Sunday, September 4, 2011
မလေးသျှားရခိုင်ဒုက္ခသည်ယုံးပေါင်းစီးရေး ယာယီညီလာခံ အောင်မြင်စွာကျင်းပပြီးစီး
လေးဝတီ၊ကွာလာလမ်းပူ၊
 အခန်းအနား မှာအစီအစိုင် ၁၄ခုနန် စည်ကာသိုက်မြိုက်စွာ ကျင်းပရာမှာ ယာယီညီလာခံကျင်းပရခြင်းနှင့် ပတ်သတ် ပြီးကေ ဦးစီးကော်မတီ ဥက္ကဋ္ဌ ဦးစောအောင်မှ ရခိုင်လူထုသို့  သျှင်းလင်းတင်ပြဗနာ အဖွင့်မိန်း ခွန်း ကိုပြော ခရေလို သိဟိန်ရပါရေ။ 
  ယင်းနောက် ကိုမျိုးခိုင်မှ ယာယီရွီးကောက်ခံ ပုဂ္ဂိုလ်များ လုပ်ပိုင်ခွင့် နန့်  လုပ်ဆောင် ရဖို့  နည်းလမ်းများ ရွီးကောက်ပုံအဆင့်ဆင့်နင့် ပတ်သတ်ဗျာလ် အသဲစိတ်သျှင်း လင်းတင်ပြ ခပါရေ။ ဒေနိန့် ရွီးကောက်ခံ ဖို့ အဆိုတင်သွင်းထားရေ မျိုးချစ်ပြည်ချစ် လူငယ် ခြောက်ေ ယာက် ကို ရွီးချယ်ရေးဘုတ်အဖွဲ မှ ဒီမို ကရေစီပုံစံ စီစစ်ရွီးချယ်ပြီးကေ ပြည်သူများနန်မိတ်ဆက်ကာ ထိုက် သင့်လျှောက်ပတ်တေ မိန်းခွန်းတိ ကို ဦးစီးကော်မတီ မှ မိန်းမြန်းခပါရေ။ 
       လက်ဟိန့်  ARRC မလေးသျှား မှာ တာဝန်ထမ်းဆောင် လိုရေ ရွယ်ရည် ချက် နန် ပြည်သူ တိ အပေါ် စေတနာ အနစ်နာ ၀ါသနာ စိတ်ရင်း အမှန် ၊ တစ်ဦးချင်းစီ ၏ အမျိုးသား ရေး အမြင်၊ ခံယူချက်၊ ဘိုင်အို တိကိုတက်ရောက်လာရေ ပြည်သူ့ ရှီမှာ တင်ပြခပါသည်။ ARRC ဒုက္ခသည် ယုံး အတွက် လိုအပ်တေ နိန်ရာ ၉ခုအတွက် ရာတားထားကေလေ့ သတ်မှတ်နိန်ရာ မပြည့်မှိ ခလိုသိရပါရေ။ ယာယီ ညီလာခံမှARRCအတွက်ရွီးချယ်လိုက်တေပုဂ္ဂိုလ်တိက။။အထွေထွေအတွင်းရေးမှူး။ကိုစိုးသန်း (ထောက်ခံမဲ ၈၀%) UN ရေးရာ။။ကိုမြတ်စိုး(ထောက်ခံမဲ၇၁%) စီမံရေးရာ၊။ကိုဇော်နေလင်း(၇၂%) ကျန်သုံးယောက် မှာ အချိန်ပိုင်းတာဝန်ယူလားဖို့ ဖြစ်တယ်လိုလည်းသိဟိန်ရပါရေ။ လစ်လပ်နိန်ရာတိကို ဦးစီးကော်မတီ နန် ALD . ALP မလေးသျှား ဌာနခွဲ တိ က ယာယီကာလကို တာဝန်ယူလားဖို့ ဖြစ်တေ လိုသိရပါရေ။ 
  ညီလာခံတက်ရောက် လာရေ မောင်စံလင်းက ပြောခစွာမှာ မလေးသျှားရောက်ရခိုင်ပြည်သားတိ အတွက် ညီညွတ်မှူတစ်ခုကို ရောင်ခြည်သန်းလာနီရေလို ပြောလိုရပါရေ လူတိက တော ပျော်နိန်စွာကို မြင်ရလိုအား ရပါရေ လူတော်လူကောင်းချေတိ နောက်မှာ မနိန်သင့်ပါ ရခိုင်ပြည်ပြန်ရအောင် ဒေထက် မက ကြိုးစားသင့်ပါဗျာလ် လို ပြောခပါရေ။ 
  ညစာသား ၃နာရီကျော် လောက်မှာ ကြားဖြတ်အစီစိုင်အရ ရခိုင်ဒုက္ခသည်ရီးရာပညာရီးစင်တာ (light house) မှ ကျောင်းသူ၊ကျောင်းသားချေတိက မုနီမဟာဘဂ၀ါ “ ယိမ်းအကအပြင် ရခိုင်နိုင်ငံတော်တေးခြင်း ကိုပါ ယာယီညီလာခံတက်ရောက် လာသူ များနင့် ပြိုင်တူ သီဆိုခကတ်ပါရေ။ 
     ယင်းအစီစိုင်ပြီးရေအခါ မလေးသျှားရခိုင်ဒုက္ခသည် ယုံးပေါင်းစီးရေး နင့်ပတ်သတ်ဗျာလ် ကြေငြာစာ တမ်းတစ် စောင် ထုတ်ပြန်ခရေ လိုသတင်းရဟိန်ပါရေ။ မလေးသျှားဟိန့် ရခိုင်လူမျိုးများ ပိုမိုအားကောင်း သည့် စည်းလုံးညီညွတ်မှူအတွက် (Malaysia Arakan Organization.MAO) ဖွဲ့ စီး ရေးအဆိုကို ဦးစီးကော် မတီ ဥက္ကဋ္ဌ ဦးစောအောင်မှ အဆိုတင်သွင်းခရေလိုသတင်း ရဟိန့် ပါရေ။ 
  တက်ရောက်လာကတ်တေ ရခိုင်ပြည်သူတိ က မလေးသျှားဟိန့် အဖွဲ့ အစည်းသမိုင်းကြောင်းနန့်  လက် ဟိန် အခြေအနေ တိ ကိုတင်ပြကာ ဦးစီကော်မတီ တာဝန်ဟိန်သူတိက ပြည်သူတိ ကိုသျှင်းလင်းဖြေ ကြား ခရေလို သတင်း ရဟိန်ပါရေ။ နောက်ထပ် ညီလာခံ တစ်ခုကို တရုတ်နှစ်သစ်ကူးမှာ ရခိုင်ပြည်သူ တစ်ရပ် လုံးပါဝင်ဗျာလ် ဒီမိုကရေစီ ကျကျ ကျင်ပလားဖို့ ဆိုစွာ ကိုလည်းသိဟိန်ရပါရေ။