Thursday, September 29, 2011

ဒေနိမှာလေး မိုးက ရွာနီပါဗျန်ဒေ

     အဂင့်ဂင့်ပါရာမနား ။ စိတ်ထဲမှာတော့ ကိုယ့်စွာကို အလှပလှ အိပ်ရီးဝရေလို့ ထင်သည်။ ဥဏှောက်တိ အီးလို့ ချမ်းလို့  ။ ပပေါ့ပပါး ၊ အိပ်ရာက ထဗျန် ခေါင်းအုံးနှစ်လုံးကို စီဗျန်ထားပလိုက်သည်။ ကျွန်တော် က ခေါင်းအုံးနှစ်လုံးနင့်မှ့ အိပ်လို့ ပဇေါင်ကောင်းမှန်းမသိ ။ နယူးယောက်မှာက ခြင်မကိုက်ပါထော ။     
       ယေဇူးနင့် ခြင်ထောင်မလို ။ စကားစပ်လို့  ပြောရဖို့ ထင်သည်။ ခြင်ထောင် မထောင်ရစွာနင့် ပတ် သက်လို့ ။ အိန္ဒိယနိုင်ငံ-နယူးဒေလီမြို့ မှာ ကျွန်တော်နီခစိုင် အိပ်ရစွာက အလှပလှ တိုက်ပွဲကြီးကို ရင် ဆိုင်ဗြီးမှ အိပ်ရစွာမျိုး ။ ရာသီကလေး ပူလွန်းပါရေ ယေ ။ မိသားစုတိက ကိုယ့်အခန်းနင့် ကိုယ်အိပ်ကတ်   ကေလေး ကျွန်တော်က နွီခါဆိုကေ အိမ်ခေါင်ထက်မှာ လားအိပ်တတ်သည်။ လူတိုင်းလေး အိပ်တတ် ကတ်စွာပါရာ။ အိမ်က -၃-ထပ်တိုက် ဖြိုက်သည်။ အိမ်ခေါင်ထက်မှာ ဆိုကေ အလှပလှ အိပ်ရစွာ အဆင်  ပြီသည်။ လီကတဖြူးဖြူးနင့် ။ လီတဖြူးဖြူးပိုင် ခြင်ကလေး တပ်မတော်ဖွဲ့ ပနာ သွီးစုပ်ဖို့  ခြင်ထောင်ကို ၀ိုင်းပနာ နီကတ်စွာက ကြောက်ကောင်းထမန်းပါဒေ ။
      အိန္ဒိယနိုင်ငံက ပင်လယ်နင့် ၀ီးရေ နိုင်ငံဖြိုက်လို့  ရာသီဥတုက မညီမျှ ။ ပူရေဆိုကေလေး အရမ်းပူ။ အီးရေဆိုကေလေး အရမ်းအီး ။ မိုးရွာရေဆိုစွာက မှတ်ထားလို့  ရရေ စွာမျိုး ။ ရွာကေလေး တခါတလီမှာ မိုးကျောက်တိ ပါလာတတ်ပါသည် ။ ရွာဗျန်ဆိုကေ အိမ်ခါင်မိုးကို တက်ပနာ မိုးရီခံကတ်၊ မိုးမရွာရေ ဒေသ တိ မှာ အိမ်ခေါင်မိုးတိက ပြန့် လို့ ။ အိမ်ခေါင်က အားကစားကွင်းပိုင် အချေတိ ဘောလုံးကျောက် လို့ ရ သည်။ မိုးများရေ ဒေသမှာ ဆိုကေ အိမ်ခေါင်တိက အချွှန်တိနင့် ရပ်စောက် ။ ယင်းပိုင် အိမ်ခေါင်ထက်မှာ ကျွှန်တော် ကောင်းကောင်း အိပ်ခရ သည်။ ခြင် စစ်တပ်နင့် ကျွှန်တော် နပမ်းလုံးလို့  နီခရစွာကို ပြော စွာပါ ရာ။ အခုကျွန်တော်က ယင်းဝဋ်က