အဆိုအရ အ၀ီးရောက် ရခိုင်လူမျိုးတိဖြစ်စိုင်ရေ ဝေသာလီခေတ်ကပင် စတင်ခကြောင်း လေ့လာ သိရှိရပါရေ။ စူလစန္ဒြားမင်းလက်ထက် (ခရာဇ် ၇၃၃-၆၉)ရေ ပင်လယ်ခရီးအတွင်း နဂါးနစ်လို့ လွန်ပြီး ပြီးနောက် အသက်ရှင် ကျန်ရစ်တေ ဓမ္မဇေယ အမတ်ကြီးကို စန္ဒာဒေ၀ီ မိဖုရား အထင်လွဲလို့ တိုင်းပြည်သို့ အ၀င်မခံဘဲနန့် နှင်ထုတ်ရေခါ ဂစ္ဆပနဒီ မြစ်ရို့တလျှောက် ဆန်တက်လားပြီးကေ မြစ်ဖျားဒေသမာ မြို့ရွာတည် ဆောက်ခပါရေ။ ဟစ်ရုံပြည်ဟု ခေါ်ကြ၏။
လမ်းခုလပ်မှာ မြို့ရွာတည်လို့ ကျန်လိုက်ခသူတိကို မြုံလို့ ခေါ်ကတ် တေ။ချောင်းသုံးခွမှာ မြို့တည်ပနာနိန်ရေအတွက် တြိပူရ (သုံးပြည်) လို့ခေါ်ကတ်တေ။ ယင်းနီရာရေ ဒေဂု အိန္ဒိယ နိုင်ငံ အရှိမြောက် တြိပူရ ပြည်နယ်လို့ယူဆကတ် တေ။
ယင်းမာရှိရေ ရခိုင်တိရေ မိခင်ဘာသာ ရခိုင်စကားကို သုံးကတ်တေ။ ယင်းအကြောင်းကို “ဓမ္မရစ် အမတ် ကိုယ်လွတ်ရှောင်ခွာ လာလတ်ရာတွင် မာန်ပါမျက်သွား မိဖုရားကြောင်း ဗြိးလားခတုံ မြဲုဟဲရုံပြည် တည်သည်ယခု” လို့ ရခိုင်မင်းသမီးဧချင်းမာ ရွီးဖွဲ့ထားပါရေ။ ခေတ် သစ်ရခိုင်သုသေသီတိကလဲ အ၀ီးရောက် ရခိုင်လူမျိုးတိ ပထမအုပ်စုရေ ခရာဇ် ၁၀-ရာစုခန့်က အခြီချ နီထိုင်ခကတ်တေ။ အများစုမာ တြိပူရာမှာဖြစ်လို့ မာရမာလို့ခေါ်ကတ်တေ။ အချို့မာရေ တြိပူရသို့ မလားဘဲ အရှေ့ဘင်္ဂလားနယ်ထဲမာကျန်ရစ်ကြလို့ မြုံဟု ခေါ်ကြ၏။
ယင်းနောက်ပိုင်းကာလတွင် ပဲဖြူမင်း(ခရာဇ် ၈၇၇၆-၉၃) မလွန်မီမှာ ကိုးသိန်းသော သျှမ်းတိရေ လေးမြို့ဖျား ကဆက်လက်၍ အဉ္စနနဒီ မြစ်တလျှောက် စုံဆင်းပြီးကေ ရမ်းပြည့်ကျွန်းကိုလဲ ဖျက်ဆီးကာ လူသူများစွာ စုပြီး လျှင် အရှေ့ပြည်စကိုင်းအရပ်၌ ရွာတည်ထားလီ၏” ဟုရခိုင်ရာဇင်ဝင်၌ တွိ့ရသည်။ နန်းစော (Nanchao) အင်ပါယာ ချဲ့ထွင်မှုကြောင်း အနောက်ဖက်သို့ ဆင်းသက်လာကြရေ မွန်ဂိုလှိုက် နွယ်ဝင်ရို့၏ ထိုးဖောက်ဝင်ရောက်မှုကို ရည်ညွန်းထားပုံရသည်။
