Tuesday, June 28, 2011

ရတပ ပါတီ လိလာရီးကိုယ်စားလှယ်တိ ဂျပန်နိုင်ငံလားဖို့  ကြိုတင်ပြင်နိန်ကတ်ဗျန်

  ၂၀၁၀- ရွီးကောက်ပွဲမှာ စစ်အစိုးရ  ကြောထောက်နောက်ခံ ထားရေ ကြံ့ဖွံ့ပါတီကို မဲအပြတ်အသတ်အနိုင်ရခရ ရခိုင်တိုင်းရင်းသားပါတီက ဂျပန်နိုင်ငံကို လိလာရီးလားဖို့  ကိုယ်စားလှယ် ရွီးချယ်ပါဗျန်လို့  သိရပါရေ ။ ယင်းရွီးကောက်ပွဲမှာ ရတပပါတီက လွှတ်တော်ကိုယ်စားလှယ်-၃၅-ယောက်အနိုင်ရခရေအတွက် ရခိုင်နိုင်ငံရီးသမိုင်းမှာ မဲအများဆုံးနာင့် လွှတ်တော်ကိုယ်စားလှယ်တိ ရွီးချယ်ခံခရစွာပါတီ ကြီးဖြစ်ပါရေ ။. 

       ဂျပန်နိုင်ငံက ကိုယ်စားလှယ် ( ၁၀ ) ယောက်ထက်မနည်း နိုင်ရေ ပါတီကိုမှ လိလာရီး ခေါ်ယူဖို့  ဆိုရေအခါ ရတပ ပါတီက အခု ပိုင် စည်းကမ်းတိနာင့် ကိုက်ညီလိို့စီလွှတ်နိုင်စွာဖြစ်ပါရေ ။ အသက်(၃၅ ) နှစ်အောက် လူငယ်ကိုယ်စားလှယ်တိကို ခေါ်ယူစွာမှာ လွှတ်တော်ကိုယ်စားလှယ်သက်သက်ကို ရာခေါ်စွာမဟုတ်တေအတွက် အင်တာဗျူးခေါ်ယူပနာ စစ်ဆီးဗြီးကေ အရည်အချင်းပြည့်ရေ လူငယ်ကလေချေတိကို ရွီးချယ်စွာလို့  သိရပါရေ ။ ယင်းအထဲမှာ ကျောက်တော်မြို့ နယ် ရတပ ပါတီအတွင်းရေးမှူး ကိုမောင်ကျော်ထွန်း နာင့် စစ်တွေမြို့ နယ်- ရတပ ပါတီိရုံးက ကိုအောင်သိုက်စိုးရို့ ကို ရွီးချယ်ဗြီးဖြစ်ကြောင်း သိရပါရေ ။ အင်္ဂလိပ်စာနင့် အပြောအဆို အရီးအသားတိကို သံတွဲမြို့  နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခရေ ဦးတင်ဝင်းက အင်တာဗျူးစစ်ဆီးစွာလို့  သိရပါရေ ။ အခုဆိုကေ လူငယ်လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးစလုံးမှာ ရန်ကုန်မြို့ ကို ရောက်နိန်ဗြီးကေ လားဖို့ လာဖို့  အတွက် နိုင်ငံကူးလက်မှတ်ရုံးကို လားနိန်ကတ်ရရေလို့  သိရပါယင့် ။ 
       ယင်းပိုင်လားရေအခါ လူငယ်ကိုယ်စားလှယ်တိက ဂျပန်နိုင်ငံရောက် ရခိုင်လူမျိုးတိနာင့် တွိချင်ရေ ဆန္ဒတိ ကောင်းကောင်း ဟိန့် ရေလို့  ပြောသံကြားရပါရေ ကိုမောင်ကျော်ထွန်းမှာ  ကျောက်တော်မြို့ နယ်က (၁၀ ) တန်းကျောင်းသားတိကို အင်္ဂလိပ်စာ ပြနိန်ရေ ဆရာတယောက်ဖြစ်ဗြီးကေ ကိုအောင်သိုက်စိုးမှာ လွှတ်တော်ကိုယ်စားလှယ် ဆရာဦးမောင်ညို သားတယောက်လို့  သိရပါရေ ။ 

   လေးဝတီ