Friday, June 3, 2011

ရခိုင်စာပီ သင်ဖို့  မလိုလို့  ပြောရေ ရခိုင်စာပီ ဥက္ကဌ ဒေါက်တာကျော်သိန်း သို့  အိပ်ဖွင့်ပီးစာ


ကျွန်တော်ရို့  ရခိုင်လူမျိုးတိမှာ စာပီ ယိုင်ကျေးမူ ရတုရကန် အဲအန် သာခြင်း တိနန့်  ဟိန့် ရေ ဆိုပနာ ကောင်းကောင်း ဂုဏ်ယူ ပြောကတ်ပါရေ ။ ဓည၀တီ ရွှီမြောက်ဦးမှာ ရခိုင်ရှင်ဘုရှင်ရို့  ဘုန်းမီးနီလ တောက်ပခစိုင် ခရုသင်းသံ မှူတ်ပနာ ဗဟိုစည် ညံအောင် တီးခပါရေလို့  ရခိုင်သာခြင်းတိ ဂန္တ၀င်ကဗျာတိ မှာ တွိဖူးပါရေ ။ ယေအခါ မှတ်မိသလောက် တတ်သလောက် တဆင့် မသိရေလူကို သိအောင်စီ ပြောဖြစ်ကတ်ပါရေ ဒေ။ ရခိုင်လူမျိုးတိမှာ အဖရခိုင်နိုင်ငံတော်က အကြောင်းကို ပြောဖြစ်ဗျန်ဆိုကေ ရင်ချိမနာ ခံစားရစွာတိ - ပေါက်ပွဲလားပနာ အံကြိတ်နိန်ရစွာတိ - ပြောကတ်ဆိုကတ် ရစွာမဟုတ်ပါလားချင့် ။ ယေဇူးနာင့်လဲ အခုအချိန်မှာ ဖြစ်နိုင်လို့  ဟိန့် ခကေ ရခိုင်ပြည်မှာ ရခိုင်စာပီ သင်ကြားနိုင်ဖို့  ဆိုပနာ ရခိုင်တိုင်းရင်းသား တိုတက်ရီးပါတီက လှုံ့ ဆော်ပါရေ ထော။ ယင်းခါ ကျွန်တော်ရို့ က လဲ တတ်နိုင်ရေဖက်က ၀ိုင်းဝန်းပနာ ပြောကတ်ဆိုရကတ်ပါဗျန်ကားယေ။ အမေရိကန်ရောက် ရခိုင်လူမျိုးတိကလဲ ရခိုင်စာပီ သင်ကြားရီးအတွက် အကြံပီးကတ်စွာတိ လုပ်ကတ်ပါရေ ဒေ။ နယူးယောက်မှာ နိန်ထိုင်ရေ အမျိုးသားစာပီဆုရ စာရီးဆရာကြီး ဒေါက်တာအေးကျော်ကလဲ ရခိုင်စာပီ အကြောင်းနာင့် ရက်ပြတ် ဟောပြောနိန်ပါရေဒေ။ ဒေါက်တာကျော်သိန်းက ဧရာဝတီသတင်းစာနာင့် ညဇက အင်တာဗျူးတခုမှာ အောက်တန်းကျရေ အပြောအဆို ပစ္စလက္ခတ် ပြောစွာတိကြောင့် အခုတော့ ကောင်းကောင်း စိတ်နာဖို့  ကောင်းလားခပါဗျန်ကာ ။ ရခိုင်ပြည်အတွင်းမှာလဲ ကောင်းကောင်း ဒေါသတိ ထွက်နိန်ကတ်တေလို့  ပြောကတ်ပါရေဒေ။ . တစိချေလဲ နားမလည်ရေ လူတိက ပြောကေ ခွင့် လွှတ်နားလည်ပီးလို့  ရနိုင်ကေလဲ အခုက ရခိုင်စာပီ နာင့် ယိုင်ကျေးမူအသင်း ဥက္ကဌ ဖြစ်တေ ဒေါက်တာကျော်သိန်းက ရခိုင်စာပီကို သင်ဖို့ မလိုပါလို့  ပြောစွာ ကြားလိုက်ရပါရေ ဒေ ။
