Monday, September 5, 2011

မောင်ကြီးသျှင်ရို့  လွမ်းရေ ရခိုင်ပြည်

  မွိလားခစွာပါ ဗျန်မနားယေ ။ စိုင်းစားလိုက်စွာနင့် ရင်ထဲမှာ မလွယ်ဗျန်ကားချင့် ၊ တခါတခါ စိုင်းစားမိပါ ယင့်၊ ယေခါအိပ်မရစွာတိကလေး ဖြိုက်လားစွာပါရာယေ ။ ခက်နီစွာက အသက်ကို ညာဏ်စောင့်လို့  စကားတိ ပြောကတ်စွာ ဟိစွာကို သိလေးသိရေ ။
    ယေကေလေး မတတ်နိုင်ဗျန်ထော၊ မောင်ကြီးသျှင် ပြောချင်ရေ ။ ဆိုချင်ရေ ။ ရီးချင်ရေ ။ အသက်က ( ၆၃) နှစ်တောင် ဟိလားဗျန်မနား ။  ယေခေါ ကျမ်းမာရီးက ဂရုစိုက်ဖို့  လိုလာဗျန် ။ မောင်သြီးသျှင်ထက် အသက်တနှစ်ခွဲ ကြီးရေ အကိုလတ်က စင်ကာပူမှာ နီပါရေ ။ အင်ဂျင်နီယာဖြိုက်တေ သားတိက ကိုယ်ပိုင် အိမ် နင့်ယာနင့် ၀ယ်ထားရေ အတွက် သူရို့  လင်မယားနှစ်ယောက်က မြီးတိနင့် သားသမီးတိနင့် အီးလို့  ၊ ဖုံးနင့်စကားပြောရေအခါ ညဉ့့် -၉-ချက်တီးဆိုကေ အိပ်၇ာဝင်ဗျန်လို့  ပြောရေ ။ ယေကေ မောင်ကြီးသျှင် ဖုံးဆက်ရစွာ သတိထားရပါရေဒေ။ မောင်ကြီးသျှင် နီစွာက အမေရိကန် နိုင်ငံ နယူးယောက်မြို့ မှာ ။
     
        ဇါပိုင် က ညဥ့်-၉-ချက်တီးမှာ အိပ်ရာဝင်လို့  ရပါဖို့ လဲယေ- ယင်းအချိန်ခါကား မောင်ကြီးသျင်ရို့  ရခိုင်ပြည်က တယောက်မဟုတ် တယောက်က အွန်လိုင်းမှာ တက်လာပါရေထော၊ ယေကေမောင် ကြီး သျှင်နင့် စကားပြောလို့  ရစွာလေး ဟိ ၊ မရကေ စာရီးပနာ ပြောကတ်ဆိုကတ် ၊ ယင်းပိုင်နင့် ပင် မောင် ကြီး သျှင် အိပ်ရီးပျက်လားခစွာ နိစိုင်ပါကား ယင် ။ အော် -အရှေ့ဖက်နင့် အနောက်ဖက် ပါမနား ။ ဇါပိုင်အ ချိန်က တူပါဖို့ လေးယေ ။ မောင်ကြီးသျှင် အိပ်နီရေအချိန် ယင်းမှာက လူတိကား ထလို့  လားလို့  ။ မောင် ကြီးသျင် ကျမ်းမာရီးကို ဂရုမစိုက်ချင်စွာလေး မဟုတ်ပါဒေ။ တခုတော့ ဟိပါရေ ။ မောင်ကြီးသျှင် မှာ ရော ဂါ ဆိုလို့  တခုချေလေး မဟိလို့  ဆရာဝန်တိက ကျမ်းမာရီးစစ်ဆီးထားလို့  ။ အိမ်ရှင်မရာ နယူးယောက် ကို ရောက်တေ အခါ ကျမ်းမာရီးမကောင်းလို့  ဆီးရုံနင့် အိမ်နင့် လားနီလိုက်စွာ နောက်ဆုံး သီလားဖို့ ဗျန် လို့  တောင် ထင်ခရပါရေထော။ ကံကောင်းလို့ ပါကားယေ ။