ကျွတ်လားခသည်။ ယေကေလေး လုပ်မနီကေ့ ။ ခြင်မဟိကေလေး ။ ပိုးဟပ်တိ ၊ကြမ်းပိုးတိက ဟိသည်။ ယေခါ ကြမ်းပိုင်းသတ်ရစွာက ကျွန်တော့်အိမ်ရှင်မမှာ အလုပ်တလုပ်။ ဆီးကတော့ ဖြန်း စွာပါဗျန်ကာ ။ တလတခါလေး ဆီးဖြန်းပီးဖို့  အိမ်ကိုလာသည်။ ယေကေလေး အိမ်ခန်း ပိုင်ရှင်က ဆီးဖြန်းစွာမျိုးနင့် မလုံလောက် ။ ယေဇူးနင့် ကျွန်တော်ရို့ မှာ ဆီးဖြန်းဖို့  လစိုင်ဝယ်ထားရသည်။ အသက်အရွယ်က စကားပြောလာရေအတွက် အိပ်ရာက ခွဲအိပ်စွာလေး ကြာနီဗျန်ဖြိုက်သည်။ အိမ်ရှင်မက ကျွန်တော့်ခြီရင်းမှာ ဟိရေ ကုတင်နင့် အိပ်သည်။ တူနှစ်ကိုယ် တဲအိုပျက်မှာ နီရစွာ မဟုတ် ။ သဉ္ဖာ လီညောင်စောင်းမှာ ရွှီလိုင်တွဲလို့  ၀င်ဖို့  အချိန် အရွယ်လေး မဟုတ်ပါဗျန်ကာ ။ ကျွန်တော်က ခေါင်း ရင်း မှာ ကုတင်တလုံးနင့် ။ ပေနှစ်ဆယ်ခန့်  ဟိရေ ကျွန်တော့်အခန်းမှာ ကုတင်က တယောက်တလုံးနင့် ၊ သားသမီးတိက ကိုယ့်အခန်းနင့် ကိုယ်။ ဧည့်ခန်းမှာ ကျွန်တော်က တခါတလီသတင်းတိ ၊ ဘိုင်စကုတ် တိကို လားကြည့်တတ်သည်။ အယင်ကဆိုကေ တယ်လီဖုံးကို ဧည့်ခန်းမှာထားလို့ ။ ဖုံးခေါ်သံကြားကေ လားပနာ နားထောင်ရသည်။ အခုတော့ ကျွန်တော့်အိပ်ခန်းထဲမှာပါ ချိတ်ထားပနာ ထားရေအတွက် ဧည့်ခန်းက ဟိရေလူလေး ကိုင်လို့ ရရေပိုင် ကျွန်တော်ကလေး ထလားစရာမလို။ ပြောချင်ရေလူက ကိုယ်နင့်ဆိုင်ကေ ပြောလီဖိ ။ မဆိုင်ရေလူက ဖုံးကို ချထားပီးလိုက်ဖိ ။ အိပ်ရာက ထရေအချိန်က မိုးထ -၆-ချက်တီးလောက်ဆိုကေ ထတတ်တေ အကျင့်ဖြိုက်နီသည်။ မထကေလေး အိပ်ရာထဲမှာ လှဲမနီချင် ။ နောက်ပြသနာတခုက ကျွှန်တော်ရို့ မှာ မိသားစုတိ ဆွီမျိုးတိ အသိအကျွှမ်းတိ ခင်မင်ရင်းနှီးရေ လူတိက ကမ္ဘာတ၀ှမ်းမှာ အင်တာနတ်ဆိုင်မှာ လာထိုင်တတ်သည် ။ ယေခါ သူရို့  မှာ ထိုင်တတ်တေအချိန်နင့် ကျွန်တော်က အိပ်ရာက စောစောနိုးလာကေ တွိစွာက အဆင်ပြီနီပါရေထော ။
