Thursday, June 9, 2011

လေးဝတီကို လာပါလတ်

လေးဝတီကို လာပါလတ်
အို အသျှင်....
ဟိုအယင်က စိန်စီရစ်လွှမ်း သျှင့်ထီးနန်းစွာ
ကြီးကျယ်ခမ်းနား ဟိကေလည်း ဆန်ရီစပါး သစ်သီးငါးနာန့် 
ရွှီမြသန္တာ ပေါကေလည်း ရက်ကန်းဗိုင်းငင် လှေလောင်းဆင်
ပန်ဂျီပန်းပု ကျောက်ဆစ်ထု အလှူဒါန ဟိကေလည်း
မျိုးစောင့်တရား လက်ကိုင်ထားလျှက် စာပီပိဋကတ် ပရိယတ်နာန့် 
ရတုရကန် သာခြင်းသံ အဲအိုင်လင်္ကာ ထင်ရှားပါလည်း 
ကိုယ့်မင်းကိုယ့်ချင်း ပြိုင်စံကင်းလျှက် ရက္ခိုင်နာမ တွင်ကေလည်း
မသမာညစ် ဗမာမိုက်ရို့  စရိုက်လက္ခဏာ ဖေါက်ပြန်ဗျာလ် 
ထီးကျိုးစည်ပေါက် နန်းဘာပျောက်အောင်
နိုင်ထက်စီးနင်း ပြုလုပ်ခြင်းကြောင်
တိုင်းပျောက်ပြည်ပျောက် လူမျိုးပျောက်လို့  
ကျန်လိုက်အမွီ ရှိဟောင်းပစ္စည်း ဌါပနာထဲက
ပေါ်ထွန်းထွက်လာ ရွှီရုပ်လွှာကို
ခိုးယူတစ်မျိုး ဗြောင်လည်းတစ်ဖုံ ယူနိန်ကတ်ပါဗျာလ် 
အို အသျှင် နပျိုးသီး ကျာကျာ မှည့်ပါဗျာလ် အသျှင်လာလတ် 
အဖရိပ်အို လေးဝတီကို လာပါလတ် ။

စိုးလင်းထွန်း (ရခိုင်အောင်မြီ) .