Friday, June 3, 2011

ပြည်တွင်းရက္ခအလင်းတန်းလူငယ်အဖွဲ့  ဗဟိုအဖွဲ့ က ဥက္ကဌ မပံသု့ စံ နန်တွိ့ ဆုံခြင်း

၃၊၆၊၂၀၁၁
မမ မင်္ဂလာပါ
မင်္ဂလာပါ
အကျွန်ကတော့ ပြည်တွင်းရက္ခအလင်းတန်းလူငယ်အဖွဲ့ ဗဟိုအဖွဲ့ က ဥက္ကဌ မပံသု့စံ ဖြစ်ပါရေ။
မိန်း။ မြန်မာ နိုင်ငံ အစိုးရသစ်နန့် လွတ်တော်အခန်းကဏ္ဍမာရေ ရခိုင်လူထု အတွက် မျှော်လင့်ချက်ရှိလာဖိုလို့ ဇာ ပိုင်ယူဆမိပါရေလဲ။

ဖြီ။ မြန်မာနိုင်ငံမှာတက်လာရေ အစိုးရသစ်အနိန်နန့် လွှတ်တော်အခန်းဂဏ္ဍမာရေ ရခိုင်လူထုအတွက် မျှော်လင့်ချက်ကိုရှိမရှိကိုဖြေဖို့အစား မရှိမှန်းကိုကြိုတင်သိနိန်ရေ အတွက်တာကြောင့် မျှော်လင့်ချက်ကို မထားကြောင်းကိုရာပြောချငိပါရေ။
ဇာဖြစ်လို့လဲ ဆိုခကေ ဒေစင်ထက်မှာဒေဆိုင်းတီးပီးကေ ဒေအကကိုကခိုင်းဖို့ဆိုစွာကို သိနိန်ရေ ဆိုရေလောက်ကပင် ဇာလူပင်တက်လာလာ ဇာတိုင်းရင်းသားမှာမဆို မျှော်လင့်ချက်ကိုမှ ထားလို့မရနိုင်ရေ အတွက်တာကြောင့်ပင်ဖြစ်ပါရေ။
မိန်း။ ဂနိရခိုင်ပါတီက လွှတ်တော် မာရေ ၀န်ကြီးနီရာရစာတိရှိရေ။ သို့သော် ရခိုင်လူထုအတွက် လုပ်ပိုင်ခွင်တိကို အပြည်အ၀ လုပ်ကိုင်နိုင်ဖိုကား မြင်မိပါရေလား. မင်္ဂလာပါ
ဖြီ။ လွတ်တော်နိန်ရာမှာ ရခိုင်က ၀န်ကြီးနိန်ရာကို ရယေအတွက် အမျိုးသားရီးစိတ်ဓါတ်နန့် ဂုဏ်ယူမိပါကေလေ့ အထက်ကပြောခရေပိုင် ကြိုးဆွဲရုပ်သီးအဖြစ် အသုံးချခံလိုက်ရရေ အဆင့်မှာရာဟိန့်နီရေ အနေအထားမှာ ဟိန့်ရေ အတွက် အပြည့်အ၀မပြောပါကေ့ အမျိုးသားအချင်းချင်း ရန်တိုက်ပီးရေ အဆင့်ကိုရာရောက်ဖို့ကိုမြင်ယောင်မိပါသိရင့်။
မိန်း။ ဂနိ ရခိုင်အမျိုးသားနိုင်ငံရီး အခန်းကဏ္ဍမာ အသွင်အမျီုးမျိုးကွဲပြားနီရေ။ စုစည်းခိုင်မာရေ ရခိုင်နိုင်ငံရီး အမျီုးသားရေးအင်အာစုတိမရှိသိမ့်၊ ဒေကိစ္စကိုကား ဇာပိုင်အနီအထားနန့် ပြုပြင်နိုင်ဖို့လို့ ဆိုနိုင်ပါဖိုလဲ။

