တခုတခုတော့ ချက်ချင်းမှားလားခဗျန်လို့  ထင်သည်။ စိတ်ထဲမှာက ဂယောင်ချောက်ခြား ဖြိုက်နီ လို့ လားမသိ ။ ကိုယ့်ကိုယ်ကို သတိ ရရေအခါကား နောင်တ ရလိုက်မိသည်။ ကြည့်ပါပလင့်ယေ။ တနီ ကုန်ဘင် မှား နီရစွာကို ။ စစ်တွေက မိတ်ဆွေကြီးတယောက်၏ တူတော်မောင်က ဓါတ်ပုံတပုံပို့ လိုက် သည်။ အရုပ်ကြီးစုံတွဲ ပုံနင့် လမ်းမှာ လားနီရေ ပုံ ။ ကျွန်တော်က ဒေအရုပ်ကြီးစုံတွဲကို သတိမထားမိ ။ ယေဇူးနင့် ဓါတ်ပုံ ပို့ ပီးလိုက်တေ ကလေချေကို မီးကြည့်လိုက်သည်။ ဒေအရုပ်ကြီးက ဇါချင့်လေးဝေလို့  ၊ ကံဆိုးချင်စွာလား ကံကောင်းချင်စွာလား မသိ ။ ယင်းကလေချေက အွန်လိုင်းက ထွက်လားခသည်။
ကျွန်တော့်မှာ အမှတ်သညာ မကောင်းဗျန်လား မသိ ။ ယေကေလေး စာတိရီးနိရေအခါ ရခိုင်ပြည်မှာ နီခ ထိုင်ခ ဆုံခ ကြုံခစွာတိကို သတိရနီတုံးပါ ။ ယေဇူးနင့် သတိကတော့ ကောင်း နီတုံးလို့  ထင်ထား သည်။ ယင်းနိညဥ့်ခါ စစ်တွေက အမေရိကကို ရောက်နီရေ လူတယောက်က ဖုံးဆက်လာသည်။ သူ့ ပါးကို မိုးထက ဖုံးဆက်ခဖြိုက်သည်။ သူကတရားထိုင်နီရေဆိုလို့  စကာမပြောဖြိုက်လိုက် ။ သူ့ အိမ်ရှင်မနင့်ရာ စကားပြောဖြိုက်လိုက်ခြင်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စုမှာက ညဥ့်-၉-ချက်တီးကျော်ကေ ဖုံးက အလကား ။ ဖေ့သာမကျ ။ ယေဇူးနင့် စကားပြောချင်ကေ ညဥ့်-၉-ချက်တီးကျော်အောင် စောင့် ကတ်ရ သည်။ မဟုတ်ကေ စနီ တနင်းဂနွီမှာ ဆက်လို့  ကောင်းသည်။ အခုလေး သူက ညဉ့် -၉-ချက်တီးမှာ ဖုံးဆက်လာခြင်းဖြိုက်သည်။ ကံဆိုးချင်တော့ သူ့ ဘားကို ဖုံးဆက်ယင်းပင်း စစ်တွေက ကလေချေတိက မလးသျှားက နီပနာ အမေရိကန်ကို လာဖို့  အကြောင်း ပြောပြလိုက်မိသည်။
ယင်းချင့်နင့် စကားမစပ် အရုပ်ကြီးသတင်းကိုပါ ထည့်လို့  ပြောလိုက်သည်။
ယင်းပိုင်ပြောလိုက်ခါမှ ကျွန်တော်မှားလားခဗျန် ဖြိုက်ကြောင်း သိရသည်။ စစ်တွေက အရုပ်ကြီးစုံတွဲ ဓါတ်ပုံရသည် ။ ဇါလုပ်ကတ်စွာလေ မသိလို့  ပြောမိလိုက်စွာပါ ။ ယေဇူးနင့် မှားလားခဗျန်လို့  ချက်ချင်း သိလိုက်စွာဖြိုက် သည် ။ အကြောင်းကား သူကဘင် ကျွန်တော့ကို မီးခွန်းထုတ်လိုက်စွာဘင်ဖြိုက်သည်။ ယင်းချင့်ကား အရုပ်ကြီးအကြောင်းကို မိလားခဗျန်လားလတ် ။ ကျွန်တော်ဗြုံးကနဲ စိုင်းစားလို့ မရ ။ ယေခါ သူက ၀ါကျွတ်ဖို့ ဗျန်လေ ။ အကိုက ၀ါကျွတ်ပွဲကိုတောင် မိလားခဗျန်လားလတ် ။ အမေရိကန်ကိုရောက်လို့  မိ လားခစွာလားလတ် ။ ကျွန်တော်ချက်ချင်း ဖြီလိုက်မိပါသည်။ အမေရိကန်ကို ရောက်လားလို့  ကိုယ့်ရခိုင် ပြည် ကို မမိကြောင်း ပြောပြလိုက်ရသည်။ ယေကေလေး နောက်ကျလားခပါဗျန် ။ ကျွန်တော့်အဖြီကား အရာဝင်ဖို့  မထင်ပါကားယေ ။ အလှပလှ ကျွန်တော်စိတ်ညစ်လားခရသည်။ အရုပ်ကြီးစုံတွဲ သည် ကျွန်တော်ရို့  စစ်တွေက ကလေချေတိအဖို့  ပျော်စရာ ဖွါးဖက်တော် အချစ်တော် စုံတွဲ လင်မယား ။ ယင်းအရုပ်ကြီးစုံတွဲနောက်မှာ ၀ါးလက်ခုပ်နင့် ကြီးစည်နင့် နှစ်ခုရာ တီးလို့  လာစွာဖြိုက်သည် ။
အရုပ်ကြီးလည်လာကေ အိမ်ထက်က ဗြီးဆင်းဗျန် အရုပ်ကြီးနောက်က ဗြီးလို့  လားခရစွာ အခုထက်ထိ သတိရတုံး ။ ကျွန်တော်သတိမထားမိလိုက်စွာက အရုပ်ကြီးစုံတွဲကို ဓါတ်ပုံပို့  လိုက်တည်းက အမှတ်ရ ဖို့ ကောင်း သည်။ ပဇေါင်ဖြိုက်လို့  ကျွန်တော် အမှတ်မရလိုက်လေး မခန့် မှန်းတတ် ။ တခုတော့ ဟိသည်။ ကျွန်တော့်ဥဏှောက်ထဲမှာ ကောင်းကောင်းကြီး ပြသနာတိ ဖြီရှင်းမရ ဖြိုက်နီစွာတိ ဟိနီသည်။
အခုတလိုင်း မှာ သမိုင်းလိမ်ကုလားကိစ္စတိက ပြသနာဖြိုက်လာနီသည်။ ယေဇူးနင့် ကျွန်တော်ရို့ က လူသိရှင်သိ ကန့်  ကွက် ဖို့  စာရီးနီရသည် ။ လူတိကို အကြံပီးနီကတ်ရသည် ။ အဆက်အသွယ် လုပ်နီကတ်ရသည်။ ယင်းချင့်နင့်ဘင် ကိစ္စ ဟိလား -မပြောကေ့အုံးသိ ။ ရခိုင်လူမျိုးတိအတွက် ဘဏ္ဍာရီးဖေ့သာစုဆောင်း ကတ်ဖို့  ကိစ္စ ပြောနီကတ်စွာလေး ဟိသည်။ ရခိုင်သမိုင်းညီလာခံ တခုကိုလေး လုပ်ချင်စွာက ပါနီသည်။ ဇါဖြိုက်လို့ ဆိုကေ ရခိုင်လူမျိုးတိမှာ အခုအချိန်ထိ ရခိုင်သမိုင်းနင့် ပါတ်သက်လို့  ပြောနိုင်ရေ ရခိုင်လူမျိုး ကိုယ်စားပြုကော်မီတီ ဆိုစွာ မဟိသိ ။ ယေကေ ပြောချင်သူက ထပြော ။ ရီးချင်နီရာမှာ ရီး ။ အခုအချိန်ထိ အလှပလှ သမိုင်းဆရာတိက ယင်းပိုင် ရခိုင်လူမျိုးကိုယ်စားပြု အဖွဲ့  မဖွဲ့ နိုင်သိ ။ ကျွန်တော့မှာယင်းပိုင် အလုပ်များနီလီလီ ရခိုင်ပြည်က အကြောင်းအရာတိနင့် ကင်းဝီးလာလီရေလို့  ထင်မိသည်။ အခုလေးကြည့် ပါဖိ တချက် ။ အရုပ်ကြီးစုံတွဲကို မိလားခရစွာ ။ ကံကောင်းလို့  အွန်လိုင်းမှာ အသိတယောက်၏ ၀ါကျွတ်ဗျန်ဆိုရေ စာသားချေကို မြင်ရေအခါ ကျွန်တော် သတိ ရလာဖြိုက်သည်။ ဖုံးနင့်စကားပြောခခါ ယင်းလောက် မခံစားဖြိုက် ။ အခုတော့ ကလေ့မေချေတယောက်က ၀ါကျွတ်ဗျန် ဆိုရေ စာသားက ကျွန်တော့်ရင်ကို ထိခိုက် ခံစားစီပါသည်။
ယေဇူးနင့် ၀ါကျွတ်ဗျန်ဆိုစွာ စကားကို သတိရစွာနင့် စိတ်ထဲမှာ အချေခါ အရုပ်ကြီးနောက်က ဗြီးလို့  လိုက်ကတ်စွာ သတိရလာသည်။ ဇါသူတယောက်ချေလေး ဟန့် လို့  မရ ။ ကလေချေတသိုက် က ဗြီး လို့ လိုက်စွာက ကိုယ့်ရွာအဆုံးထိတော့ လိုက်ဖြိုက်ကတ်သည်။ ကျွန်တော်ရို့ ရွာ ဆုံးလျှင် ဆက်မလိုက် ကတ် ။ အရုပ်ကြီးစုံတွဲလာရေအခါ တီးဝိုင်းနင့် အရုပ်ကြီးက ကလို့ လာသည်။ ယေခါ ရယ်ရပါသည်။ အရုပ်ကြီးက လှည့်ပတ်ကယင်ပင်း လူတိကို ဗြီးလို့  လိုက်ဗျန်ဆိုကေ ကျွန်တော်ရို့  အချေတသိုက် မှာ ကြောက် လို့  လန့် လို့  ဗြီးကတ်ရသည်။ အရုပ်ကြီးက မလိုက်ရေအခါ နောက်ကတခါ အရုပ်ကြီး နောက် က ထပ်လို့  ကပ်ပနာ လိုက်ကတ်ရသည်။ ယင်းချင့်သည်ဘင် အရုပ်ကြီးအကက အခုအချိန်ထိ ကျွန်တော့ရင်ကို စွဲနီစွာပါယေ ။
အရုပ်ကြီးလာဗျန်ဆိုကေ အသိတခုက ပါလာသည်။ ယင်းချင့်ကား ၀ါကျွတ်ဗျန်ဆိုရေ အသိဘင်ဖြိုက်သည်။ ၀ါကျွတ်ပွဲမှာ ဆွမ်းတော်ကြီးပွဲ မလုပ်ခင် မြို့ ကိုလှည့်ပနာ ကြီညာရေ အရုပ်ကြီးပွဲဘင်ဖြိုက်သည်။ဝါကျွတ်ဗျန်ဆိုကေ ကျွန်တော်ရို့  ကလေချေတိမှာ ဘုန်းကြီး ကျောင်းကိုလားပနာ ဆွမ်းခံလားရတတ်သည်။ ဘုန်းကြီးကျောင်းမှာ ပန်းဇင်းရို့  မောင်ရှင်ချေရို့ က အများ ကြီးဟိသည်။ ယေခါ ကိုယ်လိုက်ချင်ရေ ပန်းဇင်း မောင်ရှင်ကို ပြောပနာ ဆွမ်းခံနောက်က လိုက်ဖို့  ပြော ရသည်။ မောင်ရှင်ရို့ က လိုက်ဖို့  ခွင့်ပြုရေဆိုလျှင် လွယ်အိပ်ကို အလှပလှ လွယ်ပနာ မောင်ရှင်ဘေးနားက လိုက်လားရသည်။ ကျွန်တော်ရို့ က အကောင်ငယ်ရေအခါ လွယ်အပ်တလုံးကိုရာ စလွယ်သိုင်းပနာ ယူလားတတ်သည်။ ဗလဟိရေ လူတိကျကေ လွယ်အိပ်နှစ်လုံးကို စလွယ်သိုင်းပနာ လားကတ်သည် ။ ယင်းချင့်ကား အဂင့်ဂင့် ပျော်စရာပါ။
ဝကင်္ဂဘာကွင်းမှာ ဆွမ်းတော်ကြီးလောင်းပွဲ ဟိသည်။ ရွှေစေတီညောင်ပင်ရင်းနားကဘင် ဆရာတော်ကြီး ပန်းဇင်းမောင်ရှင်တိ ၀ါတော်အလိုက် တန်းစီပနာ ဆွမ်းခံကြွကတ်ရသည် ။ ဘုရားကြီးထောင့်ကိုရာက်လျှင် ဘုရားကြီးမုဒ်ဝကဘင် စလို့  ဆွမ်းလောင်းကတ်သည်။ ၀င်္ကဘာကွင်းကို ပါတ်ပနာ ဆွမ်းတော်ကြီး လောင်းကတ်စွာဖြိုက်သည်။ ဘုရားကြီး ရှေ့က စလို့  ထွက်စွာနင့် ဆွမ်းလောင်းရေ လူတိက တန်းစီလို့  လောင်းကတ်သည်။ သပိတ်ထဲမှာ ရောက်လာသော ဆွမ်းတိ အသီးအနှံတိကို ကျွန်တော်ရို့ က မောင်ရှင် ပန်းဇင်းရို့ က ယူဗြီး လွယ်အိပ်ထဲမှာ ထည့်ူရသည်။ ဆွမ်းတော်ကြီးလောင်းပွဲမှာ မိုးထဖက် -၉- ချက်တီးလောက်ဘင် စတင်ပနာ ဆွမ်းလောင်းပွဲ လုပ်တေ အတွက်နင့် ၀တ်ကောင်းစားလှနင့် လာကတ်တေ အလှူရှင်တိမှာ အလှဆုံး ဆင်လို့ ပြင်လို့ မြင် ရသည် ။ေ၇ွှတွဲ လွဲ ငွေတွဲ နင့် ။ တချို့ က ရှေးရခိုင်ရိုးရာ အ၀တ်အစားနင့် ဆံပင်တိထုံးလို့  ရခိုင်နန်းတော်ထဲက မင်းသမီးတိပိုင် ။ ရွှေခြီကျင်း ရွှေဆံထိုး ရွှေဘယက်တိနင့် တကိုယ်လုံး ရွှေစီလို့  ၀တ်စားဆင်ယင်ထားစွာပွဲ ဆိုကေ ၀ါကျွတ်ပွဲပါကားယေ ။ အလှချင်းပြိုင်လို့  ၀င်္ကဘာကွင်းတကွင်းလုံးကို ပတ်လို့  ဆွမ်းလောင်းနီ ကတ်တေ လူတိမှာ ဇါသူပြိုင်လို့  လှပါလီဖို့ လေး ဆိုရေ ပုံစံမျိုးနင့် အပျိုမချေတိက