Monday, September 12, 2011

ဂျပန်နိုင်ငံ၊တိုကျိုမြို့မှာ (၇၂)နှိက်မြောက်ဆရာတော်ဥူးဥတ္တမနိန့် အခန်းအနားကျင်းပ

ဂျပန်နိုင်ငံ၊တိုကျိုမြို့ဟိန် ရခိုင်လူမျိုးတိဦးစီးပြီးကေ (၇၂)နှစ်မြောက်ဆရာတော် ဥူးဥတ္တမနိန့် အခန်း အနား ကို ၁၁.၉.၂၀၁၁ နိန့်  ညစာဖက်(၅)ချက် တီးမှ(၉)ချက်တီခွဲထိ Ikebukuro Kumi Center 4F မှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ-ဂျပန်) မှ ဦးဆောင် ကျင်းပခရေလို သတင်းရဟိန်ပါသည်။ အခန်းအနား ကို လူ(၈၀) ကျော်တက်ရောက် ကတ်တေ လိုသိရပါရေ။ .

           အခန်းအနားမှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်) ဥက္ကဌ ဦးလှအေးမောင်၊ နန် ဒုဥက္ကဌ(၁) ဦးပေါ်ထွန်းအောင် ရို့မှ သမာပတိ ဆောင်ရွက်ခပြီးကေ၊ အထွေထွေ အတွင်းရေးမှူး ကိုကျော်သန်းလှိုင် နန် တွဲဖက် အထွေထွေအတွင်းရေးမှူး(၁)ကိုမောင်မောင်မျိုးလှိုင် မှ အခန်း အနားမှူး ဆောင်ရွက်ခရေ လို သိရ ပါရေ။ ယင်းအခန်းအနားကို  တက်ရောက်လာသူတိ က ကိုးကွယ်ရေ ဘာသာ အယူ အဆအရ (၁)မီ နီလောက်ငြိမ်သက်ဗျာလ် ဆရာတော်ဥူးဥတ္တမအား ဆုတောင်း မိတ္တာပို့သဗျာလ် အခန်းအနား ဖွင်လှစ်ခ ပါရေ၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ပြည်ပ-ဂျပန်)ဌာနခွဲ အဖွဲ့ဝင်တိက လည်း လွမ်လူတိပန်းဂွေ ချခပါရေ။
   
ယင်းပြီးရေနောက် သဘာ ပတိ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်) ဥက္ကဌဦးလှအေးမောင်ကအခန်း  အနား အဖွင့်အမှာ စကား   ပြော ခပြီးကေ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်)နာယကဦးဇော်မင်းခိုင် ကအာသျှာနီဝန်းဆရာတော် ဥူးဥတ္တမ နိုင်ငံရေးအမြင် ကြီးမားခစွာ အကြောင်းကို ဂုဏ်ပြု ပြော ကြားခပါ သည်။ 
      ယင်းအခန်းအနားတက်ရောက် လာသူ မင်းထက်ဇော်ကလည်း အင်္ဂလိပ် ကိုလိုနီခိုက်တွင်း သာမန် ပုလိပ်ချေကိုတောင် မြန်မာတိက ဂေါင်းမော်မကြည်ရဲ ဘဲ ဆရာလို့ခေါ်ဆိုနိန်ရရေ အချိန်မှာ ဆရာတော် ဥူးဥတ္တမ က အင်္ဂလိပ် ဘရင်ခံဂရက်ဒေါက်ကို ဂရက်ဒေါက် GET OUT ဟု စာရွီးသားကာ ပီးပို့လိုက်ခြင်း သည် မီးလောင်ဗျာလ်ပြာဘုံဖြစ်နိန်ရေ မြန်မာလူမျိုးတိကို အမျိုးသားရီး စိတ်ဓါတ်ကို ထွန်းလင်းစီခပါသည်။ အန္ဒိယနိုင်ငံထက် နိုင်ငံရေး နိုးကြွမှု နောက်ကျနိန်ရေ မြန်မာနိုင်ငံသည် လွတ်လပ် ရီး ရရေအခါ အန္ဒိယ ထက်(၁)နှစ်လောက်နောက်ကျဗျာလ် လွတ်လပ်ရေး ရဟိန့်လာစွာရေ ဆရာတော် ဥူးဥတ္တမ လမ်းပြ မှူ တိ ကြောင်း၊ အမျိုးသားရေးဥူးဆောင် လှုပ်ရှားမှုအတွက်ဖြစ်တေ အကြောင်း ပြော ကြား ခသည်။ 

     ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်) ဒုဥက္ကဌ(၁) ဦးပေါ်ထွန်းအောင်မှ သူကိုယ်တိုင် ရွီး စပ်တေ အာ သျှနီဝန်း ကဗျာကို ရွတ်ဖတ် ပူဇော်ခပါသည်။ ယင်းနာက် ဂျပန်သတင်းစာဆရာဂြီးMr.Tanabe (ခ) ဆရာ ဥူးရွှေဘ၊ မြန်မာအရီး ပူးပေါင်းဆောင်ရွက်သူတိအဖွဲ့(Burma Partmer Ship)တာဝံခံ ဒေါ်ခင်ဥမ္မာနန် ဂျပန် နိုင်ငံ ဟိန် မြန်မာ ဒီမိုကရေစီ အဖွဲ့အစီးအသီးသီးက တာဝံခံတိက ဆရာတော် လမ်းညွန် မီးမှောင်း ထိုးပြ ခရေ လွတ်လပ် ရီး ကြိုးပမ်း ဆောင်ရွက်ခစွာတိကို ဂုဏ်ပြု ပြောကြားဗျာလ် အခန်းအနားကို ညစာ ဖက်(၉) ချက် တီး ခွဲမှာ ပြီးဆုံးလားရေလိုသတင်းရဟိန်ပါရေ။ .