Thursday, June 23, 2011

ပြည်မဘက်သို့ ယူဆောင်လားရေ အချေ ခုနှစ်ဆယ်ကျော် သတင်းအမှောင်ချထားဟုသိရ

စစ်တွေ။ရခိုင်ရိုးမ။ ။ မဟာမုနိဗုဒ္ဓ၀ိဟာရကျောင်း(အချေကျောင်း) ဆရာတော်ဦးပညာစာရကို ဖမ်းယူလားပြီးနောက် ကျောင်းမှာရှိရေ မိဖမဲ့အချေ ကိုးဆယ်ကျော်ကို       ပြည်မဘက်သို့ ယူဆောင်လားပြီးနောက် အချေတိနန့် ပတ်သက်တေသတင်းတိကို အာဏာပိုင်တိက သတင်းအမှောင်ချထားကြောင်း သိရပါရေ။ 
        “ပြောဖို့ဆိုကေ ဒေအချေတိကို ဇာမှာထားလဲဆိုစာ အတိအကျပြောဖို့ ခက်နီရေ၊ တချို့ကလည်း စစ်တပ်ထဲသွင်းလိုက်စာတိရှိရေလို့   ပြောသံကြားရေ၊ အမ်းမြို့နယ်မှာ ၈-ယောက်ကျန်ခရေလို့တော့ သတင်းရရေ၊ ဂုစစ်တပ်ထဲမှာလတ်၊ နောက်အချေတိတော့ခါ မန္တလေးမှာလိုလို ရန်ကုန်မှာလိုလို ကြားရရေ”လို့ ဆရာတော်၏ ဆွေမျိုးတဦးက ရခိုင်ရိုးမကို ပြောပြပါရေ။ အချေတိကို ဇာနိန်ရာမှာထားရေဆိုစွာကို ပြည်မသို့ပါလားရေ အချေတိ၏ဆွေမျိုးတိက သိချင်နိန်ကတ်တေပိုင် တွိလိုရေဆန္ဒရှိကြောင်း ဆွေမျိုးတိက      ပြောပြပါရေ။
             ပြည်မသို့ယူဆောင်လားရေ အချေတိစွာ ၃နှစ်လောက်သားအချေတိဖြစ်ပြီးကေ သက်၊ ဒိုင်းနက် အချေတိလဲပါရေလို့ သိရပါရေ။ ဆရာတော်ကိုဖမ်းဆီးလို့ ၃ရက်အကြာ အချေတိကို စစ်တွေလူမှုဝန်ထမ်းနန့် စစ်တပ်က ယူဆောင်လားခြင်းဖြစ်ပြီးကေ တချို့အရွယ်ရောက်ရေ အချေတိကိုလည်း စစ်တွေအရံရဲတပ်ဖွဲ့မှာ ထားရေလို့သိရပါရေ။ အချေကျောင်းက ရထားရေစာရင်းတခုအရ ကျောင်းတွင်း မိဘမဲ့အချေတိ အရေအတွက်မှာ သုံးနှစ်အရွယ် အထက်ရှိ ကလေး ၅၇-ယောက်ရှိပြီးကေ ၃-နှစ်အောက်အချေ ၃၈-ယောက်ရှိခကြောင်း သိရပါရေ။ 
       ယင်းအထဲမှာ ၃-နှစ်က ရ-နှစ်အရွယ်အချေ(၇၀)ကို ပြည်မဘက်သို့ ယူလားခြင်းဖြစ်ပြီးကေ နောက်ပိုင်းထားရေနီရာကို အာဏာပိုင်တိက သတင်းအမှောင်ချထားခြင်းဖြစ်ကြောင်း သိရပါရေ။ အဂုခါရေ အဆိုပါ မဟာမုနိဗုဒ္ဓ၀ိဟာရကျောင်း(အချေကျောင်း)ကို ပုသိမ်ကျောင်းက ထိမ်းသိန်းထားပြီးကေ လူအ၀င် အထွက်မရှိရန်အတွက် အာဏာပိုင်တိက မှာကြားထားကြောင်းသိရပါရေ။ 
        ဆရာတော်ဦးပညာစာရကို ၂၀၁၀ခုနှစ် ဇူလိုင်လ ၂၇-ရက်နိက စစ်တွေ အာဏာပိုင်တိက မာတုကာမနန့်ဖောက်ပြားရေလို့ စွဲချက်နန့် ဖမ်းဆီလားပြီးကေ ၂လ အကြာ စက်တင်ဘာ၃၀-ရက်နိက စစ်တွေခရိုင်တရားရုံးကနီ       သာသနာတော်ညိုးနွမ်းစီမှု၊         ယုံကြည်အပ်နှံမှုကို        ဖောက်ဖျက်မှု၊
နိုင်ငံခြားငွေလဲလှယ်မှု စည်ပင်အက်ဥပဒေမှု စရေ စွဲချက်တိနန့် ထောင်ဒဏ် ၈-နှစ် ၃-လချ မှတ်လိုက်ခြင်းဖြစ်ပါရေ။ သရက်ထောင်မှာ အကျဉ်းကျခံနီရရေ ဆရာတော်၏အမှုကို ပြည်နယ် ဗဟိုအဆင့်ဆင့် အယူခံတင်နီကေလည်း ပလပ်မှုတိနန့် ကြုံနီရကြောင်း သိရပါရေ။