Tuesday, October 11, 2011

မလေးသျှားဟိရခိုင်ပြေသူလူများထံသို့ ဆန္ဒပြရန်မေတ္တာရပ်ခံချက်

အကျွန်ရို့ရခိုင်ပြေသည် သဘာဝသယံဇာတပေါကြွယ်ဝသည့် တိုင်းပြေတပြေ ဖြစ်တေ ဆိုစွာကို အားလုံးအသိပင်ဖြစ်ပါသည်။ သို့သော်လည်း ယင်းသယံဇာတပစ္စည်းတိစွာ ရခိုင်ပြေကို အကျိုးမပြုရုံမက အဖရခိုင်ပြေကို ပြိုက်ဒဏ်အဖြစ်အကြီးအကျယ် ဒုက္ခပီးလျက်ဟိပါသည်။ နိုင်ငံတခုဖရိုဖရဲ ပျက်သုန်းရေးကိုပင်ဦးတည်လျက် အဆိုးဝါးဆုံးအခြီအနိန်နန့် ရင်ဆိုင်လျှက် ဟိပါသည်။

ဗမာအစိုးရကိုယ်စားပြု တရုတ်အစိုးရပိုင် CNPC ကုမ္ပဏီသည် ဗမာစိုက်တပ်နန့် ပူးပေါင်းလျက် ရခိုင်ပြေ၌လူ့အခွင့်အရေးချိုးဖောက်ခြင်း၊ အဓမ္မလယ်ယာမြီများကိုသိမ်းပိုက်ခြင်း၊ ရပ်ရွာများကိုဖျက်ဆီးခြင်း၊ပြောင်းရွိ့ခြင်း၊ ဂေဟစနစ်တခုလုံးထိခိုက်ဖျက်ဆီးစီခြင်း စသည့် များစွာကိုလူမဆန်စွာ ပြုလုပ်လျှက်ဟိန့်ပါသည်။ ဤအရေးကိစ္စတိစွာ ရခိုင်အမျိုးသားရေးနန့် သျှောင်လွဲ၍မရသော တိုက်ရိုက်ပတ်သက်သည့် အမျိုးသားရေးတာဝန်ကြီးတရပ်ဖြစ်ပါသည်။
ဤရွှေဂက်(စ်)စီမံကိန်းကိစ္စကို ဦးသိန်းစိန်အစိုးရပါလီမန်တွင်လည်း ရခိုင်ကျောက်ဖြူ အမတ် ဦးဘသျှင်မှ ဓါတ်ငွေ့သုံးစွဲရေးကိစ္စကိုလည်းမိန်းမြန်းကြည့်ရာ  ရခိုင်အမတ်များအနိန်ဖြင့် အရေးတယူစိတ်ဝင်တစား ဆောင်ရွက်လျှက်ဟိန့်ပါသည်။ (ကချင်ဒေသ) မြိုက်ဆုံရီကာတာ တည်ဆောက်ရေးကိစ္စကိုလည်း ပြည်သူတရပ်လုံးက တောင်းဆိုဆန္ဒပြမှုကြောင့် ဦးသိန်းစိန် အစိုးရမှ ယာယီရပ်ဆိုင်းထားရန် ဆုံးဖြတ်ထားပြီးဖြစ်ပါရေ။

ထို့ကြောင့်ရွှေဂက်(စ်)ကိစ္စ ရပ်တန့်ရေးကိုအရေးဆိုရန်မှာ ရခိုင့်အမျိုးသား၏ တာဝန် ကျရောက်လျှက်ဟိန့်ရေလို့ ခံယူသည့်အလျှောက် ရခိုင်အမျိုးသားများ တာဝန်တရပ်အနိန်နန့် အားလုံးဝိုင်းရံဗျာလ် ဗမာအစိုးရသံရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုပါရန် မလေးသျှားဟိန့်ရခိုင် အမျိုးသားများ၊ ကမ္ဘာတဝှမ်းလုံးဟိန့် ရခိုင်အမျိုးသားများနန့်အတူ တက်ကြွစွာပါဝင်ပူးပေါင်း ကတ်ပါရန် ရွှေဂက်(စ်)ကိစ္စ ဆန္ဒပြမှုဖြစ်မြောက်ရေးဦးစီးကော်မတီမှ အလေးအနက်တောင်းဆို လိုက်ပါသည်။


(Text Box ဆန္ဒပြမည့်အချိန်-13/10/2011 ရက်နိန်က မိုးထဖက် (၉း၀၀) ချက်တီ တိတိတွင် ပူချန်း ၊ Tesco/ တက်စ်ကို ပန်းခြံအနားမှ ကားများ ထွက်ပါမည်။ )

ရွှေဂက်(စ်)ကိစ္စ ဆန္ဒပြမှုဖြစ်မြောက်ရေးဦးစီးကော်မတီ

ဆက်သွယ်ရန်ဖုန်းနံပါတ်များ_                           

-      0127226430

-      0320721306

-      0176916130