Thursday, September 15, 2011

ဘုံပေါက်သာကျော်၏ တော်လှန်ရီး ခရီးဝယ် စာအုပ်က ဆရာတော် ဦးစိန္တာနင့် နိုင်ငံရီးခရီး ( ဒုတိယပိုင်း )

ဆရတော်ဦးစိန္တာမှာ ဇါအချိန်မှာမှ ဗိုလ်ချုပ်အောင်ဆန်းနင့် နိုင်ငံ ရီးရော တော်လှန်ရီးကို တွဲလို့မလုပ်ခ။မျက်နှာချင်းဆိုင်လို့ စကား   တောင် အလှပလှ မပြောခ ။ ခံယူချက်လေး မတူ ။ အမျိုးသား လွပ်မြောက် ရီးစိတ်ဓါတ် မတူလေး မတူ ။ အသားစားရန်သူဖြိုက်လို့  ဆရာတော် ဟိရေ ကြာအင်းတောင်ရွာကို မီးတိုက် ၊ နောက်ဆုံး ဖမ်းဆီးထောင်ချ ၊ အောင် ဆန်းသီလားရေအထိ ဆရာတော်ကို မလွှတ်ပီးခဘဲနင့် သာယာ ၀တီထောင်မှာ ထားခစွာတိကို အခုပိုင် ဘုံပေါက်သာကျော် က တော် လှန်ရီးခရီးဝယ် စာအုပ်မှာ မျိုးဆက် သစ် ရခိုင်နိုင်ငံရီး သုတေသနတိ သိအောင် ရီးထားပြခပါရေ ။ -------------
    မြီပုံညီလာခံကား ဗြီးလားခသည်။ ယေကေလေး အကြွီးက တပုံကြီးနင့် ။ ယင်းအကြွီးကို ဘုံပေါက် သာကျော်နင့် ဆရာတော်က ပက်ခုံးထက်က တာဝန်အဖြိုက် ခံယူလားကတ်ရသည်။ သံတွဲသူပုန်ပြ သနာကြောင့် ပါတီအဖွဲ့ အစီးများ ဖေ့သာအရီး မခိုင် ။ ကျောက်ဖြူခရိုင် ဖဆပလ ညီလာခံ ကျင်းပနီစိုင် ကိုဘဟန်၊ ကိုဘိုးနွယ် ရို့ ကို ဗြိတိသျှနယ်ချဲ့  ပုလိပ်တိက ဖမ်းဆီးလားခလို့  ဖေ့သာက မတောင့်။ ဆ ရာတော် က ရန်းဗြဲနင့် ရမ်းဗြဲ ကျွန်း တောက်   လျောက် နိုင်ငံရီးတရား ဟောဖို့  ။ ရံပုံငွီ ကောက်ဖို့  ၊ ယေဇူး နင့် ဆရာတော်ဦးစိန္တာနင့် ကိုဘိုးဦး ရို့ နှစ်ယောက်ကို ရမ်းဗြဲကျွန်း လားဖို့  တာဝန်ခွဲ ပီးရသည်။ ယေဗြီးကေ မင်းပြားမြို့ နယ် ဒုံးသားညီလာခံကို ကျင်းပဖို့  စီစိုင်သည်။ ညီလာခံ မဏ္ဍပ်ဆာက်လုပ်ရီးကိစ္စက အစ   ဖြိုက်မြောက် ရီးအထိ ကိစ္စအ၀၀ကို ဦးနီထွန်းအောင် ( ရခိုင်ပြည် ပြည်သူ့ လွပ်လပ်ရီး အဖွဲ့ ချုပ်-ဥက္ကဌ ) က တာဝန်ယူပနာ အလံနီ ကိုအောင်လင်းက လူထုချီတက်ပွဲအတွက် တာဝန်ယူသည်။ ယင်းကြောင့် စစ်တွ သင်္ကြန်တွင် ရှင်ပြု ရဟန်းခံယင်း နီလိုက်ပနာ သင်္ကြန်လွန်စွာနင့် မြို့ ဟောင်းကို ထွက်လာ ပါသည်   ။ မြို့ ဟောင်းမြို့ မှာ တညဉ့် အိပ်ပနာ ဒုံးသားညီလာခံ အတွက် လားဖို့  လုပ်နီစိုင်ရဲဘော်တယောက်    ဗြီး လို့  လာပြော ပါ သည် ။