ဆွမ်းလောင်း လာကတ်သည် ။ သပိတ်မှာ ဆွမ်းထမင်းက ပြည့်လာကေ နောက်က တောင်းနှင့် ပလုံးနင့် ထမ်းပီးသော လူကြီးတိက ပြောင်းယူကတ်ရသည် ။ တကွင်းလုံး အလှူပီးကတ်တေ အလှူရှင်၏ ဆွမ်းမှာ စတုဒီသာ အလှူကြီးပိုင် ဖြိုက်နီသည်။ ရဟန်းသင်္ဃာအပါး ၃၀၀ လောက်ကတော့ခါ အနည်းဆုံး ဆွမ်းခံကြွသည်လို့  ထင်ရသည်။ နောက်ဆုံးမှာတော့ ကျွန်တော်ရို့  အချစ်တော် အရုပ်ကြီးစုံတွဲက ဆိုင်းနင့် ဗုံနင့် ကလို့  ခုန်လို့  ။
ဝင်္ဂဘာကွင်းတပါတ်ပြည့်စွာနင့် ဆွမ်းတော်ကြီးလောင်းပွဲ ဗြီးသည်။ တခါချေလေး လွယ်အိပ်မှာ အပြည့်ပါလာလို့  ပင်ပမ်းရေလို့  မထင်ခဖူး ။ တခါတခါ ကျွန်တော်ရို့ က မောင်ရှင်တပါးမှာ လွယ်အိပ်နှစ်အိပ်လောက် ဆွမ်းတိ မုန့် တိ ပါလာတတ်သည် ။ ပါလာသော ဆွမ်းတိ မုန့် ပဲသရေစာ တိ ရှောက်ချိုသီးတိ နပျောသီးတိကို မောင်ရှင်က ခွဲ ၀ီပီးသည်။ ယေခါ နည်းရေများရေလို့  သဘောမထား ယူကတ်ရသည်။ ယင်းရှောက်ချိုသီးတလုံးနှစ်လုံးကို ငါးကြော်တထုပ်လောက်ကို ယူလာခသော ဆွမ်းတော် ကြီးပွဲ အပြန် အသိမှာ ဒေနိခါ ကျွန်တော်အဖို့  အမှတ်တရဖြိုက်နီသည်။
ရှောက်ချိုသီး တလုံးကား ဖေ့ချာ ကောင်းကောင်း မပီးရ ။ နောက်ဗြီးကေ ငါးကြော်ထုပ်ကလေး အများကြီး မောင်ရှင်က ပီးလိုက်စွာ မဟုတ်။ ယေကေလေး မောင်ရှင်ချေနောက်က လိုက်ပနာ ဆွမ်းတော်ကြီး ပွဲမှာ လွယ်အိပ်လွယ်လို့  လိုက်ရစွာက ပဇေါင်ပိုင် အရသာ မသိ ။ အများကြီးလိုချင်လို့  လိုက်ရစွာလေး မဟုတ် ။ မောင်ရှင်ကလေး အများကြီး ပီးဖို့  မပြော ။ လွယ်အိပ်မှာ ပါလာသမျှ အိမ်ကို ယူလားဖို့ လို့ လေး ဆန္ဒမဟိ ။ အလှူပီးလိုက်တေ ဆွမ်းတော်ကြီးပွဲက ရှေက်ချိုသီးတိ က ဇါလောက်ဘင် လွယ်အိပ်နင့် အပြည့် နင့် ပါလာပါစီ ။ မနိုင်မနင်းနင့် ပါလာကေလေး ဘုန်းကြီးကျောင်းကို ရောက်တေခါ အိမ်ကို ပြန်ရေအခါ မောင်ရှင်ပီးလိုက်စွာက ရှောက်ချိုသီး တလုံး နှစ်လုံး ။ နပျောသီးတလုံးနှစ်လုံး ၊ သကြားလုံး တလုံးနှစ်လုံး။