ယင်းအကြောင်းကို သားပဲဖြူနှင့်၊ ရိပ်ဖြု ဆောင်းချုပ်၊ တုန်လှုပ်မစွမ်း၊ ခဲယိုယွင်းတွင်၊ ရှမ်းကိုးသိန်းရှင်၊ သိုခင်ဘွားကြီး တောင်ရိုးစီး၍ဖျက်ဆီးလေခါ…..။ဟုရခိုင်မင်းသမီးဧချင်း ရေးဖွဲ့ထားပါရေ။ အနီး အနားများသိုရောက်ရှိလားကတ်တေ အ၀ီးရောက် ရခိုင်လူမျိုးတိ၏ ဖြစ်စိုင်များကိုလေ့လာတွေ့ရှိရပါရေ။ခရာဇ် ၁၂-ရာစုကစလို့ ရခိုင်တိရေ ရခိုင်မြောက်ပိုင်းရှိ တောင်တန်းတိနန့် မြစ်ဝှမ်းလွင်ပြင်တိကနီလို့ စစ်တကောင်း တောင်တန်းဒေသသို့ တစတစ၀င်ရောက်ခရေ နောက်ဆုံးမှာ ဘင်္ဂလားပင်လယ်အော်နန့် ထိတွိ့ရာ စစ်တကောင်း လွှင်ပြင်သို့ထိ ဆင်းသက် ပျံနှံခကတ်ပါသည်။
ရခိုင်ဘုရင်မင်းထီး(ခရာဇ် ၁၂၈၃-၁၃၈၄) လက်ထက်တွင် တိမ်းရှောင်သူ ရခိုင်ဘုရင်၏ အုပ်စုတစုရေ သံလွင်မြစ်ကိုရှောင်တိန်း၍ နောက်တခုမှာ ဘင်္ဂလာ နယ်ထဲသို့ ရွိ့ပြောင်းဝင်ရောက်ခကြသည်။ ခရာဇ် ၆၈၉ (ခရာဇ် ၁၃၂၇) တွင် ပုဂံ ဘုရင်ရေ ရမ်းဗြဲကျွန်းကိုတိုက်ခိုက်၍ လူသူ အများကိုယူဆောင်ကာ မဏီပူရနယ်စပ်တွင် အခြီ ချထားသည်။
နရမိတ်လှ ခရာဇ်(၁၄၀၄- ၃၃)၏ သားသည် မွန်တလိုင်းပြည်သို့ ထွက်ပြီးခပါရေ။ မင်းစောမွန် (ခရာဇ် ၁၄၀၄-၃၃) သည် ခရာဇ် ၁၄၀၇ ခုနှစ်တွင် လောင်းကြက် ထီးနန်းမှ ဂါဝါ (Gaur)သို့ ထွက်ပြေးတိမ်းရှောင်ခရာတွင် မူးမတ် အသင့်အတင့်လောက် ပါရေလို့ သိရသည်။
အင်းဝမင်းခေါင်လက်ထက် ခရာဇ် ၁၄၁၈ တွင် ရမ်းဗြဲကျွန်းကို လာရောက်တိုက်ခိုက်ပြန်ပါသည်။ ဖမ်းဆီးရမိသော ရမ်းဗြဲကျွန်းသားတိအား လမူးချောင်ဖျားမှ ကျောက်တံခါး၊ ကျောက်တံခါးမှ နဂါးရစ်ကုန်း၊ ယင်းမှ မင်းတုံကာမအတိုင်း ယူလားပနာ အင်းဝမင်းခေါင်အား ဆက်သရာ စစ်ကိုင်းမြို့တွင် အခြီချ ထူထောင်ခကြသည်။ နရပတိကြီး (ခရာဇ် ၁၆၃၈-၄၅) လက်ထက် မင်းဆွေမင်းမျိုးတိကို ဖမ်းဆီးကွက်မျက်ရေခါ ကံသာစားငတုံးခင်ထံသို့ ထွက်ပြေးခိုလှုံခကြသည်။ အရေအတွက်မာ ၅၀.၀၀၀ လောက်ရှိသည်။ ယင်းလူတိကိုမာရမာများဟု ခေါ်ကြသည်။ ကံသာမြို့ဆိုစော် စစ်တကောင်းနယ်မှာတည်ရှိဗြိး ယင်းအမည်နန့်ပင် ရွာတရွာကို (Kachaui Unino)တွင် တွိ့ရှိနိုင်သည်။
