Tuesday, October 11, 2011

ရခိုင်အမျိုးသားနိ သတ်မှတ်ကတ်ဖို့ ဆိုကေပါယင်

   ဒေနိခါ တခြားလူမျိုး တခြားနိုင်ငံတိမှာ အမျိုးသားနိ သတ်မှတ်ထားကတ်စွာ ဟိပါရေ ။ ယေဇူးနင့် အမျိုး သားနိ ကို ကျင်းပခကတ်စော်တိ အများကြီး တွိလာကတ်ပါရေ ။ ယင်းပိုင်ကျင်းပလာဗျန်ဆိုကေ ခေတ်နင့် အညီ တိုးတက်လာရေ ရခိုင်လူမျိုးတိစိတ်မှာ အမျိုးသားနိ ကို သတ်မှတ်ကတ်ချင်ရေ ဆန္ဒတိ ဖြိုက်ပေါ်နီ ကတ်စွာ တွိရပါရေ ။ ယေကေလေး အမျိုးသားနိဆိုစွာ ဇါပိုင်နိမျိုးကို သတ်မှတ်သင့်လေ ဆိုပနာ သုတေ သနပြုစွာမျိုး မဟုတ်ဘဲနင့် ကိုယ်သန်ရာကို ဆန္ဒဟိရေပိုင် ပြောနီကတ်စွာ တွိရပါယင့် ။  
          လူကြီးလေးပါ လူချေလေးပါ ရရောင်းသတ်လို့  ဖြိုက်လာကတ်တေအတွက် ဒေနိခါ ကမ္ဘာကြီးမှာ ဇါပိုင်စော်မျိုးကို အမျိုးသားနိအဖြိုက် အသိအမှတ်ပြုပနာ ထားကတ်လေ ဆိုစွာ လိလာသိထားဖို့  လိုနီပါ ဗျန်ဒေ။ အမျိုးသားနိကို နိုင်ငံတခုစီမှာ အမျိုးသားနိအဖြိုက် ကျင်းပစော်ကို ၀ီကီပီဒီယား အင်တာနတ်ဝပ် ဆိုက်မှာ အခုပိုင် ဖေါ်ပြထားစော် တွိရပါရေ ။ တချို့ နိုင်ငံတိမှာ လွပ်လွပ်ရီးရလားရေနိကို သတ်မှတ် ထားစော်တိ ဟိရေပိုင် ရှင်ဘုရင် မွီးနိ သို့ မဟုတ် ကျဆုံးရေနိ၊ မျိုးချစ်ခေါင်းဆောင်ကြီးတဦးဦး က ပြော ဆိုရေနိ သို့ မဟုတ် ကျဆုံးရေနိတိကို သတ်မှတ်ထားစော် တွိပါရေထော။ တချို့ နိုင်ငံတိမှာ အမျိုးသားနိကို ရုံးပိတ်ရက်အဖြိုက် သတ်မှတ်ကတ်စော် ဟိပါရေ ။ တချို့ နိုင်ငံမှာ တရက်ထဲမဟိဘဲနင့် သုံးရက်တောင် ဟိစော်တွိရပါရေ ။ ယင်းနိုင်ငံက ပါကစ္စတန်နိုင်ငံဖြိုက်ပါရေ ယေ ။ 
     စပိန်နိုင်ငံမှာ အောက်တိုဘာလ-၁၂-ရက်နိကို အမျိုးသားနိအဖြိုက် သတ်မှတ်ထားရေပိုင် အမေရိက ကို ရောက်ခရေ စပိန်နိုင်ငံသား ( Columbus"s Day ) အဖြိုက် အောက်တိုဘာလ-၁၂-ရက်နိကိုလေး ရုံးပိတ်ရက်အဖြိုက် သတ်မှတ်ထားပါရေ ဒေ။ စပိန်လူမျိုး ကိုလံဘတ်စ်က အမေရိကကို ရောက်ခရေအ တွက် ကိုယ့်လူမျိုးကို ဂုဏ်ပြုစော်အတွက်နင့် အမျိုးသားနိအဖြိုက် သတ်မှတ်စော် ဖြိုက်ပါရေ ။
         ဂျာမေကာ နိုင်ငံဆိုကေ သြဂုတ်လထဲက တနင်းလာနိကို အမျိုးသားနိအဖြိုက် သတ်မှတ်ထားစော် ဟိပါရေ ယေ ။ ယင်းပိုင်ဆိုကေ အခုတလိုင်း ရခိုင်လူမျိုးတိကြားထဲမှာ မြို့ တည်စော်တိကို ပြောနီစော် ဘုရားရုပ်ထု တည်   စော်တိကို သတ်မှတ်စော်မျိုး ကမ္ဘာတလွှားမှာ အသိအမှတ်ပြု သတ်မှတ်ထားစော် မတွိဖူးပါကာ ။ အမျိုးသားနိဆိုစွာက တိတိကျကျ တခုကို တိတိကျကျ ဖြိုက်တေပုံစံမျိုးနင့်ရာ သတ် မှတ်စော်တိ တွိရပါရေ ။ 
      ယေဇူးနင့် ကမ္ဘာတလွှားက နိုင်ငံပေါင်းစုံနင့် အခြီအနီချင်း တူညီအောင် လုပ်ကတ်ရဖို့  လိုပါရေ ဒေ ။ ယင်းပိုင်မဟုတ်ဘဲ မြို့ တည်ရေနိကို သတ်မှတ်ဖို့  ဆိုကေ ကမ္ဘာမှာ အသိအမှတ် ပြုစော်တိနင့် မတူညီ ဘဲ ဖြိုက်လားပါဖို့ ကာ ။ ဥပမာ မြို့ တမြို့ တည်ရေနိကို သတ်မှတ်ကေ သံမှို ၀ယ်ရေနိ ။ အုဋ္ဌ်ခဲ ၀ယ်ရေနိ ၊ တိုင်ဆောက်တေနိ ။ အိမ်မိုးရေနိ ဆိုစော်မျိုးပိုင် ဇါချင့်တခုလေး အတိအကျ မဟိဘဲ ဖြိုက်နီပါဗျန် ။ ဘုရား တည်စော်နိ စေတီတည်စော်နိ ဆိုကေလေး ယင်းပိုင်ဖြိုက် လားလီဖို့  စွာပါရေ ။ ယေဇူးနင့် ရခိုင်အမျိုး သားနိကို ကမ္ဘာကြီးက နိုင်ငံတိနင့် အတူတူ ပုံစံမျိုးပိုင် သတ်မှတ်နိုင်ဖို့  အတွက် အောက်မှာ ပီးထားရေ ၀ီကီပီဒီယား ၀ပ်ဆိုက်ကို ဖေါ်ပြပီးထားလိုက်ပါရေ ။