ယေကေ ဒေကိစ္စကို ပြောဖို့  ကျပါဗျန်ကာယေ။ အေဒီ-၆ -ရာစုလောက်မှာ ရခိုင်စာပီ ပေါ်ထွန်းနိန်ခဗြီးကေ ရခိုင်ယိုင်ကျေးမူ ထွန်းလင်းတောက်ပနိန်ချိန်မှာ ဗမာလူမျိုးတိမှာ စာပီ မဟိန့့် သိစွာကို ဒေါက်တာကျော်သိန်း မသိလို့ ထင်ပါရေ ။ ရခိုင်စာပီ ပေါ်လာစွာနာင့် ဗုဒ္ဒဘာသာသာသနာ ပေါ်ပေါက်လာစွာကလဲ တခုပိုင်မတူစွာကို ဒေါက်တာကျော်သိန်းက နားမလည်လို့ ထင်ပါရေကာ။ ကျွန်တော်ရို့ တိက ရခိုင်စာပီဆိုစွာ တခုပိုင်လဲ ဗမာတိနာင့် မတူပါကား ယေလို့  ပြောရေလူပါဒေ။ ဇါဖြစ်လို့ ဆိုကေ ရခိုင်စာပီ အက္ခရာ ဆိုစွာက ကျောက်စာတိမှာ ရီးထိုးကတ်တေအခါ ကောင်းကောင်းပင် ရခိုင်အမျိုးသီလ နှစ်ဌါနကို ဖေါ်ညွှန်းစွာတိ မြင်ရပါရေ ။ အခုပိုင် ကာလရွေ့ လျှားလို့  ကိုလိုနီဘ၀ကို ရောက်လားခရေအခါ မူလရခိုင်စာပီတိက တဖြေးဖြေးနာင့် ဗမာစာပီတိနာင့် ရောပနာ ဖျက်ဆီးသွတ်သွင်း ခံရလိုက်လို့  ဒေပိုင် စာလုံးတိ တူလားရေအဆင့်တိ ဖြစ်လားစွာပါရာဒေ။ ကိုယ့်မင်းကိုယ့်ချင်းနာင့် ဟိန့် ခရေ ဆိုကေ ကျွန်တော်ရို့  ရခိုင်စာပီလဲ အခုအချိန်ထိ မြောက်ဦးခေတ်သုံး စာပီတိကိုရာ သုံးလို့  ဟိန့် ပါဖို့ ထင်ပါရေ ။ ဇါဖြစ်လို့ ဆိုကေ ကိုယ့်စာပီက အခိုးခံရရေပိုင် ဇါတ်ပျက်လားအောင်လဲံ လုပ်ပလိက်တေအတွက် ဒေပိုင် နီးစပ်မူဖြစ်လားစွာပါကားယေ ။ ယေကေလဲ ရခိုင်စာပီကို စစ်ပေါက်ပေါက် ကြည့်လိုက်ကေ ဒေအခုသုံးနိန် ပြောနိန်ရေ စာပီဆိုစွာ ရခိုင်လူမျိုးစာပီလို့  ပြောနိုင်ပါရေ ဒေ။ ယေကေလဲ ရခိုင်လူမျိုးတိမှာ ကိုယ့်ရိုးရာယိုင်ကျေးမူကို ကိုယ်ရို့ ကရာ ထိမ်းသိမ်းဖို့ လိုရေ ဆိုပနာ ထိမ်းသိမ်းစောင့်ရှောက်ထားလို့  အခုထက်ထိ တည်တန့် နိန်စွာ မဟုတ်ပါလားယေ။ ယငိးပုင်ဖြစ်နိန်ရလို့ လဲ ကကြီး ခခွေးဆိုစွာ ရခိုင်စာပီ မဟုတ်လို့  ပြောနိန်ကတ်ပါသိရေ ဒေ။
