Wednesday, September 28, 2011

ငန်းတက်ရွာနင့် ဖုံသာရွာတိက လယ်ယာမြီတိကို သိမ်း ယူလားစွာနင့် ပါတ်သက်လို့  တင်ပြ စွာမှာ လိုအပ်လိုသိမ်းယူဟု ၀န်ကြီးဖြီကြား

     အခုကျင်းပနီရေ ပြည်သူ့ လွှတ်တော်ညီလာခံမှာ ရခိုင်ပြည်နယ် မဲဆန္ဒ နယ် အမှတ် (၄ ) မင်းပြားမြို့ နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်စောဖြူက မင်းပြားမြို့ နယ်က လယ်သမားတိ တိုင်ကြားစာ နင့် တကွ ဒေပိုင် ငန်းတက်ရွာနင့် ဖုံသာရွာတိက လယ်ယာမြီတိကို သိမ်း ယူလားစွာနင့် ပါတ်သက်လို့  တင်ပြ စွာပါဒေ ။  
      ယင်းချင့်မှာ လယ်ယာစိုက်ပျိုးရီးနင့် ဆည်မြောင်းဝန်ကြီး ဌါန ဒုတိယ၀န်ကြီးဦးခင်ဇေါ်က -၂၀၀၈-နှစ် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြီခံ ဥပဒေ ဥပဒေပုဒ်မ-၃၇- ( က ) မှာ နိုင် ငံတော်အစိုးရဆိုစွာက နိုင်ငံတော်မှာ ရှိရေ မြီအားလုံး ၊မြီပေါ် မြီအောက်၊ ရီပေါ်ရီအောက် နင့် လီထု အတွင်းဟိန် သယံဇါတပစ္စည်း အားလုံး၏ ပင်ရင်းပိုင်ရှင်ဖြိုက် ပါရေ လတ်။ ယေဇူးနင့် နိုင်ငံတော်၏ အချုပ် အချာအာဏာပိုင်နယ်မြီကို ကာကွယ်ဖို့  စွာနင့် လြုံခုံရီး တာဝန်ကို ထမ်းဆောင်နိုင်ဖို့ အတွက် လုပ် နီေ ရဖြိုက်လို့ အမျိုးသားအကျိုးစီးပွါးအတွက် လိုအပ်လို သိမ်းထား ရစွာဖြိုက်ပါရေ လတ်။ နိုင်ငံတော် အစိုးရ က အမြော်အမြင်ကြီးဗျာလ် သိမ်းထားစွာရာဖြိုက်ဗြီးကေ ယင်းလယ်သမားတိအ တွက် သီးစာချပီးဖို့ စွာ ကိုလေး အသိမ်းခံရရေလူတိ အကျိုးအတွက် အကောင်းဆုံး လုပ်ပီးပါဖို့ စွာပါရာ ဖြီ လိုက် ပါရေထော။
         လွှတ်တော်ကိုယ်စားလှယ် ဦးမောင်စောဖြူမှာ တိုင်ကြားခရေ လယ်သမား တိုင်စာတိကိုတော့ခါ လွှတ်တော်မှာ ပီးခရရေလို့  သိရပါရေ ။ ရခိုင်ပြည် အတွင်းမှာ မလိုအပ်ဘဲ စစ်တပ်အများအမြားချလာ စွာ မှာ ဗမာစစ်တပ်ရင်းတိ က ရခိုင်လယ်သမားတိထံ မှ လယ်သိမ်းယူစွာက အစိုင်အလာတစ်ခု ပိုင်ဖြစ်နိန် ပြီးကေ ၊ လယ်သမားတိမှာ ဘ၀၊အသက်ရှင်ရပ်တည်ဖို့ အတွက် လုပ်ကိုင်စားသောက်ဖို့  ကကောင်း အခက်တွိ့ နိန်ရစွာ ဖြစ်ပါရေ။
        ယင်းတွက် နန် နီရပ်စွန့် ခွါလာရေလူတိ လည်း တစ်ရက်ထက်တစ်ရက် များသထက်များနိန်ရေလို   လေ ဒေသခံလူငယ်တစ်ယောက်ပြောပြလားပါရေ။ စစ်အစိုးအရ မဟိန်ဗျာလ် အရပ်သားအစိုးအရ ဖြစ် လားဗျာလ် ၊အပြောင်းအလွဲဖြစ်နိန်ပါဗျာလ် လို အတိုက်ခံကပါ၊သမတ္တက ပါ ပြော နိန်ကေလေ့ ရခိုင် ပြည်မှာက စစ်တပ်ကလယ်သိမ်းကောင်းတုန်ပါသိ၊လူအခွင့်အရီးချိုးဖေါက်ကောင်း တုန်းပါသိ ၊ထောင် ကျနိန်ရေ နိုင်ငံရီးသမားတိလည်းတစ်ယောက်ချေလေ့ မလွတ်သိ၊ ပြည်သူတိလည်း ငတ်ပြတ်တုန်းသိ၊ ယင်းလူငယ်ကပြောပြခပါရေ။
   ရခိုင်ပြည်မှာ ဗမာစစ်အစိုးရအဆက်ဆက် သိမ်းယူခရေလယ်မြီတိကို မြန်ရရေ အစဉ်အလာမဟိန်လို လည်းသိရပါရေ၊ အခုပိုင် လွတ်တော်မှာ ရခိုင်အမတ် တိ က လယ်မြီသိမ်းစွာကိစ္စ တောင်းဆို ခစွာမှာ ဗမာလက်ဟိန်အစိုးရ ၏ စစ်ပဒေသရာဇ် ဒီမိုကရေစီဝါဒ ကို ချရှင်းချေတုန်ပြန် ချပြလိုက်စွာဖြစ်ပါရေ လိုလည်း ရန်ကုန်က နိုင်ငံရီး လေ့လာ နိန်သူတစ်ယောက် ပြောပြခပါရေ။ ရခိုင်လွတ်တော် အမတ် တိ တောင်းဆိုရေ ရခိုင်ပြည်လက်ဟိန်အခြီခံလိုအပ်ချက်တိ ကို မရဟိန်ဘဲ အလှမ်း ၀ီးနီသိရေလို ရခိုင် ပြည်သူတိကြားမှာ ပြောဆိုနိန်ကတ်ပါရေဒေ။