  " ဆရာတော် ဦးစိန္တာကို ဖမ်းလားခပါဗျန်လတ် " 
        ဘုံပေါက်သာကျော်က မယုံ ။ မြို့ ဟောင်းပုလိပ် သမဂ္ဂက သတင်းပို့ ခိုင်းကြောင်း ပြောလာသည်။ ဆရာတော် ကိုလေး ဖမ်းဗြီးဗျန် ။ ဘုံပေါက်သာကျော်ေ လး ဗြီးလီဖိ ဆိုပနာ သတင်းလာပီးစွာဖြိက်သည် ။ုဆရာတော်နင့် လက်ဝဲကျွံနီရေ သံတွဲ သူပုန်မီးကိုလေး အီးငြိမ်းအောင် သတ်ခသည်။ အခုတပ်ပေါင်း စုလမ်းစိုင်အရ ဗြိသျှနယ်ချဲ့ အစိုးရကို တော်လှန်ရီးပြင်ဆင်ရန်ကာလ လို့  သတ်မှတ်ထား ချိန်ဖြိုက်သည်။ ဆရာတော်ဦးစိန္တာမှာ ရမ်းဗြဲလားစွာက အဓိကတာဝန်အဖြိုက် ပြည်သူ့ တော်လှန်ရီး အ ဆင့်ကို ရောက်ဖို့  အတွက် လှုံ့ ဆော်ရန်ဖြိုက်သည်။ အခုလားရေခရီးမှာ လက်ဝဲကျွံရေ အဆင့်ကို မရောက်အောင် အဆင့် ဆင့် စီစိုင်ဗြီးမှ လားစွာဖြိုက်သည် ။ ဆရာတော်ကို ဖမ်းရေ သတင်း မှာ မြောက် ဦးမြို့  ပုလိပ်သမဂ္ဂက လာသော သတင်းဖြိုက်သည်။ တိကျနီသည်။ မြီပုံက စစ်တွေမြို့ ကို လာရေ အာရ ကန် ဖလိုတီးယား သဘောင်္ တက်လာရေအခါ ဆရာတော်ကို ကျောက်ဖြူခရိုင် ရာဇ၀တ်ဝန်က ဖမ်းလိုက် စွာဖြိုက်သည်။ ဆူပူမူတိဖြိုက်လာကေ နှိမ်နှင်းရန် အဆင်သင့် စီစိုင်ထာဖို့  စွာကိုလေး ကြိုးမဲ့ ကြီးနန်းအရ သိရသည်။ စစ်တွေမြို့ က ကေဒါရဲဘော် ကိုလှထွန်းကျော် ရို့ က ဆရာတော် အဖမ်းခံရစွာကို သတင်းအတိ အကျ ရထားသည် ။
          ယေဇူးနင့် ဘုံပေါက်သာကျော်မှာ ချက်ချင်း ကိုယ်ရောင်ဖျောက်ရသည်။ မြီပုံတပ်ပေါင်းစု ညီလာ ခံအဗြီး ပြည်သူ့ ညီလာခံတိကို အမ်းမြို့ နယ် ။ ဒလက်ချောင်း၊ မင်းပြားမြို့ နယ် ဒုံးသား ရွာ၊ မြို့ ဟောင်းမြို့ နယ် ဝေသာလီကျေးရွာ ၊ ကျောက်တော်မြို့ နယ် မဟာမုနိ စရေ-နီရာတိမှာ ဆက်တိုက်ကျင်းပရန် စီစိုင် ထားစွာဖြိုက်သည်။ ဒုံးသားညီလာခံမှာ ကနဦးပြည်သူ့ ညီလာခံဖြိုက်သည်။