ဘုန်းကြီးကျောင်းမှာ မောင်ရှင်ချေ ဆွမ်းစားအောင်အထိဘင် မစောင့် ဖြိုက် ။ မောင်ရှင်က ရီချိုး ဆွမ်းစားဗြီးမှ ဆွမ်းစားဖို့  ။ ယင်းချင့်ကို မစောင့်နိုင် ။ ချက်ချင်းကိုယ့်ဝီစု ရစွာနင့် အိမ်ကို ပြန်ဖြိုက်သည်။ မပြန်လို့ လေး မဖြိုက် ။ ရွာမှာ မီးထွန်းပွဲ ဟိသည်။ တရွာလုံးကို လမ်းမတလျှောက် မီးထွန်းပွဲ လုပ်စရာဟိသည်။ မီးထွန်းပွဲက ၀ါးတိုင်တိကို -၁၅- -ပေလောက်အကွာ စိုက်ပနာ ဆီထည့်ဗြီးကေ မီးထွန်းပွဲ လုပ်စွာဖြိုက်သည်။ ယင်းပိုင် ၀ါးလုံးတိုင်တိမှာ ဆီထည့်ဖို့  ဆိုကေ ကိုယ့် ထက် အသက်ကြီးရေ လူတိက ဆီထည့်စွာကို နောက်ကလိုက်ပနာ ကြည့်နီတတ်သည်။
ညဇါဖက်ရောက်လာကေ ကျွန်တော်ရို့  ရွာက ဆီမီးတိုင်တိ ထွန်းလို့  ပျော်စရာဖြိုက်နီသည်။ လမ်းမကြီးက မလားဘဲ ကျွန်တော်ရို့  အိမ်ရှေ့က ၀င်္ကဘာကွင်းကို လားကတ်စွာကို သတိရမိလာသည်။ တရွာလုံး ဆီမီးတိုင် ထွန်းထားရေအတွက် ရွာထဲက မီးလင်းနီစွာကို မြင်လို့  ၀ါကျွတ်ပွဲကို လားကတ် စွာဖြိုက်သည်။ ၀ါကျွတ်ပွဲမှာ ကျွန်တော်ရို့  ရွာနင့် ၀ီးသည်။ ယေကေလေး ညဥ့်ခါဖက်ဆိုကေ ဇတ်ပွဲက ဆိုင်းသံဗုံသံတိ ကြားရသည်။ ယင်းဗုံသံကို ကျွန်တော်ကြားကေ မနီတတ် ။
လူပျိုပေါက်ဖြိုက် လာသည့် အခါ ၀ါကျွတ်ပွဲက ဆိုင်းသံဗုံသံတိမှာ ကျွန်တော်နင့် အမှတ်ရစရာ ဖြိုက်နီသည်။ ယင်းအချိန်က ၀ါကျွတ် နီကေလေး ကျွန်တော်ရို့ မှာ တန်းမြင့်ကျောင်းထွက် စာမီးပွဲ ဖြီဆိုရဖို့  ဖြိုက်လို့  အိမ်မှာ စာဖတ်ရသည်။ ကျွန်တော့် သူငယ်ချင်းဖြိုက်သူ နှစ်ယောက်ကို အိမ်မှာခေါ်ဗြီး စာဖတ်ပြရသည်။ စာဖတ်ပြရသည်ဆိုခြင်းမှာ ၀ါကျွတ်ပွဲကို လားချင်လို့  သူငယ်ချင်းနှစ်ယောက်ကို အိမ်မှာ လာ၍ စာဖတ်စီခြင်းဘင်ဖြစ်သည်။ ရပ်ကွက်ထဲက ဆွမ်းတော်ကြီးအတွက် ဆွမ်းချက်သူတိက ဆွမ်းချက်ယင်းပင်း စကားများနီချိန်မှာ ကျွန်တော်ရို့ သူငယ်ချင်းသုံးယောက်က စာဖတ်နီရသည်။