      ဇါပိုင်ဖြိုက်ဖြိုက် တခုမ ဟုတ် တခုချေလောက်ကေတာ့ခါ ကျွန်တော်က သတင်းကြားရတတ်သည်။   ယေခါ ကျွန်တော် သိရရေ သတင်းကို အိမ်ရှင်မကို ပြောဖြိုက်သည်။ယင်းချင့်က ကျွန်တော့်အကျင့် ။ ရှားရှားပါးပါး ကျွန်တော် သတင်း ဖြန့် ချီစွာကို အယင်ဆုံး နားထောင် ရသူမှာ အိမ်ရှင်မဖြိုက်သည်။ စစ်တွေမှာ ဇါသူက သီလားခဗျန် ။ ရန်ကုန်မှာ ဇါသူက သီလားခဗျန် ဆိုရေ သတင်းတိကို ပြောရေပိုင် လီတိုက်စွာ မုန်တိုင်းတိုက်စွာ တိကို   ပြောပြနီရစွာက ကျွန်တော့်မှာ မဟာကြီးကျယ်ရေ လုပ်ငန်းကြီး တခုပါကားယေ ။ ယင်းပိုင် လုပ်ငန်းကြီး ကို လုပ်နီရလို့ လေး ကျွန်တော်က မိုးထဖက်အိပ်ရာက ထဗျန် ဆိုကေ စောစောထတတ်ပါစွာရာချင့် ။ အကျင့်က စကားပြောလားစွာပါရာ ဒေ။ အချေခါ စကားပြောစွာတိ ကြားဖူးခပါယင့် ။ သက်ကြီးခေါင်းချ အချိန်လို့  ၊ ၀ါကြီးမတိ အိပ်ချိန်လို့  ဆိုပနာ ။ ဇါအချိန်ကို ပြောစွာတော့ မသိပါဒေ။ ၀ါကြီး ၀ါကြီးမတိဆိုကေ အိပ်ရာကို စောစောဝင်ပနာ အိပ်ရတတ်ပါရေ ။ -၉-ချက်တီး လောက် ဆိုကေ ရခိုင်ပြည်မှာ ၀ါကြီးတိ အိပ်ရာထဲ ရောက်လားကတ်ပါဗျန်ကာ။ ယေကေ ယင်းဝါကြီးတိ အသက် အရွယ်ကို ကြည့်ကေ ( ၆၀ ) ကျော်တန်းပါရာယေ ။ ယင်းလောက်အသက်ဆိုကေ အိပ်ရာကို စောစော ၀င်စွာနင့် ၊ သီတင်းတိ ၀ပုဉ်နိတိဆိုကေ ဒယောဖြူ ၀တ်ဗျန် မြီးတရွီ မြိုက်တရွီနင့် ဘုန်းကြီးကျောင်း လား   ရေ အသက်အရွယ် မဟုတ်ပါလားယေ ။ နောင်ဘ၀ကူးလားဖို့ အတွက် ဗုဒ္ဓဘာသာထုံးစံအရ သံသရာ အကျိုးကို ရည်မှန်းပနာ ကောင်းမှူကုသိုလ် လုပ်ကတ်စွာပါရာယေ ။ ယင်းပိုင်နင့်ဘင် မြီးတရွီနင့် လားနီခ ယင်းပင်း နီမကောင်းဖြိုက်ကေ ဆီးရုံကို တက် ။ နောက်ဆုံး တချို့ က ဆီးရုံမရောက်ခ ဘဲနင့် လော က-ကထွက်လားခရပါဗျန်ကာ ။ ယေဇူးနင့်လေး သက်ကြီးခေါင်းချ အချိန်ဖြိုက်တေ သန်ခေါင်အချိန်မှာ ၀ါကြီးတိ ၀ါကြီးမတိ အလှပလှ အိပ်တတ်တေ အချိန် ပြောစွာ ဟိပါဖို့ ကာ ။