ဖြီ။ ရခိုင်အမျိုးသားရီး အခန်းဂဏ္ဍမှာ အသွင်သွင်အမျိုးမျိုးကွဲပြားနီရေ အဆင့် ထက် ကျော်လွန်ပြီးကေ စည်းရုံးရေး၊ညီညွတ်ရေး၊ အားလုံးပြိုပျက်နိန်ကတ်တေအတွက် စုစည်း လို့မရနိုင်ယေအခြေအနိန်မှာဟိန့်နီပါရေ ဒေအတိုင်ဆက်လားကတ်ဖို့ဆိုလို့ဟိန့်ခကေ အမျိုး သားရီးအင်အားစုဆိုစွာ ဇာခါလေ့ ပေါ်ပေါက်လို့ လာနိုင်စရာကိုမဟိန့်ပါ အဂုလေ့ မဟိန့် နောင် ကိုလဲ မဟိန့်နိုင်ရေအတွက် အဓီက က ရခိုင်အမျိုးသားတိ စည်းရုံးနိုင်အောင် စည်းရုံး တတ် အောင် ပထမအနိန်နန့် စိတ်ဓါတ်ကိုပြုပြင်ကတ်ရပါဖို့ ငါက ကောင်းရေ သူကမကောင်းလို့ ပြောနိန်ကတ်ဖို့အစား အားလုံးကပြုပြင်ပြီးကေ စည်းရုံးနိုင်ေ၇တနိန့်မှာ ရခိုင်အင်အားစုတစ် ရပ်စွာ အမှန် အားကောင်းစွာနန့်ပေါ်ပေါက်လာဖို့လို့ မြင်မိပါရင့်။ ဒုတိယပြုပြင်စရာတစ်ချက်ကတော့ ရခိုင်အမျိုးသားရီးဂဏ္ဍမှာ ခေါင်းဆောင်နိုင်ရေ အရည် အချင်းနန့်ပြည့်ဝရေ ခေါင်းဆောင်ခေါင်းတစ်ယောက်ပေါ်ပေါက်လာလို့မလာခေ၇အတွက် ဒေပိုင်အင်အားတိပြိုကွဲနိန်ကတ်စွာရာဖြစ်ပါရေ။
အများကြည်ညိုအားထားနိုင်ရေ လူထုခေါင်းဆောင်ကောင်းတစိယောက်ရာပေါ်ပေါက်လာ
ခကေ တမျိုးသားလုံးစွာ ခေါင်းဆောင်ကောင်းတစ်ယောက်ရဲံ လက်အောက်မှာ ညီညီညွတ်ညျွတိနန့် လုပ်ဆောင်လားကတ်ကေ မကြာရေ အချိန်အတွင်းမှာ လိုအပ်တေ ပန်းတိုင်ကို တိုတိုနန့်ရောက်လာနိုင်ပါရေ။
မိန်း။ ရခိုင် အမျိုးသားနိုင်ငံရီးလှုပ်ရှားမှုပိုင်း မာ တစတစ အားနည်းလာစွာတွိရရေ။ ဒေကိစ္စကို ဇာပိုင်ခံယူချက်ထားပါလဲ။

