Monday, October 10, 2011

မစစ်မှန်ဘဲနင့် စည်းကမ်းမဟိ ရုပ်သီးဒီမိုကရေစီ သို့ မဟုတ် ဆောင်းပါးရှင် ကိုကိုအောင်သို့ 

     စစ်မှန်၍ စည်းကမ်းပြည့်ဝရေ ဒီမိုကရေစီ ဆိုသော ခေါင်းစဉ်ဖြင့် ဒေကနိ့ ထုတ် ကြေးမုံသတင်းစာတွင် ကိုကိုအောင်ဆိုသူက ရီးလာစော်ကို ဖတ်ရသည် ။ ဒေအခါ ကျွန်တော်ဖြီရှင်းချင်စိတ် ပေါက်မိသည် ။ သူ ရို့ ၏ မစွန်းယင်းကလည်းရှိ ကင်းဇွန်းခင်းကလည်းငြိနီသော ပြသနာကို စကားမပြောချင် ။ သို့ သော် ရခိုင်ပြည်နယ် မှ ပေါက်တောမြို့ နယ် လွှတ်တော်ကိုယ်စားလှယ်တော်ကြီး ဦးအောင်ကျော်ဇံအ တွက် ပြန် လည် ချီပချင်သည်။ 
    လွှတ်တော်ကိုယ်စားလှယ်တော်ကြီးမှာ ကော်မရှင်၏ တဖက်သတ်ဆုံးဖြတ်မှုကြောင့် လွှတ်တော်ကိုယ် စားလှယ်အဖြစ်က နုတ်ထွက်လိုက်ရကေလေး မြို့ နယ်အကျိုးပြု လုပ်ငန်းတိနှင့် ပါတီလုပ်ငန်းဆောင် တာများကို မအား မလပ် ပြုလုပ်ဆောင်ရွက်နီရေ အတွက်တာနင့် မအားလပ်ကြောင်း သိရသည်။ ဂီရိမုန် တိုင်း ဒုက္ခသည်များအတွက် အစိုးရမှ ထောက်ပံ့ကူညီမှူ မရဘဲ ဒုက္ခအတိရောက်နီသာ မုန်တိုင်းမိ သူများအတွက် ရံပုံငွေရှာဖွီ ဆောင်ရွက်နီသည်ဟု အသက်အရွယ်နှင့်မမျှ လှုပ်ရှားနေသည်စော်တိ ကို သိရသည်။ ယေဇူးနင့် ဦးအောင်ကျော်ဇံအစား ကျွန်တော်က ဆောင်းပါးရှင်ကိုကိုအောင်ကို ပြန်လည် တုံ့ ပြန်ဖြီကြား လိုက်ခြင်းဖြစ်သည်။ ဆောင်းပါးရှင်းကိုကိုအောင်က ၂၀၀၈-နိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြီခံဥပဒေ အခန်း ( ၈ ) မှာ နိုင်ငံသားများ၏ ဥပဒေအခွင့်အရေးနင့် တာဝန်များခေါင်းစဉ်အောက်ရှိ ပုဒ်မ-၃၅၄-တွင် နိုင်ငံသားတိုင်းသည် လုံခြုံရီး ၊တရားဥပဒေစိုးမိုးရီး၊ ရပ်ရွာသာယာရီး ယင်းပိုင် မဟုတ်ကေ ပြည်သူတို့ ၏ ကိုယ်ကျင့်တရားအလို့ ငှာ ပြဋ္ဌန်းထားရေ ဥပဒေတိနင့် မဆန့် ကျင်လျှင် မိမိရို့ ၏ ယုံကြည်ချက်တိ ၊ ထင်မြင်ချက်တိကို လွပ်လွပ်လပ်လပ် ထုတ်ဖေါ်ခွင့်နှင့် ရီးသားဖြန့် ဝီခွင့်ရှိ သည်ဟု ပြဋ္ဌန်းထားကြောင်း ဖေါ်ပြထားသည် ဆိုပြီး တခုပ်တရ ရီးသားထားသည် ။