ကျွန်တော့်မိဖများ အိပ်ချိန်ကို စောင်ဗြီး စာဖတ်နီရခြင်းဖြိုက်သည်။ မိဖများ အိပ်လား သည်နင့် စောင်တိ ခေါင်းအုံးတိကို လူအိပ်နီဟန် ခင်းထား ခဗြီး ပြတင်းပေါက်က ကျော်ပနာ ဆင်းလားရ သည်။ ၀ါကျွတ်ပွဲထဲ ဇတ်ပွဲက ဆိုင်းသံကို ကြားလီ ချမ်းစွာ အီးစွာ သတိမရ ။ ဇါတ်စင်နားကို လားပနာ မိုးတလင်း ဇတ်ပွဲကို ကြည့်ကတ်သည်။ ပတ်စာကို ခွီးစားခါမှ ပြန်လာရေဆိုရေသဘောမျိုးပိုင် မိုးတလင်း ကြည့်နီတတ်သည်။ အိမ်ကို ပြန်လာရေအခါ မိဖတိ အိပ်ရာ မနိုးသိဆိုကေ ပြတင်းပေါက်က ကျော်ဝင်ပနာ အိပ်ဟန်ဆောင်ရသည်။ ကျွန်တော်ရို့ အချေခါ စစ်တွေမြို့  ၀ါကျွတ်ပွဲကား ပြသနာမဟိ ။ ရန်ခဲပူစာ ပွဲမဟိ ။ ညဥ့်ခါဆိုကေ ဇတ်ပွဲနင့် ပျော်ပွဲရွှင်ပွဲနင့် မုန့် ဈီးတန်းနင့် ၊ လောင်ပေါ်ဆိုင်နုင့်  ။ ကံစမ်းမဲ ပွဲနင့် ကမ္ဘာလောက် ပျော်စရာ ကောင်းသည် ။ အခုပိုင် ခေတ်ကာလမှာဖြိုက်နီရေ ကြားနီရေပိုင် ရဟန်း သင်္ဃာတိကို ဆွမ်းခံ မကြွရစော်မျိုး မကြားဖူးခရ ။ ရန်ပွဲဖြိုက်နီစော် မကြာဖူးခ ။
ဝါကျွတ်ပွဲမှာ လူပျိုပေါက်ချေ ဖြိုက်လာရေအခါ နံရံကပ် စာစောင်ဖွင့်ပွဲ လုပ်ခစွာကို သတိရလာသည်။ ကျွန်တော်နင့် သိန်းနောင် ( စစ်တွေ ) အယ်ဒီတာအဖြိုက် တာဝန်ခံ လုပ်စွာဖြိုက်သည်။
ယင်းခါ ဆရာမ ဘူမက ကျွန်တော်ရို့ ဘားကို ကဗျာတိ ပီးပနာ နံရံကပ်စာစောင်မှာ ထည့်ပီးဖို့  ပြောစွာ ကို သတိရလာသည်။ ကျွန်တော်ရို့ မူလတန်းကျောင်းသားဘ၀က တရားသိစုကျောင်းမှာ သင်ခရသည်။ ယင်းအချိန်က ဆရာမ ဘူမက မူလတန်း ဆရာမဖြိုက်သည်။ လူပျိုပေါက်ဘ၀ကို ရောက်လာလို့  ကျွန်တော်ရို့  စာတိ ပီတိ ဖတ်လာပနာ နံရံကပ်စာစောင် တာဝန်ခံ လုပ်လာရေအခါ ဆရာမ ဘူမက စာမူပီးရေအခါ ကျွန်တော်က တည်းဖြတ်ရသည်။ ယေခါ ပယ်ချရဖို့  စာမူတိဖြိုက်နီသည်။ စကားပြောကို ကဗျာ ဆိုပနာ ပီးလာစွာမျိုးကို ကျွန်တော်က လက်မခံ ။ ကာရန် မသိဘဲနင့် ရီးနီရေ ကဗျာမျိုးကို ကျွန်တော်မကြိုက် ။ ကျွန်တော်ကိုယ်တိုင်လေး ကဗျာ ရီးလျှင် ကာရံနင့် ရီးသည် ။ နဘေနင့် ရီးသည် ။ ကာရန်မသိ နဘေ မသိဘဲနင့် ရီးနီရေ စွာမျိုးကို ကဗျာလို့  ကျွန်တော်မထင် ။ လက်လေးမခံ ။ ကဗျာဆရာဆိုကေ ကာရန်ကို သိတတ်ရဖို့  ။ ကာရန်မသိဘဲနင့် ကဗျာဆရာလို့  နာမည်ခံလို့  မရ ။
