆောင်ရွက်ပီးပါရန် မေတ္တာရပ်ခံခြင်းဖြိုက်ပါသည်။ စစ်တွေမြို့ နယ် သပိတ်ကော်မီတီရုံး သည် ရှူပတောင်-ရပ်ကွက်-တောင်ပိုင်း မူလတန်းကျောင်းတွင် ဖွင့်လှစ်ထားပါသည်။ မြရုပ်ရှင် ရုံတွင် ပြု လုပ်သော ယင်းနိ့ အခန်းအနား၌ အခန်းအနားမှူးအဖြစ် ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုသန်းကျော်က   ဆောင် ရွက်သည်။ ကိုသန်းကျော်မှာ စစ်တွေမြို့ ဆန္ဒပြပွဲပြုလုပ်ချိန်တွင် အဖမ်းဆီးခံခရဗြီးကေ မကြာခင် က လွပ်မြောက်လာသူဖြိုက်သည်။ သပိတ်ကော်မီတီမှ- ဦးသာနိုး ( ALD -ယခုနယူးဒေလီ ) တို့ က   ကျောက်ဖြူမြို့  သို့ သပိတ်ကော်မီတီတာဝန်ဖြင့် - အလုပ်သမားသမ၈္ဂ တာဝန်ဖြင့် ဆိပ်ကမ်း -ဦးကျော်စိန် တို့ က ခရီးထွက်ခွါကြရသည်။ စစ်တွေမြို့ နယ် လုံခြုံရီးနှင့် အုပ်ချုပ်ရေး ကော်မီတီကို ရပ်ကွက်များမှ နာ မည်စာရင်း တင်သွင်းကတ်သည်။ ပြီးနောက် မြို့ နယ် လုံခြုံရေးအတွက် တာဝန်ယူသူများ က မြို့ ပြလုံခြုံရီး နင့် အုပ်ချုပ်မှူကော်မီတီ ရုံးကို မြရုပ်ရှင်ရုံအား ဗဟိုရုံးအဖြိုက် သတ်မှတ်ကြသည်။ မြို့ ပြလုံခြုံရီးနင့် အုပ် ချုပ်ရေး ကော်မီတီ -ဥက္ကဌအဖြိုက် ဦးထွန်းရွှေမောင် ( AIO ဥက္ကဌဟောင်း) က တာဝန်ယူဆောင်ရွက် သည်။ တရားရီးရာဌါန ဥက္ကဌအဖြစ် ရှေ့နေ ဦးဘသိမ်းမောင် က ဆောင်ရွက်သည်။ ကရာတေးဆရာကြီးး ဦးထွန်းရွှေမောင်က အိုးတန်းရပ်ကွက်မှ ကိုယ်စားလှယ်အဖြိုက် မြို့  ပြလုံခြုံရေးနင့် အုပ်ချုပ်ရေးကော် မီတီမှာ အဖွဲ့ ဝင်အဖြစ် ပါဝင်ပြီး ကျွန်တော်က ကျေးပင်ကြီးရပ်ကွက် ကိုယ်စားလှယ်အဖြိုက် ပါဝင်သည်။ ရာဇ၀တ်မှူများနှိမ်နှင်းရီးအတွက် သိုင်းအဖွဲ့ ဆိကို ရှူပမြောက်ရပ်ကွက်ရှိ တံထားကြီးရင်းအနီး အမှတ် ( ) ကျောင်းတွင် တာဝန်ချထားပီးသည်။ သောတုဇနရဟန်းပျိုများအသင်းကို မြို့ မရုပ်ရှင်ရုံတွင် တာဝန်ပီး ထားသည်။ အိုးတန်းရပ်ကွက် မူလတန်းကျောင်းမှာ ရခိုင်လူငယ်များဗဟိုအစီးအရုံးဌါနချုပ် - ရလဗစ ) ကို ကရာတေးဆရာကြီး-ကိုထွန်းရွှေမောင်က သူ့ အဖွဲ့ ဝင်ကရာတေးသမားတိနင့် ကျွန်တော်ရို့က ဖွဲ့ စည်း ပနာ စခန်းပြုလိုက်ကတ်သည်။ အိုးတန်းရပ်ကွက်နင့် ကျေးပင်ကြီးရပ်ကွက်သည် စစ်တွေမြို့  ဆင်ခြေဖုံးရပ် ကွက်ဖြိုက်ရာ မြို့ နယ်ပေါင်းများစွာမှ ဈီးဝယ်ဈီးရောင်းလာကတ်သော လှီ ၊မော်တော်ဘုတ် ၊စစွာတိနင့် နှင့် ၂၄--နာရီ ပတ်လုံးစည်ကားနီရာ လုံခြုံရေးအပြည့်ချထားဗြီး အထူးပင် ဂရုစိုက်နေရချိန်ဖြိုက်သည်။ လုယက်မှူများ၊ ဓါးပြမှူများ မဖြိုက်ရအောင် ည-၆-နာရီဆိုလျှင် စစ်တွေ မြူနီစပယ်ဈီးကြီးကို