Friday, June 10, 2011

အာရကန်နိုင်ဇေးချန်း (ARAKANIZATION)

YOU DREAM A DREAM You dream a dream That is so beautiful Every single night You dream a dream That comes true Every single night for you Aldo Kraas
   (တစ်)
    သမီးချေ... အယင်တစ်ရက်နိက အဘာအိပ်မက်တစ်ခုမက်တေ။ အိပ်မက်က ကကောင်းအံ့ဩဖို့ကောင်းရေကာသမီး။ ယပြီးကေ စိတ်ဝင်စားဖို့လေ့သော့ ကောင်းယင့်ထော။ အိပ်မက်က နိုးရေဆိုစွာနာင့် တချိန်းတည်း အဘာရေ.. သမီးကိုလားလို့ အတွက်ပေါ်ခီရေ။ ယင်းအိပ်မက်အကြောင်း သမီးကို ပြောပြချင်လို့လေ..။ ဟုတ်တေသမီး ဒေယှင့်ကို သမီးအနီနာင့် သိသင့်ရေလို့ထင်ရေ။ အိပ်မက်ကို အစအဆုံး နားထောင်ပြီးရေခါ သမီး.. အပေါ်မှာထားဟိန့်ရေ အဘာဧ့ စေတနာ၊ မျှော်လင့်ထားရေ ဆန္ဒအတိုင်းအတာနာင့် သမီးရို့ဘဝမှာ လုပ်ဆောင်လားရဖို့ တာဝန်တိကို ကွဲပြားယှင်းလင်းစွာ နားလည်သဘောပေါက်လာလိမ့်မေရာ။
         (နှစ်) 
        သမီးချေ... အိပ်မက်ထဲမှာ အဘာစွာ ရက္ခိုင့်တပ်မတော်က တပ်ဖွဲ့ဝင်ရက္ခိုင်စစ်သားတစ်ဦးဖြစ်နီရေ။ ယူနီဖောင်းကို အပြည့်အစုံဝတ်ဆင်လို့။ တိုက်ပွဲဝင်ဖို့အတွက် အသင့်အနီအထား။ တိုက်ရဲ ခိုက်ရဲ၊ သတ်ရဲ ဖြတ်ရဲ သီရဲရေ တော်လှန်ရီး ရဲဘော်တစ်ဦး၏ ထန်အပြည့်မာန်အပြည့်နာင့်ပျာယ်..။ ကာဘိုင်သနတ်တစ်လက်ကိုကိုင်လို့ ရှိတန်းနီမြီက စခန်းအပြင်ဖက်တစ်နီရာမှာ ကင်းလှည့်နီရေ။ အချိန်က သိုင်ခေါင်ကျော်ပျာယ်..။ လကွယ် ညည့်မှာတစ်ခါ မိုးမှောင်ကျနီလို့ တစ်ခုချေကိုလေ့သော့ အလှပလှမမြင်ရ။ တတီတတာ မိုက်နီရေ။ မိုးကလည်း တကြိမ်းကြိမ်းရွာလို့။ ချမ်းစိမ့်ရေ အအီးဒဏ်က အရိုးကိုထိ ဖောက်ပျာယ် သောင်းကျန်းရေ။ ငိုက်ပလိုက်ချင်ကေလေ့ မငိုက်အားနိုင်။ စခန်းလုံခြုံရီးနာင့် ရဲဘော် ရဲဘက်တိဧ့ အသက်အန္တရာယ်စွာ အဘာပါးမှာ မူတည်နီရေလေသမီး။ ယင်းအတွက်နာင့် ကင်းတာဝန်ကို သတိကြီးကြီးထားလို့ ထမ်းဆောင်နီရစွာ။ တစ်ရက်နိခါ အဘာရို့စစ်ကြောင်း စစ်ဆင်ရီးထွက်ကတ်တေ။ မြစ်ကိုဖြတ်လို့ တောင်ကိုကျော်။ တပြင်သန်းလို့ တစ်တောလှမ်းပျာယ် ခက်ခဲကြမ်းတမ်းရေ လမ်းခရီးကို ချီတက်ကတ်ရရေသမီး။ ရန်သူတပ်တိနာင့်တွိလို့ ရင်ဆိုင်တိုက်ပွဲပေါင်း မရီမတွက်နိုင်ယောင် ဖြစ်ကတ်တေ။ ကျည်ဆန်တိက ခေါင်းနားတစ်ဝိုက်မှာ ချွန်ပျာယ်လားနီရေ။ အဘာရို့နာင့်အပါးချေမှာ မိုင်းကွဲသံတိက ဆူညံလို့။ ထမင်းက ဇာနှထပ်ငတ်ပျာယ်.. ဇာနှညည့်က အိပ်ရီးပျက်ခလေဆိုစွာ မပြောတတ်ပျာယ်သမီး။ ယေကေလေ့ အဘာရို့စိတ်မပျက်။ အားမလျော့။ ကျဆုံးလားကတ်တေ ရန်သူအလောင်းတိက တောင်ပိုင်ပုံနီရေ။ ပြောမယုံ ကြုံဖူးမှ သိစွာရာမနား သမီးလေ။ ရန်သူနယ်မြီတိ ရန်သူစခန်းတိကို တစ်ခုပြီးကေတစ်ခု သိမ်းပိုက်နိုင်လိုက်ကတ်တေ။ ရန်သူ့လက်နက်တိ သိမ်းလို့ရစွာကလေ့ အများကြီး။ နောက်ဆုံးမှာတော့ကေ အဘာရို့မျှော်မှန်းရေအတိုင်း ရန်သူတိကို မောင်းထုတ်လိုက်နိုင်ပြီးကေ ရက္ခိုင်ပြည် အတွင်းပိုင်းကို အဘာရို့ စိုးမိုးထားလိုက်တေမနားယေ။ ပင်လယ်ပြင်ရီတပ်ကလေ့သော့ ယင်းနိမှာပင် မော်တင်စွန်းတစ်ဝိုက်ကို သိမ်းပိုက်ထားပျာယ်လတ်ထော။ 
      ယင်းပိုင်နာင့်ပင် အဘာရို့တော်လှန်ရီး အောင်မြင်မှုအဟုန်က တဆတ်ဆတ်မြင့်တက်ပါလတ်တေ။ ရန်သူဗမာနယ်ချဲ့ရို့ဧ့ ကိုလိုနီအုပ်ချုပ်ရီး ကျွန်ပြုစနစ်အောက်မှာ မနီနိုင်လို့ ရပ်ဝီးမြီခြားကို ထွက်ခွာလားခကတ်တေရက္ခိုင်သားတိ ရက္ခိုင်သမတိစွာ ကမ္ဘာ့နီရာ အနံ့အပြားက စုရူံးရောက်ဟိန့်လာစွာကလေ့ အားတက်စရာကောင်းယင့်။ တော်လှန်ရီး မျိုးချစ် ရဲဘော်၊ ရဲမေဘဝကို ခံယူပနာ တပ်မတော်ထဲကို နိစိုဉ်ဝင်လာကတ်တေ။ အကြောင်းအမျိုးမျိုးကြောင့် ရန်သူစစ်တပ်ထဲကို သိန်းချီလို့ရောက်ဟိန့်လားရေ ရက္ခိုင်စစ်သားတိစွာ ရဲဘော်၊ အရာယှိကအစ တစ်ယောက်မကျန် အားလုံးသူ ရက္ခိုင့်တပ်မတော်ထဲကို ဝင်ရောက်လို့ အမျိုးသားရီးတာဝန်ကို သစ္စာဟိန့်ဟိန့် ထမ်းရွက်လာရေခါ ရန်သူရေ မျက်ဖြူဆိုက်ကိန်းကျရေကာသမီး။ ပြည်သူလူထုတိ အမျိုးသားတော်လှန်ရီးစိတ်ဓါတ် ထက်သန်မြင့်မားလာစွာကလေ့ ကြောက်ကောင်းထမန်း။ ပေတံကိုင်ခရေလက်က သနတ်ကို ပြောင်းကိုင်ရေ။ မြေဖြူကိုင်ရေလက်တိက လက်ပစ်ဗုံးကို ကိုင်လာရေ။ သပိတ်ကိုင်ခရေလက်တိက လက်နက်ကြီးကို ကိုင်လို့။ တရားဟော ပလ္လင်ထက်မှာ ဒါနကထာမကြားရပျာယ်။ ဇာဆရာတော်က ဇာတရားကိုပင်ဟောဟော။ ရက္ခိုင်ပြည် တနံတလျားမှာ တော်လှန်ရီးတရားတိဂျီးယာယ် ဖုံးလွှမ်းနီလီယင့်။ 
         လက်နက်နာင့် ကျွန်ပြုအုပ်ချုပ်တေ ရန်သူကို ပစပ်နာင့် မောင်းထုတ်လို့မရ။ လက်နက်နာင့် တန်ပြန်တိုက်ခိုက်ရဖို့။ ကိုယ်ရို့လွတ်လပ်ရီးစွာ လူများပါးက တောင်းလို့မရ။ ကိုယ်ရို့တိကိုယ်တိုင် တည်ဆောက်ယူရဖို့ဆိုစွာကို ရခိုင်တစ်မျိုးသားလုံး နားလည်လက်ခံ သဘောပေါက်လတ်တေခါ ပုံစံအမျိုးမျိုးနာင့် ရပ်တည်နီခကတ်တေ အမျိုးသားရီး အင်အားစုတိလေ့သော့ တပ်မတော်ဧ့ အောင်လံတော်တစ်ခုတည်းအောက်မှာ အမြင်မှန်နာင့် စုစည်းပေါင်းစပ်လာကတ်လို့ ချီတက်တေလမ်းခရီးမှာ ညီညီညာညာ အဆင်ပြေ အောင်မြင်ခရရေ။ မျိုးချစ်စိတ်မာန်ြံကီးရေ ရက္ခိုင်သားရို့ဧ့ သွီးစည်းညီညွတ်မှုကို ရန်သူဗမာနယ်ချဲ့တိ ကောင်းကောင်းကြီးကြောက်လားပုံရရေ ထင်ယင့်သမီး..။ ရက္ခိုင်ပြည်မှာ ရက္ခိုင်စကားမပြောတတ်တေလူ အကောင်ပျောက်လားရစွာပျာယ်။ ရက္ခိုင်ပြည်သူပြည်သားအားလုံးသူလက်ထဲမှာ ဗုံးတစ်လုံးမဟုတ်ကေ လက်နက်တစ်ခုတော့ခါ အဆင်သင့်ဟိန့်နီကတ်တေ။ သက်၊ ခမီး၊ ဒိုင်းနက်၊ မြို၊ ကမန်၊ မရာမာကြီး စရေ့  ရက္ခိုင်မျိုးနွယ်တိုင်းရင်းသားတိဧ့ လွတ်လပ်ရီးသွီးဆာလာစွာကလေ့သော့ ရန်သူဗမာရို့ကို ကြောက်ဒူးတုန်စီရေ၊ တိုက်ပွဲတိက ဟြှိတန်းမှာဂျေးဖြစ်နီစော်မျိုးမဟုတ်။မြို့တွင်းမှာ၊ရွာတွင်းမှာ၊ဈီးထဲမှာ၊သင်္ဘောဆိပ်မှာ၊ဘုတ်ဆိပ်၊ပုဇွန်တာမှာ၊ဇင်းခါမှာ၊နီရာတကာမှာ နိန့်စိုင်နာင့်အမျှပျာယ်။ နောက်ဆုံးမှာတော့ကေ ရန်သူဗမာနေချဲ့တိဆားမရ ရီမရဘဲ ခွီးပြီးဝက်ပြီး ယှောင်တုတ်လခကတ်လီယင့်။ ရက္ခိုင်ပြည်ကိုနောက်ထပ်ကျူးကျော်ရန်စလာဖို့ရာဆိုကေ ဇာသူပင်ဖြစ်နီပတ်စီ သူရို့လက်ချောင်းတိကို စစ်သွီးဆာနီရေရက္ခိုင်စစ်သားတိက ဖြတ်တောက်ပစ်ဖို့စော်ပျာယ်။ တော်လှန်ရီးကြီး ကျီလားခကေလေ့ အဘာရို့တာဝန်တိက မပြီးသိသမီး။