ဖြီ။ ရခိုင်အမျိုးသားရီးလှုပ်ရှားမှု့ပိုင်းမှာတစတစအားနည်းလာရေဆိုစွာကတော့ မှန်ပါရေ ပဇာကြောင့်လဲလို့ပြောရကေ စည်းရုံးမှု့ မဟိန့်ကတ်လို့ပါရေ ရခိုင်စွာ အမျိုးကိုချစ်တေ ချစ်တေ ဆိုပြီးကေ လီသံ့လောက်ရာကျန်နိန်ခပြီးကေ လက်တွိ့မှာ အကောင် အထည်မ ဖေါ် နိုင် ကတ်တေအတွက် တပ်တစ်တပ်မှာ ဗိုလ်တစ်ထောင် တပ်သားမဟိန့် ဖြစ်လာပြီးကေ စင်ပြိုင် ထောင်ပနာ အချင်းချင်းပက်ခုန်းတိုင်းနီကတ်စွာကိုရာမြင်နီတွိ့နီရပါရေ။ အရင်ကပင် သာဓက ဟိန့်ခရေပိုင် အဖရခိုင်ပြည်ကြီးစွာ စည်းရုံးရေးပြိုကွဲရာကစလာပြီးကေ အသား ထဲ ကလောက် ထွက်ပနာ သူ့ကျွန်ဖြစ်ခရရေပိုင် အ၈ုအချိန်မှာလဲ စည်းရုံးမှု့မဟိန့် ဖြစ်ကတ်ပြီးကေ ရန်သူ ပါး ကို ခွိးဝင်ပေါက်က၀င်ပနာ ကိုယ့်အမျိုးသားသစ္စာဖေါက်တိပေါ်ပေါက်လာကတ်စွာရေ အမျိုးသားရီးကိုဘန်းပြပြီးကေ ခေါင်းစဥင်္တစ်ခုအောက်မှာ လုပ်စားလားကတ်ပီးကေ မရှောင်ရေ တနိန့်မှာ အရှက်မဟိန့်လုပ်လားကတ်စွာရာဖြစ်တေအတွက်ဖြစ်ပါရေ။
မိန်း။ လက်ရှိပြည်တွင်းလှုပ်ရှားမှု တခု ဖြစ်လာရေ ရက္ခ အလင်းတန်း ၈ျာနယ် နန် ပတ်သက်လို့ ဇာပိုင်အနီအထားက ဖြစ်ပေါ်လာစာပါလဲ။

ဖြီ။ ပြည်တွင်းရက္ခအလင်းတန်းအဖွဲ့ စွာ ၂၀၀၉-ခု ဇွန်လကေ စပြီးကေ ရခိုင်ပြည်နန့်ဝီးနီ ကတ် တေ ပြည်တွင်းမှာဟိန့်နီရေ ရခိုင်လူငယ်ချေတိပေါင်းစုပနာဖွဲံစည်းလိုက်တေ အဖွဲ့ တစ်ခုဖြစ်ပါရေ အဖွဲ့ရဲ့ဦးတည်ချက်မှာက ရခိုင်ပြည်အတွှုင်းမှာဟိန့်နီရေ ရခိုင် အမျိုးသား လူငယ်ချေတိအတွက်ရော ၇ခိုင်လူမျိုးရခိုင်စာပီတိကိုဖေးထုတ်လားနိုင်ဖို့ဆိုရေ ရည်ရွယ် ချက်ပါဟိန့်ပြီးဖြစ်တေအတွက် အဂုအချိန်မှာ ၇ခိုင်လူမျိုးတိ မျက်စိပိတ်နားပိတ် ဖြစ်နီစွာကို ဖွင့်ပီးချင်ရေ ရည်ရွယ်ချက်တစ်ခုနန့် ဒေစာစောင်ကိုထုတ်ဝီစွာဖြစ်ပါရေ။
မိန်း။ ရခိုင်အလင်းတန်း ထုတ်ဖို့ လို့ ကြော်ငြာစွာမှာ ရခိုင်နိုင်ငံလို့ ကြောငြာစွာကို ဇါပိုင်အမြင်မျိုးနာင့် လုပ်လိုက်စွာပါလဲ။

