Friday, June 3, 2011

မြောက်ဦးက ရွှေ့ဘုရားကို ယဉ်ကျေးမှုဝန်ကြီး သိမ်းယူ

၎ ရက် ဇွန်လ ၂၀၁၁ ခုနှစ်။
ဥက္ကာပျံ (ဒါကာ၊ ဘင်္ဂလာဒေ့ခ်ျ)


ရခိုင်ပြည်နယ် မြောက်ဦးမြို့ဟိ ရတနာသိမ်ခ ဘုရားက ရဟိလာရေ ရွှေဘုရားကို ရခိုင်ပြည်နယ် ယဉ်ကျေးမှုဝန်ကြီး ဦးအောင်သန်းတင်က သိမ်းယူလားခရေလို့ ပြည်ထဲက လာရေ သတင်းတိအရ သိရပါရေ။

ပြီးခရေ လ ၃၀ ရက်နိန့်မာ ရတနာသိမ်ခ ဘုရားကို နာယကများက ပြန်လည်ပြုပြင်ဖို့ လုပ်ရာက ရှီဟောင်း ဘုရား အဆူ ၃၀ ကျော်ကို တွေ့ဟိခပါရေ။ ယင်းထဲက ရွှေ ကျပ်ချိန် ၄ ပိသာ ၆၀ ကျပ်သားဟိ ဈနမုဒြာ အမည်ဟိရေ ရွှေဘုရားတဆူကို ရခိုင်ပြည်နယ် ယဉ်ကျေးမှုဝန်ကြီး ဦးအောင်သန်းတင်က သိမ်းယူလားခစွာ ဖြစ်ပါရေ။
.

အမည်မဖေါ်လိုရေသူ တဦး၊ မြောက်ဦးမြို့။ ။ “ဘုရာပြုပြင်ဖို့ အလုပ်သမားတိနန့် ဖြိုဖျက်ရေခါ ဘုရား ဌာပနာက ဘုရား အဆူ ၃၀ ရဟိပါရေ။ ယင်း ဘုရားတိကို ဆရာကြီးဦးသာထွန်းမာ သားဖြစ်တေ ဦးကျော်ထွန်းအောင် က လာရောက်ကြည့်ပြီးကေ ယင်းဘုရားတိစွာ သီရိလင်္ကာနိုင်ငံနဲ့ ဆင်တူးရိုးမှား ဟိကြောင်း ပြောဆိုပြီး ယင်းထဲက ရွှေ့ဘုရားတဆူစွာ ကျပ်ချိန် ၄ ပိသာ ၆၀ ကျပ်သားဟိ ဈနမုဒြာ အမည်ဟိရေ ရွှေဘုရားတဆူဖြစ်ကြောင်း အတည်ပြုပြောကြားခပါရေ” ဟု လေးဝတီ သတင်းထောက်ကို ပြောပြပါရေ။

ယင်းဘုရားများ အထဲမာ ရွှေဘုရားတဆူပါရေ အကြောင်း ဘုရားဂေါပက အဖွဲ့ဝင်တိက ရခိုင်ပြည်နယ် ယဉ်ကျေးမှုဝန်ကြီးကို လားပြီး ပြောပြရေခါ ယင်းဝန်ကြီးက လာရောက်သိမ်းယူလားခစွာဖြစ်ပါရေ။

အမည်မဖေါ်လိုရေသူ ၊ မြောက်ဦးမြို့သားတစ်ယောက်က။ ။ “ယင်း ဘုရာကို သိမ်းယူလားခပြီးကေ ဇာမှာ သိမ်းထားရေ ဆိုစွာ ဘုရား ဂေါပကတိလည်း မသိရသိမ့်ပါ။ ပြည်သူတိလည်း မသိရသိမ်ပါ။ ယင်းတွက်နန့် မြောက်ဦး ပြည်သူတိက ယဉ်ကျေးမှုဝန်ကြီးကို ဒေါသထွက်နေပါရေ” လို့ ပြောပါရေ။

ရခိုင်ပြည်နယ် မြောက်ဦးမြိုမာ ရှီ့ဟောင်း ယဉ်ကျေးမှု အမွေအနစ်မြောက်များစွာဟိပြီးကေ ရခိုင်ပြည်နယ် ဆိုစွာရေ “သဇင်ပန်းခိုင် တမြိုင်မြိုင် ရခိုင်ဘုရားပေါင်း” လို့ တင်စား ခေါ်ဝေါ်ခံရရေ သမိုင်းဝင် ပြည်နယ်တခုဖြစ်ပါရေ။

ရခိုင်ပြည်နယ် ထဲက ရှီ့ဟောင်း သမိုင်းဝင် စေတိ ပုထိုးတိကို ဗမာအစိုးရ အဆက်ဆက်ကနိန်ပြီး ခိုးယူ သိမ်းဆည်းနိန်စွာ ဂနိန့်ထိ ဖြစ်ပါရေ။


လေးဝတီ
.