Sunday, June 5, 2011

ကိုလိုနီကျွန်ဘဝ က လွတ်မြောက်ရေး အတွက် အသက်ပီးဆပ်ခရေ ဥက္ကဌကြီး (၃၄)မြောက် အထိမ်းအမှတ် ဘင်္ဂလာဒေရှ်နှင့် ထိုင်းနိုင်ငံမှာ ကျင်းပ




ဇွန်လ ၄ ရက် ၂၀၁၁ ခု ခိုင်ဥက္ကာပျံ (ဘင်္ဂလာဒေရှ့် )
(၃၄)နှစ်မြောက် ရခိုင်သူရဲကောင်း အာဇာဏီ ဥက္ကဌကြီးခိုင်မိုးလင်းကျဆုံးရေနိန့် အထိမ်းအမှတ် အခဏ်းအနား တစ်ခုကို ရခိုင်လူမှူစေတနာဝန်ထမ်းအဖွဲ ဗဟိုလ်ကဦးဆောင်ဗြီး(အုန့် ပြန် )ဒုက္ခသည်စခမ်းမှာ ကျင်းပ လီပါရေလို့  တက်ရောက်လာရေ ကိုစောထွန်း က လေးဝတီဝိုင်းတော်သား ဥက္ကာပျံ (ဘင်္ဂလာဒေရှ့် )သို့ ပြောကြားခပါရေ
သူကဆက်ဗြီးကေ ယင်းအခဏ်းအနားမှာ ရခိုင်သူရခိုင်သား.
များဒုက္ခသည်များ အပါအဝင် ရဟန်းတော်များ တိုင်းချစ်ပြည်ချစ် နိုင်ငံရေးအသိုက်အဝန်း က ခေါင်းဆောင်ကြီးများ ရခိုင်အရေး စိတ်ဝင်စားရေ လူတိ အားလုံးစုစုပေါင်း (၆၀)ကျော်တက်ရောက် ခရေလို့ ပြောပြပါရေ ယင်းနောက် အုန်းပြန်းဒုက္ခသည် စခမ်းမှာ သီတင်းသုံးနိန်ရေ ရဟန်းတော် (၇)ပါးကို မိုးထ(၁၀နာရီ ၃၀)မှာ ဆွမ်းကျွေးမွေးလှူဒါဏ်း ဆက်ကပ်ဗြီး မွန်းတည်း(၁နာရီ)တိတိမှာ အခဏ်းအနားကို ဖွင့် လှစ်ဗျာလ် သဘာပတိအဖြစ် ဆရာတော်ကြီးများ ဦးဆောင်လျှက် ဆရာတော်အသျှင်းဦးကဏ္ဍက က သြဝါဒ စကားပြောကြားရာတွင် "နောက်သား နောင်လာ နောက်ထပ်ပါရို့ ဆရာသုံးလက် ရှိကတက် ရှိကတက်လို့ အသက်တိုခါ သတ္တဝါ၌ တခါတရံ အဖိုးတန်၏ တရံတခါ ဆိုတုံပါလည်း သူသာလာလျှက် ဖိနှိပ်စက်က အသက်တိုခါ ဘိုးမရာထင်ရှင့်  ပြည်ရွာတိုင်းခြား မျိုးလေးပါးရို ဓမ္မလမ်းမှန် ဆိုးကြောင်းကံက နောင်သားတဖန် သီးမခံကေ့  နိုင်ငံတကာ ဟူရာရာ၌ အသက်ကိုပီး သွီးချောင်းစီးမှ ကိုယ့်တိုင်းကိုယ့်ပြည် ကိုယ့်ဌါနီက ရလီဖူးက ဤလောသည် အောက်ကျမခံအကြောင်းတည်း ယင်းကဗျာကို ဖတ်ပြခပါရေ ယင်းနောက် တက်ရောက်လာကတ်တေ လူအများက အာဇာဏီ ခေါင်းဆောင်ကြီး ဥက္ကဌ ခိုင်မိုးလင်းနှင့် ပါတ်သက်၍ တစ်ဦးချင်းစီ အမြင်များကို ငါးမိနစ်ခန့် ပြောကြားကတ်ဗျာလ် သဘာပတိ က အပိတ်မိန်းခွန်း အောင်မြင်စွာပြောကြား လျှက် အခဏ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းလိုက်ပါကြောင်း သတင်းရဟိခပါေ၇ ကျဆုံးလားရေ ဥက္ကဌကြီး ခိုင်မိုးလင်းစွာ ပထမဆုံး ရခိုင်အမျိုးသား လွတ်မြောက်ရေး ကိုလိုနီဖျက်သိမ်းရေး နိုင်ငံရေး