      (သုံး) 
     သမီးချေ
     ယင်းနိက ဇန်န၀ါရီလ တစ်ရက်။လပြည့်နိန့်။သန်းနာင့်ချီလို့ ရောက်ဟိန့်နီရေ ရက္ခိုင်ပြည်သူရို့ဟြိမှာလွတ်လပ်တေ ရက္ခိုင့်အမျိုးသားသမ္မတနိုင်ငံတော်သစ်ဧ့ လွတ်လပ်ရီးကြေငြာစာတမ်းကို ဖတ်ကြားရေ။ ပထမဦးဆုံးသော လွတ်လပ်ရီးနိ အခမ်းအနားက စည်လိုက်တေပင်ဝေ..။ အခမ်းအနားတက်လာကတ်တေ ပြည်သူတိခမာ ဗဟိုရ်စည်တီးသံကြားရေဆိုစွာနာင့် မျက်ဝန်းထဲမှာ မျက်ရည်တိ သီဥလာကတ်တေ။ ”လွတ်လပ်ရွှီပြည်” ရတုကို စလို့ဆိုလိုက်တေခါ မျက်ရည်တိ စီးဆင်းလားလီကတ်ယင့်။ အားလုံးသူက ငြိမ်သက်ပနာ။ နိုင်ငံတော် သီခြင်းကိုလေ့ ပြိုင်တူဆိုလို့အပြီး အခမ်းအနားတစ်ခုလုံးစွာ ပြည်သူရို့ဧ့ အားရပါးရ ငိုကြွီးသံတိနာင့် ဖုံးလားလီရေ။ ယပြီးကေ တစ်ယောက်ကိုတစ်ယောက် လက်ချင်းယှက်ပနာ တင်းပါချိယောင် ဖက်ထားလိုက်ကတ်စွာပျာယ်။ ဒေမြင်ကွင်းကို အဘာရေ ပီတိအဟိန်ကြောင့် ရွာသွန်းနီရေ မျက်ရည်မိုးစက်တိကြားကနီလို့ အကြာကြီးမြင်လိုက်ရရေသမီး။ နိုင်ငံတကာ သမ္မတကြီးတိပါးက အသိအမှတ်ပြုကြောင်း စာချွန်လွှာတိနာင့် ဝန်ကြီးချုပ်တိပါးက ဝမ်းမြောက်ကြောင်းသဝဏ်လွှာတိလေ့ မကန့်မကန် ပီးပို့ရောက်ဟိန့်လာရေ။ စာနာထောက်ထားရီး အကူအညီတိကိုလေ့သော့ အများကြီးပံ့ပို့ပီးကတ်တေ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုယ်တိုင် လွတ်လပ်ရီးအခမ်းအနားကို တက်ရောက်အားပီးရေသမီး။ ကမ္ဘာမီဒီယာတိထက်မှာ အာရကန်ဆိုစွာ တစ်ကန်တည်းဖြစ်နီရေပိုင် ရက္ခိုင်ဆိုစွာလေ့သော့ တစ်ခိုင်တည်းရာဟိန့်နီရေ။ ခေါင်းကြီးပိုင်းသတင်းဟူသရွိ ရက္ခိုင်ပြည်နာင့် လွတ်လပ်ရီးဂျီးပျာယ်။ ယင်းနိမှာပျာယ်သမီး ။ အဘာရိုရက္ခိုင့်အမျိုးသား သမ္မတနိုင်တော်စွာရေ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးဧ့ အဖွဲ့ဝင်နိုင်ငံဖြစ်လတ်တေ။ အာဆီယံအသင်းကလေ့သော့ ဝမ်းပမ်းတသာနာင့် ဆီးကြိုနူတ်ဆက်အားပီးယင့်ထော။ အဘာရို့နိုင်ငံတော်ဧ့ လွတ်လပ်ရီးခေါင်းဆောင်ကြီးကိုလေ့သော့ ကမ္ဘာငြိမ်းချမ်းရီး နိုဘယ်ဆုကြီးကို ထိုက်ထိုက်တန်တန်ချီးမြှင့်လိုက်ကတ်တေ။
         နှစ်ပေါင်း (၂၀၀)ကျော် ကျွန်ပြုအုပ်ချုပ် ဂုတ်သွီးစုတ်လားခရေ ရန်သူဗမာတိုင်းပြည်ပါးက စစ်လျော်ကြေးအဖြစ် အမေရိကန်ဒေါ်လာ (၁၁၇)ဘီလီယံကို အဘာရို့နိုင်ငံပါးသို့ ပီးဆောင်ရရေ။ ကမ္ဘာကုလသမဂ္ဂနာင့် အာဆီယံရို့ဧ့ ကြားဝင်စိစပ်ပီးမှုကြောင့် မဟာမြတ်မုနိဘုရားကြီး၊ ဇလွန်ပြည်တော်ပြန်ဘုရားကြီး၊ ရွှေဘုံသာမုနိဘုရားကြီးရို့ကို ပြန်လည်ပင့်ဆောင်ခွင့်ရရေပိုင် မင်းကွန်းခေါင်းလောင်းကြီးကိုလေ့သော့ ပြန်လို့ ပို့ပီးစီခရေ.