   မြီအောက် တပ်ပေါင်း စုခေါင်းဆောင် ဗိုလ်စိန်ထွန်းအောင်၊ ကိုနီထွန်းအောင်၊ ကိုထွန်းသာအောင် ရို့ ကို တွိပါသည်။ အလံနီ ရဲဘော် အောင်လင်းရှိမရှိ ကို မီးကြည့်စွာမှာ ဆရာတော်ဦးစိန္တာနင့် ရမ်းဗြဲကို လိုက်လား ခရေလို့ သိရ သည်။ ရဲဘော်အောင်လင်းကို ဒုံးသားပြည်သူ့ ညီလာခံသို့  လူထုချီတက်ပွဲ ပြုလုပ်ဖို့  အနီး အနားကျေး ရွာတိ  ကို တိတိကျကျ တာဝန်ပီးလိုက်စွာဖြိုက်သည်။ အခုဆိုကေ ဆရာတော် ဦးစိန္တာက ညီလာခံကို မတက်နိုင်ဗျန် ။ ယေဇူးနင့် လိပ်မရွာ ဘုန်းကြီးကို သဘာပတိ လုပ်စီရသည်။ ကိုနီထွန်းအောင် က အခန်း အနား မှူး အဖြိုက် ဆောင်ရွက်သည်။ လုံခြုံရီးအတွက် မြီအောက်ရဲဘော်တိက တာဝန်ယူထား ရ သည်။   မြီပုံ  ညီလာခံမှ ဆုံးဖြတ်ချက်အဆိုနင့် ထိပ်တန်းအဖြိုက် ဖမ်းဆီးခံနီရရေ ဆရာတော်ကိုယ်ကို လွှတ်ပီးရီး အဆိုကို ထိပ်တန်းတွင် ထားဖို့  ဆုံးဖြတ်ထားသည်။ အဆိုတင်သွင်းသူ နင့် ထောက်ခံသူရို့  နီ ရပ်တိကို ရွီးချယ် အတည်ပြုထားကတ်ပါသည်။ မူလအစီအစိုင်အရ ဒုံးသားညီလာခံကို ( ၃ ) ရက်လုပ်ဖို့  ဟိသည်။ လက်ငင်းအခြီအနီအရ လုံခြံရီးက ဟိနီပါသည်။
       ဗြိတိသျှ စစ်တပ် ။ ပုလိပ်၊ လှုပ်ရှားမှူတိ ခြီချင်းလိမ်နီကတ် သည်။ ဆရာတော်ဦးစိန္တာကို ဖမ်းရေအခါ လွပ်လားသူ ကိုနီထွန်းအောင်က ဒုံးသားညီလာခံကို ရောက်လာသည်။ ယေခါယင်းအကြောင်းကိုဘုံပေါက်  သာကျော်က ညီလာခံမှ တင်ပြရသည်။ ကိုနီထွန်းအောင်မှာ သေဘာၤာစာရီး ဦေးမာင္လွေက်ာ္မွ ၀ွက္ထား ၍ လွပ်လားခသူဖြစ်သည်။ ဆရာတော် ရမ်းဗြဲရောက်ချိန်မှာ ရုံးနင့် ဂါတ်တိမှာ လူထုတိ ဆူပူအုံ ကြွနီစွာတိ ကို ပက်ပင်းတိုးသည်။ ကိုဘဟန် ( နယ်ချဲ့  တော်လှန်ရီးတပ်ပေါင်းစုအာဏာရှင်အဖွဲ့  ) ၊ ကို ဘိုးနွယ် ( ကျောက်ဖြူ ခရိုင်လူငယ်များခေါင်းဆောင် ) နင့် ဖမ်းဆီးခံထားရရေ လူပေါင်း( ၁၈ ) ယောက်ကို