ပိတ်မိန့် ထုတ် ထားရသည်။ ကျေးပင်ကြီးရပ်ကွက် လုံခြုံရီးနနင့် အုပ်ချုပ်ရေးကော်မတီရုံးတွင် ကျွန်တော်က အတွင်းရီး မှူး ဖြိုက်ဗြီးကေ ရှေ့နေ ဦးအောင်သာကျော် ( ငွေဇင်ယော် တည်းခိုရိပ်သာ ပိုင်ရှင် ) က ဥက္ကဌအဖြိုက် တာဝန်ယူထားသည်။ မိုးထက်ပိုင်း-၆-ချက်တီး မထိုးမချင်း ဈီးကြီးအတွင်းရှိ ကြက်တန်းတွင် အရက်ဆိုင်တိ ကို မရောင်းချရန် ပြင်းထန်းစွာ သတိပီးထားရသည် ။ အိုးတန်းရပ်ကွက်နနင့် ကျေးပင်ကြီးရပ်ကွက်သည် ဆင်ခြေဖုံးရပ်ကွက်ဖြိုက်ရေပိုင် ချမ်းသာကြွယ်ဝသော ကုန်သည်ပွဲစားရို့  နီထိုင်သော သူများဖြိုက်၍ နိုင်ငံမ တည်မငြိမ်ဖြိုက်ပျက်နီချိန် လူများမှာ အထူးစိုးရိမ်နီကတ်ရသည် ။  
             တနိ့ တွင် ကျေးပင်ကြီးရပ်ကွက် ရွှေသာလမ်းတွင် ပန်းထိမ်ပိုင်ရှင် ဦးအေးမောင်၏ သားဆိုင်ကို သိုင်းအဖွဲ့ မှ လူငယ်တိက လာရောက်ဗြီးကေ ကျောက်ခဲနနင့် ၀ိုင်းဝန်းပစ်ခတ်ကတ်သည်။ ကျွန်တော်ရို့ မှာ ကြစားစွာနှင့် ချက်ချင်း လိုက်လားးကတ်ကေလေး မမှီလိုက့် ။ ထို့ ကြောင့် မြို့  ပြလုံခြံရေး နှင့် အုပ်ချုပ် ရီး ကော်မီတီ ဥက္ကဌ ဦးထွန်းရွှေမောင်ရို့ကို ခေါ်ပြီး အကျိုး အကြောင်း ဆွီနွီးရသည်။ ကျွန်တော်ရို့ မှာ နယ်မြီလုံခြုံရီးကို ဂရုစိုက်နီရသည်မှာ အကြောင်းရှိသည်။ မဆလအစိုးရသည် မပြုတ်ကျသေးသရွေ့  နည်းမျိုးစုံဖြင့် ကောက်ကျစ်စွာ ကြိုးစားနီအုံးမည်။ ထို့ ကြောင့် လုယက်မှူများ ၊ အကြမ်းဖက်မှူများ မဖြိုက် ပွါးရအောင် ထိမ်းသိမ်းကာကွယ် ပီးနီရခြင်းဖြိုက်သည်။ ယင်းအချိန်က စစ်တွေထောင်မှာလေး အကျဉ်း သား  တိကို အားလုံးလွှတ်ပီးလိုက်ဗျန်ဖြိုက်သည်။ မဆလအစိုးရက လွှတ်ပီးလိုက်စွာမဟုတ်-။ ရှေ့နေ ဦးအေးသန်းမောင်နင့် ရှေ့နေ ဦးသာဇံရို့  ကောင်းမူကြောင့် ထောင်ခါလားခြင်းဖြိုက်သည်။  
              ယင်းအမူကြောင့် ရှေ့နေဦးသာဇံမှာ ထောင်-၃-နှစ်ကျခံခရဗြီးကေ ရှေ့နေဦးအေးသန်းမောင်မှာ ရခိုင်ပြည်က လုံးဝရှောင်လား ပျောက်လားရသည်။ ကျေးပင်ကြီးရပ်ကွက်ရှိ ကြက်တန်းသည် ဈီးကြီးအတွင် သို့  ၀င်ရောက်နိုင်သော လမ်းကြားဖြစ်သည်။ မိုးထက်က်-၆-နာရီမှ အရက်ရောင်းချခွင့် ပြုထားသော