အထက်ဖော်ပြချက်ဖြစ်စိုင်များမာ ဗမာပြည်မသို့ ဖမ်းယူခေါ်ဆောင်လားမှုတိ ရှိသကဲ့သို့ အဂုအိန္ဒိယနန့် ဘင်္ဂလားဒေရှ်နိုင်ငံထဲသို့ ၀င်ရောက်မှုတိလည်းရှိခကြောင်း သိသာထင်ရှားသည်။သမိုင်းကြောင်းအရ အိန္ဒိယနိုင်ငံ တချို့နေရာဒေသများ၊ဘင်္ဂလားဒေရှ် နိုင်ငံတခုလုံးနီးပါးနန့် ဗမာပြည် တောင်ပိုင်းအချို့ဒေသများရေ ရခိုင်ဘုရင်ပိုင်နက် အဖြစ်တည်ရှိခဲ့ကြောင်း လေ့လာသိရှိရသည်။ ထိုအကြောင်းကိုရခိုင်ရာဇ၀င်များ၌ ဤသို့တွိ ရပါရေ။
”မြောက်မာအာသံ တောင်ရံသီဟိုဠ်၊နောက်ကိုလှည့်လည်. မရွံပြည်နန့်၊ ဦးတည်ပိုင်ခြား၊ ပင်လယ်ဆင်းအောင်” အနောက်ဘက်မှာ မဇ္ဈိမာနန့်.၊ ဒါဂါ မြစ်လျှောက် မြောက်ကိုတောင်ညို၊ ကုန်းကိုထိခံ၊ အာသံချင်းတွင်း၊ ချောင်းဆင်းရေတွက်၊ရှေဖက်ဒိသာ၊ ဧရာဝတီ၊ မြစ်ဆီခြားကန်၊ မနံထိပ်မျှောင်၊ရှေ့တောင်အဂ္ဂိ၊ ဒက္ခိဏခွင်၊ မော်တင်ရေလှုပ်၊ သမုဒ်ဝင်လေ ရခိုင်နယ်လျှင် ၀န်းကျယ်ခရီး” ဟုဆိုထားသည်။
ကုန်းဘောင်ခေတ်မှ မှတ်တမ်းတခုဖြစ်သော ဇမ္ဗူဒီပဦးဆောင်ကျမ်းတွင် …“ ဓည၀တီနယ်ကား ၊ အရှေ့ဘက် သို့ လားသော ရိုးမ၊ တောင်သို့လားသော်ပင်လယ်၊ အနောက်သို့လားသော် မာန်အောင်ကျွှန်းပါ ပင်လယ်၊ မြောက်ကိုလားသော် ကုလား၊ အတ္တပတ်မြေနန့် ကြောခိုင်း” ဟုတွိ ရသည်။
နိုင်ငံခြားသား ခရီးသည်များ၊ပညာရှင်များကလဲ ရခိုင်ရာဇ၀င်တွင် နောက်ဆုံးဖြစ်သော မြောက်ဦးခေတ် (ခရာဇ် ၁၄၃၃-၁၇၈၄) က ရခိုင်တိုးထိန်းချုပ်ထားသော နယ်မြေရေ မဂိုတို့လက်တွင်းသို့ ခရာဇ်၁၆၆၆ တွင် စစ်တကောင်းဒေသတခုံးလုံးမှသည် နတ်မြစ်အထိ ကျရောက်ခဲ့သည့်တိုင် မြောက်ဖက် တွင် စစ်တကောင်းမှသည် တောင်ဖက် ၌ သံလျှင် အထိကျယ်ပြန့်ခပါရေ။ ခရာဇ် ၁၄၃၀-မှ ၁၆၃၈ အထိ နှစ်ပေါင်း ၂၀၈ နှစ်ကာလအတွင်း မြောက်ဦးခေတ်ရခိုင်ဘုရင့်နိုင်ငံတော် သည်ဂင်္ဂါမြစ်အေ၇ှ့ဖက် ကမ်းမှ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသအထိ ကျယ်ဝန်းခကြောင်း လက်ခံခကတ်ပါရေ။
ရခိုင်ဘု၇င်၏ ပိုင်နက်ရေ တောင်ဖက်တွင်ပဲခူးအစပ်ဖြစ်၍ ပြည်တောင်တန်းအား ဖြင့်ပိုင်းခြားထား၏။ အခြားတဖက်တွင် ဘင်္ဂလားနှင့် နယ်နမိတ်ချင်း ထိစပ်လျှက် စစ်တကောင်းမှသည် နာဂရေ အငူအထိ မာန် အောင်ကျွန်းအပါ အ၀င် ဒေသအားလုံးဖြစ်တေ။