         ဒေအတွက်ကြေင့် ဤဆောင်းပါးကို ကျွန်တော်ရီးဖြစ်လိုက်ပါသည် ။ ကိုကိုအောင်က နိုင်ငံရီးသမား မဟုတ်ပါဟု ၀န်ခံပြီး ရီးထားစော်ကို တွိရသည် ။ ယက ပြောစရာ ဖြစ်နီပါဗျန် ။ နိုင်ငံရီးသမား မဟုတ်   သောသူ က ပဇေါင် အတွက်ကြောင့် နိုင်ငံရီးပြသနာ ပဋိပက္ခတိမှာ ၀င်၍ ခြီရှုပ်ချင်ရသနည်း ။ ယေဗြီး   ကေ ဥပဒေ သမာဖြစ်လို့  ဥပဒေပိုင်းအရ ကြည့်ရှုလိုက်သည်ဟုလည်း ရီးထားစော်ကို တွိ့ ရသီး သည် ။ ဤနီရာ၌ ကိုကိုအောင်ဆိုသော ဆောင်းပါးရှင်မှာ ငါ့စကား နွားရ ပြောချင်၍ တက်တက်စင် လွှဲမှားလားဗျန် ဆိုသည်ကို ၀မ်းနည်းဘွယ် တွိ့ ရပြန်သည်။ ကမ္ဘာလောက် သနားစရာ ကောင်းသော သတ္တ၀ါတကောင် အဆင့်ဖြစ်လားသည်။ ဥပဒေသမားဆိုလျှင် နိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြီခံဥပဒေ အခန်း( ၈ ) ကိုဘဲ သူကိုယ်တိုင် ဖေါ်ပြထားသီးသည်။ ယင်းဥပဒေ၏ အတိမ်အနက်ကို သူမသိသီး။ မလေ့လာသီး။ အကြောင်းမှာ မိမိတို့ ၏ ယုံကြည့်ချက်၊ထင်မြင်ယူဆချက်များကို လွပ်လွပ်ပနာ ထုတ်ဖေါ်ခွင်နှင့် ရီးသားဖြန့် ဝီခွင့်ကို ပြဋ္ဌန်းထားသည်ဟု သူကိုယ်တိုင် ဖေါ်ပြထားသီးသည်။ ယင်းပိုင်ဆိုကေ ရခိုင် တိုင်းရင်းသားတိုးတက်ရီးပါတီက သူရို့နိုင်ငံရေးပါတီ၏ ယုံကြည့်ချက်နင့် ထင်မြင်ချက်များကို လွပ်လွပ်ပနာ ထုတ်ဖေါ်ခွင့်နင့် ရီးသားခွင့်ကို ပြုလုပ်ခြင်းမှာ ဥပဒေနင့် ကိုက်ညီနီသည်။ ယင်းသို့  ဥပဒေနှင့် ကိုယ်ညီနီပါယင့်သားနင့် အရောင်ဆိုးပြီး ချောင်မထိုးလိုက်က်ပါကေ့ဟု အရပ်ထဲက နတ်ကောက်မလီ သံဖြင့် ပြောလိုက်သီးသည်။ တော်တော်လည်း တတ်နိုင်သော သူတိပါရာမနားဟု ရီရွတ်မိပါသည် ။
        ရခိုင်တိုင်းရင်းသားတိုးတက်ရီးပါတီသည် ရခိုင်ပြည်နယ်တွင် လွှတ်တော်ကိုယ်စားလှယ်မဲအများဆုံး ရရှိ ထားသော နိုင်ငံရီးပါတီဖြိုက်သည်။ ဥက္ကဌကြီးအပါအ၀င် လွှတ်တော်ကိုယ်စားလှယ်ရို့ မှာ မဲအပြတ်အသတ် အနိုင်ရရှိခသူများဖြိုက်သည် ။ ယခုဦးအောင်ကျော်ဇံကိစ္စနှင့် ပါတ်သက်၍ ပြည်သူ သို့တင်ပြချက်မှာ လက်မှတ်ထိုးသူများကိုကြည့်ပါက ဥက္ကဌကြီးပါ လက်မှတ်ထိုးထားစော်ကို တွိရသည် ။ ယေကေ နိုင်ငံရီးပါတီတခုမှ ဥက္ကဌကြီးအပါအ၀င် လွှတ်တော်အမတ်မင်းများက ကော်မရှင်သို့  ၀ီဖန်စာဖြင့် ကန့် ကွက်ခြင်းမှာ သူရို့ ၏ ယုံကြည်ချက်များ ၊ ထင်မြင်ချက်များကို ထုတ်ဖေါ်ခြင်းမှာ လွန်စွာမှ တရားသည် ။ ပါတီဝင်အချင်းချင်း သစ္စာရှိသည်။ ခိုင်မာကျစ်လစ်သော ပါတီ၏ ယုံကြည်မှူများ ကို ပြသလိုက်စော်လေးဖြိုက်သည်။ သူရို့ သည် ကိုကိုအောင် စွပ်စွဲ ပြောသလို ဦးအောင်ကျော်ဇံ၏ လက်ကိုင်တုတ်မဟုတ် ။ သွီးသောက် ရဲဘော်ရဲဘက်များဖြိုက်သည်။ နိုင်ငံရီးသမားလည်းမဟုတ် ၊ နိုင်ငံရီးပါတီ၏ အကြောင်းကိုလေး မသိသော ကိုကိုအောင်မှာ ကိုယ်စားလှယ်၏ လက်ကိုင်တုတ် ဖြစ် သည်ဟု ပြောဆိုသောစကားမှာ ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီနှင့် ရခိုင်လူမျိုး တရပ်လုံးကို စော် ကားမော် ကား ပြုလုပ်လိုက်စော်ဖြိုက်သည်။ 
        ပေါက်တောမြို့ နယ်တွင် ရွီးကောက်ပွဲအခင်းအကျင်းကိုကြည့်ပါက ဦးအောင်ကျော်ဇံနှင့် ဦးထွန်းအောင်ခိုင်တို့ နှစ်ဦးမှာ မဲအပြတ်အသတ် ကွာဟနေသည်ကို တွေ့ ရသည် ။ ပေါက်တောမြို့ တွင် လူဦးရေ တသိန်းကျော်မျှ ရွေးချယ် ထောက်ခံ မဲပေးခဲ့ ကြသော ဦးအောင်ကျော်ဇံမှာ ဦးထွန်းအောင်ခိုင်အား မဲအပြတ်အသတ်အနိုင်ရခ့သူဖြိုက်သည်။ ဦးထွန်းအောင်ခိုင်မှာ ထောင် ဂဏန်းချေလောက်ရာ မဲ ရရှိခသည်။ ဆိုရလျှင် လူထုထောက်ခံမှူကို ရဟိထားသော ဦးအောင်ကျော်ဇံ ၏ ပြည်သူအကျိုးပြုလုပ်ငန်းများတွင် လူထုကို ဦးဆောင်မှု အခန်းကဏ္ဍမှ အများဆုံး ပီး နိုင်ကြောင်း မြင် သာနိုင်သည် ။ ရွီးကောက်ပွဲတခုတွင် မဲအများဆုံးရရှိထားသူမှာ လူထု၏ ထောက်ခံမှုကို ရထားသူဖြိုက်သည် ။ ဒေါ်အောင်ဆန်းစုကြည်မှာ လူထုထောက်ခံမှု ရရှိထားသည်ကိုကြည့်လျှင် မည်သည့်အတိုင်းအတာအထိ တာစားနီစော်ကို သိရှိနိုင်သည် ။ ရခိုင်လူမျိုးများ၏ လူထုခေါင်းဆောင်ဖြစ်   သော  ဦးအောင်ကျော်ဇံမှာ လူထုခေါင်းဆောင်ဖြစ်သလို ရခိုင်လူမျိုးများ၏ အကျိုးကိုလး သယ်ပိုးနိုင်ဖို့    ဖြိုက်ကြောင်း လူထုတိက ယုံကြည်ရင်းစွဲ ရှိကတ်သည်။ အခြားတဖက်မှာ ဦးထွန်းအောင်ခိုင်ကို လူထုက မလေးစား ။ ယုတ်စွအဆုံး သူ၏ စည်းရုံးမှုဖြင့် ဇါပိုင်ချေမျှ ပေါက်တောမြို့ တွင်၎င်း ။ ရခိုင်လူမျိုးများ၏ အကျိုးပြုလုပ်ငန်းများတွင်၎င်း လူထုက သူ၏နောက်မှ မည်သို့ မျှ လိုက်ပါဆောင်ရွက်လိုစိတ်မဟိ ။ လူထုက ကိုယ်စားလှယ်အမတ်မင်းရို့ ၏ နောက်ကွယ်က လိုက်ပါဆောင်ရွက်လို စိတ်မရှိဆိုကေယင် ဘုန်းကြီးကျောင်း၌ တံမြက်စည်းလှည်းရာမှာပင် အဆင်ပြီဖို့  ပင် မထင် ။
       ယေဇူးကြောင့် ဦးထွန်းအောင်ခိုင်ပိုင် ပုဂ္ဂိုလ်မျိုးကို ပြည်သူ့ အကျိုး နိုင်ငံအကျိုးကို မည်သို့  ဦးဆောင်မှုအခန်းကဏ္ဍမှာ တာဝန်ပီးသင့်နီပါဖို့ လေး ။ တချိန်တည်းမှာပင် ပြည်သူလူထု၏ ရွီးချယ် မဲပီး တင်မြှောက်ထားသော ဦးအောင်ကျော်ဇံ၏ ဥဏှောက်အရင်းအမြစ် စွမ်းရည် ညာဏ်အမြော် အမြင်ရို့ မှာလေး တဖက်သတ် လူ့ သိက္ခာကို ထိခိုက်ခရဗျန်ဖြိုက်၍ နိုင်ငံအကျိုးး ရပ်ရွာအကျိုးအတွက် ထိထိရောက်ရောက် မထွက်လာနိုင် ။ ယင်းမှာ လွှတ်တော်ကိုယ်စားလှယ်အမတ်မင်းများ၏ ဆုံးရှုံးမှု မဟုတ်ဘဲ နိုင်ငံတခုအတွက် ဆုံးရှုံးမှု ဖြစ်လားရသည် ။ ၉-၉-၂၀၁၁- နိစွဲဖြင့် ထုတ်ပြန်ရေ ကော်မရှင်၏ ဆုံးဖြတ်ချက်ကို ကြည့်က ပုဒ်မ( ၅၉ ) တွင် ပြဋ္ဌန်းထား၍ ထောင်ဒစ် (၁ ) နှစ် ။ ကျပ်ငွေ တသိန်း ကျခံနိုင်သည်ဟု ဖေါ်ပြထားစော်ကို တွိ့ ရသည်။ ဆိုရကေယင် ရွီးကောက်ပွဲ ကန့် ကွက်လွှနှင့် ပတ်သက်၍ အရှုံးအနိုင်ကိုသာ ပြုလုပ်ခြင်းဖြိုက်သည်ဟု ကော်မရှင်က ကြီညာစော်ဖြိုက်သည် ။  
         ဆောင်းပါးရှင်းကိုကိုအောင် က ကော်မရှင်၏ ကြီးမားသော မေတ္တာရှင် ဂရုဏာရှင် ကြီး အဖြိုက် ကြော်ငြာဝင်လိုက်သေးသည်။ စင်စစ်အားဖြင့် ဦးအောင်ကျော်ဇံက ကန့် ကွက်လွှာရှုံးလျင် ဥပဒေအတိုင်း ထောင်ဒဏ် တနှစ် နင့် ငွေသား တိတိ ကျပ်တသိန်းကို ပီးဆောင်ရဖို့  ဖြိုက်သည်။ ယေမှရာ စစ်မှန်ဗြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ဆီသို့  