 ကြောင့်ယင်းအချိန်တွင် မည်သူမျှ အရက်မရောင်းချကြရ ။ ကြက်တန်းထိပ်မှာ မီးကင်းတခုကို ထားပေးရာ ဇါသူမျှ ဥပဒေထုတ်ထား၍လည်း မကျူးလွန်ကြ ။ ယေကေလေး ကြက်တန်း လမ်းတည့်တည့်ရှိ သင်္ကန်းနှင့် ပရိက္ခရာ ပစ္စည်းများ ရောင်းချသော ကုန်စုံဆိုင်မှ ဦးအောင်ထွန်းစိန် ( ပုဏ္ဍားကျွန်း လွှတ်တော်ကိုယ်စား လှယ် -ALD - နောင် -ထိုင်းရောက်ပြီး ယခုအလင်းဝင် ) က ကြက်တန်းမှ အရက်ဆိုင်သည်များ ကို ခြိမ်း   ခြောက်ပြောဆိုသည့် သတင်းထွက်လာသည်။ သူလည်း ရပ်ကွက်လုံခြုံရေးနနင့် အုပ်ချုပ်ရေးတွင် ပါဝင် နီရာ အရက်မရောင်းချရန် တားမြစ်ခြင်း သဘောရှိဟန် တူပါသည်။ သို့ သော် သူ့ အပြောကို လက်မခံ ကတ် ။ သူပြောစွာမှာ အရက်များ ရောင်းချက အိမ်များကို ချက်ချင်းဖြိုဖျက်လိုက်မည်ဟု ပြော ဆိုခဲ့ သည် ဟု ကျွန်တော်ရုံး ရုံးတည်ရာ ကျေးပင်ကြီး စာဖတ်အသင်းရုံးကို လာတိုင်ကြားကတ်ပါသည်။  
    တိုင်ကြားသူများမှာ အားလုံး ကြက်တန်းမှ အရက်ရောင်းချသူများဖြိုက်ရာ အိမ်ခြီပေါင်း-၂၀- လောက် ရှိ လူဦးရေဖြိုက်သည်။ ကျွန်တော်တို့  ရုံးရှေ့တွင် လူများ ၀ိုင်းအုံနီပါသည်။ ထို့ ကြောင့် ဦးအောင်ထွန်းစိန် အားစာထုတ်ပြီး ခေါ်ယူဖြိုက်သည်။ သို့ သော် သူမရောက်လာ ။ ထို့ ကြောင့် လူထုကို ချော့မော့ ပြောဆို ဗျယ် ကျွန်တော်က နောက်တရက်ကို ချိန်းဆိုပီးလိုက်ရပါသည်။ နောက်တရက်မှာ ဦးအောင်ထွန်းစိန်   ရောက်လာပါသည်။ ချက်ချင်း အစည်းအဝေး ခေါ်ပနာ သူ့ အား ရပ်ကွက်လုံခြုံရေးနနင့် အုပ်ချုပ်ရေး   ကော်မီတီအဖွဲ့ ဝင်အြိုက်က် ထုတ်ပယ်လိုက်ပါသည်။ သူ့ အားလည်း နောက်နောင် လူထုအား မည်သို့ မျှ နုတ်ဖြင့် မစော်ကားရန် ဂတိခံဝန်ချက် လက်မှတ် ထိုးခိုင်းဗြီး ရပ်ကွက်သားများအားလည်း ဖြောင်း ဖျ ပြော ဆိုလိုက်ရပါသည်။ ကျေးပင်ကြီးရပ်ကွက်တွင် အချိန်မရွီး လှီများမှာ တညလုံးဆိုက်ကပ်တတ်ရာ ယင်းနယ် ကလာသည့် သူများကို မလုယက်ရအောင် ကင်းလှည့်ဗြီး စောင့်ဆိုင်းပီးနီရစွာ မှာလည်း ပြသနာတ ရပ်ဖြိုက် သည်။ မြစ်ထဲတွင် လုယက်မှူများ မရှိအောင် စောင့်ကြည့်ရခြင်းနှင့် မြို့ တွင်း မှ ကျေးပင်ကြီး ရက်ကွက်သို့  -ည-၈-နာရီကျော်လျှင် မ၀င်ရအောင် ပိတ်ပင်တားမြစ်ထားရပါသည်။ ရပ်ကွက်လုံခြံရေးနနင့် အုပက်ချုပ်ရေးကော်မီတီ များမှာ ရပ်ကွက်တိုင်းမှ ပြသနာဖြစ်လာက ချက်ချင်းဆိုသလို့ ၀ိုင်းဝန်း ကူညီ   ဖြေရှင်းကတ်ရသည် ။ ချက်ချင်း တရပ်ကွက်မှာဖြစ်လျှင် တရပ်ကွက်သို့  သတင်းပို့ ကတ်ရသည်။ စစ်တပ်မှ အာဏာသိမ်းကြောင်း ရေဒီိယိုမှ ကြီညာဗျန် 