ရခိုင်ဘုရင်ရို့ရေ ဘင်္ဂလားနယ် ဘဂါင်္ ၁၂ မြိုအဖြစ် ဖွဲ့စည်းအုပ်ချုပ်ခဲ့ကြသည်။ ယင်းဖွဲ့စည်းပုံအရ ၁။ မောက်သူ ဇာ(Mushidabad)၂။ ရောင်ဖြူ(Rang pur)၃။ဒါကာ ၊(Dhaka) ၄။ ဂုမ္ဘီလာ(Comilla) ၅။ သီလက် (Sylhet)၆။ ပဋိက္ကရား၊ (Pataikara) ၇။ ဂဂါၤသာရ( Gangasara) ဂ။ စစ်တကောင်း( Chittagong) ၊ ၉။ဘောရိသတ် (Barisal)၊၁၀။ တိလင်္ကာ( Tilinga-Sundwip) ၊၁၁။ ကံသာ( Karnafuli)နန့် ၁၂။ ဂေါတော်ပါလောင် ( Kutupalong)ရို့ဖြစ်ကြသည်။
ရခိုင်ဘုရင်များသည် မိမိရို့ပိုင်နက် အတွင်း၌ အထူးသဖြင့် နယ်စပ်ဒေသများတွင် ကာကွယ်ရေးအမြင်နန့် အစုအဖွဲ့တည်ထောင်ဗနာ လူဦးရေ နီရာချထားမှုများရှိခကြောင်းကိုလေ့လာ တွိ့ရှိရသည်။ လူဦးရေ ပျံ့နှံမှု ညီမျှစီဖို့အတွက် ရည်ရွယ်ကြောင်းကိုလဲသိရသည်။
သို့သော် လက်ရှိ ရခိုင်ပြည်နယ် နယ်နမိတ် မှအပ ဖြစ်သော ရခိုင်ဘုရင်းနယ်မြေများရေ အစိုင်သဖြင့် တည်တန့်ခိုင်မြဲမှုမရှိခပြီးကေ အကြောင်းအမျိုးမျိုးကြောင်း ဇာတိရပ်မြီရခိုင်ပြည်သို့ ပြန်လာကြသော အ၀ီးရောက် ရခိုင်လူမျိုးများရှိခကတ်ပါရေ ။ အချို့မာလည်း အခက်အခဲများကြားမှ ဆက်လက်ရပ်တည်ကာ နိန် ထိုင်ကျန်ရစ်ခ ကြောင်းသိရ၏။
ခရာဇ်၁၆၆၆)မာ စစ်တကောင်းကျဆုံးပြီးနောက် အခြီချ နိန်ထိုင်ကြသူ ရခိုင်အချို့၊ ရခိုင်ပြည်ကို ထွက်ဗြီးလား ကတ်တေ။ အကြောင်းရင်းမာ မဂို အာဏာပိုင်များက ရခိုင်ခွန် (Magh Joma) ဟုခေါ်ရေ အထူး အခွန်အကောက်တစ်မျိုးကို ရခိုင်တို့အပေါ်စည်းကြပ်ကောက်ခံခခြင်းကြောင့် ဖြစ်ရေ။ သို့သော် ၁၇၆၃ မာ ဗြိတိသျှ အရှေ့အိန္ဒိယာ ကုမ္ပဏီမှ ဘင်္ဂလားနယ်ကို သိမ်းပိုက်ခဲ့ပြီးနောက် ယင်းအခွန်ကိုကင်းလွတ်ခွင့်ပြူခဲ့၍ အခြေချနိန်ထိုင်မှုမာ ဆက်လက်တည်မြဲခဲ့ပြန်သည်။
စစ်တကောင်း နယ်ကို ခရာဇ် ၁၆၆၆ အကုန်မာ မဂိုရို့သိမ်းပိုက်ခကြရေအတွက် ရခိုင်ရို့ရေ ပင်းဝါနန့် အနီး အနားမာဟိရေ စစ်တကောင်းတောင်တန်းဒေသသို့ထွက်ဗြီးလားကတ်တေ။မဂိုတို့စစ်တကောင်းကိုသိမ်းပိုက်ပြီး နောက် စစ်တကောင်းမှ ဗြီးလာကြသူရခိုင်ရို့ရေ စစ်တကောင်းဒေသတောင်ဖက်ပိုင်း ပင်းဝါအထိ ရောက်လာ ကြပြီးနောက် ဆက်လက်မပြီးဘဲ လုပ်ကိုင်စားသောက်နိန်ထိုင်ခကတ်တေ။
