Tuesday, October 25, 2011

ဂီရိမုန်တိုင်း ဒုက္ခသည်တိအတွက် အမေရိကန် ပြည်ထောင်စုရောက် ရခိုင်သားတိ စတိတ်ရိုးပွဲ လုပ်ဖို့ ဆိုကေ

အခုအချိန်မှာ ရခိုင်ပြည်မှာ ဂီရိမုန်တိုင်း တိုက်လားစော် တနှစ်ပြည့်လားခပါဗျန်ကာ။ မုန်တိုင်းဒဏ်ခံရရေ မြို့ နယ်ကျေးရွာက လူတိမှာ အိပ်ဖို့  အိမ်မဟိ ။ စားဖို့  ဆန်မဟိ ။ စာသင်ဖို့ ကျောင်းမဟိနင့် ဒယောမဟိ ၊ထမီမဟိ။ အချေတိမှာ ချမ်းကေလေး အနွီးထည်မဟိ ၊ ကောင်းကောင်းကြီး ဒုက္ခကျနီကတ်ပါဗျန် ။ ယေဇူးနင့် ဒေပိုင်ဂီရိမုန်တိုင်း ဒုက္ခသည်တိကို အကူအညီ ဖေ့ချာ ထောက်ပံ့နိုင်ကတ်ရအောင် ရခိုင်တေးခင်းအဆိုကျော်တိက ကူညီပီးချင်ကတ်ပါရေ ။ လွန်ခရေနှစ်က ရှင်သန်နိုးထ အာရက္ခ ဆိုဗျန် လေးဝတီ တီးဝိုင်း ( ရန်ကုနု ) က အဆိုကျော် သန်းမောင် ဦးစီးပနာ ရခိုင်ရုပ်ရှင် ဗီဒွီယိုသရုပ်ဆောင်တိဖြိုက်တေ အောင်လွင် ၊ ခန့် စည်သူ ၊ နေထက်လင်း ၊ နေတိုး ။ မင်းသွေး ၊ ဘုန်းသျှန် နင့် ဗွီဒီိယိုသရုပ်ဆောင် ဇင်မာထွန်း နင့် နာမည်ကြီး အဆိုကျော် ကလေ့မေတိကပါ ပါဝင် ဆိုခကတ်ပနာ ဖေ့ချာ ကောင်းကောင်းရှာပီးခကတ်ပါယင့် ။ ယင်းပိုင် ပွဲတော်ဖြိုက်ဖို့ အတွက် အလိုတော်ပြည့်ဆရာတော် ၏ လက်ထောက် အရှင်ဘလူး က စပင်စာ ရှာပီးခပါရေ ။ အခုအခါ အရှင်ဘလူးမှာ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကို သာသနာရီးကိစ္စနင့် အလည်ရောက်နီပါရေ ဒေ ။ အရှင်ဘလူး၏ အကြံပီးချက်အတိုင်း ဂီရိမုန်တိုင်း ဒုက္ခသည်တိအတွက် အလှူအဒန်းပီးနိုင်အောင် အမေရိကန်ပြည်ထောင်စုရောက် ရခိုင်လူမျိုးတိက စတိတ်ရိုးပွဲ လုပ်ဖို့  ဆိုကေ စေတနာနင့် အမြတ်မယူဘဲ တေးခင်းဆိုဖို့  ရခိုင်ရုပ်ရှင်နင့် ဗွီဒီိယို သရုပ်ဆောင်တိက လုပ်ပီးချင်ရေလို့  သတင်းရပါရေ ။ ယေဇူးနင့် ရခိုင်လူမျိုးတိက ကိုယ့်နယ်မြီက မိသားစုတိကို ကူညီရာကျရေပိုင် ပျော်ကတ်မေ ဆိုကတ်မေ ဖြိုက်အောင် လုပ်ကတ်ဖို့ လားလို့  မီးနီကတ်တေ အကြောင်း သိရပါရေ ။ ယေဇူးနင့် အဆိုကျော်တိ ရုပ်ရှင်မင်းသားတိ မင်းသမီးတိ လာနိုင်ဖို့  အတွက် အမေရိကန်ပြည်ထောင်စုက စပင်စာပီးနိုင်ဖို့  လူတိက ဆက်သွယ် ပီးစီချင်ကတ်ဖို့  စော်ကို တိုက်တွန်းလိုက်ရပါရေ ။ 

ခိုင်အောင်ကျော်
နယူးယောက်