Saturday, June 4, 2011

ဂနိန့် နိင်္နခင်းဖက် (၃) နာရီခန့်က မြောက်ဦးမြို့ နန်းတော်ရာကုန်းမှ ဆန္ဒပြမှုဖြစ်ပွားနိန်ကြောင်း သတင်းရရှိပါရေ။



မြောက်ဦးမြို့မှ ရရှိသော ၄ ပိသာ ၆၄ ကျပ်သားရှိ ဘုရားဆင်းထုတော် အပါအ၀င် အခြား ရှေးဟောင်း ဆင်းတုတော် (၂၇) ဆူကို နေပြည်တော်သို့ ယူဆောင်ရန် ညွှန်ကြားလိုက်မှုအပေါ် ဒေသခံများမှ မကျေနပ်မှုများကြောင့် ဆန္ဒပြမှု ဖြစ်ပွားနိန်ကြောင်း သိရှိရပါရေ။. 

မြောက်ဦးမြို့မှ ရရှိသော ၄ ပိသာ ၆၄ ကျပ်သားရှိ ဘုရားဆင်းထုတော် အပါအ၀င် အခြား ရှေးဟောင်း ဆင်းတုတော် (၂၇) ဆူကို နေပြည်တော်သို့ ယူဆောင်ရန် ညွှန်ကြားလိုက်မှုအပေါ် ဒေသခံများမှ မကျေနပ်မှုများကြောင့် ဒေိပုင်ဆန္ဒပြမှု ဖြစ်ပွားနိန်ကြောင်း သိရှိရပါရေ။

အဆိုပါ ရှေးဟောင်းဆင်တုတော်များကို အတင်အဓမ္မ ယူဆောင်သောကြောင့် မြောက်ဦးတွင် မြို့သူ မြို့သားများမှ နန်းရာကုန်းတွင် စုရုံးပြီး ဘုရားကို မယူဆောင်ရန် မေတ္တာရပ်ခံ ပန်ကြားနေကြပါရေ။ အချို့က အထူး မကျေမနပ် ဖြစ်နေကြသည်ဟု သိရပါရေ။။


ဆက်သွယ် မိန်းမြန်းရန်

ဦးအောင်သန်းတင် ၀၉ ၄၉၆၄၁၇၅၉ ရခိုင်ယဉ်ကျေးမှုဝန်ကြီး

ဒေသခံတစ်ဦး ဦးရွှေတင်- ၀၉ ၄၉၆၆၈၈၈၇

လက်ရှိအချိန်တွင် ဆန္ဒပြသူများ ထပ်မံလူစုနိန်ကတ်ဗျာလ် ဖြစ်ကြောင်းသိဟိန်ရပြီး နောက်ဆုံးအခြီနီရ လူများလာပြီး ဖြစ်ကြောင်း နန်းတော်ရာကုန်းကို ၀ိုင်းလိုက်ပြီ ဖြစ်ကြောင်း သိရှိရပါရေ။

နောက်ဆုံးသတင်းအရ - နေပြည်တော်မှ မတရားလုပ်ရပ်အား ဆန္ဒပြမှုတွင် မြောက်ဦးမြို့ နေ လူထုများ၊ ဆရာတော်ကြီးများအပါအ၀င် လူဦးရေသောင်းချီ ပူးပေါင်းပါဝင်သည့်အပြင် လက်ရှိ ရခိုင်ပြည်နယ်အစိုးရမှ လွှတ်တော်ကိုယ်စားလှယ်များ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) မှ အဖွဲ့ ဝင်များပါ ပါရှိနေကြောင်း သိရှိရပါရေ။
ယေခါ မြောက်ဦး က လူတိက ဘုရားကို ဗမာပြည်ကို အပါမပီး အသီခံဖို့ ဆိုလို့ ဘုရားကို ရတနာမာန်အောင်မှာ ထားဗြီးကိုးကွယ်ဖို့  သဘောတူလိုက်ပါဗျလ်ယေ။

ဥက္ကာပျံ
ဘင်္ဂလား
.