Thursday, June 30, 2011

ရခိုင်ပုစွန်ကုန်သည်တိ အရှုံးပေါ်ပြန်

    ရခိုင်ရိုးမ (ဘင်္ဂလားဒေ့ရှ် ) 
       မောင်တောကနိန်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ရီထွက်ကုန်တင်မှုရေပုဇွန်ကုန်သည်တိအရှုံးနန့်ရင်ဆိုင်နိန် ရကြောင်း နယ်စပ်သတင်းတပုဒ်အရသိရပါရေ။
      မိုးရာသီ အတွင်း လမ်းပန်းဆက်သွယ်ရေးလမ်း မကောင်းလို့ စရိတ်ကြီးမှုနန့်ကုန်သည်တိ ရင်ဆိုင်နိန်ရရေပိုင် တဖက်ဘင်္ဂလားဒေ့ရှ် နိုင်ငံ အလီးချိန်ခိုးမှုတိ ရှိလို့ ကုန်သည် အရှုံးနန့်ရင်ဆိုင်နီရစွာဖြစ်ပါရေ။
    ရခိုင်ကကုန်သည်တိရေ တဖက်ဘင်္ဂလားဒေရှ်နိုင်ငံ ဖလောင်းချိတ်ခေါ်cox'bazer သို့ ရီထွက်ကုန်တိ တင်ပို့ခါ အ၀ယ်ဒိုင်တိကြား အလီးချိန်ခိုးမှုတိရှိရေလို့စစ်တွေက ကုန်သည်တယောက်က အခုပိုင်ပြောပါရေ။ “တဖက်နိုင်ငံက အ၀ယ်ဒိုင်တိက အလီးချိန်ခိုးရေ၊ ဒေ က အလီချိန်မှန်ကေလဲယင်းတို့ရောက်တေခါ မမှန်လို့ပြောရေ ဈီးလဲ ထင်သလောက်မရဆိုခါ၊ တင်ပို့ရစွာက အရှုံးဘဲပေါ်လာရေ”လို့ သူက ရခိုင်ရိုးမကိုပြောပါရေ။
     အလားတူတင်ပို့မှုပိုင်းမာလဲ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုတိရှိကြောင်းသူက ဆက်ပြောပါရေ။ “ပုစွန်ရဖို့အတွက် ရခိုင်တပြည်လုံးက ကိုယ်စားလှယ်တိက အဆင့်ဆင့် လူလွှတ်ပြီးကေ ၀ယ်ရပါရေ။ လမ်းဗန်းဆက်သွယ်းရေးမကောင်းကြားက သင်္ဘောနန့် တတန် ဘူးသီးတောင် ကမောင်တောကို ကားတတန် လမ်းမကောင်းလို့စရိတ်နှစ်ဆပီးရရေ ”လို့ သူကပြောပါရေ။ 
      ရခိုင်ရီလုပ်ငန်းကုန်သည်တိရေ ရီငန်ပုစွန်တိကို တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အဓိကထား တင်သွင်းနိန် စာဖြစ်ပြီးကေ တဖက်မာလဲ ဘာသာစကားခက်ခဲမှု ရှိရေ အတွက်ကုန်သွယ်မှုပိုင်းမာ ခက်ခဲကြောင်း ကုန်သည်အသိုင်းဝိုင်းတိ က ဆိုပါရေ။ 
    လွန်ခရေ နှစ်တိက ရီထွက်ကုန်တိကို မူဆယ်ကတဆင့် တင်ပို့မှုတိရှိကေလဲ အခုအခါ ရေအဆိုပါ ကုန်သွယ်မှုဈီးကွက်ကျဆင်းလားလို့ရခိုင်ကုန်သည်တိဘင်္ဂလာဘက်ကိုဦးတည်လာကတ်စာဖြစ်တေလို့သိရပါရေ။ ပုဇွန် ဈီးကွက် အတွင်း ခေါင်းချွတ် တကီလိုကို တာကာငွေ ၁၁၄၀ ရှိပြီးကေ ခေါင်းပါ တကီလိုကို ၇၆၀ တာကာနှုန်းထားရှိကြောင်းသိရပါရေ။   
     ရခိုင်၏အဓိကရီထွက်ကုန်ပုစွန်တင်ပို့မှုပိုင်းမာရေကုန်ကြမ်းထွက်ကုန်တိ ရှားပါးမှုတိနန့်ရင်ဆိုင်နိန်ရရေ အတွက် အအီးခန်းစက်ရုံတိလဲ လည်ပတ်မှုမရှိကြောင်းသိရပါရေ။ အလားတူရီခဲအရောင်းဆိုင်တိလဲထင်သလောက် ရီခဲတုန်းတိ ရောင်းအားမကောင်းကြောင်းသိရပါရေ။ ဇွန် လ ဒုတိက အပတ်လောက်က မိုးကြီးရေ အတွက် မောင်တော၊ဘူးသီးတောင်ရို့မှာ ပုစွန်ကန် တိ ပျက်စီးလားပြီးကေ တဖက်နိုင်ငံသို့တင်ပို့မှုလဲကျဆင်းလားကြောင်းသိရပါရေ။ 

       အစိုးရထုတ်ပြန်ထားရေစာရင်းအရ ၂၀၁၀-၂၀၁၁- ဘဏ္ဍာရေးနှစ်မာ ဧပြီလနန့် မေလ အတွင်း မောင်တောနယ်စပ်ကနိန်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ရီငန်ပုစွန်ကီလို၁၉၀၀၀ကျော်ရာတင်ပို့နိုင်သိမ့်ကြောင်းသိရပါရေ။။