Wednesday, October 12, 2011

အုန်းပြန့်ကရင်ဒုက္ခသည် စခန်းမှ ရခိုင်သံဃာတော် (၁)ပါးနန့် ဗမာကိုယ်တော်(၁)ပါး ပြည်တော်ပြန်

ထိုင်း-မြန်မာနယ်စပ်၊ ဖုတ်ဖက်မြို့နယ်၊ အုန်းပြန့် ကရင် ဒုက္ခသည်စခန်းမှာ သီတင်သုံးနီခရေ ရခိုင် ကိုယ်တော်တပါးနန့် ဗမာကိုယ်တော်တပါး ( ၁၁၊ ၁၀ ၊၂၀၁၁ ) ခုနှစ် အင်္ဂါနိန့်က ရုပ်သီအစိုးရ သမတ ဦးသိန်းစိန်၏ ပြည်တော်ပြန်ကိစ္စကို လက်ခံရေဆိုပါနာ မြန်မာနိုင်ငံသို့   ပြန်ကြွလားရေ အကြောင်းသတင်းရဟိပါရေ။ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးမှာ ပါဝင်ခပြီးကေ နယ်စပ်ကို ထွက်ပြီးလာရေ  ဦးဝိသုဒ္ဓနဲ့ ဦးနန္ဒိယ ရို့ရေ မြန်မာနိုင်ငံမှာ ရုပ်သီအစိုးရက ပြုပြင်ပြောင်းလဲရေးတိ လုပ်နီဗျာလ် ဆိုပြီးကေ ပြည်တော်ပြန်ရခြင်းဖြိုက်ကြောင်း သူ့ရို့နန့် နီစပ်တေ တကာ၊ တကာမတိ ကို ပြောကြားလားကြောင်း သိရပါရေ။    ဦးဝိသုဒ္ဓ ရေ သက်တော် (၅၁) နှစ်၊ ၀ါတော် (၁၃)နှစ်ဟိပြီးကေ ရခိုင်ပြည်နယ် စစ်တွေမြို့မှ ဖြစ်ပါရေ။ ၁၉၈၈ ခုနှစ် အရေးအခင်းတွင် ပါဝင်ခပြီးကေ အစိုးရပါးကို အဖမ်းခံရကာ တသက်တကျွန်း ထောင်ဒဏ်ချမှတ်ခံရခပါရေ။ ထောင်ထဲမှာ ၁၀ နှစ်လောက် ခံခရပြီးကေ ထောင်က ထွက်လာပြီးရေ နောက်မှာ သာသနာ ဘောင်ထဲသို့ပြီးပနာ အုန်းပြန့် ဒုက္ခသည် စခန်းမှာ သီတင်သုံးနီထိုင်ခရေလို့ သတင်းရဟိပါရေ။   ဦးနန္ဒိယမှာ၂၀၀၇ ရွှေဝါရောင်သံဃာ့လုပ်ရှားမှုမှာ ပါဝင်ခပြီးကေ ရန်ကုန်တိုင်း စမ်းချောင်းမြို့တယ် ကိုးထပ်ကြီး စာသင်တိုက်မှာ ပညာသင်ကြားနီခပြီးကေ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးမှာ ထိုင်း-မြန်မာ နယ်စပ်သို့ ထွက်ပြီးလာပြီးကေ အုန်းပြန်စခန်း  ရပ်ကွက် (၁၆)ရှိ၊ ကဘာလုံးချမ်းသာ ဘုန်းတော်ကြီးကျောင်းမှာ သီတင်သုံးနီထိုင်းခရေလို့ သတင်းရဟိပါရေ။
ဦးဝိသုဒ္ဓက“နိုင်ငံတော်က ပြန်ခေါ်စော်ကို လက်ခံပါရေ။ သူရို့တိလည်းအဂုဆိုကေ ဧရာဝတီမြစ် ရီကာတာ ဆောက်လုပ်စော်လည်းရပ်တန့်ပစ်လိုက်ယာ၊ ဒေါ်အောင်ဆန်စုကြည်နန့်လည်း တွိ့ဆုံကတ်တေဆိုကေ အကောင်းဖက်ကို ဦးတည်းနီယာ”လို့ မြ၀တီဖက်ကို ရောက်တေခါ အုန်းပြန့်စခန်းမှာဟိရေ တကာ၊ တကာမတိပါးကို ဖုန်းဆက်လားရေကြောင်း . အုန်းပြန့်ထဲက ရခိုင်တကာ တယောက်က ပြောကြားလားပါရေ။