            စက်တင်ဘာလ-၁၈-ရက်နိ ရေဒီိယိုမှ စစ်တပ်က အာဏာသိမ်းလိုက်သည်ဆိုသော သတင်းကို ကျွန်တော်ရို့  ကြားရသည်။ ပထမတွင် မင်းကြီးကျောက်တန်းမှာ ဤသတင်းကို စုံစမ်းပြောဆိုကတ်သည်။ ကျွန်တော်သည် ကျေးပင်ကြီးရပ်ကွက်ရှိ လုံခြုံရေးနနင့် အုပ်ချုပ်ရေးရုံးရှိရာ ကော်မီတီရုံးသို့  ထွက်လာပနာ စာရွက်စာတမ်းများကို ဖျောက်ဖျက်ဗျန် လိုအပ်သည်စွာတိကို ကို ယူလာခသည်။ ယေဗြီးကေ   မြို့ ပြ လုံခြုံရေးနှင့် အုပ်ချုပ်ရေးကော်မီတီရုံးရှိရာ မြရုပ်ရှင်သို့  လာခသည်။ မြရုပ်ရှင်ရှင်ရုံသို့  ရောက်တေအခါ တံခါးပိတ်ထားစွာကို တွိ့ ရသည်။ ဇါအတွက်ကြောင့် ပိတ်ထားရလေး စုံစမ်းလိုက်တေအခါ သိုင်းအဖွဲ့ ဝင် များမှ မည်သူမျှ မတက်ရောက်ရန် ပိတ်ထားကြာင်း ပြောပြသည်။ ကျွန်တော် မြရုပ်ရုင်ရုံအ တွင်း ရောက် သွားသည်နှင့် ကရာတေးဆရာကြီး ဦးထွန်းရွှေမောင် ၊ ဘဏ်စာရေးကြီး ဦးစောလှထွန်း ရို့ ကို တွိ့ရသည်။ ကျွန်တော်ရို့ မှာ စစ်တပ်က အာဏာသိမ်းလိုက်ဗျန် ဖြိုက်တေအတွက် ရှေ့သို့ ဇါပိုင် ဖြိုက်လာနိုင်ဖို့ လေး ဆိုသောသဘောဖြင့် အရီးပေါ်ဆွီးနွီးပွဲကို ပြုလုပ်ကတ်သည်။ လောလောဆယ် စစ်တွေတမြို့ လုံးမှာ လမ်း    ပေါ်ထွက်ပြီး လူစုနေကတ်ရာ သတိပီးရန်လိုအပ်လာသည်ကို ဆွေးနွေးကြဖြစ်သည်။    
      လမ်းမထွက်နီကတ်ကေ စစ်တပ်ကေ ပစ်သတ်ကေ သီလားဖို့ စွာကို ဆွီးနွီးကတ်သည်။ ထို့ ကြောင့် ကျွန်တော်တို့  မြို့ ပြလုံခြုံရေးနှင့် အုပ်ချုပ်ရီး ကော်မီတီမှာ သတိပီးကြေညာချက်ကို ထုတ်ပြန်ဗြီး ကား နှင့် လော်စပီကာဖြင့် ကြီညာရန် ဆုံးဖြတ်ကတ်သည်။ ဦးစောလှထွန်းက စာကိုရေးပနာ လိုအပ်စွာတိကို ကျွန်တော်က ဖြည့်စွက်ရီးလိုက်သည်။ 
  မြို့ ပြလုံခြုံရေးနနင့် အုပ်ချုပ်ရေးကော်မီတီ ရုံးရှေ့မှ စထွက်ဗျန်
              မြို့ ပြလုံခြုံရီးနင့် အုပ်ချုပ်ရီးအတွက် ယင်းအချိန်က မော်တော်ကား တစီးရှိသည်။ ယင်းကားကို အသံချဲ့ စက် ကိုင်ဆောင်သူ ကိုမဲဖါး( တရားသိစု ) ( -ဦးသာဟန်၏သား ဗောဓိကျောင်းရှေ့ )ကယူဆောင်  လာသည်။ မြရုပ်ရှင်ရုံရှေ့တွင် လူတိ ၀ိုင်းအံနီကတ်သည်မှာ ရာနှင့်ချီလို့  ရှိနီသည်။ မော်တော်ကားတွင်   လော်စပီကာ တပ်လိုက်တေအခါ လူငယ်တွေက လိုက်ချင်သူများနီကတ်သည်။ ကျွန်တော်က သိုင်းအဖွဲ့  မှ လူငါးယောက်ခန့် လောက်သာ လိုက်ပါစီလိုကြောင်း ပြောပြလိုက်ရသည်။ ကားရှေ့ ဖုံးမှာ မောင်ချေ -ရွှေပြားရပ်ကွက် ( ထောက်လှမ်းရေး သတ်မှူဖြင့် အင်းစိန်ထောင် ကျခဲ့ ပနာ-ယခုလွပ်နေသူ ) တို့ က ထိုင်နေသည်ကို မြင်ရသည်။ ကားဒရိုင်ဘာကိုမူ မှတ်မရဗျန့်  ။ ဒရိုင်ဘာအနားမှာ ကျွန်တော်က ၀င်ထိုင် လိုက်သည်။ ညာဖက်တွင် ကရာတေးဆရာကြီး ကိုထွန်းရွှေမောင်က ထိုင်သည်။ မဲဖါးက အသံချဲ့ စက်ကို ကားခန်းတွင် ထားပြီး စကားပြောမိုက်ခွက်ကို ကျွန်တော့်ကို လှမ်းပီးသည်။ ကျွန်တော်က မော်တော်ကား စတင်ထွက်စွာနနင့် မိုက်မှနီဗြီး သတိပီးစာကို အော်၍ ကြီညာလိုက်သည် ။ " အခုအချိန်မှာ စစ်တပ်က အာဏာသိမ်းလိုက်လိုက်ဗျန် ဖြစ်ကေလည်း မြို့  ပြနှင့်လုံခြုံရီးကော်မီတီမှာ အခုအချိန်ထိ တာဝန် ထမ်း   ဆောင်လျှက်ရှိသည်။ မြို့ သူမြို့ သားများက သတိထားဗြီးကေ လမ်းမထက်သို့  မတက်ကတ်ပါရန် အထူး နိုးဆော် သတိပီးလိုက်သည်။ ပုံ -မြို့ ပြနနင့် လုံခြုံရီးကော်မီတီ -စစ်တွေမြို့  ) စကားပြောမိုက်ခွက် အသံမှ ကျယ်လောင်စွာ ထွက်လာစွာနနင့် လူတိမှာ လက်ခုပ်လက်ဝါး တီးကာ ညာသံပီးကတ်သည်။ ယင်းအချိန် စစ်တပ်မှ မော်တော်ကား လာစွာကို ကျွန်တော်ရို့  မသိသိမ်း ။ အိုးတန်းရွာ ကို တပါတ် ပတ်ပြီး ပြန် လည်၍   မြရုံရှေ့မှ မြောက်ပိုင်းဖက်ကို ကားဖြင့် လာခကတ်သည်။ လမ်းခွဆုံတိုင်းမှာ ကျွန်တော်က မိုက်နနင့် အော် သည်။ အော်တိုင်း လူငယ်တေိမှာ လက်ခုပ်တီးကာ ကြွီးကြော်ကြသည် ။ ယင်းသို့ လာရာ တံထာားကြီး ရင်းနားသို့ ရောက်လာသည်။ ကျွန်တော့်မှာ အသံပြာလာပါဗျန် ။ ရှေ့ဆက် မအော်နိုင်လောက်အောင် ကို ဖြစ်လာဗျန် ။ ယေဇူးနင့် ကရာတေးဆရာကြီး ကိုထွန်းရွှေမောင်က တံထားကြီးဈီးတွင် ရောင်း နီ   သော  ရှောက်ချိုသီွးိကို ကားမှ ဆင်းပနာ လားလို့ ဝယ်သည်။ ကိုထွှန်းရွှေမောင်-မရှိစိုင် ကျွန်တော့်သူ ငယ်ချင်း ကိုချင်းလွှာအောင် တက်ထိုင်လာသည်။ ကိုချင်းလွှာအောင်က အိုးတန်းရပ်ကွက်မှာ နီထိုင် သူဖြိုက်ပနာ အငြိမ်းစား-ရဲစခမ်းမှူးဖြစ်သည်။ သူ့ မှာ ကိုလှမောင် ( နုတ်ခမ်းမွှေး ) ( ဆရာကြီးဦး-ဦးသာထွန်း -သမိုင်းဆရာကြီး ) သမက် ဖြစ်သူ နှင့် ဆရာဦးစောဖြူ ( ရတပ-ပါတီ- မင်းပြားမြို့  နယ် လွှတ်တော်ကိုယ်စားလှယ် ) တို့ နှင့်ကိုဘသိမ်းမောင် အရက်ဆိုင်မှာ ထိုင်သောက်နီရာက ကျွန်တော်ရို့  အသံကြား၍ တက်လာခြင်းဖြစ်သည်။ ကရာတေးဆရာကြီး ကို ထွန်းရွှေမောင်မှာ ထိုင်စရာ နီရာ မရှိတော့ ၍ ဆင်းကျန်လိုက်ဗြီး ကျွန်တော်နှင့် ကိုချင်းလွှာအောင်ရို့က ကားနှင့် ဆက်ဗြီးကေ ကြီညာလာခသည်။ ပါဒလိပ်ချိတ်ရပ်ကွက် ခွဆုံ ( မြို့ သူကြီး ရပ်ကွက် - ချစ်ဖေါ်ဦးခွဆုံ ) ရောက်တေအခါ ထပ်ဗြီး မြို့ ပြလုံ  ခြုံရေးနနင့် အုပ်ချုပ်မှူကော်မီတီ ကြီညာချက်ကို မိုက်နနင့် အော်လိုက်သည်။ ပါဒလိတ်ချိတ်ရပ်ကွက်မှ လူငယ်တိမှာ အုတ်အော်သောင်းနင်း အားပီးသံ ညာသံပီးသံဖြင့် ရှိနေကတ်သည်။ ကျွန်တော်ရို့ မှာ ယင်း သို့  အော်လာယင်းပင်း သဘောင်္ဆိပ်ရောက်သောအခါ သေနတ်သံကြားသည်ဟု လူတိက ပြော ကတ် သည်။ သို့ သော် ကျွန်တော်ရို့ က မယုံ ။ ရှေ့ဆက်ပနာ အုန်းတပင် -ဆင်ကူးလမ်း စသည်ဖြင့် ပတ်လာ ကတ်သည်။ ယင်းကတဆင့် ပတ်လာရေအခါ ကြီးနန်း ရုံးဖက်က ၀င်လားဖို့ လား စိုင်းစားကတ်သည်။ ကံကောင်းချင်၍လား မသိ ။ ကြီးနန်း ရုံးဖက်က မလားဘဲ ပြည်နယ်ရုံးဖက်က လာခကတ်သည်။ ကြီးနန်း ရုံးထဲတွင် စစ်သားများက တန်းစီပြီး သေနတ်နှင့် စောင့်ဆိုင်းနီသည်ဟု နောက်ပိုင်းတွင် ကြီးနန်းဝန်ထမ်း ရို့ က ပြော၍​သိရသည်။ ဆေးရုံကွင်းခွဆုံရောက်လျှင် စစ်တွေကောလိပ်က ကျောင်းသားတေ ထွက် လာဗြီးကေ သူရို့ နာမည်တိလေး ပါအောင် ကြီညာပီးရန် လာပြောရေအတွက်နင့် တခါ အော်၍ ကြီညာရသည်။ 
             ယင်းမှ တဆင့် မြို့ မရုပ်ရှင်င်ရုံရှေ့ရောက်သောအခါ သေတုဇန ရဟန်းပျိုများအဖွဲ့ က ပါ သူရို့  နာမည်ထည့်၍ ကြီညာပါဆိုလို့  အော်ရပြန်သီးသည်။ ဦးဥတ္တမပန်းခြံရှေ့ရောက်တေအခါ လူတိက ကျွန်   တော် ရို့ကို အော်ပြီး သတိပီးသည်။ စစ်တပ်က အမှတ်( ၁) ) ရဲစခမ်း မှာ ရောက်နိဗျန်ဟုလေး အော်   ပြောကတ်သည်။ ပလက်ဖေါင်းမှာ လူတိက တန်းစီဗြီး ထွက်နီကတ်သည်။ ကျွန်တော်ရို့ မှာ မြရုပ်ရှင် ရုံရှေ့ရှိ မြို ပြလုံခြုံရေးနှင့် အုပ်ချုပ်ချုပ်ရေးကော်မီတီ ရုံးကို ရောက်အောင် လားရန် လိုနီသီးသည်။ အမှတ်( ၁ ) ရဲစခမ်းရှေ့မှ ဖြတ်လား၍ လားမှ ဖြစ်ပါဖို့ ဗျန် ။ မော်တော်ကားထက်က ဆင်းလားပနာ ရှောင်လားစွာမျိုး ကို ကျွန်တော်ရို့  အလုပ်ချင်ကတ်၊ ကားထက်မှာပါရေ လူတိကလေး တစိချေလေး ကြောက်တေစိတ် မဟိ ကတ်။ ယေဇူးနင့် ကျွန်တော်က နည်းပရိယ်တခုကို သုံးလိုက်သည်၊ ယင်းမှာ ဗမာစကားနှင့် ကြီညာလိုက် ခြင်းဖြစ်သည်။ " ရဲဘော်တို့ - ပြည်သူတွေမှာ လက်နက်ဆိုလို့  အပ်တို တချောင်းမရှိကြဘူး ရဲဘော်တို့  - တပ်မတော်ဆိုတာ ပြည်သူပြည်သားတွေရဲ့  အသက် အိုးအိမ်ကို ကာကွယ် စောင့်ရှောက်တဲ့  တပ်မတော် သာဖြစ်တယ်- ရဲဘော်တို့  " ကျွန်တော်က ယင်းသို့  အော်လိုက်ခြင်းမှာ အကြောင်းရှိပါသည်။ စစ်တပ်က အမှတ်( ၁ ) ရဲစခမ်းမှာ ရောက်နေပြီဖြစ်သောကြောင့် သတိထားရန် အော်ပြောသောအသံ ၊ ယေဗြီးကေ ကျွန်တော်တို့ ကို ဆက်၍ မလားရန် သတိပီးရေအသံရို့ ကို ကြားနီရ၍ ဖြစ်သည်။ စစ်သားတိ သနေတ်နင့် ချိန်ပနာ နီစွာကိုလေး မော်တော်ကားထဲက မြင်နီရသည်။ ကားထဲမှာ မီးလုံးအငယ်ချေ ကို တပ်ထားရာ ကျွန်တော့်မှာ စာကို မြင်ရုံရာမြင်သည်။ လမ်းမထက်က လူတိက ကျွန်တော်ရို့ ကို ဇါသူမှန်း မသိကတ် ။ စစ်သားတိကလေး ဗမာစကားနင့် ကြီညာလိုက်သံကို ဇါထင်လားလေမသိ။ လုံးဝသေနတ်နင့် မပစ်ဘဲ ဒေ အတိုင်းကြည့်နီကတ်သည်။ ကျွန်တော်ရို့  ယင်းပိုင့်  ကြွီးကြော်ဗြီးကေ အော်လာခ့ရေအတွက်ကြောင့် ဇါပိုင့် မျှပစ်ခတ်ခြင်း မခံရ ။ မြရုပ်ရှင်ရုံသို့ ရောက်တေအခါ ကားပေါ်မှ ဆင်းစွာနင့် မြရုပ်ရှင်ရုံရှေ့ရှိ စိန်ကဖီးလဘက်ရည်ဆိုင်သို့  ၀င်ဗြီးကေ လဘက်ရည်မှာ သောက်ကတ်သည်။  