ယင်းပိုင် စကားပြောကို ကဗျာဆိုပနာ လုပ်ပီးလာရေအခါ ဆရာမ ဘူမနင့် ကျွန်တော်စကားများသည်။ အမှန်က ဆရာမ ဘူမကဗျာကို တဖေ့ချေလောက် တည်းဖြတ်ပြုပြင်လိုက်လျှင် ကဗျာကောင်း တပုဒ်မှန်း သိပါသည်။ ယေကေလေး ဆရာမဘူမကို ကျွန်တော်က ကစပ်ရသည် ။
အကြောင်းမှာ ကိုကျော်ဦးနင့် ဆရာမဘူမမှာ ကွဲပြဲနီသည်။ ယင်းချင့်ကို ပြန်လည် ပေါင်းလား စီချင် သည်။ ယေဇူးနင့် သီသီချာချာ ပြန်ရီးပြပါလို ပြောပြရသည်။ ဆရာမဘူမကလေး ပြန်လို့  ရီးပြပါသည်။ နံရံကပ်စာစောင်မှာ ဆရာမ ဘူမကဗျာကို ဖေါ်ပြထားရေအခါ ဆရာမက ကောင်းကောင်းပျော်လားသည်။ သူ့ အပေါင်းအသင်းတိကို ခေါ်လာပနာ န့ရံကပ်စာစောင်မှာ သူ့ ကဗျာပါရေအကြောင်း ပြောပြနီစွာ အခုထက်ထိ မြင်ယောင်မိနီပါသည်။
ယင်းပိုင် နံရံကပ်စာစောင်မှာ အချစ်ကဗျာကို ထည့်ခလို့ လေး ကိုကျော်ဦးနင့် ပြန်ပေါင်းလားခစွာကို သိလိုက်ရသည်။ ယင်းချင့်က ကျွန်တော် အမှတ်မိဆုံး အကြောင်း အရာ တခုပင်ဖြိုက်သည်။ အခုဆိုကေ ဆရာမဘူမ ဘင် အသက်ထင်ယှား ဟိနီပါဖို့ လား မပြောတတ် ပါဒေ။
ဝါကျွတ်ပွဲဆိုစွာက ကျွန်တော်ရို့  ကလေချေတိအသိမှာ ဆွမ်းတော်ကြီးပွဲလောင်းစွာနင့်ရာ မှတ်ချင်စရာဖြိုက်သည်။ ယေကေလေး လူပျိုကြီးတိမှာတော့ ၀ါကျွတ်ပွဲဆိုစွာက သူရို့  တိအတွက် ဘ၀ကို အဆုံးအဖြတ် ပီးရေ ပွဲပါယေ ။ ဇါဖြိုက်လို့ ဆိုကေ မစွံနိုင်ရေ လူပျိုကြီး အပျိုကြီးတိကို ၀ါကျွတ်ကေ အမိအဖတိ ဆွီမျိုးတိက သမက်တက်ပီးကတ်တေ မဟုတ်ပါလားချင့် ။
ယေဇူးနင့် ဆိုကေ ၀ါကျွတ်ဗျန် ဆိုစွာ --------------------------အယင်က အိမ်ပြန်မှာ အပျော်တိနင့် နီခကေလေး အခုတော့ စိုင်းစားလိုက်စွာနင့် မျက်ရည်ကျရပါရေ ထော ။။။။။။။။။။။။
ခိုင်အောင်ကျော် ( နယူးယောက် )