ဆိုသော ခေါင်းစဉ်ဖြင့် ရီးထားသော ကိုကိုအောင်၏ ဆောင်းပါးအတိုင်း မြန်မာနိုင်ံ၏ စနစ်မှာ မှန်ကန်နီဖို့  ဖြိုက်သည်။ အခုတော့ မောင် မင်းကြီးသား ပြန်လားလီဖိလို့ အချေတိပိုင် လက်ချေကွေးပနာ ပြောစရာ ဖြစ်နီပါသည်။ စင်စစ် ရခိုင်တိုင်း ရင်းသားတိုးတက်ရီးပါတီသည် နိုင်ငံရီးပါတီကြီး တရပ်ဖြစ်သည် ။ ယင်းနိုင်ငံရီးပါတီကြီး၏ လွှတ်တော် ကိုယ်စားလှယ်များသည် ရခိုင်လူထု၏ ရွီးချယ်တင်မြှောက်ထားသော ကိုယ်စားလှယ်တော် ကြီးများဖြိုက် သည်။ သူရို့ ဘားမှာ ရခိုင်လူထု၏ ဆုံးဖြတ်ချက်က ရခိုင်လူထု၏ ကံကြမ္မာကို ဖန်တီးပီးဖို့ သူများဟု ယုံကြည်ရင်းစွဲ ဟိကတ်သူများဖြိုက်သည်။ သူရို့ ၏ ကံကြမ္မာကို သူတို့  ဖန်တီးပိုင်ခွင့် ပီးရမေ ။ သူတို့ ဖန်တီးကတ်သည်ကို ဇါသူတယောက်ကမျှ ကြားမှနီပနာ ၀င်ရောက်စွက်ဖက်စရာမလို ။ မောင်ဖြူကို မဲတသိန်းပီးကေယင် မောင်ဖြူမှာ လူထုထောက်ခံမှုအများကြီး ရထားစော်ဖြိုက်သည် ။ မောင်မဲမှာ လူထုထောက်ခံမှု မရကေပင် ယင်းမောင်မဲကို ဇါတခုချေမျှ အသိအမှတ် ပြုစရာမလိုပါမနား ။ 
      ယင်းလောက်ပင်ယင် ဂါမ-စည်းကမ်းကိုတောင်မျှ မသိနားမလည်သော ကော်မရှင်အဖွဲ့ ကို မည်သို့  မည်ပုံ စစ်မှန်ပနာ စည်းကမ်းပြည့်ဝသော စနစ်ကို ဖေါ်ဆောင်နီသည့်  အစိုးရ၏ ကော်မီတီကောင်းတရပ် လို့  ပြော၍ ရပါဖို့ လေး ။ စင်စစ်ပြောရလျှင် ကော်မရှင်သည် ကြံ့ဖွ့ံပါတီ၏ လက်ကိုင်တုတ် လူမိုက်ရမ်းကား အဖွဲ့ တဖွဲ့ သာသာဖြိုက်သည်။ စိုင်းစားညာဏ် မဲ့ ပနာ ဥဏှောက်ထုံထိုင်းသော အသိညဏ်ခေါင်းပါးသူများဖြင့် ဖွဲ့ စည်းထားခြင်းရာဖြိုက်သည်။ ကြံ့ဖွံ့ပါတီမှာ အခုအချိန်တွင် အနိုင်နှင့် အပိုင်းဖြတ်ထားခြင်းဖြိုက်သည်။ လိုင်ပင်းပြတ်လုမတတ် ဓါးတုံးတုံးနင့် လှီးဖြတ်ခြင်း ခံနီရသော လူထုခေါင်းဆောင် ဦးအောင်ကျော်ဇံအား ထိကပါး ရိကပါး ပြောစရာမလိုလို့ ထင်သည်။
