Tuesday, October 25, 2011

မလေးသျှားနိုင်ငံ အီပိုးမြို့နန့်မာလာကာမြို့မှာ ရခိုင်ရိုးရာကျင်ပွဲနန့် စုပေါင်းမဟာဘုံကထိန်ကျင်းပ


လွန်ခရေ အောက်တိုဘာလ (၂၃)ရက် ၊ တနဂ်နွေနိန့် ၊ ၂၀၁၁ ခုနှစ်က မလေးသျှားနိုင်ငံ အီပိုးမြို့မင်ဂလားပူရပ်ကွက် အောင်မြေရတနာဘုန်းကြီးကျောင်းမှာ စုပေါင်းမဟာဘုံကထိန်နန့် ရခိုင်ရိုးရာကျင်ပွဲကို စီစီပင်ပင်ကျင်းပခဂတ်ပါရေ။ အေပိုင် စုပေါင်းမဟာဘုံကထိန်နန့် ရခိုင်ရိုးရာကျင်ပွဲကို အီပိုးမြို့ရောက်ရခိုင့်လေးဝတီမောင်၊မေတိက ဦးဆောင်ပနာ ကျင်းပခဂတ်စော်ဖြစ်ပါရေ။ ယင်းနိန့်မိုးသောက်စောစောမာ ရောက်လာရေအာဂန်တုတိအားလုံးကို ရခိုင်မုန့်တီနန့်ကျွေးပြီးဂေ ဧည့်ခံလားပါရေ။ ယပြီးကေ နိန့်ခင်းသား (၁၂)လောက်မှာထမင်းနန့်ကျွေးမွေးလားခပါရေ။ ယင်းပိုင်အ စီအစိုင်တိပြီးလားရေခါ စုပေါင်းမဟာဘုံကထိန်ပွဲကိုနိန့်ခင်းသား (၁)နာရီလောက်မှာ စတင်ခဂတ်ပါရေ ။စုပေါင်းကထိန်ပွဲကိုရောက်လာဂတ်တေ တရားနာပရိတ်သတ်တိက ငါးပါးသီလဆောက်တေကြပြီးဂေ ကထိန်ခင်းရကြောင်းတရားကို တရားရီအီးအဖြစ်တိုက်ကျွေးခပါရေ။ ယင်းနောက်မှာ ကထိန်သင်းကန်းတိနန့် လှူဖွယ်ပစ်စေးတိကို ဆရာတော်အရှင်သူမြတ်ရို့ထံကပ်လှူခဂတ်ပါရေ။ ကထိန်သင်းကန်းကပ်လို့ပြီး စော်နန့် ဆရာတော်အရှင်ဦးကုမာရမှနိန်ပနာ တရားဒေသနာချီးမြင့် ရီစက်ချအမျှ သာဓုအနုမောဒနာခေါ်ပြီး ကထိန်ပွဲအခန်းအနားကိုအောင်မြင်စွာကျင်းပခပါရေ။ ကထိန်ပွဲပြီးစော်နန့် တဆက်တည်းမာပင် ရခိုင်ရိုးရာကျင်ကိုင်ပွဲကိုနိန့်ခင်းသား (၂) နာရီခွဲလောက်မှာစတင်ခဂတ်ပါရေ။ ကျင်တွဲ (၁၈) တွဲပါဝင်ပနာ အားကြိုးမာန်တက်ကိုင်ခဂတ်ပါရေ။ ကျင်ဖွင့်ပွဲစစော်နန့် မင်ဂလာကျင်တွဲ (၃) တွဲကနိန်ပနာ ကျင်အလှကွက်တိနန့် ပရိတ်သတ်တိကိုဖျော် ဖြေပီးခပါရေ။ ရောက်လာရေလူတိကလေး လက်ခုပ်တိအားရပါးရ တီးပနာကောင်းအားပီးခဂတ်ပါရေ။ ပထမဆုကို ကိုထွန်းမြင့် (ကျောက်ဖြူ) ၊ ဒုတိယဆုကို ကိုမောင်ထွီး (ရသေ့တောင်) ၊ တတိယဆုကို ကိုကျော်မင်းထွန်း (ရသေ့တောင်) မှ ကိုယ်စီကိုယ်စီရဟိလားဂတ်ပါရေ။ ယင်းပိုင် စုပေါင်းမဟာဘုံကထိန်နန့် ရခိုင်ရိုးရာကျင်ပွဲကို ရခိုင်သူ၊ရခိုင်သား အချေသူငယ်ချေ စုစုပေါင်း (၃၀၀) လောက်လာရောက်အား ပီးခ ဂတ်ရေအပြင် ထိုင်းလူမျိုး၊ တရုတ်လူမျိုး၊ ကရင် ၊ဗမာလူမျိုးတိအယောက် (၂၀၀) လောက်လာရောက်ပနာ အလှူဒါနပြုကုသိုလ်ပါဝင်ခဂတ်ပါရေ။ ယင်းပိုင်အလားတူ မာလာကာမြို့မာလင်းဂျာယာရက်ကွက်ဟိ စိတ္တသုခဘုန်းတော်ကြီးကျောင်းမှာ လေး ရခိုင်ရိုးရာကျင်ပွဲကို ရခိုင်လူမှုဖုံလုံရေးအသင်း (မာလာကာ) ကဦးဆောင်ပနာကျင်းပခရေလို့သိရပါရေ။ တမူထူးခြားရေရခိုင်ရိုးရာ အဝတ်အစားတိကိုဝတ်ဆင်ပနာ အားပီးခဂတ်တေလို့သတင်းရဟိပါရေ။အေပိုင် ရခိုင်ရိုးရာကျင်ပွဲတိကို ပြည်ပမာအင်တိုက်အားတိုက်ကျင်းပလာဂတ်စော်ကို တွီ့ရရေအတွက်နန့်အားရကျေနပ် မိကြောင်းအမြင်ကို အီပိုးမြို့မှရခိုင့်သာရီးနာရီး ၊ ရခိုင့်အရီးတိကို ကမကထလိုက်လုပ်ပီးနိန်ရေ ကိုမြထွန်းနန့် သူငယ်းချင်းတိကိုမီးမြန်းကြည့်ခပါရေ။ ကိုမြထွန်းကတော့ခါ သူ့အမြင်ကို အဂုပိုင်ပြောလားပါရေ။ ကျွန်တော်ရို့တိစော် အကြောင်းအမျိုးမျိုးကြောင့် အဖရခိုင်ပြီ မြို့နေအသီးသီးကနိန်ပနာ ဘာသာစရိုက် ယိုင်ကျေးမှူး တခုချေလေးမတူရေမလေးသျှားကို ရောက်လာဂတ်တေ။ ယင်းချင့်မှာ အချေသူငေကပင်အစ အလတ် အကြီးအရွယ်အားလုံး ရောက်ဟိလာဂတ်စော် တွီ့ဂတ်ရပါဖို့။ ဘာသာ ယိုင်ကျေးမှူးမတူရေမလေး သျှားမှာ အခက်အခဲဟိဂေလေး ကိုယ့်ရိုးရာ ဓလေ့ချေတိ စရိုက်ချေတိကိုဖော်ထုတ်နိုင်စော်ရေ ဝမ်းသာစရာပါ။ နအဖ စစ်အစိုးရဖိနှိပ်မှူးကြောင့် ရခိုင်ပြီမှာရခိုင်ရိုးရာယိုင်ကျေးမှူးပွဲတိကို ဖော်ထုတ်ခွင့်မရစော်ရေ ကောင်းကြာ လားခပါဗျာလ်။ အခုဆိုဂေ ရခိုင်ပြီမှာ ဗမာယိုင်ကျေးမှူးတိ ကောင်းလွှမ်းမိုးလားခပါဗျာလ်။ နောက်ဆိုဂေ အချေ တိက ရခိုင်ရိုးရာကျင်အကြောင်းကို သိတောင်မှသိဂတ်ပါဖို့မဟုတ်ယာ။ ယေဇူးနန့် ရခိုင်သူ ရခိုင်သားတိရေ တခြားယိုင်ကျေးမှူးတိက လွှမ်းလားစော်မခံရအောင် ကိုယ်ပိုင်အသိ ကိုယ်ပိုင်အမြင်တိနန့် ထိန်းသိမ်းဂတ်ပါ။ အဖိုး အဘွား အမွီတိကိုလေး စောက်ရှောက်တေ ရခိုင်သူ၊ရခိုင်သားတိဖြစ်ဂတ်ပါစီ။ အေပိုင် ရခိုင်ကျင်ပွဲကျင်းပ လားစော်ကို အများကြီးဝမ်းသာဂုဏ်ယူမိပါရေလို့ ပြောလားခပါရေ……။ 
ကိုမျိုးကြီး ၊ ကိုဝတီချစ် (ARRC)