။ (၁၁၄၆)ခုနှစ်က ယူလားခကတ်တေ အမျိုးသားပိုင်ပစ္စည်းတိ၊ ရက္ခဝဏ္ဏအက္ခရာနာင့် ရီးသားထားရေ ရက္ခိုင်ပီစောင်တိအားလုံးကို စာရင်းနာင့်တကွ ပြန်ရစွာယေ... ဝမ်းသာလို့မဆုံး။ ယင်းပိုင်ပျာယ်။ အင်္ဂလန်၊ ပြင်သစ်၊ အမေရိကန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေခ်ျ၊ ပေါ်တူဂီ၊ ထိုင်း၊ သီရိလင်္ကာ၊ စပိန် စရေ နိုင်ငံအသီးသီးရို့က ပြတိုက်အမျိုးမျိုးမှာ ပြန့်ကြင်းနီရေ ရက္ခိုင်ရို့ဧ့ ကျောက်စာ၊ ပီစာ၊ ကြီးပြားစာ၊ ဒင်္ဂါး၊ ခေါင်းလောင်း၊ နာင့် ဟြှိဟောင်းအမွီအနှစ်ပစ္စည်းတိကိုလေ့သော့ ယူနပ်စ်ကိုဧ့ အကူအညီနာင့် မူရင်းဒေသအဖရက္ခိုင်နိုင်ငံတော်သို့ ပြန်လို့ ပို့ပီးလိုက်ကတ်တေ။ ကကောင်းကြီး ဝမ်းမြောက်ဝမ်းသာ မုဒိတာပွားစရာ ကိစ္စတစ်ခုလေ့ ဟိန့်သိရေသမီး။ နယ်ချဲ့ရို့ဧ့ ကျွန်ပြုအုပ်ချုပ်ရီးစနစ်မှာ ပုံစံအမျိုးမျိုးကို အသုံးပြုခကတ်တေမနား။ အဘာရို့ နိုင်ငံတော်ကို ကျွန်သက်ဟြှည်ကြာလီယောင် နည်းလမ်းပေါင်းစုံနာင့် ပြုလုပ်တေနီရာမှာ နိုင်ငံရီးအရ လူတစ်စုကို အသုံးချခစွာ သမီးလေ့သိဖို့ရာ။ ယင်းလူတိကို အဘာရို့နိုင်ငံတွင်းမှာ မတရားသဖြင့် နီထိုင်ခွင့်ပြုပျာယ် ပြဿနာမီးစတိကို ဖန်တီးဖြစ်ပေါ်စီခရေ။ တန်ပြန်တော်လှန်ဖို့ အချိန်မရယောာင် အဘာရို့ကို သူရို့တိနာင့် ရန်တိုက်ပီးရေ။ လွတ်လပ်ရီးရပြီးရေခါ ယင်းလူတစ်စုစွာ ကိုလိုနီဝါဒဧ့ ဆိုးမွီတစ်ခုအဖြစ် အဘာရို့နိုင်ငံတော်မှာ ဖောင်တင်ကျန်လိုက်တေ။ ပဲလှော်ကြားမှာ ဆားညှပ်တေပိုင် ဗမာနယ်ချဲ့ဧ့ ကျွန်ပြုစနစ်အောက်မှာ အသုံးချဓါးစားခံဖြစ်ခရရေ သူရို့ဘဝတိက သနားကောင်းထမန်း ဒုက္ခသည်တိဖြစ်နီစွာတော့ခါ အမှန်ပျာယ်သမီး..။ယေလေ့သော့ရေ သမိုင်းကိုလိမ်လို့ကမရ။ နှစ်ပေါင်းနှစ်ရာကျော် သက်တမ်းကာလတစ်လျှောက် ဖြစ်ပျက်နီခရေကိစ္စအရပ်ရပ်မှာ အဘာရို့ဧ့ ပယောဂတစ်ခုချေလေ့သော့မပါခ။ အဲ....လွတ်လပ်ရီးရပြီး နောက်ပိုင်း နိုင်ငံ့အရီးတိရာ အဘာရို့ဧ့ တရားဝင်ဖြေယှင်းစရာ ကိစ္စတိဖြစ်တေ။ ဒေဖြစ်ရပ်ကို ကိုင်တွယ်ရေနီရာမှာ ကမ္ဘာကြီးဧ့ သမာသမတ်ဟိန့်စွာ ရပ်တည်ပီးမှုက အဓိကကျခရေသမီး။ အဘာရို့နိုင်ငံနာင့် လူမျိုးဧ့ အမျိုးသားဂုဏ်သိက္ခာကို လေးစားမှု၊ ဖြတ်သန်းလျှောက်လှမ်းခရရေ သမိုင်းခရီးကို စာနာနားလည်တန်ဖိုးထားမှု။ တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးဧ့ ပြတ်သားစွာ့ရပ်တည်မှု၊ ဒုက္ခသည်တိကိုယ်တိုင်ကလေ့ သူရို့ဘဝကို သူရို့ကိုယ်တိုင် သိမြင်နားလည်လက်ခံလာမှုရို့ကြောင့် မူရင်းနီထိုင်ခရာ ဒေသကို သူရို့ ပြန်လားလီကတ်တေ။ သူရို့ဒေသက ဆွေမျိုးတိလေ့ ဝမ်းမြောက်ဝမ်းသာ လက်ကမ်းကြိုဆိုခလီယင့်။
      ကမ္ဘာတစ်ဝှမ်းမှာ လူသာားချင်းစာနာထောက်ထားရီး လက်ခုပ်သံတိက တဖြောင်းဖြေင်း မြည်နီလီရေ။ လွတ်လပ်ပြီးစ ရက္ခိုင်နိုင်ငံတော်ဧ့ မိုးကောင်းကင်မှာ တိမ်မည်းတိမ်ပုတ် တိမ်းဆိုးတိမ်ယုတ်တိ ကင်းယှင်းလားပျာယ်ပသမီး။  
         (လေး) 
    သမီးချေ.... 
