Thursday, October 13, 2011

မလေးသျှားဟိ မြန်မာသံယုံးဟိမှာ ရခိုင်သားဆန္ဒပြ



မလေးသျှားဟိ မြန်မာသံယုံးဟိတွင် အေနိခါမိုးသောက်ဖက်(၁၀)ချက်တီလောက်က ဆန္ဒပြမှူ တစ်ခုပြုလုပ်ခ ဂတ်ပါရေ။ ဆန္ဒပြရခြင်းအဓိက ရီရွယ်ချက်က ရခိုင်ပြည်မှာ လုပ်နိန်ရေ ကျောက်ဖြူ ရီနက်ဆိပ်ကမ်းစီမံကိန်းရပ်တန့်ပီးရီး၊ Shwe Gas Project ဆက်ပြီးဂေမလုပ်ဖို့အတွက် ဆန္ဒပြ ရခြင်းဖြိုက်တေ။ ယင်းပိုင်ဆန္ဒပြစွာမှာ မလေးသျှားဟိရခိုင်သူ၊ရခိုင်သားအယောက် ၂၅၀ ကျော်လောက်ပါ ဝင်ခကတ်ပါရေလို့ သိရပါရေ။ ရခိုင်အဖွဲ့အစီးတိပိုင်  တိုင်းရင်းသားမဟာမိတ်အဖွဲ့အစီးများ (COBEM) ကပါ ပူးပေါင်းပါဝင်ခဂတ်ပါရေ။ အေနိန့်ခါလုပ်တေဆန္ဒပြပွဲမှာ

(၁)Shwe Gas Project အား အခုချက်ချင်းရပ်တန့်ပီးရီး

(၂)ကျောက်ဖြူရီနက်ဆိပ်ကမ်းစီမံကိန်းအားရပ်တန့်ပီးရီး



(၃)ရခိုင်ပြေမှာ လယ်ယာမြီအတင်းအားဒမ သိမ်းယူခြင်းမှရပ်တန့်ပီးရေး


(၄)ရခိုင်ပြေသူလူထုတိကို လူ့အခွင့်အရီး ချိုးဖောက်နိန်မှူမှရပ်တန့်ပီးရီးး

(၅)အရှင်ပညာစာရနှင့်ရခိုင်နိုင်ငံရီးအကျဉ်းသားများ အယင်ဆုံးလွတ်မြောက်ရီး

 စရေအချက်တိကို အလေးထားပနာတောင်းဆိုခဂတ်ပါရေ။ ဆန္ဒပြပွဲစော် မိုးသောက်ဖက် (၁၁)ကျော်လောက်မှာပြီးလားပါရေလတ်။ ယင်းပိုင် ဆန္ဒပြပွဲမှာပါဝင်ခရေ ကိုမျိုးကြီးကိုမီးမြန်းကြည့်ရေခါ ....ဖေသာဘီလီယံအများကြီးရနိန်ပါယင့်သင့်နန့် ရခိုင်လူထုအကျိုးစီးပွားကို တခုချေလေးမကြည့်၊ ရခိုင်သားတိမှာ အခုအချိန်ထိ အမှောင်ထဲမှာရာနိန်ရပါရေ ။ယပြီးဂေ ရခိုင်ပြေကို တရုတ်လက်ထဲရောင်းစားနိန်စော်ကိုလေး ရခိုင်သားတယောက်အနိန်နန့် အများကြီးဝမ်းနည်းမိပါရေ။ သိန်းစိန်(ပြောင်ကြီး)အစိုးရလက်ထက်မှာလေး အေအတိုင်းရာဆက်ပြီးရောင်းစားနိန်ဂေ ရခိုင်သားတိမှာ အေချင့်ထက်ဆင်းရဲတွင်းနက်ဖို့ရာ ဟိလီဖို့။ ရခိုင်သားတိအတွက် ဇာလောက်ထိ ရင်နာဖို့ကောင်းရေလေး။ မြစ်ဆုံရပ်ကေ ကျောက်ဖြူစီမံကိန်းပါရပ်ရပါဖို့။ လုံးဝ လုံးဝ ရပ်တန့်ရဖို့လို့ ပြောလားခပါရေ။

https://mail.google.com/mail/?ui=2&ik=7489d119ca&view=att&th=132fcde2bddaded6&attid=0.1&disp=inline&realattid=f_gtpm2qhr0&zw