လွန်ခရေ နှစ်ပေါင်း ၂၃ရ- နှစ်က ဖျက်လိုဖျက်ဆီး မီးတိုက် ပြာကျခရရေ အတွက် ရခိုင်ငံတော် ပျက်စီးပြိုပျက်လားခရပါရေ ။ ရခိုင်နိုင်ငံတော်က ရခိုင်ပိုင်ညာရှိတိကလဲ အကျဉ်းသားဘ၀နာင့် ၊ ရှင်ဘုရင်ကလဲ အကျဉ်းသမားဘ၀နာင့် ကိုရောက်ခကတ်ပါလေ။ နှစ်ပိုင်းကျိုးဖြစ်လားခစွာ စာတီပုထိုး ဘုရားကျောင်းကန်တိ ဇါပိုင်ဖြစ်လားခရလေ ဆိုစွာကို ရခိုင်စာပီ အသင်းဥက္က္ထဌ ဒေါက်တာကျော်သိန်းက သိဖို့ လိုပါရေ ။ ရခိုင်ပိုင်ညာရှိတိကို လက်ပြန်ကြိုးတုပ်ပနာ ဗမာပြည်ကို ယူလားခရေပိုင် နယ်နိန်မိတ်ကပ်နိန်ရေ နိုင်ငံခြားတိကိုလဲ ထွက်ဗြီးလားခရပါရေ ။ ဒေါက်တာကျော်သိန်းက နတ်ရှင်နောင် အကြောင်းကို စာသင်လို့  ပိုင်ညာတတ်တေဆိုကေ မြောက်ဦးခေတ်က စာဆိုစစ်သည် ဥက္ကာပျံ ကို ရခိုင်လူမျိုးတိက ကောင်းကောင်း သိကတ်စွာပါဒေ။ မြောက်ဦးခေတ် ရခိုင်မင်းသမီးဧချင်း ဖြစ်တေ ဖတူမင်းညို အဲချင်းဆိုစွာ မြန်မာနိုင်ငံသမိုင်းမှာ အစောဆုံးတွိရရေ ဧချင်းပါလို့  ၀န်ခံထားရစွာဖြစ်ပါရေ --အစောဆုံးတွိရေ ရခိုင်ကဗျာ ဆိုစွာကို ကြည့်ကေ ရခိုင်မှာ စာဆိုတော်တိ ကဗျာဆရာတိ ပိုင်ညာရှင်တိ ဟိန့် ခရေ ဆိုစွာကို သိနိုင်ပါရေ မဟုတ်ပါလားယေ။ ယေဇူးနာင့် ရခိုင်ပိုင်ညာရှင်တိရေ ကဗျာတိ မော်ကွန်းတိကို ကိုယ်ရို့  ရခိုင်စာပီ နာင့် ရီးခကတ်စွာပါရာ။ ။ ကျောက်စာတိမှာ ဖေါ်ပြထားရေ ရခိုင်စာပီ သမိုင်းတိနာင့် ရခိုင်လူမျိုးအကြောင်းတိကို သိဖို့  အတွက် ရခိုင်မျိုးဆက်သစ်ကလေချေတိမှာ ရခိုင်စာပီကို သင်ဖို့ မလိုအပ်ပါလားယေ။
နောက်တခု အရေးကြီးစွာက တိုင်းရင်းသားဒေသတိမှာ ဒေကိစ္စတိက ကောင်းကောင်းပြသနာတက်နိန်ရေ ကိစ္စဖြစ်နိန်ပါရေ ။ ရခိုင်သားချေတိက ရခိုင်စကားလီသံနာင့် စာမရီးစွာတိဖြစ်လာပါဗျန်။ ကြည့်လိုက်ကေ အောက်သားစကားလုံးကို စာနာင့် ရီးပနာ လုပ်နိန်လာကတ်ပါဗျန်။ ဒေချင့်ယေ ဒေါက်တာကျော်သိန်း ရို့ ပိုင် အမျိုးသီလ ကို မစောင့်စည်းရေ ရခိုင်ပညာရှင်တိကြောင့် ဖြစ်ကတ်ရစွာပါယေ။ ဒေပိုင် ရခိုင်ပိုင်ညာရှင်တိ မစိုင်းစားဘဲ လုပ်ချင်ပိုင် လုပ် ပြောချင်ပိုင် ပြောနိန်ကေ အခုအချိန်မှာ သမိုင်းက ဆုံးဖြတ်စွာမဟုတ်ဘဲနာင့် ပစ္စုပန်ကပါ ဆုံးဖြတ်ကတ်ပါရေ ဒေ။ ပထမဆုံးပြောချင်စွာက အမျိုးကို သစ္စာဖေါက်တေပိုင်စွာမျိုး ပြောရေအတွက် ဒေါက်တာကျော်သိန်းက ရခိုင်စာပီ ယိုင်ကျေးမူ အသင်း ဥက္ကဌ ရာထူးက နုတ်ထွက်ပီးလိုက်ပါဖိလို့ ပြောချင်ပါရေ ။ ဂုဏ်သိက္ခာ ရှိရေ လူကြီးလူကောင်းဆိုကေ ကျွန်တော်ပြောစွာကို လက်ခံနားလည်ဖို့ လို့ ထင်ပါရေ ။
ဇါဖြစ်လို့ ဆိုကေ ရခိုင်တိုင်းရင်းသားပါတီက ရခိုင်လူမျိုးချေတိကို ရခိုင်လူမျိုးမှာ ကိုယ့်ရိုးရာ ယိုင်ကျေးမူ စာပီ ရှိရေ ဆိုစွာကို ပြောဖို့  အတွက် ရီးဖို့ အတွက် သင်ဖို့ အတွက် ကောင်းကောင်းကြိုးစားနိန်ပါရေ ဒေ။ ယင်းပိုင်ကြိုးစားစွာမှာ လွန်ခရေ မတ်လ-( ၁၅ ) ရက်နိန့် က- ပြည်ထောင်စုလွှတ်တော်ကျင်းပရေအခါ ရှမ်းပြည်နယ် မိုးမိတ်မြို့  နယ် လွှတ်တော်ကိုယ်စားလှယ် -ဦးဇေါ်ထွန်းက မီးခွန်းထုတ်ခပါရေ ။ ယင်းချင့်က တိုင်းရင်းသားဒေသတိမှာ ကိုယ့်ရိုးရာ ယိုင်ကျေးမူ စာပီတိကို မူလတန်းပိုင်ညာသင်ရိုးညွှန်းတန်းမှာ သင်ကြားခွင့် ရပါဖို့ လား မီးစွာဖြစ်ပါရေ ။ ယင်းချင့်ကို စစ်အစိုးရ ပိုင်ညာရီးဝန်ကြီးဟောင်း ဒေါက်ာတာချမ်းငြိမ်းက သင်ဖို့ မလိုပါ ဆိုပနာ ခွင့် မပြုခပါယေ- ယေကေ အခုလဲ ရခိုင်ပြည်မှာ ရခိုင်သားချေတိကို ရခိုင်စာပီ သင်ဖို့  မလိုပါလို့  ရခိုင်သားဖြစ်တေ ဒေါက်တာကျော်သိန်းက ပြောစွာနာင့် တူနိန်စွာ မဟုတ်ပါလားယေ။ ယင်းအတွက်တာနာင့် ရခိုင်တိုင်းရင်းသားပါတီတိက အမြော်အမြင် ကြီးကြီးမားမားနာင့် လုပ်နိန်ကတ်စွာကို ဇါဖြစ်လို့  စစ်အစိုးရ မျက်နှာ ကြည့်ပနာ အောက်သားစာနာင့် ရခိုင်စာ အတူတူရာလို့  ပြောလိုက်ရပါလေချင့် ။
အခုအချိန်မှာ စာပီလွပ်လွပ်ခွင့် မဟိန့် လို့  ရခိုင်သားချေတိက အမင်ခေါ်လို့ လဲ စာမရီးမတတ်ဗျန်၊ အဘာခေါ်လို့ လဲ စာမရီးတတ်ပါဗျန်။ ဓည၀တီရခိုင်နိုင်ငံတော်ကိုလဲ မသိကတ်ဘဲ အနော်ရထာနာင့် ကျန်စစ်သား လောက်ကိုရာ သမိုင်းမှာ သင်နိန်စွာကို ဇါပိုင် လုပ်လို့ ရခိုင်လူမျိုးတိ ကိုယ့်အမျိုးကို ကိုယ်ချစ်ကတ်ပါဖို့ လဲချင့်။ ရခိုင်ဆိုစွာ မာရယုက ဆင်းသက်လာရေလို့  ပြောစွာကို အခု မျိုးဆက်သစ် ရခိုင်သားချေတိ မသိကတ်စွာများပါရေ ဒေ။ ယင်းချင့်မှာ ရခိုင်ရာဇ၀င် နာင့် ရခိုင်ရှင်ဘုရင် အကြောင်း ပါ ဓည၀တီရခိုင်နိုင်ငံတော်အကြောင်းကို