                 ကျွန်ဘဝက လွတ်မြောက်ခြင်းဧ့ အရသာစွာ ဇာနာင့်လေ့ နှိုင်းဆလို့ရနို    မ်းသာယာပြီးကေ ခေတ်မီဖွံ့ဖြိုးတိုးတက်တေ ရက္ခိုင့်အမျိုးသား သမ္မတနိုင်ငံတော်ကြီးကို တည်ဆောက်နိုင်ဖို့ရာအတွက် ရက္ခိုင်အစိုးရသစ်စွာရေ အာရက္ခပူရမြို့တော်မှာ ရုံးစိုက်တေ။ ဒေမြို့တော်ရေ ရက္ခိုင့်လွတ်လပ်ရီးနာင့်တတူ ပေါက်ဖွားလတ်စွာ။ နိုင်ငံတော်ဧ့ အရှိ၊အနောက်၊ တောင်၊မြောက်ဆုံရာ အလယ်တည့်တည့်အရပ်မှာ အာရက္ခပူရမြို့တော်တည်ဟိန့်ရေ။ ကမ္ဘာမှာဟိန့်သရွီ တခြားသော မြို့တော်ကြီးတိနာင့်မတူဘဲ ရက္ခိုင့်အနံ့အသက် ထုံမွှမ်းပနာ ခေတ်အမီဆုံး ဗိသုကာဒီဇိုင်းတိနာင့် ထူးခြားလှပစည်ကားရေ မြို့တော်ကြီးပ။
                           အမျိုးမျိုးသော သဘာဝဘီးဒဏ်ရို့က လွတ်ကင်းယောင်မြို့တော်ကို တည်ဆောက်
ထားပုံက  ခေတ်ဟြှိကိုပြီးလို့နီရေ။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတိစွာ ဒေမြို့တော်ဧ့ ဂေဟဗေဒစနစ်ကို အထူးပြုလေ့လာကတ်ရရေ။ တောင်ဖက်အကျဆုံး မော်တင်စွန်းကနီပနာ မြောက်ဖက်အကျဆုံး စစ်တကောင်းတောင်တန်းအထိ နိုင်ငံတော်အတွင်း မှီတင်းနီထိုင်ကတ်တေ အစိုးရဝန်ထမ်း၊ ကုမ္မဏီဝန်ထမ်း၊ တက္ကသိုလ်ကျောင်းသားတိနာင့် ပြည်သူလူထုရို့စွာ ဒေမြို့တော်ကို နာရီပိုင်းအတွင်းလာရောက်ပြီးကေ ရက်ချင်းပြန် လားနီကတ်လီယင့်။ မြို့တော်ကြီးဧ့ အလယ်တည့်တည့်အရပ်က ကမ္ဘာ့အကြီးကျယ်ဆုံး “ဆယ်သန်း”ပုထိုးတော်ကြီးမှာ ထေရဝါဒဗုဒ္ဓကမ္ဘာဧ့ အခမ်းနားဆုံး သဂ်ါယနာတင်ပွဲကြီး ကျင်းပပြုလုပ်ပျာယ် ကြိုးတန်းပိဋကတ်တော်ကို သန့်စင်ခရေသမီး။ အဂုအခါမှာတော့ ဒေပိဋကတ်တော်ရေ ကမ္ဘာမှာ လူကြိုက်အများဆုံးနာင့် ပုံအနှိပ်ရဆုံးဖြစ်နီပျာယ်။ အာရက္ခပူရ အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်ကြီးက မြို့တော်အရှိဖက်မှာ ထည်ဝါခမ်းညားစွာနာင့်။ နိုင်ငံတကာပါမောက္ခကြီးတိ၊ တက္ကသိုလ်ကျောင်းသားကျောင်းသူတိ စိတ်အဝင်စားဆုံး ပညာဗိမာန်တစ်ခုအဖြစ် ကမ္ဘာမှာနာမေကြီးရေ။ ဒေတက္ကသိုလ်ကြီးမှာ ပညာရပ်နယ်ပယ်အစုံကို အဆုံးစွန်ထိ သင်ယူနိုင်ပြီးကေ စကြာဝဠာအလွန်နာင့် နာမ်ဝိညဉ်လောကကိုပါ အတွင်းကျကျ သုတေသနလုပ်နိုင်ရေလတ် သမီး။ 
        ကမ္ဘာမှာ အသန့်ယှင်းဆုံးပန်းခြံက မြို့တော်မြောက်ဖက်မှာဟိန့်ရေ။ ရက္ခိုင်နိုင်ငံသူ နိုင်ငံသားတိစွာ အပူသောကတိ ကင်းဝီးပနာ ကြည်လင်ရွှင်ပြစွာနာင့် ဒေပန်းခြံကြီးမှာ အညောင်းဖြေကတ်တေ။ အဘာအမင်ရို့နာင့် သားချေသမီးချေတိ။ အဖိုးသျှင်အဘောင်သျှင်ရို့်နာင့် မြီးချေမြစ်ချေတိ။ သူငယ်ချင်းအပေါင်းအသင်းရို့နာင့် ချစ်သူစုံတွဲတိ လွတ်လပ်ရီးဧ့ အရသာကို ခံစားနီရေ မြင်ကွင်းတိက ကကောင်းကြီး ပီတိဖြစ်စရာ။ ကမ္ဘာ့အကြီးဆုံး ဝါးတောကြီးဖြစ်တေ ရက္ခိုင်ရိုးမဧ့ တောင်ခြီအောက်မှာ လေးမြို့ချောင်းစက္ကူစက့်ရုံတည်ဟိန့်ရေသမီး။ ဒေစက်ရုံစွာ ကမ္ဘာ့အကြီးဆုံးစက်ရုံးကြီးဖြစ်ပြီးကေ နောက်ဆုံးပေါ် အကောင်းစားစက္ကူတိကို