      ကျင်းပ နီသော ပြည်သူ့လွှတ်တော်တွင် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှ လွှတ်တော် ကိုယ်စားလှယ် အမတ် မင်းများက သမတဦးသိန်းစိန် ဦးဆောင်သော ရုပ်သီးအစိုးရလွှတ်တော်တွင် ညီလာခံတက်ရောက်နီသည်။ ယင်းညီလာခံတက်ရောက်နီသာ ရခိုင်တိုင်းရင်းသား တိုတက်ရေးပါတီကို အားမနာပ စော်ကားမော်ကား ရီးသားဖြန့် ဝေခြင်းမှာ ဥပဒေမဲ့ ကျလွန်းသည် ။ မိမိရို့ ၏ ယုံကြည်ချက်နှင့် ထင်မြင်ချက်များ ကို ဖေါ်ပြနိုင်သော နိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ အခန်း( ၈ ) ၏ နိုင်ငံသား ၊ နိုင်ငံသားများ၏ မူလအခွင့်အရီးနှင့် တာဝန်များ ခေါင်းစိုင်အောက်ရှိ ပုဒ်မ -၃၅၄- တွင် ဖေါ်ပြထားသည်ကို ကြည့်က သိသာနိုင်သည် ။
    ယင်းဥပဒေမှာ နိုင်ငံသားတိုင်းသည် လုံခြုံရီး၊ တရားဥပဒေစိုးမိုးရီး ။ ရပ်ရွာအေးချမ်း သာယာရီးသို့ မဟုတ် ပြည်သူတို့ ၏ ကိုယ်ကျိုး အလို့ ငှာ ပြဋ္ဌန်း ထားသည့် ဥပဒေများနှင့် မဆန့်  ကျင် လျှင် မိမိ ရို့ ၏ ယုံကြည်ချက် ၊ထင်မြင်ချက်များကို လွပ်လွပ်စော် ထုတ်ဖေါ်ခွင့် ရီးသားဖြန့် ဝီခွင့် ကို ပြဋ္ဌန်းထားသည်။ ဤဥပဒေအတိုင်းဆိုကေ ဆောင်းပါရီးသူ ကိုကိုအောင်မှာ တရားဥပဒေစိုးမိုးရီး၊ ရပ် ရွာအေးချမ်းသာယာရီး ဖျက်လိုဖျက်ဆီး ပြုလုပ်ဖန်တီး လိုက် စော် ဖြိုက် သည်။
     အခုဆိုကေ ရခိုင်ပြည် နယ် တွင် ဤဆောင်းပါးကြောင့် ကြွံ့ ဖွံ့ပါတီမှ လူပုဂ္ဂိုလ်များနင့် ရခိုင်လူထု များမှာ အထူးပင် ပဋိပက္ခဖြစ်လားကတ်ရသည် ။ တရားဥပဒေစိုးမိုးရီးကို ပျက်ပြားစီသော ဤဆောင်းပါးရှင် အား ဥပဒေအရ တရားစွဲဆိုရန် အထူးလို နေဗျန်ဖြိုက်သည်။ အီးချမ်းတည်ငြိမ် နီသော ပြသနာကို အရောင် ဆိုး ပနာ ပြု လုပ်လာသူမှာ ဆောင်းပါးရှင်ကိုကိုအောင်ရာဖြိုက် သည် ။ ဤကိစ္စကို ရခိုင်တိုင်းရင်းသာတိုး တက်ရီးပါတီမှ ဥပဒေမှာပြဋ္ဌန်းထားသည့်အတိုင်း တန်ပြန်ဆောင်ရွက်ရန်လိုသည်။ သု့ မှာသာ မစစ်မှန်ဘဲ စည်းကမ်းမဲ့  ရုပ်သေးအစိုးရ၏ ဒီမိုကရေစီ စနစ်မှာ ကောင်းမွန်တိုးတက်လာစရာ ရှိသည်ဟု ထင်သည်ဆိုက လွန်အံ့မထင်။။။။။။။

ခိုင်အောင်ကျော် ( နယူးယောက် )