တခုချေလဲ မသိရေပိုင် တခုချေလဲ ရခိုင်စကားနာင့်တောင် မပြောတတ်တေ ဒေါက်တာကျော်သိန်း သားသမီးတိကတော့ ဖြစ်နိန်ပါဖို့ ကာ။ ယင်းချင့်ကား ရခိုင်ပိုင်ညာရှင်တယောက်အဖို့  မျိုးဆက်သွီးအဖြစ် ဆုံးရှုံးမူ တခုပါယေ။ ယင်းပိုင်မျိုးဆက်ဆုံးရှုံးမူတခုကို ရန်ကန်ုရောက် ရခိုင်လူမျိုးတိကလဲ လုံးဝလက်မခံဘဲ ရခိုင်စာပီ ယိုင်ကျေးမူ အသင်း ဥက္ကဌ ရာထူးက ထုတ်ပလိုက်ရပါဖို့ ဒေ.။
ရခိုင်တိုင်းသားတိုးတက်ရီးပါတီက ရခိုင်စာပီ သင်ရိုးညွှန်းတန်း ဖေါ်ထုတ်ပနာ မူလတန်းပိုင်ညာ သင်ကြားခွင့် လုပ်နိန်စွာမှာ လီသံလောက်ကို သင်ကြားဖို့  ပြောနိန်စွာမဟုတ်ကြောင်းကို ဇါဖြစ်လို့  ဒေါက်တာကျော်သိန်းက နားမလည်စွာလဲ မသိပါထော။ ရခိုင်စကားလီသံမှာ အောက်သားစကားလီသံနာင့် ပြောကေ ကာရန်ကို သင်ပီးလိုက်ကေ ရဖို့  စွာတိ ဟိန့် ပါရေ ယေ။ ရခိုင်သားရို့ စကားမှာ အီ-ကာရန်နာနင့် ပြောစွာကို အောက်သားစကားလီသံမှာ အေ သံ-ကာရန်နာင့် ပြောကေ နားလည် နိုင်ပါရေ ။ ယေကေလဲ ရခိုင်စာပီနာင့် ပါတ်သက်လို့  ရီးလာရေအခါ ပြောလာရေအခါ လုံးဝကွဲ ပြားလားစွာ တွိပါရေ ယေ ။ ယင်းချင့်ကို ယင်းသူရို့ တိက ကောင်းကောင်းသိပါရေ ။ ရခိုင်စာနာင့် ရီးထားစွာမြင်ကေလဲ အဓိပ္ပါယ် ဖေါ်လို့  မရစွာကို ကြည့်ကေ ရခိုင်စာပီကို လုံးဝ သီးသန့်  သင်ပီးရဖို့  လိုနိန်ပါရေ ။ ယင်းပိုင် ရခိုင်စာပီကို သင်ဖို့  စွာမှာ သက်ဆိုင်ရာ ရခိုင်ပြည်မှာရာ ရခိုင်စာပီကို သင်ဖို့  စွာပါကာ။ ဇါက ရခိုင်သားတိ အခက်အခဲ ဟိန့် နိုင်ပါဖို့ လဲ ယေ။ ရခိုင်စကားကို ရာ သင်သင့်ရေလို့  ပြောစွာမှာ အလှပလှ ဖါးစွာစကားကို ပြောစွာဖြစ်ပါရေကာ ။ ဇါဖြစ်လို့ ဆိုကေ ရခိုင်လူမျိုးစာပီကို ရခိုင်ပြည်သင်ရိုးညွှန်းတန်းမှာရာ ထည့်ရပါဖို့  စွာရာ ဖြစ်ပါရေ ။