လွှတ်ပီး ဖို့  ဆန္ဒပြတောင်းဆိုနီကတ်စွာ နင့် ကိုက်နီစွာဖြိုက်သည်။ ကိုဘဟန်နင့် ကိုဘိုးနွယ်မှာ သင်ပန်းကိုင် ရွာ ဘုန်းတော်ကြီးကျော်ငးမှာ ကျေးရွာလူကြီးတိနင့် အစီးအ၀ီးထိုငနီချိတ် မျက်နှာဖြူအရာရှိ မက္ကာမေသ ယူ ကိုယ်တိုင် ခေါင်ေးဆာင်ပနာ လက်န်ကိအပြည့်အစိုနင့် ၀ိုင်းဗျန် ဖမ်းဆီးလိုက်ခြင်းဖြိုက်ပါသည်။ ကိုဘ ဟန် နင့် ကိုဘိုးနွယ်ရို့ ကို ကြိုးနင့်တုပ်ပနာ ရမ်းမြဲမြို့ ကို ဖမ်းယူလာလို့  ဆူနီကတ်စွာဖြိုက်သည်။ ဆရာတော် ဦး စိန္တာကလေး ရမ်းဗြဲရောက်ချိန်နျင့် ကြုံစွာနင့် လူထုတိကလေး ထိမ်းမနိုင်သိမ်းမရ ဖြိုက် လာကတ်သည်။   နောက်ဆုံးမှာ ဖမ်းထားရေ ကိုဘဟန်နင့် ကိုဘိုးနွယ် အပါအ၀င် လူပေါင်း( ၁၈ ) ယောက် ကို လွှတ်ပီးဖို့  လက်မှတ်ထိုးလိုက်ရပါသည်။ ယေဇူးနင့် ရမ်းဗြဲမြို့ က ဆရာတော် ဦးစိန္တာရို့ မှာ လေးပင်း တပ် လှီနင့်   ကျောက်ဖြူကို လိုက်လာကတ်သည်။ ကျောက်ဖြူကတဆင့် မြီပုံကို လာလတ်ကတ်သည် မြီပုံ  မြစ်ဝ အနား မှာ လက်နက်အပြည့်အစုံနင့် ယူပီဘုတ်နင့် လာရေ ကျေက်ဖြူခရိုင်ဝန် မစ္စတာ S.G.A Scortt ကတ်စ်ဘီခေတ် ( ဗိုလ်မှူး) က ဆရာတော်ဦးစိန္တာ ၊ ဦးဘိုးဦး၊ ဦးမောင်မြဦး( အခု မြို့ ဟောင်းမြို့ နယ် ပါတီ ယူနစ် ) ရို့ ကို ဖမ်းလိုက်ပါသည်။ စစ်တွေမြို့ ကို ယူလာပနာ စစ်တွေသဲချောင်းစစ်ဌါနမှာ ထားသည်။ ဆရာတော် ဦးစိန္တာ အဖမ်းခံရပုံကို ဒုံးသားညီလာခံမှာ တင်ပြပြောဆိုလိုက်ပါသည်။ ယေဇူးနင့် ဆရာတော် ဥိးစိန္တာကို ချက်ချင်းလွှတ်ပီးရီးး ဆုံးဖြတ်ချက် ချမှတ်နိုင်ခကတ်ပါသည်။ ဆရတော် ဦးစိန္တာ အဖမ်းခံရစွာကို -၁၉၄၇-ခုနှစ် မေလ-၁၄-ရက်နိ သူရိယ သတင်းစာမှာ အောက်ပါအတိုင်း ဖေါ်ပြပါလာသည်။ ရခိုင်ပြည်အရီး ဆရာတော် ဦးစိန္တာ ကိုယ်တော်ကို ဖမ်းလိုက်ဗျန် ရခိုင်ပြည် ငြိမ်ဝပ်ပိပြားရီးအတွက် တိုင်း မင်းကြီးက လက်နက်အင်အားအပြည့်အစုံ နင့် စစ်သားတိ တောင်းဆိုစွာမှာ ဦးအောင်ဆန်းအစိုးရက