      ဒေအကြောင်းကို လူတိနင့်လေး ပြောဖြစ် ပါရေ ယေ။ မောင်ကြီးသျှင်ရို့ ရာ အမေရိကန်ကို မရောက်ခကေ အိန္ဒိယမှာရာ နီခရသိကေ အခုလောက် ဆိုကေ မောင်ကြီးသျှင် အိမ်ရှင်မ ကွယ်လွန် လားစွာ ကြာပါဗျန်ကားယင် ။ အရိုးတိဆွီးလားခပါဗျန် မနားေ ယ ။ ယေဇူးနင့်လေး ဒေပိုင် ကျမ်းမာ ရီးကောင်းလားခလို့  နီကောင်းလားခစွာကိုလေး စမြုံ့ ပြန်ဗျန် မောင် ကြီးသျှင်ရို့  ရခိုင်ပြည်ကိုလွမ်း တိုင်း ပြောဖြိုက်နီကတ်ပါရေ ဒေ။ အော် - ဟုတ်ပါရေ ယေ။ မောင်ကြီးသျှင်ရို့  ရခိုင်ပြည်ကို လွမ်းတိုင်း ကိုယ်နင့်ပတ်သက်စွာတိ စိုင်းစားတိုင်း မျက်ရည်ကျမိစွာကလေး ရက်ပြတ်ပါ ရာ ဒေ။ လူများတိနင့် ပြိုင်လို့  လွမ်းရေ ဆိုကေ မောင်ကြီးသျှင်က ပိုပါဖို့  ဒေ။ ဒေပိုင်ရခိုင်ပြည်ကိုချစ် ခလို့ လေး အသက်ကိုမဓာနမ ထားဘဲနင့် လုပ်ခကတ်စွာတိကား အများကြီးပါရာ မနား ။ ကံကောင်းလို့  မသီခစွာတိပါရာ ယေ။ အခုတော့ကေ မောင်ကြီးသျှင် လွမ်းရေ ရခိုင်ပြည်ကို ဇါခါပင် ပြန်ရပါဖို့ လေးချင့် ။ ယင်းပိုင်စိုင်းစားလီ မျက်ရည်ကျရပါစွာကာ ။ တချိန်ခါရာ ပြန်ရဖို့ ဆိုကေ မောင်ကြီးသျှင်ရို့  ထိုင်နီခရေ မင်းကြီးကျောက် တန်းမှာ ထိုင်ချင်ပါသိရေထော ။ ဆရာတော်ဦးဥတ္တမ ပန်းခြံမှာ စက္ကူပန်းရုံနားမှာ ဆရာတော်ရုပ်ထုကို ကြည့်ယင်း စကားပြောနီ ချင်ပါသိရေထော ။

   မိုးရီစွတ်စွတ်နင့် ထီးချေ ဆောင်းလို့  အိမ်ကိုပြန်လား တတ်တေ မောင်ကြီးသျှင်မှာ နောက်တခါ ထီးချေဆောင်းလို့  လားချင်ပါသိရေထော။ ရခိုင်ပြည်ကို ဇါပိုင် တည်ဆောက်ပလိုက်ချင်ရေလို့  ထိုင်ပြောနီ ခရေ ထိုင်ခုံတိမှာ မောင်ကြီးသျှင်နင့် ပြောနီခရေ ဆရာဦး ညိုလှမောင်ကို တွိချင်ပါသိရေဒေ။ 
    ဆရာဦးလှမောင်က အင်္ဂလိပ်စာပြဆရာ တယောက်ပါယေ။ ပြည်တော် သာတိုက်တန်းက ဆရာကြီး ဦးဦးကျော်ဇေါ ကို အနားမှာထိုင်ယင်း စကားပြောချင်ပါသိရေ ဒေ။ သိုင်းဆရာ ထွန်းလှစိန် တယောက်ကို ယင်းအချိန်မှာ ဟိနီချင်ပြီးကေ စကားတိ ပြောချင်ပါသိရေဒေ။ မိဇံက ကိုစံရွှေကျော်ကို သူနားထောင် ခရေ ရေဒီိယိုက သတင်းတိကို ယင်းအချိန်မှာ ပြောခိုင်းချင်ပါသိရေ ယေ။ 