မြန်မာနိုင်ငံအတွင်းမှာ လူမျိုးပေါင်း-၁၃-၅- မျိုးလောက် ဟိန့် ရေလို့  ပြောနိန်စွာကို မူလတန်းသင်ရိုးညွှန်းတန်း မှာ ထည့်သွင်းဖေါ်ပြဖို့  စွာက သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးအလိုက်ကိုရာ ပြောစွာရာ ဖြစ်ပါရေ ။ လူမျိုးပေါင်း - ၁၃၅- မျိုးကို ရခိုင်စာပီ သင်ကြားဖို့  လုပ်နိစွာကား မဟုတ်ပါကားချင့် ။ ယင်းပိုင်ပါဗျန်ဒေ။ အခြားတိုင်းရင်းသားလူမျိုးတိ စာပီသမိုင်းကိုလဲ လူမျိုးပေါင်း-၁၃၅- မျိုးကို သင်ဖို့  စွာကား မဟုတ်ပါကားယေ- ရခိုင်ပြည်မှာ ရခိုင်စာပီ သင်ကြားမူကို ဇါချင့်က အခက်အခဲ ကျဖို့လဲ ဆိုစွာကို လုံးဝစိုင်းစားလို့  မရပါကာ ယေ။
ကာလရွေ့ လျှားဗြီးကေ ကိုယ့်စာပီကို လူမျိုးခြား အောက်သားတိက ကိုလိုနီ နယ်ချဲ့ ထားရေအခါ စာပီကိုပါ ဖျောက်ဖျက်လုပ်ပလိုက်တေအတွက် ဒေပိုင် အက္ခရာ ၀ိုင်းလားခရေ စာကို ဒေါက်တာကျော်သိန်း သားမယားက ဖတ်တတ်လီဖို့ လို့  မထင်ပါဒေ။ ယင်းချင့်ကြောင့် ရခိုင်ပြည်မှာ ရခိုင်စာပီယိုင်ကျေးမူကို သီးသန့် သင်ဖို့  ဘာသာရပ်တခုအဖြစ် လိုအပ်တေစွာကို ပြောချင်ပါရေ ။ နောက်အရေးကြီးဆုံးက ရှေးရခိုင်ရှင်ဘုရင်လက်ထက်က အခုအချိန်ထိ ရခိုင်ရာဇ၀င်မှာ ထင်ရှားကြော်ကြားခရေ မင်းတိ ဟိန့် ခပါရေ ။ ယင်းရှင်ဘုရင်တိအကြောင်းကို မျိုးဆက်သစ် ရခိုင်သားချေတိ မူလတန်းကျောင်းသားကပင် သိလားခကေ ကောင်းဖို့ မနားပါယေ။ ယင်းပိုင်ပါဗျန် ။ အခုအချိန်ထိ ရခိုင်နိုင်ငံရီးခေါင်းဆောင်တိ၊ တော်လှန်ရီးခေါင်းဆောင်တိ။ စာဆိုတော်တိ ၊ ကဗျာဆရာတိ ။ သမိုင်းသုတေသီတိ ကို သိလားခကေ ပိုလို့ ကောင်းရေ မဟုတ်ပါလားယေ။ ဆရတော်ဦးဥတ္တမ ဆိုစွာ ဘုန်းကြီးလားလို့  မီးနိန်ရေ ရခိုင်သားချေတိကို မြင်ရကေ မကောင်းစွာထက် ရခိုင်လူမျိုးတိုင်း ဆရာတော်ဦးဥတ္တမ အကြောင်းကို သိထားကေ မကောင်းပါလားယေ- ရခိုင်စာပီနာင့် ယိုင်ကျေးမူ တိကို သီးသန့် ဘာသာရပ်အနိန်နာင့် သင်လိုက်ကတ်ခါမှ မျိုးဆက်သစ် ရခိုင်သားချေတိက ဆရာကြီး ဦးဦးသာထွန်း ရို့ပိုင် ၊ ဦးစံရွှေဘုရို့ ပိုင် ၊ သမိုင်းဆရာကြီးတိ ဖြစ်လာဖို့  မဟုတ်ပါလားယေ။ အခုဆိုကေ လက်ချိုးလို့  ရီတွက်လိုက်ကေ ရခိုင်သမိုင်းနာင့် ပြောနိန်ရီးနိန်ရေလူတိ စာရီးဆရာကြီးတိ ဟိန့် ပါဗျန်။ ဆရာတော်အရှင်စက္ကိန္တ က သက်တော်- ၈၀- နီးနိန်ပါဗျန်ကာ။ ဖါပိုင်လုပ်လို့  