စစ် သားနှစ်ထောင် ခွင့်ပြုလိုက်တေလို့  ဖေါ်ပြလိုက်သည်။ ခေါင်းစိုင်ငယ်နင့် ရီးထားစွာမှာ ရက်အနည်းငယ် က ရခိုင်ပြည်တပ်ပေါင်းစု ခေါင်းဆောင်ကြီး ဆရာတော်ဦးစိန္တာ အား သက်ဆိုင်ရာမှ ဖမ်းဆီးလိုက်နိင်သည်။ ယင်းပိုင်ဖမ်းဆီးလိုက်နိုင်စွာနင့် ပတ်သက်လို့  ရခို်ငပြည်အတွင်းမှာ ဆူပူမူတိ ဖြိုက်ဗျန်နီသည်။ 
      စစ်တွေ --မင်းပြား -မြောက်ဦး- ကျောက်ဖြူ- မြီပုံ --သံတွဲ ဒီစတြိတ် နယ်တိမှာ ဆူပူမူတိ ဖြိုက်နီသည်။ စစ်သားတထောင်ပီးပါ ဆူပူတိနင့် ရရောင်းသတ်လို့  သရဘောင်းလိုက်ပနာ ဖြိုက်လာရေ အခါ စစ်တွေ ရခိုင်တိုင်းမင်းကြီး ဦးကျော်မှ ရခိုင်ပြည်အခြီအနီကို တင်ပြဖို့  ရန်ကုန်ကို လားပနာ အစီရင်ခံရသည်။ ရခိုင်ပြည်ငြိမ်ဝပ်ပိပြားရီးအတွက် - -၁၁-၅-၁၉၄၇-ခုနှစ် နိစွဲနင့် စစ်သားတထောင်တောင်းရေ အစီရင်ခံစာ တင်လိုက်သည်။ စစ်သားနှစ်ထောင် ယူစီ ယင်းပိုင် ရခိုင်တိုင်းမင်းကြီး ဦးကျော်က တင်ပြလိုကစွာကို ဦး   အောင် ဆန်းအစိုးရက ခေတ်မှီလက်နက် အပြည့် အစုံနင့် ရခိုင်အမျိုးသား ထကြွသူများအား နှိမ်နှင်း ရန်အတွက် စစ်သား ( ၂၀၀၀ ) ယူစီ ဆိုပနာ ခွင့်ပြုလိုက်သည်။ လိုက်လံဖမ်းဆီး နီဗျန် အခုအခါ ရခိုင်ပြည် မှာ မြို့ တိ ရွာတိမှာ နိုင်ငံရီးမျိုးချစ်စိတ် ဟိသူတိကို လိုက်လံဖမ်းဆီးနီဗျန်လို့  သိရသည်။ ထိုအရီးကို ဆွီးနွီး ကတ် ဖိ ယင်းပိုင် အရီးကို ဆွီးနွီးဖို့ အတွက် ရန်ကုန်မြို့  ရှိ ရခိုင်အမျိုးသားအသင်းကြီး၏ အစီးအ၀ီး တရပ် ကို လာမည့် သောကြာနိ -၁၆-၅-၄၇-) ခုနှစ်- နိခင်း-၂- နစ်ချက်တီးမှာ ရန်ကုန်မြို့  ရခိုငအမျိုးသားအသင်း ဌါနချုပ်တည်ရာ မှာကျင်းပဖို့  ဟိရေလို့  သူရိယ သတင်းစာမှာ ဖေါ်ပြထားပါသည်။ ။။။။။။။။။။။။။။။။။။ 

တတိယအပိုင်းမှာ ဆရာတော်ဦးစိန္တာကို သာ.ယာဝတီ ထောင်မှာ လာတွိကတ်စွာတိနင့် ရခိုင်နိုင်ငံ ရီးလော က က ၀န်ကြီးတိ သစ္စာဖေါက်လားခကတ်စွာတိကို တင်ပြပါမေ ။

ခိုင်အောင်ကျော် ( နယူးယောက် )