 တချိန်ခါရာ ပြန်ဖြိုက်ခ  ကေမောင်ကြီးသျှင် ဆုတောင်းပြည့်ဖို့  မထင်ပါဗျန်ဒေ။ မင်းကြီးကျောက်တန်းက ရဲဘော်တိကား တချို့ က ဗမာပြည်ကို လားခဗျန်လို့  ပြောသံကြားရပါရေ ။ ဆရာဦးညိုလှမောင်ရို့  သိုင်း ဆရာ ကိုထွန်း လှစိန်ရို့ ကား ကွယ်လွန်လားခပါဗျန်လတ်။ ယေဇူးနင့်လေး မွိလားခစွာကို ပြောစွာပါရာ ။ ကြည့်ပါပလင့်ဒေ ။ စကားပြောနီကျ အကိုစောလှဖြူ ( စစ်တွေထွန်းမိုး -ကဗျာဆရာ ) လေး မဟိပါဗျန် မနား  ။ သတိရစွာထဲမှာ ယင်းလူတိကို သတိရစွာပါရေ ဒေ။ ------------- ---------------- -------------- --------------------- ----------------------- ------------------ ----------------
  အိမ်ကလားကေ အနည်းဆုံး ဆယ်မိနစ်လောက်တော့ ကြာရေလို့ ပြောကေ ရပါရေ ။ ရထားဘူတာကို လားစွာကို ပြောစွာပါနန်း ။ ကျမ်းမာရီးဆီးစစ်ဖို့  အတွက် လားရစွာပါယေ ။ အိမ်ရှင်မက တလတ ခါဖြိုက်ဖြိုက် -၆- လတခါဖြိုက်ဖြိုက် အမြဲတမ်း ဆီးစစ်ပီးရပါရေ ။ အနီးကပ်စောင့်ကြည့်စွာ လို့  ပြောစွာ မျိုးပါယေ ။ ဒေမှာက တမျိုးပါ ဒေ ။ ကျန်းမာရီးဆီးစစ်ဖို့  အတွက် မကျခင် နှစ်ရက်ကပင် ဖုံးနင့်အကြောင်း ကြား ပါရေ ။ ယင်းနိခါ ဆီးရုံကို လာနိုင်ပါဖို့ လား လို့  မီးပါယင့် ။ ယင်းနိယင်းအချိန်မှာ မလာနိုင်ကေ ဇါနိခါ လာနိုင်ပါဖို့ လေးလို့  မီးပါရေ ။ ဆရာဝန်ကတော့ခါ ယင်းနိခါ အားပါရေလို့  ပြောပြပါရေ ။ 
   ယင်းပိုင်ဖုံးနင့် ပြောလာကေ ကိုယ့်မှာကလေး တခြားချိန်းထားစွာတိ မဟိကေ ဖုံးနင့်ပြောရေအခါ ချိန်ထားရေ နိမှာ လာဖို့ လို့  ပြောလိုက်ကေ ဗြီးပါဗျန်ကာ။ သတိမထားဘဲ ပြောလိုက်လို့ ကတော့ အစာမစားဘဲ လားခရရေဆိုကေ ၀မ်းဆာလီစွာနင့် မလွယ်ပါကားယေ ။ ဒေနိခါတော့ မိုးထဖက် -၉-ချက် တီးရာဖြစ်လို့  ပြသနာကား မတက်ပါ ယေ ။ ယေကေလေး ဆီးရုံကိုလားရစွာမှာ ပြသနာက စပါရေ ။ လားနီကျ ရထားနင့် ၁၀-မိနစ်လောက် လားရလိုက်ပါရေ ။ နယူးယောက်မြို့ မှာ အထက်ဖက် နင့် အောက် ဖက်ကို လားရေ ခါမှာ အောက်ဖက်ကို လားရေ ရထားတိက မြီအောက်တိက လားရစွာ ပါဒေ။ 
  အခုက မြီပြင်ထက်ပိုင်းက လားရေ စွာဖြိုက်ဗြီးကေ နံပါတ်-၄-ရထား မဆုံးခင် -၂ -ဘူတာလောက်က ဆင်းရရေ နီရာမှာ ဆီးရုံ ဟိပါရေ ။ ရထားဘူတာက ထွက်လားလို့  -၅-မိနစ်လောက် လားဗြီးစွာနင့် ဆီးရုံကြီးမှာ ခါတိုင်းဝင်နီကျ တံခါးပေါက်က အီးအီးဆိးဆီး ၀င်လားခပါရေ ။ ယင်းချင့်မှာ အယင်က ပုံစံမျိုးဖြိုက်နီစွာပါရာ ။ ။ ဆီးရုံကို ဇါအချိန်က ပြန်လို့ ဆောက်ပလိုက်လေ မပြောတတ်ပါဗျန် ဒေ ။ အားလုံး အခမ်းဖွဲ့ စည်းပုံတိ ပြောင်းလားခပါဗျန် ။ ရီးထားရေ စာအတိုင်း ထိုဖက်လားလိုက် ဒေဖက်လားလိုက်နင့် တနီရာမှာ ချိန်းထားရေ အခမ်းနံပါတ်ကို လားဖို့  ဓါတ်လီကား ကို တက်လို့  စီးလားရပါသိရေ ။