    ကျွန်တော်က ရခိုင်လူ မျိုးဖြိုက်ကေလေး ရခိုင်ပြည်နယ်ထဲက ရခိုင်လူမျိုး မဟုတ်ပါကာ နန်း။ ယေဇူးနင့် အားလုံး ကွဲနီစွာ ဟိပါ ဖို့ ဒေ။ ဇါဖြိုက်လို့ ဆိုကေ ရခိုင်နိုင်ငံက ရခိုင်လူမျိုးဖြိုက်နီရေ ကျွန်တော့်မှာ သက် ကြီးခေါင်းချ အချိန် ။ ၀ါကြီးတိ ၀ါကြီးမတိ အိပ်ချိန်လို့  ပြောရေ ယင်းအချိန်မှာ အိပ်ရာကို မ၀င်ရပါသိထော ။ အနည်းဆုံး တညည့်တာ အိပ်စက်ဖို့  အကောင်းဆုံး အချိန်ဖြိုက်တေ -၁၁-ချက်တီးအချိန်ထက် မကျော်   ကေ အိပ်လို့ မ ရပါဗျန်ဒေ။ ကျွန်တော်ရို့ က နှစ်တောင်လောက်မြင့်ရေ အိပ်ရာမှာ ဇိမ်နင့်ရာ အိပ်နီကေ   ကောင်းကောင်းကြီး အိပ်လို့ ရရေ လူတိပါရာဒေ။ ယေကေလေး အိပ်ရာကို ခင်ဖို့  အချိန်မဟုတ်ပါဗျန်။ မျက်စိနှစ်လုံးကို စိနီအောင် ပိတ်ပနာ အိပ်ရာထဲမှာ ဇိမ်နင့်အိပ်နီဖို့  စွာကိုလေး မစိုင်းစားနိုင်ပါဗျန် ။ ဇါဖြိုက် လို့ ဆိုကေ သမိုင်းက စကားပြောနီပါဗျန်မနား ။ လူမသိ ရှင်မသိ ဖြတ်လားနီရေ သမိုင်းတခုကို မြင်နီရပါ ဗျန်ဒေ ယင်းချင့်တိကို ကျွန်တော်ရို့ က မျိုးဆက်သစ် ကလေချေတိကို ပြောပြဖို့  အချိန်တိ ကျွန်တော့်မှာ နည်းနီစွာ ကျွန်တော်သိပါသည်။ ရနိုင်ရေအချိန်တိကို လုပနာ ကျွန်တော် ပြောပြချင်သည်။ ရီးပြချင်သည်။ သိစီချင်သည်။ သုံးသပ်ပြချင်သည်။ ယင်းချင့်က ကျွန်တော့် စီတနာပါရာ။ အိပ်ရာကို မခင်လို့  ပြောရေပိုင် အိပ်ဖို့ အချိန်လေး မဟိပါဗျန်မနား ။ ကျွန်တော်ရို့ မျက်စိကို ရက်ပြတ်ဖွင့်ထားဖို့  အချိန်ကျနီပါဗျန်ကာ။ ကျွန်တော်ရို့ မှာ ရန်သူနှစ်မျိုး နှစ်စား ဟိနီပါသည်။ ။ ယင်းချင့်ကို နားလည်ထားဖို့  လိုပါရေမနား ။ တမျိုးက   ခြောက်ဆယ့်သုံးနှစ် ကျွန်ဖြိုက်နီရေ ဘ၀က လွပ်မြောက်ဖို့ အတွက် တိုက်ထုတ်ရဖို့  ရန်သူဖြိုက်သည်။   နောက်တမျိုးက အနာဂါတ်မှာ ရခိုင်နိုင်ငံကို လုံးဝ ပပျောက်လားအောင် လုပ်ဖို့ ကြိုးစားနီရေ ရန်သူတ မျိုးဖြိုက်သည်။ ဒေပိုင်နှစ်မျိုးဟိစွာကို မျိုးဆက်သစ် ရခိုင်သားချေတိက သိဖို့  လိုနီသည်။ ယင်းချင့်ကို ကျွန်တော် ကောင်းကောင်း ပြောချင်သည်။ ကြောက်ကောင်းထမန်း အစီအစိုင်တိ လုပ်နီစွာကို ကျွန်တော် ရို့  သိနီသည်။ ယင်းချင့်ကို ကျွန်တော်ရို့ က နားလည်ထားလို့  ပြောချင်သည် ။ ဆိုချင်သည်။ ကျွန်တော် ရို့ မှာ ရန်သူက ရခိုင်သားအချင်းချင်း ကိုယ့်လူမျိုးအချင်းအချင်း ရန်ဖြိုက်နီဖို့ အချိန်မဟုတ်စွာကို နားလည် ထားဖို့ လိုသည်။ ယေဖူးနင့် ရခိုင်လူမျိုးတိကို ပြောချင်စွာ တခုဟိနီသည်။ ယင်းချင့်ကား သမိုင်းတခု ကို   ဖြတ်လားနီစွာကို အရိပ်ကျဖို့  လိုနီရေလို့  ပြောချင်စွာဖြိုက်သည်။ ယင်းပိုင်ဖြတ်လားနီသူက ဇါသူလေး လို့  သိချင်ကတ်ဖို့ ထင်သည်။ ကျွန်တော်ပြောချင်စွာက အခြားသူမဟုတ် ။ ရခိုင်လူမျိုးတိုင်း မျိုးဆက်သစ် ရခိုင်သားတိုင်း ဒေနိခါ သမိုင်းတခုကို ဖြတ်လားနီကတ်စွာဖြိုက်သည်လို့ ပြောကေ ယုံပါဖို့ လားချင့် ။ တနိ က စိုင်းစားဖြိုက်စွာကို သတိရလာသည်။ ရခိုင်နိုင်ငံက ဆုံးရှုံးလားစွာ -၆၃-နှစ်ရာ ဟိသိသည်။   ဒေချင့်က ရခိုင်နိုင်ငံရီးသမားဟောင်းတိက နိုင်ငံရီး နားမလည်ခလို့  အဆုံးရှုံးခံရလို့ ဖြိုက်သည်။ ကိုယ့်စွာနင့် ကိုယ် ရာ ဂျပန်ကို တော်လှန်ခပနာ ဆက်လို့ တခါ အင်္ဂလိပ်ကို တော်လှန်ခကေ တမျိုးတဖုံဟိဖို့ ထင်သည်။ ယင်းချင့်တော့ ထားလိုက်ပါဖိ ။ အခုက သမိုင်းထဲက သမိုင်းဖြတ်လားနီရေ ကျွန်တော်ရို့ နင့် ဆိုင်ရေကိစ္စ သိထားဖို့ လိုနီရေ အချိန်ဖြိုက်သည်။ အခု ကျွန်တော်ရို့ က ဒေအချိန်မှာ အယင်ဆုံး လုပ်ရဖို့ က ရခိုင် သားချေတိ စုရုံးနီကတ်ရဖို့  အချိန်ဖြိုက်သည်။ ရန်ဖြိုက်ဖို့  အချိန် လုပ်နီဖို့  အချိန်မဟုတ်။ ရခိုင်သားတိမှာ အခုဆိုကေ ရန်သူကို တိုက်ဖို့  သနတ်တောင် တချောင်း အကောင်း မဟိ ။ တိုက်ဖို့ စွာကိုထားဖိ ။ ၆၃-နှစ် ကျွန်ဖြိုက်လားလို့  တော်လှန်ဖို့  လုပ်လာစွာ ကို က နှစ်ပေါင်း-၃၀- လောက်ရာ ဟိသိသည် ။ ဇါအဖွဲ့ မှာ သနတ်ကိုင် လူ-၃၀- ဟိရေလေးချင့် ။ မဟိ သိထော ။ ယေကေ ဇါလုပ်ရဖို့ လေး။ စိုင်းစားကြည့် ရဖို့ ဗျန် မနား ။ ယေကေ လူ-၃၀- မဟိရေ လူတိ က အမျိုးအမျိုး ဖြိုက်နီကေ ဇါခါ ရခိုင်နိုင်ငံကို ပြန်လို့  တိုက် လို့ ရဖို့ လေး ။ မရမှန်းသိကေ ယင်းလူတိကို မျိုးချစ်ခေါင်းဆောင်လို့  ခေါ်နီရဖို့ လား ။  