ထုတ်လုပ်ပီးရာနီရာဆိုကေလေ့ မမှားပျာယ်။ ကမ္ဘာကြီးဧ့ စက္ကူဈီးကွက်တစ်ခုလုံးကို ဒေစက်ရုံကြီးက ထိန်းချုပ်ထားစွာယှင့်။ ဟိုတယ်နာင့် ခရီးလားလုပ်ငန်းကလေ့သော့ အဘာရို့နိုင်ငံတော် ဖွံဖြိုးရီးကို တစ်ဖက်တစ်လမ်းက ထောက်ကူပြုပီးပြန်ရေ။ ဓညဝတီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦး မြို့တော်ဟောင်းတိနာင့် သမိုင်းဝင်အမွီအနှစ်တိ၊ သဘာဝရင်းမြစ်တိပွားကြွယ်ရေ အဘာရို့နိုင်ငံတော်ကို ကမ္ဘာ့လှည့်ခရီးသည်တိ ဝင်ထွက်နီကတ်စွာ သျှစ်သောင်းက နတ်ရုပ်လောက်များယင့်။ ရက္ခိုင်ရိုးမက ဆင်ထိန်းသိမ်းရေးစခန်း၊ ကျားထိန်းသိမ်းရေးစခန်းရို့မှာ၊ မြို့တော်ဟောင်းတိမှာ ချောင်းသာ၊ ငပလီ၊ ပွိုင့် ပင်လယ်ကမ်းစပ်ရို့မှာ၊ ကမ္ဘာ့အကြီးဆုံး သဘာဝဖြားရီရောက် သစ်တောကြိုးဝိုင်ဝမ်ဖိုက်မှာ ဘုတ်ချေတိစီးယင်း ငါးနီတူကျော်ကိုစားပျာယ် အပျော်လားနီကတ်စွာတိကိုရာ သမီးမြင်ရလီဖို့ဆိုကေ ရင်ထဲမှာ ဇာပိုင်ခံစားရဖို့လဲယေ...။ 
          ရီနံနာင့် သဘာဝဓါတ်ငွိတူဖော်ထုတ်လုပ် တင်ပို့ရောင်းချမှုက တစ်နှစ်မှာ အမေရိကန်ဒေါ်လာ ဘီလီယံနာင့်ချီလို့ဝင်ရေပိုင် နီပူတောင်ကျောက်ထုတ်လုပ်ရေးစက်ရုံက ကျောက်ပြားတိလေ့သော့ ကမ္ဘာ့အကောင်းဆုံးဈီးကွက်ဝင်ဖြစ်လတ်တေ။ စိုင်းဒင်ရီးအားလျှပ်စစ်စက်ရုံက ဓါတ်အားတိကို ပြည်တွင်းမှာ သုံးမကုန်လို့ ပြည်ပကိုပါရောင်းရသိမ့်ရေ။ အမြင့်မားဆုံးသော ကျန်းမာရေးဝန်ဆောင်မှုပီးနိုင်ရေအတွက် စင်္ကာပူရို့ပိုင် နိုင်ငံတိက သည်းခြီအစားထိုးကုသမှုနာင့် စိတ်ကင်ဆာရောဂါတိကို ကုသမှုခံယူဖို့ တကူးတကလာကတ်တေသမီး။ တစ်နိတစ်ခြား ကမ္ဘာရီးရာအခြီအနီတိပြောင်းလဲလာရေ။ ကမ္ဘာကြီးဧ့ ဖွံ့ဖြိုးတိုးတက်မှုက အနောက်ကနီ အရှိကိုရောက်လတ်တေခါ အာရှပြန်လည်ထွန်းသစ်ကိန်းပြန်လည်ဆိုက်ရောက်လာပျာယ်မနားယေ။ တရုတ်နာင့် အိန္ဒိယရို့အားပြိုင်မှုနောက်ကို အေ    နာက်ကမ္ဘာက အမီလိုက်ယင်းနာင့် အိန္ဒိယသမုဒ္ဓရာကို ပစ်မှတ်ထားလာကတ်တေ။ ယင်းပိုင်နာင့် ရခိုင်ကမ်းရိုးတန်းစွာရေ နှစ်ဆယ့်တစ်ရာစုကမ္ဘာကြီးဧ့ မဟာဗျူဟာမြောက် ဒေသတစ်ခုအဖြစ်ကိုရောက်လာလီရေသမီး။ ဒေယှင့်ရေ အဘာရို့အတွက် အခွင့်ကောင်းတစ်ခုဖြစ်တေပိုင် စိန်ခေါ်မှုတစ်ခုလေ့ ဖြစ်တေမဟုတ်လား။ သမိုင်းတစ်ပတ်လည်ပတ်မှုအရ ကိုယ့်လက်တွင်းကို ရောက်ဟိန့်လာရေ အခွင့်အရီးကို အဘာရို့နိုင်ငံတော်က ကောင်းကောင်းအသုံးချနိုင်ခယင့်။ အကျိုးဆက်အဖြစ် ကမ္ဘာ့အကြီးဆုံးသင်္ဘောကျင်းကြီးနာင့် ကမ္ဘာ့အကောင်းဆုံး လီယိုဉ်ကွင်းသစ်တိ အဘာရို့နိုင်ငံမှာ ပေါ်ထွန်းလတ်တေ။ ကမ္ဘာမှာ အယင်ဆုံး ဒုံးကျည်ရထားကို ရက္ခိုင်နိုင်ငံတော်မှာ ပထမဆုံး စတင်အသုံးပြုရေနိခါ လူတိပစပ်ဟောင်းလောင်းနာင့်ကြည့်နီလီယင့်။ ဆီလီကွန်တောင်ကြားက နည်းပညာတော်လှန်ရီးငေါင်းလားပြီးကေ လခြမ်းမြီမှာ ဇီဝဈီးပွါးထွန်းကားလာလီရေ။ ကမ္ဘာတစ်ဝန်းက ဘိဇနပ်သမားတိ၊ နိုင်ငံစုံကော်ပိုရီးချန်းကြီးတိ ကုမ္ပဏီကြီးတိ အာရက္ခပူရမှာ အခြီစိုက်လာကတ်ရရေ။ ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီကြီးနာင့် ကမ္ဘာ့အကြီးဆုံး ဟိုတယ်ပိုင်သျှင်စွာ အာရက္ခပူရမြို့်တော်သားဖြစ်လာပြီးကေ ကမ္ဘာ့အချမ်းသာဆုံး လူသားဘွဲ့ကို ပိုင်ဆိုင်နိုင်ခပျာယ်သမီး။ ရက္ခိုင်နိုင်ငံတော်ဧ့ သမ္မတနန်းတော်ကို ရွှီကွပ်ထားရေ။ ရက္ခိုင်ဘာသာစကားစွာရေ `ရုံးသုံးဘာသာစကားဖြစ်ပြီးကေ နိုင်ငံတော်ဧ့ဥပဒေအရ အသုံးပြုခွင့်ဟိန့်ရေ တစ်ခုတည်းသောဘာသာစကားဖြစ်တေ။ နိုင်ငံတကာ သံတမန်ရီးရာမှာလေ့ ရက္ခိုင်စကားနာင့် ရက္ခိုင်စာကိုရာ အသုံးပြုခွင့်ဟိန့်ရေသမီး။ မသင်မနီရ အခမဲ့ပညာရီးစနစ်ကို နိုင်ငံတော်မှာ တရားဝင်ပြဋ္ဌာန်းထားရေ။ ကျန်းမာရီးစောင့်ရှောင်မှုမှာလေ့သော့ အိုးပန်းဖွင့်ထားစွာပျာယ်။ အလကားဆီးကုသမှုအပြည့်အဝကို ပြည်သူတိရဟိန့်ကတ်တေ။ လမ်းဘေးမှာ ဗျက်ကိုင်ပနာ မိတ္တာရပ်တေလူ တစ်ယောက်လေ့မဟိန့်။ အသက် ဆယ့်ရှစ်နှစ်ပြည့်လို့ အရွယ်ရောက်ပြီးရေ နိုင်ငံသားတိုင်း နိုင်ငံတော်ကာကွယ်ရီးမှာ စစ်မှုထမ်းဆောင်ကတ်ရရေ။ ခေတ်သစ်လှိုင်းစရာ စစ်တက္ကသိုလ်မှာ ရက္ခိုင်စစ်ကျမ်း ”ကာမန္တကီ” ကိုကြီညက်ယောင် သင်ယူစီရေသမီး။
           ဗြိတိန်ဘုရင်မ စစ်တက္ကသိုလ်နာင့် ဂျပန်၊ ကိုးရီးယား၊ တရုတ်၊ အိန္ဒိယ၊ အမေရိကန်၊ ပြင်သစ်၊ ရုရှားစရေ နိုင်ငံတိမှာလေ့ ယင်းကျမ်းကို သင်ယူကတ်တေဆိုယင့်။ အဘာရို့နိုင်ငံတော်အတွက် ကမ္ဘာ့အလယ်မှာ မျက်နှာပန်းလှ ဂုဏ်တက်စီရေ အချက်တစ်ခုလေ့ဟိန့်ပြန်သီးရေသမီး။ ယင်းယှင့်က ARC လို့ခေါ်ရေ ”အာရကန်နိုင်ဇေးချန်း” သုတေသန ကွင်ပေါင်းကို နိုင်ငံသားအသိပညာသျှင်၊ အတတ်ပညာသျှင်တိနာင့် စုပါင်းကျစ်လစ်စွာဖွဲ့စည်းထားရေ။ ဒေတိုင်သားတိက အမျိုးသားနိုင်ငံတော်အကျိုးပြု သုတေသနလုပ်ငန်းနာင့် စကြဝဠာနာင့် ကမ္ဘာငြိမ်းချမ်းရီးသုတေသနလုပ်ငန်းဆိုပနာ အပိုင်းကြီးနှစ်ခုခွဲပျာယ် လုပ်ဆောင်ရေလတ်။ အမျိုးသားနိုင်ငံတော်အကျိုးပြု သုတေသနလုပ်ငန်းမှာဆိုကေ နျူကလီယားစွမ်းအင်ဆိုင်ရာ ပရောဂျတ်တစ်ခုဖွင့်ထားသိရေ။ အဓိကတော့ခါ တိုင်ပြည်နာင့်လူမျိုးဖွံဖြိုးတိုးတက်ရီးနာင့် ကြာဟြှည်တည်တံ့ခိုင်မြဲရီးအတွက် ဦးတည်ပနာ ဘာသာရပ်နယ်ပယ်အသီးသီးမှာ ပညာသျှင်တိဦးစီးလို့ ကျယ်ပြန့်ရေသုတေသနလုပ်ငန်းတိကို ဆောင်ရွက်ကတ်တေ။ ယင်းအတွက်နာင့် အာရကန်နိုင်ဇေးချန်းစွာရေ နိုင်ငံတော်က ဦးထိပ်ထားရရေ၊ အားကိုးရရေ သုတေသနကွင်ပေါင်းကြီးဖြစ်လာလီရေ။ စကြာဝဠာနာင့် ကမ္ဘာငြိမ်းချမ်းရေး သုတေသနလုပ်ငန်းမှာကျခါ နိုင်ငံတကာပညာသျှင်တိနာင့် ပူးပေါင်းလုပ်ဆောင်ရေသမီး။ ကမ္ဘာမှာ အနက်ရှိုင်းအကျယ်ပြန့်ဆုံး အလုပ်လုပ်နိုင်ရေ သုတေသနကွင်ပေါင်းကြီးအဖြစ် အာရကန်နိုင်ဇေးချန်းနာမည်ကြီးရေ။ ပညာရီး၊ သိပ္ပံနာင့်ဇီဝနည်းပညာ၊ ဆီးပညာ၊ ဗုဒ္ဓဒဿန၊ လူမှုဗေဒ၊ နာမ်ဝိညာဉ်စရေ ပညာရပ်နယ်ပယ်အသီးသီးမှာ ကမ္ဘာကိုတုန်လှုပ်နိုင်လောက်အောင် အမှန်တရားတိကို ဖော်ထုတ်တင်ပြနိုင်ရေ ပညာသျှင်တိ အများကြီးပေါ်ထွန်းလတ်လီယင့်။ ယင်းပိုင်နာင့် အာရကန်နိုင်ဇေးချန်းဧ့သြဇာစွာ တစ်နိတစ်ခြားမြင့်တက်ပါလတ်တေ။
