Friday, October 21, 2011

ကျန်းမာရီးဆိုးဝါးနီရေ ရခိုင်သမိုင်းသုတေသီ ဆရာမောင်ပြူး(သံတွဲ)

ဆရာမောင်ပြူး(သံတွဲ)သည် ရခိုင်ဒေသထုတ်မဂ္ဂဇင်းများ ဗမာပြည်ထုတ် မဂ္ဂဇင်း များတွင် ရခိုင်သမိုင်းဆိုင်ရာသုတေသန ဆောင်းပါးတိကို စိုင်ဆက်မပြတ် ရီးသားနိန်သူတစ်ယောက်ဖြစ် ပြီး အေဂု အချိန်တွင် အသက်အန္တရာယ်စိုးရိမ်ရသည့် နာမကျန်းမှုကို ခံစားနိန်ရသည်။ ဆရာမောင်ပြူးမှာ လွန်ချရေငါးလောက်က ညာဘက်တင်သားမှာပေါက်တေအနာကို စစ်တွေဆီးရုံကြီးမှာ ခွဲစိုက်ကုသခပြီး အထူးကုဆရာဝန်ကြီးဒေါက်တာသိန်းထွန်းအောင်က ကင်ဆာလို့ယူဆရေအတွက် ရန်ကုန်ကို ကုသဖို့လွှတ်ခကေလေ့ ဆရာမှာ ဆီးမျိုကေကောင်း လားဖို့အထင်နန့် မိမိအိမ်မှာ မိမိ၏ ကျောင်းဆရာအလုပ်ကို ဆက်လုပ်နိန်ခကြောင်း ယင်းနောက် အနာပေါက်တေခါးမှာ လီဝင်ရေပိုင် ခံစားလာရရေ အတွက် တိုင်းရင်းဆီးဆရာနန့် ကုသခကြောင်း သို့သော် အခြီအနိန်မှာ ထူးခြားလာမှု မရှိဘဲ စစ်တွေမြို့ အရိုးအထူးကုဒေါက်တာသိန်းဇံနန့် ပြပြီးကေ လိုအပ်တေ ဓာတ်မှန်စရေ ရောဂါ အချက် အလက်တိကို ရှာဖွေခကြောင်း ဒေါက်တာသိန်းဇံက လေ့ ကင်ဆာလို့ယူဆရေအတွက် ရန်ကုန် ကိုလွှတ်ခကြောင်းသိရသည်။
သို့သော်ဆရာမောင်ပြူးမှာ နှစ်မိနစ်လောက်ပင် ထိုင်ဖို့ခက်ခဲနိန်ရေ အထိ ရောဂါက သည်းနိန် ရေ အတွက် လေယာဉ်ပင် မစီးနိုင် ဆီးဖို့ဝါးခလည်း မတတ်နိုင်ရေ အတွက် ကံကြမ္မာကိုရာ အားကိုးနိန်ရရေ လို့ဆရာက ဆိုပါသည်။ ဆရာ၏လက်ရှိ အခြီအနီမှာ ခြီထောက်နှစ်ချောင်းသောင်လားပြီးကေ ဘယ်ဘက်ခြီထောက် လုံးဝထုံထိုင်းပနာ လှုပ်မရ ဖြစ်နိန်ရကြောင်း အချိန်ပြည့်အိပ်ရာမှာ လဲနိန်ရကြောင်း လောလောဆယ် ပေါက်တောမြို့က အရိုးကုယမ်းကု တစ်ယောက်ကို ခေါ်ထားကြောင်း ယင်းယမ်းကုနန့်ထူးခြားမှုမရှိကေ ဆရာ၏ အခြီအနိနှ် မှာ မျှော်လင့်စရာ မရှိကြောင်း သတင်းပီးလိုက်ရပါသည်။ (လက်ဆင့်ကမ်းရန်) ဆက်သွယ်လိုကေ ဥိးအောင်မြကျော်( ၀၉၅၆၈၀၄၇၂) ကတစ်ဆင့် ဆက်သွယ်နိုင်ပါရေ။