Thursday, June 23, 2011

ကျောက်ဖြူမြို့နယ်မှာ မြီယာကွက်တိကို တရုတ်က ၀ယ်ယူလာ၊ တာတမံတိကို အိမ်ရာခြံမြီအဖြစ် အသုံးပြုလာရ

ကျောက်ဖြူ။ ။ ဒုတိယ စင်ကာပူဟု ဒေသခံအများစု တင်စားနီရေ ကျောက်ဖြူမြို့နယ်မှာ အိမ်ရာခြံမြီတိကို ပြည် တွင်းပြည်ပ စီးပွားရေးလုပ်ငန်းရှင်တိက ၀ယ်ယူလာရေအတွက် ပြည်သူတိအနီနန့် တာတမံတိကိုဆည်ဖို့ပနာ အိမ်ရာခြံမြီ အဖြစ် အသုံးပြူလာရကြောင်း သိရပါရေ။ “နယ်တိမှာလဲ မြီကွက်တိကို လုပ်ငန်းရှင်တိဝယ်လာခါ ဒေသခံတိအတွက် မြီကွက်ရှားပါးလာရေ၊ မြီကွက်တိလဲ ဈီးကြီးလာခါ၊ မ၀ယ်နိုင်ကတ်ဗျာယ်၊ တာတမံတိကိုဆယ်ပနာ အိမ်ခြံလုပ်နီရရေ”လို့ ကျောက်ဖြူမြို့ ရခိုင်ပိုက်ဆိပ်ရပ်ကွက်က ဒေသခံတယောက်က ရခိုင်ရိုးမကိုပြောပါရေ။ အိမ်ခြံမြီတိအတွက် ကျောက်ဖြူမြို့ ကုလားပိုက်ဆိပ်ရပ်ကွက်ရှိ တာတမံတိကို ဒေ၀ူးကုမ္ပဏီက တာဝန်ယူဆည်ဖို့လားဖို့ဖြစ်ပြီးကေ အဆိုပါမြီကွက်မှာ ရခိုင်အတွက် အိမ်ခြံငါးရာနန့် မူဆလင်ဘာသာဝင်တိအတွက် အိမ်ခြံလေးရာကို အစိုးရကချဖို့ဖြစ်တေလို့ သိရပါရေ။ “အစခါတော့ မူဆလင်ဘာသာဝင်တိအတွက် မပါပါ။ ယေလဲနောက်ပိုင်းမှာ မူဆလင်ဘာသာဝင်တိအတွက် အိမ်ခြံမြီလေးရာဆိုပနာ မြို့နယ်အာဏာပိုင်တိက သတ်မှတ်လိုက်တေ”လို့ အမည်မဖော်လိုရေ ၀န်ထမ်းတဦးက ဆိုပါရေ။ အဆိုပါတာတမံကို ဒေနှစ်မိုးအကုန်မှာ အပြီးဆည်ဖို့လားဖိုရှိကြောင်း စုစုပေါင်း အိမ်ခြံမြီကိုးရာအထိ နိန်နိုင်ဖို့အတွက် စီစဉ်ထားကြောင်း သိရပါရေ။ “ယင်းတာတမံရေ အရင်က ငါးလုပ်ငန်းဦးစီးဌာနက မွေးမြူရေးလုပ်ခစွာပါ၊ ယင်းချင့်ကို ဒေ၀ူးကုမ္ပဏီ မြီဆည်ဖို့လုပ်နီပါရေ။ အိမ်ခြံမြီတိအတွက်၊ ပြည်သူတိနီဖို့အတွက်ကို အစိုးရကချပီးပါဖို့၊ ဖေ့သာနန့်လား၊ အလကားလားဆိုစာ ခုထိမပြောသိမ့်”လို့ အဆိုပါ ဒေသခံကပြောပါရေ။ ကျောက်ဖြူမြို့နယ်မှာ ပတ်လည်ပေတရာကျော်ရှိရေ အိမ်ခြံမြီတကွက်ကို ရှစ်သိန်းကနိန် သိန်းသုံးရာအထိ ဈီးပေါက်နီကြောင်း ဂုံးချိန်၊ အုန်းတောကျေးရွာနန့် မလကျွန်းကျေးရွာရို့မှာရှိရေ မြီကွက်တိကို ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းရှင်တိ ၀ယ်ယူနီကတ်ကြောင်းသိရပါရေ။ “ဒေမြီတိက နောင်တချိန်မှာ တန်ဖိုးရှိလာဖို့လေ၊ ယင်းအတွက် ပြည်တွင်းပြည်ပ စီးပွားရေးသမားတိက အများဝယ်ယူနီကတ်တေ၊ ဈီးနှုန်းကတော့ခါ အိမ်ခြံမြေပိုင်ရှင် တောင်းရေအတိုင်းဖြစ်နီရေ၊ ယင်းအတွက် ဒေသခံတိက အိမ်ယာခြံမြီတိ မ၀ယ်နိုင်ကတ်ဗျာ၊”လို့ ကျောက်ြဖူက ခြံမြီပွဲစားတဦးက ရခိုင်ရိုးမကိုပြောပါရေ။ ပြည်သူ့လွှတ်တော်ဥပဒေမူကြမ်းကော်မတီဝင်ဖြစ်တေ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ လွတ်တော်အမတ် ဦးဘရှိန်က နောက်ပိုင်းကာလ ကျောက်ဖြူမြို့ရှိ မြီယာကွက်တိကို ပြည်သူတိ ဆုံးရှုံးလားဖို့ အနီအထားရှိကြောင်း ရခိုင်ရိုးမနန့် မီးမြန်းချက်တခုမှာ ပြောဆိုခဖူးပါရေ၊ ကျောက်ဖြူမြို့နယ်မှာ နီရာအနှံ့အပြား စီမံကိန်းအဆောက်အဦးတိ တိုးချဲ့လာရေအတွက် တာတမံတိကို အိမ်ခြံမြီအဖြစ် အသုံးပြုရန် ဦးတည်လာကတ်ခြင်း ဖြစ်ပါရေ။ မြို့နယ်မြီစာရင်းရုံးက အမည်မဖော်လိုရေ ၀န်ထမ်းတဦးကမူ ကျောက်ဖြူမြို့မှာ လူနိန်ထူထပ်လာရေတွက် ကွက်လပ်တာတမံတိကို အိမ်ခြံမြီအဖြစ် အသုံးပြုစွာဖြစ်တေလို့ ဆိုပါရေ။ ကျောက်ဖြုဒေသံတိအပြောအရ ကျောက်ဖြူမြို့နယ်တိ မြီကွက်တိကို တရုတ်တိက ထိန်းချုပ်လာနိုင်ကြောင်း သုံးသပ်ကတ်ပါရေ။