          ကျွန်တော်ကတော့ခါ ယင်းပိုင် မခေါ်ချင် ။ အသိအမှတ်လေး မပြုချင် ။ မျိုးချစ်ခေါင်းဆောင်ဆိုကေ လူထုတိက ဇါကို လိုချင်နီလေ ။ ဇါချင့်ကို ပြောနီလေ ဆိုစွာကို နားထောင်ရဖို့  ရာမနား။ လူထုနင့် ကင်း ကွာကေ လူထုခေါင်းဆောင်ကား မဟုတ်ပါကားယေ ။ ယေဇူးနင့် မျိုးချစ်ခေါင်းဆောင်တိဖြိုက်ဖို့  အတွက် မျိုးချစ်ရခိုင်လူမျိုးတိမှာ ရွီးချယ်ရကတ်ဖို့  အချိန်ဖြိုက်နီဗျန် ထင်သည်။
        ဇါသူက ရခိုင်နိုင်ငံကို ပြန်လို့ ရအောင် ဦးဆောင်နိုင်ဖို့ လေး ဆိုစွာကို စိုင်းစားကတ် ရဖို့ ဖြိုက် သည်။ သနတ်နင့် အုပ်ချုပ်နီရေသူကို သနတ်နင့် တိုက်မှ ရဖို့ စွာကို သိဖို့ လိုသည်။ ယေကေ တိုက်ဖို့  လူတိ ဟိပါ ယင့်လားချင့် ။ နှစ်ပေါင်း-၃၀-လောက် လက်နက်ကိုင် အဖွဲ့ မှာ လူ-၃၀- မဟိကေ ကွဲပြားနီ ကတ်တေ လူ တိက ပေါင်းဖို့  လိုရေမနားချင့် ။ ယင်းပိုင်လေး မပေါင်းကတ်ကေ ပေါင်းရေလူအချင်းချင်း စုဗျန်ရာ လုပ် ကတ်ဖိနားရာယေ ။ ယင်းချင့်ကား အဖြီ ရာ ။ ယင်းပိုင်လေး မပေါင်းကတ်ကေ ရခိုင် တပ်မတော်တခုကို အသစ်တဖွဲ့ ဖွဲ့။ ယင်းပိုင်ဖွဲ့ ပနာ လုပ်ကတ်ဖိ။ ဒေချင့်ကရာ အဖြီရာ ဖြိုက်သည်။ ယင်းပိုင်ဆိုကေ ရခိုင်တပ် မတော်တခုကို လူပေါင်းအများကြီးနင့် ဖွဲ့ ဖို့ ဆိုကေ ဇါပိုင် လုပ်ကတ်ရဖို့ လေး ဆိုစွာကို စိုင်းစားရ ဖို့  ဖြိုက် သည်။ ဖွဲ့ စွာက လွယ်သည်။ တပ်မတော်ဆိုစွာက လူဟိလာဖို့ ။ သနတ်ဟိလာဖို့  ။ ယေကေ လူဟိ လာ   ကေ လူတိကို စားသောက်ဖို့ အတွက် ရိက္ခာစုဆောင်းပီးဖို့  လိုလာသည်။ သနတ်ကိုင်ဖို့ အတွက် သနတ် လိုလာသည်။ ဒေချင့်တိအတွက် ဖေ့ချာလိုလာသည်။ ယေကေ ရံပုံငွေဖေ့သာကို ဇါပိုင် စုစည်း ရဖို့ လေး ။ ယင်းချင့်ရာအဖြီဖြိုက်သည်။ ဖေ့ချာမဟိဘဲနင့် လက်နက်ကိုင်တော်လှန်ရီး တခုကို တည်   ဆောက် လို့ မရ ။ လက်နက်ကိုင်တော်လှန်ရီးအတွက် လက်နက်လိုချင်ကေ ဖေ့ချာစုဆောင်းဖို့  နမူနာ တခုကို ပြောချင် သည်။ သနတ်တလက်ကို ဒေါ်လာတထောင်ကျရေ ဆိုပါဖိ ။ ယင်းချင့်ကို မလေးသျှားမှာ   ရောက်နီရေ ရခိုင်လူမျိုးတိက မလေးသျှားရင်းဂစ် -၃- ရင်းဂစ်လောက်ရာ ပီးကြည့်လိုက်ကေ သနတ်တ လက်   ကောင်းကောင်းရသည်။ ယေကေ မလေးသျားမှာ ဖေ့ချာကို စုဆောင်းကတ်ရဖို့ မနား ။   