ဖြီ။ ရခိုင်နိုင်ငံတော်လို့ ကြောငြာစွာက အဂုမှ စပြီးကေကြေငြာခြင်းမဟုတ်ရပါ ရခိုင့်
နိုင်ငံတော်ဆိုစွာ ရခိုင်နိုင်င့တော်လို့ စဖြစ်လာေ၇လောက်ကပင် နိုင်ံ့ငံတော် အဖြစ် တည် ဟိန့်နိန်ခစွာရာဖြစ်ပါရေ ဗမာ ကသိမ်းပိုက်လိုက်တေနောက်ပိုင်းခါမှ ပြည်နယ်တိုင်းခွဲ့ပနာ ရခိုင်နိုင်ငံကို ရခိုင်ပြည်အဖြစ် ပြောင်းလဲခေါ်တွင်ခရေ အတွက် ပြည် ဆိုရေ ဝေါဟာ၇ကို သုံးစွဲနိန်ကတ်စွာဖြစ်ပါရေ ယေဇာကြောင့် ရခိုင်အမျိုးသားတိစွာ အဂုအချိန်ထိ ရခိုင့် နိုင်ံငံ့တော်မှာ နိန်ထိုင်နိန်ရေလို့ ခံယူထားရေအကြောင်းကြောင့် နိုင်ငံတော်လို့ ခေါ်ဝေါ် သုံးစွာရာဖြစ်ပါရေ။
မိန်း။ ယင်းပိုင်မလွတ်လပ်တေ ဘောင်အတွင်းကထုတ်ဝီရခါ ဇာပိုင် အခက်အခဲရှိပါရေ။
ဖြီ။ ရက္ခအလင်းတန်းစာစောင်ကို လွတ်လပ်စွာထုတ်ဝီဖို့ဆိုစွာမဖြစ်နိုင်ရေ အနိန်အထားမှာ ဟိန့်စွာကို အားလုံးသိကတ်ပါလိမ့်မေ ယေဒါကြောင့် အခက်အခဲ အားလုံးကိုရင် ဆိုင်ကျော် လွားနိုင်ပြီးကေ အလုပ်တစ်ခုပြီးမြောက်လားဖို့စွာကိုအဖက်ဖက်က တားဆီးကြံဆပနာ ၀ိုင်း ၀န်းပြီးကေ ထုတ်ဝီလားစွာဖြစ်ပါရေ။
မိန်း။ ဒေပိုင်ထုတ်ဝီမှုကိုကော ရခိုင်ပြည်သူတိက လက်ခံအားပီးမှုတိရှိကတ်ပါရေလား။
ဖြီ။ ရခိုင်ပြည်သူတိအနိန်နန့်က ဘ၀တစ်သက်တာမှာ ပြည်တွင်းမှာ ဒေပိုင် စာစောင် မျိုးးတိကိုဖတ်ဖို့လို့ မမျှော်လင့်ခကတ်ဗျှယ်ဆိုရေ အသံတိထွက်လာကတ်ပြီးကေ နောက်ဆက်တိုက်စဥင်္ဆက်မပြတ်ထုတ်ဝီးပီးနိုင်ကေ ကောင်းဖို့ဆိုရေ အသံကိုနားထောင်ကြည့်စွာနန့် ပြည်သူ့ အားပီးသံတိကိုကြားသိရေလို့ထင်မိပါရင့်။
မိန်း။ နောက်ဆုံးအနီနန့် ပြည်သူကို ဇာပြောချင်ပါလဲ။

ဖြီ။ ပြည်သူ့ကိုမှာကြားချင်စွာကတော့ခါ အလုပ်တစ်ခုစွာ တစ်ဦး တစ်ယောက် တည်း နန့်မပြီးမြောက်နိုင်ရေပိုင် တစ်ဦးတစ်ယောက်တည်းကောင်းနီရုံနန့်လဲ တပြည် ကောင်း စားဖို့လ်ါဖို့ မဖြစ်နိုင်ရေအတွက် အားလုံးလက်တွဲပါဝင်နိုင်ကတ်ဖို့ကို တိုက်တွန်းပြောချင်ပါရေ အကြောက်တရားစွာ ဘ၀တစ်ခုလုံးကိုလဲ သီဆုံးလားနိုင်ပါရေအတွက် ဆရာတော်ဦးဥတ္တမ ပြောကြားခရေ စကားပိုင် ရဲလျှင်ကြံ ကြောက်လျှင်ပြန် စကားအတိုင်း မှန်ကန်ရေဖက်ကရဲရဲဝန့်ဝန့်ဆောင်ရွက်လားနိုင်ကတ်ပါစီလို့ စကားခြွိချင်ပါရေ။

လေးဝတီ
.