  ယေကေေ လး ကိုယ်လားဖို့  အခမ်းကို ရှာလို့  မလွယ်ပါဒေ ။ တွိရေ ဆီးရုံဝန်ထမ်းတိကို မီးရပါရေ ။သဘောကောင်းရေ   ဆီးရုံဝန်ထမ်းတိက ဘယ်ဖက်ကိုလားလီ ညာဖက်ကိုလားလီ ဆိုပနာ လမ်းတိညွှန်ပြကတ်ပါရေ ။ ယင်းပိုင်နင့်ပင် ဘောလုံးကွင်း တကွင်းစာလောက်ထဲမှာ ထိုဖက်အခမ်းက လားလိုက် ၊ ဒေဖက်အခန်းက ထွက်လိုက်နင့် လားနီရစွာ မလွယ်ပါယေ ။ နောက်ဆုံးမှာ ဆီးရုံဝန်ထမ်း တယောက်က သူလားရေအခမ်းဖြိုက်နီလို့  တခါတည်း ရောက်လားစွာရာ မဟုတ်ပါရာမနား ။ မဟုတ်ကေ ဇါပိုင်လားနီရဖို့ လေး မသိပါကားယေ ။ အဖြူရောင်ဇုံ ၊ အပြာရောင်ဇုံ ၊ အနီရောင်ဇုံ ဆိုပနာ လမ်းညွှန် ထားစွာမှာ အခမ်းပေါင်းတိကား နည်းစွာကား မဟုတ်ပါယေ ။ ဆီးရုံကလေး အသစ်ဖွဲ့ စည်းရေအခါ လူတိုင်း ယင်းပိုင်ဖြိုက်တတ်တေလို့  ဆီးရုံဝန်ထမ်းက ပြောပြပါသိရေ ။ အခမ်းထဲဝင် လိုက်ပနာ လူ နာရောက်ကြောင်း စာရွက်ကပ်ပြားမှာ နာမည်ရီးပနာ လက်မှတ်ထိုးထားလိုက်ရပါရေ ။ အခမ်းထဲမှာ လူနာတိလား အငြိမ့်ပွဲကို ကြည့်ဖို့  အတွက် စတိတ်ရိုးပွဲကို ကြည့်ဖို့  လာရေ လူတိပိုင် ထိုင်နီကတ်ပါယင့် ။ မောင်ကြီးသျှင်ကလေး ယင်းပိုင် ၊ အိမ်ရှင်မကလေးယင်းပိုင်ပါရာ ။ ကျောက်ကပ်အစားထိုး အခမ်းဖြိုက် လို့ လေး ကျောက်ကပ်အစားထိုးကြောင်းနင့်ပါတ်သက်လို့  ဆရာဝန်နင့် တွိပနာ သိချင်ကေ -၁၀-ဒေါ် လာပီး ရရေ ဆိုစွာမျိုးကို ကလေ့မေချေ တယောက်က လာပြောပြပါသိရေ ။  
  ကျောက်ကပ်အစားထိုးဖို့ ဆိုကေ မဟုတ်ကေ- ကျောက်ကပ်လှူချင်ရေ ဆိုကေ- ကျောက်ကပ်အထူးကု ဆရာဝန်က ရှင်းပြဖို့  စွာပါရာ ။ နီမကောင်းလို့ ညီးနီရေ လူနာ ၊ ဖြူဖတ်ဖြူယော်နင့် ကြိုင်းနီရေ လူနာဆို လို့  တယောက်ချေလေး မဟိပါထော ။ အမေရိကန်နိုင်ငံမှာ နီမကောင်းလို့  အိပ်ရာထဲမှာ လဲနီရေ လူနာကို ဆီးရုံမှာ တခါချေလေး မမြင်ဖူးပါဒေ။ အခုလေး စတိတ်ရိုးပွဲကို လာလတ်ကတ်တေပိုင် လူတိုင်း ထိုင်နီ ကတ် ပါရေ ။ အလှပလှ ပျင်လို့ ဆင်လို့ ပါမနား ။ တနားနီကေ နာမည်ခေါ်ပနာ ပေါင်ချိန်ဖို့  လာခေါ်ပါရေ ။ တချို့ က မကြားလို့  အပြင်ကို လားခလို့  မထူးကေ ခေါ်လာရေ ဆရာဝန်တိမှာ နာမည်စာရင်းကို ကိုင်ပနာ လိုက်ခေါ်နီပါရေထော ။ ပထမဆုံး ပေါင်တိ ချိန်ဗြီးစွာနင့် နောက်မိသားစု ဆရာဝန်စစ်ဖို့  စောင့်နီရပါသိရေ ။ စောင့်နီရေ လူတိကို မပျင်းရအောင် တီဗွီဖွင့်ပီးထားပါယင့် ။ ရောဂါတိနင့် ပတ်သက်လို့  ဖတ်ကတ် ရအောင် စာအုပ်စာတမ်းတိကို စားပွဲခုံချေတိပါးမှာ တင်ထားပါရေ ဒေ။ ယူလားချင်ကလေး ယူလားလို့  ရပါရေ ယေ ။ ယင်းပိုင်နင့်ပင် ဆရာဝန်တိ ခေါ်လာနီစွာကိုကြည့်လို့  မောင်ကြီးသျှင် ရခိုင်ပြည်ကို သတိရမိ လိုက်ပါရေ ။ အမေရိကန်နိုင်ငံ နယူးယောက်မြို့ က- ကောင်းကောင်းကြီးကျယ်ရေ ဆီးရုံမှာ မောင်ကြီးသျှင် ရို့  မိသားစု ကျမ်းမာရီး ဆီးစစ်ဖို့ ရောက်လာနီစွာပါမနား ။ 
  ယင်းချင့်မှာ ဆင်းရဲချမ်းသာ ခွဲခြားစွာတိ လူဖြူလူမဲ ခွဲခြားစွာတိ အခု တစိချေလေး မမြင်ရပါဗျန်ထော ။ တခါက လူဖြူလူမဲ ခွဲ ခြားခကတ်လို့  သွီးချောင်းစီးခရေ နိုင်ငံမှာ လူ့ အခွင့်အရီးကို ရထားကတ်ဗျန်ဖြိုက် လို့  လူဖြူနင့် လူမဲ တခုံထဲထိုင်လို့  ၊ ဒေပိုင်အထဲမှာ မောင်ကြီးသျှင်ရို့ ကလေး ထိုင်လို့  ၊ ဆရာဝန်တိကို ကြည့် လိုက်ကေ သူရို့  စစ်ဆီးဖို့  လူနာကို စာရွက်ချေကိုင်ပနာ ခေါ်နီစွာ အံ့သြစရာမြင်ကွင်းပါဒေ။ 
 လူနာက ကိုယ့်နာမည်ကို ခေါ်လာကေ ဆရာဝန်ပါးကို လားခစွာနင့် ဆရာဝန်က နီကောင်းရေမနား ဒေနိ- ဆိုပနာ ဖက်လှဲတကင်း နုတ်ဆက်စွာပါကားယေ ။ နောက်ကွန်ပြူတာ ဖွင့်ထားစွာမှာ အိမ်ရှင်မပြောစွာကို ရီးယင်း နောက်အပတ်မှာ ကျမ်းရီးဆီးစစ်ဖို့  အတွက် ရက်ချိန်းပီးလိုက်ပါရေ ။ မိသားစုဆရာဝန်က လိုအပ်စွာတိကို စားဖို့  အတွက် ဆီးလက်မှတ် ပီးလိုက်ပနာ အခုပိုင် နီကောင်းလို့  တွိရစွာ အကြောင်း ကို ပြော ယင်း အခမ်းပေါက်အထိ လိုက်ပို့ ပနာ ၀မ်းသာအားရ ပြောရေ ဆရာဝန်အထဲမှာ အမေရိကန်က ဆရာဝန်တိပိုင် တနိုင်ငံလေး မတွိခဖူးပါဒေ။ နောက်တပါတ်မှာ ကျမ်းမာရီးစစ်ဆီးရေအခါ မောင်ကြီးသျှင်က အနားမှာထိုင်လို့  ဆရာဝန်မီးစွာ ပြောစွာကို အိမ်ရှင်မကို ပြောပီးနီရပါရေ ။ သွားတိုက်ဆီးပိုင် ဆီးတောင့် တမျိုး ကို သုတ်ပနာ ခန္ဓာအရှေ့ပိုင်းကို ပွပ်လိမ်းပနာ လုပ်လိုက်ကေ ကွန်ပြူတာမှာ လူခန္ဓာအထဲမှာ ဇါဖြစ် နီစွာတိကို မြင်နီရပါရေ ထော ၊ ယင်းပိုင်နှင့်ပင် ၂-နာရီလောက် စစ်ဆီးစွာကို