Friday, October 28, 2011

ဒုတိယပင်လုံညီလာခံကို ထောက်ခံရေလို့  ALP ပြောရီးဆိုခွင့်ရှိသူက ထုတ်ဖေါ်ပြော

အခုအချိန်မှာ ကလေးမြို့  ကြေညာစာတမ်းလို့  ခေါ်ကတ်တေ ဒုတိယပင်လုံညီလာခံကို လုပ်ကတ်ဖို့ လို့  ကောင်းကောင်းဘင် ပြောနီကတ်ပါရေ ။ ပြည်တွင်းမှာဆိုကေ ၁၉၉၀-ခုနှစ် ရီးကောက်ပွဲမှာအနိုင်ရခရေ ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်က ဦးအေးသာအောင်မှာ ယင်းကိစ္စကို အားတက်သရော လုပ်နီစော်ကို တွိနီကတ်ပါရေ ။ ဦးအေးသာအောင်မှာ NLD နင့် ပေါင်းသင်းပနာ ဒုတိယပင်လုံညီလာခံ ဖြစ်မြောက်ရီးကို လုပ်နီစော်ပါဒေ ။ ယင်းပိုင်ဒုတိယပင်လုံညီလာခံ ကြေညာချက်မှာ ခွဲထွက်ပိုင်ခွင့်လေး မရှိဆိုပနာ အတိအလင်း ဖေါ်ပြထားစော်တိ တွိရပါရေ ။ ပထမပင်လုံညီလာခံစာချုပ်မှာ ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့် ရှိရေလို့  ပါခကေတောင် ယင်းအချိန်က အောက်သားတိတိုက်လို့  ရခိုင်နိုင်ငံတော်ပျောက်ဆုံးလာခစော်မဟုတ်ဘဲ ဦးအောင်ဇံဝေ၊ ဦးညိုထွန်း၊ ဦးဘစောရို့ က ၀န်ကြီးနီရာကို ယူလားခကတ်လို့  မြန်မာနိုင်ငံ လွပ်လွပ်ရီးပီးစော်မှာ အလွပ်ဘင်းကာ ရခိုင်သားတိမှာ မြန်မာနိုင်ငံ လွပ်လွပ်ရီးရလားစော်အထဲ ပဲလှော်ကြား ဆားညှပ်ရေပိုင် ပါလားခစော်ပါရာ ။ အခုတခါ ဒုတိယပင်လုံညီလာခံစာချုပ်လုပ်ဖို့ ဆိုကေ ခွဲထွက်ပိုင်ခွင့်တောင် မပါပါကာလို့  စောဒကတက်ပနာ ၀ီဖန်သံတိ ထွက်နီကတ်ပါဗျန် ၊ ညဇက မိဇျိမ္မ သတင်းဌါနနင့် အင်တာဗျူးလုပ်စော်မှာ ALP ပြောရီးဆိုခွင့်ရှိသူ ခိုင်သုခက ဒုတိယပင်လုံညီလာခံကို ထောက်ခံကြိုဆိုကြောင်း၊ ဖက်ဒရယ်ပြည်ထောင်စုကို လက်ခံကြိုဆိုကြောင်း ပြောကြားလားစော် တွိရပါရေ ။
ယေကေ ယင်းပိုင်ဆိုကေ ကုန်ခရေ ဒေနှစ်လအလယ်ပိုင်းက မလေးသျှားနိုင်ငံမှာ ALP က ဒေါ်စောမြရာဇာလင်းနင့် ဗ်ုလ်မှူးခိုင်မျိုးမင်းရို့ နှစ်ယောက်က မလေးသျှားလူထုနင့် တွိဆုံပွဲမှာ လွပ်လွပ်ရီးကို လိုချင်လားလို့  လူထုတိကို သုံးကြိမ်သုံးခါမီးခလို့  သုံးခါစလုံး လူထုတိက လွပ်လွပ်ရီးကို အော်ပြောခကတ်ပါရေ ။ ALP တာဝန်ဟိရေ လူတိကလေး လွပ်လွပ်ရီးအတွက် အလုပ်လုပ်နီကြောင်း ပြောခရေလို့  နရိဉ္ဖရာသတင်းတပုဒ်မှာ တင်ထားခပါသိရေ ။ ယင်းပိုင်ဆိုကေ ALP တာဝန်ဟိရေ လူတိက တယောက်တမျိုး လွပ်လွပ်ရီးအတွက် ပြောသူက ပြော၊ ဖက်ဒရယ်ပြည်ထောင်စုကို ပြောသူကပြောနင့် လုပ်နီကတ်ကေ ဒေတော်လှန်ရီးအဖွဲ့ အစီးကတော့ခါ ကောင်းကောင်းကြီးပြသနာတက်လာဖို့ ရာဟိဗျန်လို့  ၀ီဖန်သံတိ ထွက်လာကတ်ပါရေ လို့  သတင်းသိရပါယင့်။