ပါတီ ALP ကို မြန်မာနိုင်ငံထိုင်းနယ်စပ်ကရင်ပြည်နယ် တနိန်ရာဖြစ်တေ ဝမ်းခ မှာ ပြန်လည်ဖွဲစည်းဗျာလ် (၁၉၇၆) ခု (၈) လပိုင်းကနိန်ဗြီးကေ မိုင်ပေါင်း သောင်းချီ ကျော်ရေ ထိုင်းနယ်စပ်ကရင်ပြည်နယ် က ရခိုင်ပြည်ကို ရှမ်းပြည်၊ ကချင်ပြည်နှင့် ချင်းပြည်နယ်တိကိုဖြတ်လို့ တစ်နှစ် နီးပါး ဒုက္ခမျိုးစုံ အစာငတ်ခါ ရခိုင်စစ်သားတစ်ယောက်ကို ဖြောင်းဖူးစိ (၇)စိ သကာတဖေ့ ချေနှင့်  ဆင်းရဲမှုပေါင်း သောင်းခြောက်ထောင်ကို ကြံကြံ ခံလျှက် သူရဲကောင်းပီသစွာ ချီတက်အလာ ရန်သူဗမာ တပ်ရင်း ၇ ရင်းနှင့် ဝိုင်းတိုက်ခံရ၍ နောက်ဆုံး ကြွီးကြော်သံ ရန်သူဘားမှာ ဒူးမထောက် ကျီဆံ နှစ်တောင့်  ငါအတွက် ထားခ ဆိုရေစကားအတိုင်း ၁၉၇၇-ခုနှစ် ဇွန်လ (၄) ရက်နိ မိုးထက် (၆) နာရီအချိန်တွင် ချင်းပြည်နယ် တီးတိန်မြို့နယ် မော်ဘိန်းရွာတောင်ဖက် (၈) မိုင်အကွာ မဏိပူရမြစ် အနားမှာ မိမိကိုယ်ကို အဆုံးစီရင်ကာ ရခိုင်တစ်မျိုးသားလုံး အတွက် သူရဲကောင်းပီသစွာ ပီဆပ်တာဝန်ကျီခပါရေ ယင်းပိုင်နောက်ထပ် အခဏ်းအနား တစ်ခုကိုလည်း ဘင်္ဂလာဒေရှ့် နိုင်ငံ ဖလောင်းချိတ်မြို့ သံဃရာဇာ(ခေါ်)တောကျောင်းဝိဟာရမှာ သဘာပတိ အသျှင်ဦးစန္ဒာဝရ ဘင်္ဂလာဒေရှ် သာဿနဦးသျှောင် အဖွဲ့ အတွင်းရေးမှူး အသျှင်ဦးသီလဝံသ ရခိုင်မျိုးချစ် ပြည်ချစ်များ အပါအဝင် အမျိုးသားရေး ကိုနိုင်နိုင်က အခဏ်းအနားမှူး အဖြစ် ဦးဆောင်ကျင်းပ ဗျာလ် ရခိုင်ပြည်အမျိုးသား ညီညွတ်ရေး ဆုံရပ် မှ ခေါင်ဆောင် ကိုခိုင်နီကျော်က လေးဝတီ ဝိုင်းတော်သား ခိုင်ဥက္ကာပျံကို ဒေပိုင် ပြောပြပါရေ " ဂနိန့် အခမ်းအနား ပြုလုပ်စွာမှာ ရည်ရွယ်ချက် သုံးချက် ရှိပါရေ။ (၁) ဂုဏ်ပြု ထိုက်သူကို ဂုဏ်ပြုခြင်းရေ မင်္ဂလာတပါးဖြစ်တေဆိုရေ အပိုင် ဥက္ကဌကြီး ခိုင်မိုးလင်းစွာ မမေ့မလျှော့ ဂုဏ်ပြုထိုက်တေ ပုဂ္ဂိုလ် ဖြစ်တေ အတွက် ဂုဏ်ပြုစွာ ဖြစ်ပါရေ။ နံပါတ် (၂) အနိန်နှင့်  ဥက္ကဌကြီး ခိုင်မိုးလင်းကဲ့သို့ အနာဂါတ်မှာ ခေါင်းဆောင်ခေါင်းတိ ပေါ်လာရန် ရည်ရွယ်ပါရေ။ နံပတ် (၃) က မျိုးဆက်သစ် လူငယ်များအားလုံး သူ့ကို အားကျအတု ယူနိုင်ရန် ဖြစ်ပါရေ” ဟုပြောပြပါရေ။
အခမ်းနားကို ရခိုင် မျိုးချစ် ပြည်ချစ် အင်အားစုမှ ဦးဆောင် ပြုလုပ်ခဲ့ပြီး ညနေ ၄ နာရီတွင် အောင်မြင်စွာအဆုံး သတ်ခပါရေ။

ခိုင်ဥက္ကာပျံ (ဘင်္ဂလားဒေရှ်)
Rep.