       နိုင်ငံတကာပညာရီးစနစ်မှာ စကြဝဠာနာင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို ဦးတည်လို့ ”အာရကန်နိုင်ဇေးချန်း” ဆိုရေ ဘာသာရပ်အသစ်တစ်ခုကို လိုလိုလားလားသင်ယူလာကတ်စွာတွိရရေ။ အောက်စဖိုဒ့်၊ ဟားဘတ်၊ ချန်ဟိုင်းနာင့် စင်္ကာပူအမျိုးသားတက္ကသိုလ်ရို့မှာ အထူးပြုလေ့လာမှုတိလုပ်လာရေ။ ကမ္ဘာ့ကုလသမဂ္ဂဧ့ အမြဲတမ်းလုံခြုံရေးကောင်စီမှာ ရက္ခိုင်သမ္မတနိုင်င်ံတော် အဖွဲဝင်ဖြစ်လတ်တေခါ ရက္ခိုင်ဘာသာစကားလေ့သော့ ကုလသမဂ္ဂဧ့ ရုံးသုံးဘာသာစကားအဖြစ် ပြဋ္ဌာန်းခြင်းခံရရေသမီး။ ကမ္ဘာတစ်ဝန်းမှာ ရက္ခိုင်ဘာသာစကာားသင်တန်းကျောင်းတိ မှိုပိုင်ပေါက်လာကတ်တေ။ ဥရောပက ပြဇာတ်ရုံတိမှာ ဆယ့်နှစ်သံဂီတနာင့် ဘဲလေးကနီရာက စည်ကြီးဗြိန်စောင်နာင့် သျှိန်ဒိုင်ရာကနီလီပျာယ်။ ဟောလီဝုဒ်က ရုပ်ရှင်ရုံတိမှာဝါ။ ရာမောင်သျှင်မနတ်သာခြင်းနာင့် ပန်းတျားစည်ရာတီးနီကတ်ပျာယ်လတ်။ ကိုးရီးယားမင်းသား၊ မင်းသမီးတိခမာ “ချတုံးကိုးလံ” ဝတ္ထုရုပ်ရှင်ကို ကြည့်မဝဆိုယင့်ထော။ ကမ္ဘာတစ်ဝန်းက ဟိုတယ်နာင့် စားသောက်ဆိုင်တိမှာ ရောင်းအစွံဆုံးက ရက္ခိုင်မုန့်တီ၊ အာပူလျှာပူဆိုယင့် သမီး။ 
        အဂုခါ အဘာရို့နိုင်ငံတော် ကောင်းကြီးဂဟဇာထက်တေဆိုရဖို့ထော။ အဘာရို့နာင့် တော်လှန်ရီးတတူလုပ်ခကတ်တေ ရက္ခိုင်အစိုးရ နိုင်ငံခြားရေးဝန်ကြီးကို နိုင်ငံပေါင်းစုံက တစ်ခဲနက်ထောက်ခံပနာ ကမ္ဘာ့ကုလသမဂ္ဂအတွင်းရီးမှူးချုပ်အဖြစ် ခန့်အပ်လိုက်ကတ်တေ။ နောက်မကြာခင်မှာပင် အာရကန်နိုင်ဇေးချန်းသုတေသနကွင်ပေါင်းဧ့ အဓိပတိပုဂ္ဂိုလ်ကိုလေ့သော့ နှစ်ဆယ့်တစ်ရာစုဧ့ အကြီးကျယ်ဆုံးလူသားအဖြစ် ကြေငြာလိုက်တေသမီး။ ဒေသတင်းတိကို ကြားရမြင်ရရေခါ အဘာစွာ လက်ခုပ်သြဘာတစ်ဖြောင်းဖြောင်းတီးယင်း မျက်ရည်တိစီးကျလာပိုင်တွိလို့ လက်နာင့်တို့ကြည့်လိုက်တေ။ အဘာလေ့သော့ အိပ်မက်က နိုးကျလားရေ။
                                 (ငါး) 
                 သမီးချေ..
           ဂုပိုင်အိပ်မက်မျိုး သမီးကိုလေ့သော့ မက်စီချင်ရေ။ ပြောရဖို့ဆိုကေ ရက္ခိုင်သူရက္ခိုင်သားအားလုံး မက်သင့်မက်ထိုက်တေအိပ်မက်ရာ။ အဲ.....တစ်ခုတော့ခါဟိန့်ရေသမီး။ မက်ပြီးရုံနာင့် မကျီသိမ့်နန်း။ ဟိုချီမင်းမက်ခရေ အိပ်မက်အကြီးသန်စွာ ဂနိခါ ဗီယမ်နမ်နိုင်ငံတော်ဖြစ်လာရေ။ အိပ်မက်ကို အကြီးသန်မက်တတ်တေ ဂျူးလူမျိုးတိက ဂုချိန်မှာ အစ္စရေးနိုင်ငံတော်ကို တည်ထောင်ထားကတ်ပျာယ်။ အရှိဖျားက ခြသေ့င်္လို့ခေါ်ရေ စင်္ကာပူနိုင်ငံစွာ တချိန်က လီကွမ်ယုဧ့ နှလုံးသားထဲက အိပ်မက်ဖြစ်ခရေမနား။ ကိုင်...........ယင်းပိုင်ဆိုကေ အဘာရို့ သမီးရို့ ရက္ခိုင်လူမျိုးတိ ဇာပိုင်အိပ်မက်ကို မက်လို့ ဇာပိုင်ခရီးဆက်ကတ်ဖို့လဲယေ....။ ။

အဆိုးသျှေ 
အထက်က ဆောင်းပါးရေစာရွီးသူအာဘောရာဖြစ်ပါရေ လေးဝတီအာဘော်မဟုတ်ပါ.