       ယင်းပိုင်ပါကား ယေ ။ အခြားနိုင်ငံတိမှာလေး ယင်းပိုင်ရာ လုပ်ကြည့်ပဖိ တချက် ။ နောက်တခုက လူ ။ လူမဟိကေ အဖွဲ့ အစီးအားမဟိ ။ ရခိုင်လူမျိုးတိက နိုင်ငံရီးအရ သိဖို့  လိုသည်။ ယေဇူးနင့် နိုင်ငံ ရီးးအသိပိုင်ညာ ပီးဖို့  ကောင်းကောင်းလိုနီသည်။ လက်နက်ကိုင်တော်လှန်ရီးသမားတိမှာ အခြီခံ နိုင်ငံရီး သိပ္ပံပိုင်ညာ မြင့်နီဖို့ လိုသည်။ ယင်းပိုင်ဗျန် ။ ရခိုင်လူမျိုးတိုင်း နိုင်ငံရီးအခြီခံ သိပ္ပံပိုင်ညာကို သိထား ဖို့ လို သည်။ ယေဇူးနင့် စာပီတိကို လိလာရန်လိုသည် ။ ဖတ်နီဖို့ လိုသည်။ သိထားဖို့ လိုသည်။ သင်တန်းတိ ပီး နီဖို့ လိုသည်။ အစီးအ၀ီးတိ လုပ်နီဖို့ လိုသည်။ ယင်းပိုင် အခြီခံနိုင်ငံရီးပိုင်ညာတိကို လိလာတတ်နီ ကတ်   တေပိုင် အင်္ဂလိပ်ဘာသာစကားကိုလေး တတ်မြောက်နီဖို့ လိုသည်။ အမေရိကန်နိုင်ငံမှာ ရခိုင်သားချေတိ က အင်္ဂလိပ်စကားကို အလှပလှ တတ်ကတ်ပနာ လူ-၅၀- လောက်ကရာ ရောက်နီရေ ဆိုကေ ရခိုင်လူမျိုး ကို ကမ္ဘာက လုံးဝ သိလားဖို့  ဖြိုက်သည်။ ပဇေါင်ဖြိုက်လို့ လေးဆိုကေ ယင်းကချေတိက လက်နက်ကိုင်   တော်လှန်ရီး အဖွဲ့ နင့် ပေါင်းစပ်ပနာ လုပ်လားဖို့  အခြီအနီတိ ဖြိုက်လားလို့ ရာ ဖြိုက်သည်။ ကျွတော်ထင် သည်။ အခုခေတ် ကလေချေတိမှာ ညဏ်ပိုင်ညာ ထက်မြက်ကတ်သည်။ ဘွဲ့ ရ ရခိုင်လူမျိုးတိက အမေရိ ကန်နိုင်ငံမှာ တနိခါ အများကြီး ဟိလာဖို့  ထင်သည်။ မရောက်လာနိုင် မဖြိုက်နိုင်လို့  ပြော၍မရ ။  