     စားသောက်ဗြီးစွာနင့် မြရုပ်ရုင်ရုံသို့  ၀င်ဖို့ လုပ်စွာနှင့် သေနတ်ပစ်သံကြားရသည်။ သေနတ်သံကြောင့် ကျွန်တော်ရို့  မြရုပ်ရှင်ရုံသို့  ဒရောသောပါး ၀င်ကတ်ရသည်။ ရုံထဲမှာ မှောင်နီပါသည်။ ယင်းအချိန်မှာ ကိုချင်းလွှာအောင်က သူ့ ညာဖက်နားရွက်မှာ ကျဉ်ဆံရှော်ပြီး ထိမှန်လားရေဟု ပြောသည်။ ဓါတ်စ်မီး ဖြင့် ကြည့်ရာ သေနတ်ဒဏ်ရာက မကြီး ။ ယေဇူးကြောင့် စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်နီဗျန် ဖြိုက်၍ မြရုပ် ရုင်ရုံတွင်းမှာ မနီသင့်ကြောင်း ဆုံးဖြတ်ကာ ရုံထဲမှ ထွက်လိုက်ကတ်ပြန်ပါသည်။ စစ်တပ်မှ သေနတ်ဖြင့် ပစ်ခတ်နီစွာမှာ ရဲစခမ်းရှေ့မှ ဖြစ်နိုင်သည်။ ကျွန်တော်နှင့် ကရာတေးဆရာကြီး ကိုထွန်းရွှေမောင်ရို့  မြရုံ လမ်းကြားမှ ထွက်လာကတ်သည်။ ကိုတင်မောင်ဦး ( နှာခေါင်းချွန်း ) ရခိုင်ပြည်နယ် ကာယဗလမောင် -တိရိစ္တာန်ဆီးကု -ယခုကွယ်လွန် ) က သူ၏ အိမ်အနောက်ဖက်မှာ တွိ့ သည်။ ကျွန်တော်နှင့် ကိုထွန်း   ရွှေမောင် မှာ လက်ကြားလမ်းအတိုင်း လာခ့ ကတ်ပနာ အိုးတန်းလက်ကြားမှ တဆင့် ကျွန်တော့် အိမ်ရှိရာသို့  လာခသည်။
   ဒဏ်ရာရသူနှင့် သီဆုံးရို့  အခြီအနီ 
          ကျွန်တော်တို့ ၏ မြို့  ပြလုံခြုံရီးနှင့် လုံခြုံရီးကော်မီတီမှ ပြည်သူရို့ ကို သတိပီးကြီညာချက်ကြောင့် စစ်တပ်မှ မော်တော်ကားသည် နောက်မှ လိုက်လာခြင်းဖြိုက်သည်။ သူရို့ကားကလည်း ပြည်သူတိကို လမ်းမ-မထွက်ကတ်ပါရန် အော်သည်ဟု သိရသည်။ ကျွန်တော်ရို့ ကားက ပါဒလိပ်ချိတ်ခွဆုံရောက်တေ အခါ ကားက လားခသည်။ စစ်တပ်ကားက နောက်ကလိုက်လာတေအခါ ခွဆုံမှ လူငယ်တိက ကွမ်းသီးပင် တိ ၊ လှီတိကို လမ်းမပေါ်မှ ချထားပနာ ကားမလားနိုင်အောင် တားထားလိုက်သည်။ အမှန်က စစ်တပ်ကား သည် ကျွန်တော်ရို့ ကးကို တားဆီးရန် လိုက်လာခြင်းဖြိုက်သည်။ ယင်းပိုင့်  ကားတိ မလားနိုင်အောင် ပြု လုပ်ခိုင်း သူမှာ ဆရာကြီး ဦးဦးသာကျော် ( ရာသက်ပန် တက္ကသိုလ် ကျောင်းသား ) ( ဓပြုတ်သီး ) က ကားတိကို တားစီခိုင်းခြင်းဖြိုက်သည်ဟု နောက်တွင် ပြောသံတိ-ကြားဖူးသည်။ စစ်တပ်ကားကို တားထား   ရေ အခါ ရိုးရိုးသားသား တားထားစွာမဟုတ် ။ ဂျင်ဂလိနှင့် ပစ်ခတ်ကတ်သည်။ ကျောက်ခဲများနှင့် ပစ် ကတ်သည် ။ စစ်သားတိမှာ ဂျင်ဂလိကို ကြောက်ပနာ ပုန်းအောင်းဗြီးကေ ကားထဲမှာ လိုက်လာကတ်ရ သည်။ ပါဒလိပ်ချိတ်ခွဆုံ ( ချစ်ဖေါ်ဦးခွဆုံ ) မှာ စစ်တပ်က ရှေ့ဆက်လို့  မလားနိုင်ဖြစ်နီသည် ။ ယင်းအချိန်မှာ ကျွန်တော်ရို့ ကားမှာ သင်္ဘောဆိပ်ကို ရောက်နီချိန်ဖြိုက်သည်။ စစ်တပ်က မလားနိုင်၍ သေ နတ်ဖြင့် ကျအောင် ပစ်ခတ်သည်။ ပါဒလိပ်ချိတ်မှာနီသူ ကိုလှမောင်သန်း ( အသက်-၁၅-နှစ် ) မှာ ခွံဆုံ အနီး ဦးခေါင်းတွင် တည့်တည့်ထိမှန်၍ ပွဲချင်းပနာ သီဆုံးလားသည်။ တရားသိစုရပ်ကွက်မှ ကိုကျော်ကျော် မှာ ပေါင်ကို ထိမှန်ဗြီး ကျိုးကျလားသည်။ စစ်တပ်မှ ဒဏ်ရာရသူ ကိုကျော်ကျော်နှင့် ကိုလှမောင်သန်း အလောင်းကို တင်ဆောင်လားသည်။ ကျွန်တော့် ရို့မြရုပ်ရှင်ရုံသို့ ရောက်ဗြီးကေ လဘက်ရည်သောက် လို့  မြရုပ်ရုင်ရှင်သို့ ဝင်ချိန်မှာ သေနတ်နင့် ပစ်သည် ။ ယင်းအချိန်မှာ ကိုခင်မောင်ဝင်းခေါ် မင်းသားကြီးရွှီ ဘန်း သေနတ်ကျဉ်ဆံ ထိမှန်ခြင်းဖြိုက်သည်။ ကိုခင်မောင်ဝင်းမှာ မြရုပ်ရှင်ရုံခွဆုံ အနားမှာ သေနတ် ကျဉ်ဆံ ကျလို့  သီလားရစွာဖြိုက်သည်။ မြရုံအနားမှာ လူတိက အများကြီးစုလို့  ဟိနီကတ်တေအခါ အမှတ်( ၁ ) ရဲစခမ်းက နီပနာ လှမ်းပစ်ခတ်လို့  ယင်းပိုင် သေနတ်ကျဉ်ဆံ ကျလားစွာဖြိုက်သည်။ ပါဒလိပ်ချိတ်က မောင်လှမောင်သန်းမှာ ( ၁၅ )နှစ်ခန့်  ရှိဖို့ ထင်သည်။ မောင်လှမောင်သန်း၏ ညီဖြိုက်သူ ကိုမောင်လုံးမှာယခု မလေးသျှားနိုင်ငံရောက်နီသူဖြစ်သည်။ ကျွန်တော့် မိဖအိမ်နောက်မှာ ကပ်လျှက် သူရို့ အိမ်ရှိသည်။ ကိုခင်မောင်ဝင်းမှာ အရီးအခင်းကာလ၌ ရခိုင်လူငယ်များဗဟိုအစီးအရုံး ( ရလဗစ ) ကို အိုးတန်းရပ်ကွက်တွင် ဖွဲ့ စီးကတ်ရာ သူက ကျွန်တော်နင့်အတူ ပြန်ကြားရီးဌါနကို ကိုင်တွယ်ခသည်။ ယင်းအိုးတန်းကျောင်းကပင် စာစောင်တိကို ထုတ်ခစွာမှာ သူနင့် ကျွန်တော် အလုပ်အတူတူ အများကြီး လုပ်ခကတ်သည်။ ကိုခင်မောင်ဝင်း၏ သမီးကြီးမှာ ( စောစစ်-ဒေ၀ီ ) ဖြို က်ဗြီး စာရီးဆရာမ -ကဗျာဆရာ မအဖြိုက် ) ဒူဘိုင်းမြို့ မှာ နီထိုင်ပနာ စာတိ ပီတီ ရီးနီသူဖြိုက်သည်။ ကိုချင်းလွှာအောင်မှာ အရီးအခင်းအဗြီး ပါတီတိ ဖွဲ့ ကတ်တေအခါ ရခိုင်ပြည့်အမျိုးသားညီညွတ်ရီးတပ်ပေါင်းစု ( တပ်ပေါင်းစု ) ပါတီ မှာ ဗဟိုကော် မီတီအဖြိုက်ပါခသည်။ ယေဇူးနင့် စစ်တပ်မှ စက်တင်ဘာလ-၁၈-ရက်နိမှာ သေနတ်နင့် ပစ်ခတ်၍ သီဆုံး သူမှာ ကိုခင်မောင်ဝင်းခေါ် မင်းသားကြီးရွှီဘန်း ။ ပါဒလိတ်ချိတ်မှ ကိုလှမောင်သန်း ။ ဒဏ်ရာရသူတိမှာ ကိုချင်းလွှာအောင် ( အိုးတန်းရပ်ကွက် -ယခုကွယ်လွန် ) ၊ ကိုကျော်ကျော် ( တရားသိစု ) ရို့  ဖြိုက် ကတ် ပါသည်။

ခိုင်အောင်ကျော် ( နယူးယောက် )