ကွန်ပြူတာမှာ ရီးထားယင်း ပင်း နောက်တပါတ်ခါ အဖြီကို ပီးပါမေလို့  ပြောပါရေ ။ ဆရာဝန်တိဆိုစွာ အမေရိကန်နိုင်ငံမှာ လူနာ တယောက် ကို ဇါပိုင်ကုသနီလေဆိုစွာကို မြင်နီရရေ - တွိနီရရေအခါ မောင်ကြီးသျှင်က ရခိုင်ပြည်က ဆီးရုံနင့် လူနာတိ-ရောဂါ စစ်ဆီးတိ စွာကို သတိရမိစွာပါဒေ ။ မောင်ကြီးသျှင် ပြောချင်စွာက သိုင်းဆရာကို ထွန်းလှစိန်ရို့  ကဗျာဆရာ စစ်တွေထွန်းမိုး ( ကိုစောလှဖြူ ) - ဆရာဦးညိုလှမောင်ရို့  က ဆရာဝန်ပါး မှာ ဒေပိုင် ပြုစုယုယစွာမျိုးကို မခံခရဘဲနင့် ကွယ်လွန်လားခရစွာကို စိုင်းစားမိလို့ ပါဒေ။ -------------- --------------- ---------------- ------------------ -------------- ----------- ---------------- မင်းကြီးကျောက်တန်းမှာ ထိုင်ဖြစ်တတ်တေ လူတိုင်း စစ်တွေဆီးရုံကြီးကို နောက်ကြောခိုင်းလို့  ထိုင်ကတ် ဖူးပါရေ ။ ယင်းပိုင်ထိုင်နီကတ်တေအခါ ဆီးရုံက ကွယ်လွန်လားခလို့  မိသားစုတိ ၀မ်းနည်းပူဆွီးပနာ ငို ကတ်အော်ကတ်တေ အသံတိကို ကြားရတတ်ပါရေ ။ တခါတခါ ဆီးရုံမှာ အတွင်းလူနာအဖြိုက် တက်ဖို့  အတွက် ဆီးရုံကို လားရေ လူတိကို မြင်ရပါရေ ။ လားရေလူနာတိုင်းကတော့ ၀ီဒနာကို မချိမဆန့်  ခံစား ပနာ လားကတ်စွာ ၊ ကြိုင်းလို့  လားကတ်စွာ မြင်ရတတ်ပါရေ ။ 
    မောင်ကြီးသျှင်ပြောချင်စွာက နောက်ဆုံးနီမကောင်းလို့  လားခရရေ လူနာတိမှာ ကံကျ ဆီးရုံက ကုပီးလိုက်လို့ - အသက်ရှင်ခရရေပိုင် - ကံကျ သီချင်ကေ သီ - ပျောက်ချင်ပိုင် ပျောက်လားရရေ ဘ၀ မျိုးက မတက်နိုင်သိစွာကို စိုင်းစား မိစွာပါကား ယေ။ မောင်ကြီးသျှင် မိတ်ဆွေ မောလိပ်က ကျူဆရာ ဦးအောင်ကျော်လှ ဆိုကေ ၀လွန်းလို့  ဆရာဝန်တိက သတိပီးထားရရေလူပါဒေ။ နောက်ဆုံးမှာ သွီး တိုးရေလို လို ပန်းနာရင်ကျပ်လိုလို ထိုလိုလို ဒေလိုလိုနင့် အဓိပ္ပါယ်မဟိ ကွယ်လွန်လားခရပါရေ ယေ ။ ယင်းပိုင် ဇါမှန်းမသိဘဲနင့် ထိုလိုလို ဒေလိုလို ဖြိုက်နီစွာကို မောင်ကြီးသျင်ရို့  ရခိုင်ပြည်မှာ နောက်ထပ် ဇါနှစ်ယောက် ကြုံနီကတ်ရဖို့  လေ မသိပါဒေ။ မောင်ကြီးသျှင် လွမ်းရေ ရခိုင်ပြည်ထဲမှာ တယောက် ကိုလေး အသက်မသီဘဲ တနိခါ ရခိုင်ပြည်ကို လားရေအခါ တွိချင်ပါသိရေ ထော ။

ခိုင်အောင်ကျော် ( နယူးယောက် )