နောက်ကို ရခိုင်စာပီ ဖေါ်ထုတ်နိုင်ပါဖို့ လဲ ချင့် ။ ဆရာော် အရှင်ဇယံန္တဗောဓိက ဇါပိုင်လုပ်လို့  ရခိုင်သမိုင်းကို ဖေါ်ထုတ်နိုင်ပါဖို့ လဲ ။ ဆရာဦးမောင်ဗသိန်း၊ ငပြူးသံတွဲ ၊ မင်းပြားမင်းသိန်းဇံနာင့် ဆရာအောင်ဇံ ။ ဦးအောင်လှသိန်း၊ ဦးအလုံးမောင်၊ သူမြတ်( မဟာအောင်မြေ ) ရို့  အားလုံး အသက် -ရ၀- တန်းရောက်နိန်ကတ်ပါဗျန်ကာ ။ လက်ဆင့်ကမ်းဖို့  သမိုင်းအမွီကို မူလတန်းအဆင့်ကပင် ရခိုင်စာပီကို တတ်ထားပနာ ရခိုင်သမိုင်းကို ရခိုင်မျိုးဆက်သစ်ကလေချေ ကလေမေ့ လေချေ တိက တတ်လားကတ်ဖို့  မဟုတ်ပါလားယေ။ အခုမျက်မှောက်ကာလမှာ ရီးနိန်ကတ်တေ ရခိုင်သမိုင်းဆရာကြီးတိ က အသက်အရွယ် ကြီးလာလို့  ဘ၀တပါးကို ပြောင်းလားခကေ နောက်ထပ် ရခိုင်သမိုင်းစာရီင်္းဆရာတိ မဟိန့် ပါဗျန်ကား။ ဒေချင့်ကို အခုကပင် စိုင်းစာဖို့  သင့်ရေ မဟုတ်ပါလားချင့်။
ကံကောင်းနိန်စွာတခုက အခုခေတ် ရခိုင်အဆိုကျော်တိက သူရို့  ဆိုနိန်ကတ်တေ တေးခင်းတိထဲမှာ ရခိုင်အမျိုးကို ချစ်ဖို့ လိုကြောင်းနင့် ရခိုင်ယိုင်ကျေးမူကို ထိမ်းသိမ်းစောင့်ရှောက်ကတ်ဖို့  လိုရေ အကြောင်းကို ကကွက် ပြကွက်တိနာင့် ဆိုနိန်ကတ် ကနိတ်ကတ်စွာကို မြင်ရစွာက အားရဖို့  ကောင်းပါရေကာ။ ရခိုင်လူမျိုးဖြစ်ဗြီးကေ ရခိုင်စာပီကို မသိရေ ရခိုင်မျိုးဆက်သစ်တိ မဖြစ်ရအောင် ရခိုင်လူကြီးတိက လမ်းညွှန်ပြပီးဖို့  ကောင်းကောင်း လိုအပ်ပါရေ ။ ယင်းပိုင်မဟုတ်ဘဲ ရခိုင်စာပီယိုင်ကျေးမူ အသင်းမှာ ဥက္ကဌ ရာထူးယူထားပနာ အမျိုးနာင့် ယိုင်ကျေးမူကို ဖျက်ဖို့ ဆီးဖို့  လုပ်နိန်စွာမျိုးကိုတော့ကာ ကောင်းကောင်းကြီးဆန့် ကျင်ရပါဖို့ ကာ။ ယေဇူးနာင့် ရခိုင်စာပီ နာင့် ယိုင်ကျေးမု အသင်းမှာ ဥက္ကဌ လုပ်နိန်ရေဆိုကေ ရခိုင်နိုင်ငံတော်နာင့် ရခိုင်လူမျိုး စာပီယိုင်ကျေးမူတိကို ဖေါ်ထုတ်ဖို့  စွာ မစိုင်းစားဘဲနာင့် အခုပိုင် လူမျိုးခြားတိက ရိုးရာစာပီကို ဖျောက်နိန်ကတ်စွာကို အားပီးရေပိုင် လုပ်စွာမျိုးကို မလုပ်မိဖို့  အသိပီးလိုက်ရပါရေ ။။။။။

ခိုင်အောင်ကျော် ( နယူးယောက် )
.