           ဇါဖြိုက်လို့ ဆိုကေ ကျွန်တော် တောင်မှ ဒေဆောင်းပါးကို အမေရိကန် နိုင်ငံ နယူးယောက်မြို့ မှာ နီယင်းပင်း ရီးနီစွာဖြိုက်သည်။ ဒေစာရီးနီရေအခါ ရခိုင်နိုင်ငံတော် မလွပ်မြောက်သိပါ ။ နောက် ဆယ် စုနှစ်ဖြိုက်လာရေအခါ ရခိုင်လူမျိုးတိ ပိုင်ညာတတ် တိက ကုလသမဂ္ဂမှာ ရခိုင်နိုင်ငံတော်ကို ပြန်လို့  ရဖို့  စွာနင့် တောင်းဆိုဆွီးနွီးနီရေအချိန် - ရခိုင်တော်လှန်ရီးလက်နက်ကိုင် တပ်မတော် တခုတည်းက ကကြီးက ကျယ် တိုက်ခိုက်နီရေအချိန်ဆိုကေ မဖြိုက်လာနိုင်လို့  ဇါသူက ပြောလို့ ရပါဖို့ လေးချင့် ။ ယင်းအချိန်မှာ ကျွန်တော်က လက်ခုပ်လက်ဝါး တီးပီးနီသူ ဖြိုက်ချင်သည်။ ယင်းပိုင်အချိန်မျိုးကို ရောက်ဖို့  အတွက် ရခိုင် လူမျိုးတိက ရည်မှန်းချက် ကောင်းကောင်းထားရဖို့ ဖြိုက်သည်။ မျော်လင့်ချက်ဟိမှ အသက်ရှည်သည်။   
       ကျွန်တော်က ယင်းအချိန်ထိ အသက်ရှည်ချင်သည်။ ယေဇူးနင့် အိပ်ရာကထဗျန်ဆိုကေ အိပ်ရာတိကို သီသီချာချာ သိမ်းပနာ ကိုယ့်အိပ်ရာကို စနစ်တကျ အလှပလှ မြင်ဗြီးမှ အိမ်ပြတင်းပေါက်က လမ်းမဖက်ကို ကြည့်တတ်သည်။ ယေခါ လမ်းမထက်မှာ လားနီရေ မော်တော်ကားတိကို မမြင်ခင် အိမ်နားက အပင်တ ပင်ကို အယင်ဆုံး မြင်ရသည်။ ဒေအပင်ကို ဇါခေါ်မှန်း ကျွန်တော်မသိ ။ ကျွန်တော်နီရေတိုက်က -၆- ထပ် တိုက်ဖြိုက်သည်။ ကျွန်တော်က -၂- ထပ်ခန်းမှာနီသည်။ ပြတင်းပေါက်က လမ်းမဖက်ကို ကြည့်ဗျန် ဆိုကေ လားနီလူတိ မော်တော်ကားတိ ကို အလှပလှမြင်ရသည်။ နွီရာသီက ကူးလားလို့ တော့ မပြောတတ် ။ တ ရက်ပူလိုက် တရက် အီးလိုက် ဖြိုက်နီသည် ။ ဒေနိခါ ပြတင်းပေါက်ကို ဖွင့်လိုက်စွာနင့် လမ်းမထက်မှာ မိုးရီ တိ စွတ်နီစွာကို မြင်ရသည်။ အိမ်ပြတင်းပေါက်နားက အပင်က လှုပ်ခါနီသည် ။ လီတိုက်နီစွာက ပပြင်းချေ တိုက်နီစွာ မဟုတ် ။ ယေကေလေး သိသာပါသည်။ မိုးက တညဥ့်လုံး ရွာနီခစွာကို ။ နယူးယောက်မြို့ က မိုးရွာစွာက ရခိုင်နိုင်ငံက မိုးရွာစွာပိုင် အတူတူ လို့  ရက်ပြတ်ခံစား နီမိပါသည်။ ဒေနိမှာလေး မိုးက ရွာနီ ပါဗျန်ဒေ ။
         ယေဇူးနင့် ကိုယ့်ရခိုင်နိုင်ငံကို လွမ်းမိပါရေထော ။ မိုးစက်တိနင့်တတူ လီညှင်းချေတိ ပါလာရေအခါ ရင်ထဲမှာ ဒေပိုင်ချမ်းလာစွာကိုက သတိမရဘဲ မနီနိုင်စွာပါကာ ။

ခိုင်အောင်ကျော်
( နယူးယောက် )