မဂိုရို့ တိုက်ခိုက်ပြီးနောက် ဗိုလ်မင်းကောင်းလှဖြူရေ ရခိုင်ပြည်သို့ ၁၇၅၆ ခုနှစ်မာ ထွက်ဗြီး လားဗြီးကေ ၁၇၇၄ မာ ပြန်လာပြီးနောက် Ramu, Idgorနန့် Matamuri မြစ်ဝှမ်းဒေသများတွင် အခြီချ နိန်ထိုင်ခကတ်တေ။ ထိုမှ တဆင့် Maiskal တွင် ၁၈၀၄ ၌ ပြောင်းရွှေ့ နေထိုင်ခဲ့ကြပြီး ၁၈၂၂ တွင် လက်ရှိနီထိုင်ကြသသော Bandarban၌ အခြီချခကတ်တေ။
ဒေဂု အခါ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ၌ မှီတင်းနိန်ထိုင်လျှက်ရှိကြသော ထားဝယ် တိုင်းရင်းသားများ လည်း အ၀ီးရောက် ရခိုင်လူမျိုးများ၏ ပြောင်းရွိနိန်ထိုင်မှုဖြစ်စိုင်ရေ ဆက်စပ်နိန်ကြောင်း လေ့လာတွိရှိရပါရေ။ မဟာပညာကျော်လျှောက်ထုံးတွင်“ မရိပ်မချောင်း ၊ နေမြုံကိုးခေါင်းသား အမျိုးရို့ကို ဘီးတော် ဒဿရာဇာမင်း က မာန်အောင်ကျွန်းတွင် ချထားတော်မူရာ တနှစ်ရှိသောအခါ ထွက်သွားလေ၍ ယိုးဒယားနန့် ပဲခူး နှစ်ပြည်ထောင် အကြားတွင် နေလေရာ မြို့ကိုထားဝယ်ဟု တွင်လေသည်ဟု လေ့လာတွိ့ရှိရ၏။
ထားဝယ်လူမျိုးများ၏ ဇာတ်မြစ်ရေ မြန်မာနွယ်ဝင် ရခိုင်လူမျိုးရို့ပင် ဖြစ်တေ။ ရခိုင်ကမ်း ခြီ ဒေသမှ ၇ခိုင်များ ရေ တနင်္သာရီ ကမ်းခြီဒေသသို့ လားရောက်နိန်ထိုင်ကြရာမှ ပေါက်ဖွားလာသော သူရို့ကို ထားဝယ်သားများ ဟုခေါ်ဟန်ရှိသည်။ ထားဝယ်စကားရေ ရခိုင်စကားပြော ဆိုနည်းနန့်ယိုးဒယား လီသံတို့ပေါင်းစပ်ထားရေပိုင် ဖြစ်နိန်ခြင်းကိုထောက်၍သိသာနိုင်ရေလို့မြန်မာစွယ်စုံကျမ်းတွင် ဖော်ပြထား၏။
ရခိုင်ဘုရင်များအုပ်ချုပ်မှုကာလအတွင်း၌ အ၀ီးရောက်ရခိုင်လူမျိုးများရေ ရခိုင်ပြည်တွင်းပြဿနာကြောင့်လည်းကောင်း၊ ပြည်ပ ကျူးကျော်မှုများကြောင့်လည်းကောင်း၊ လက်ရှိ ရခိုင်နယ်နမိတ်အပြင်ဖက်ရှိ ရခိုင်ဘုရင် ပိုင်နက် များတွင် သွားရောက်နေထိုင်ကြခြင်း ကြောင့်လည်းကောင်း ၊ ဘင်္ဂလားနယ်နန့် မြန်မာပြည်အခြားဒေသများသို့ ရောက်ရှိနိန်ထိုင် ခဲ့ကြကြောင်း လေ့လာတွိ့ရှိရသည်။
(မှတ်ချက် ၂၀၁၀ခုနှစ် ထုတ် မြောက်ဦးမဂ္ဂဇင်းပါ ရခိုင်ဘုရင်တိ အုပ်ချုပ်ကာလ အ၀ီးရောက် ရခိုင်လူမျိုးတိ ဖြစ်စိုင်များ ဆောင်းပါးကို လိုတိုရှင်းဖြစ်အောင် တည်းဖြတ်ပနာ တင်ပြလိုက်ခြင်းဖြစ်ပါရေ)