Wednesday, June 22, 2011

ရခိုင်သားရို့  လက်ညီတက်ညီ လုပ်ဖို့ဆိုကေ

           ရခိုင်နိုင်ငံတော်ကို ပြန်လို့ ရဖို့အတွက် ကိုလိုနီဖျက်သိမ်းရီး ကော်မီတီရုံးမှာ အစီရင်ခံစာတမ်းတင်ပြီးကေ ရခိုင်သမိုင်းမှန်ရေအတွက် လွပ်လွပ်ရေး ရလားဖို့စွာနန့် ပါတ်သက်လို့ လေ့လာထားစွာတိကို စာရွီးလိုက်ပါရေဒေ၊ ယင်းချင့်ကတော့ခါ ယင်းကိုလိုနီဖျက်သိမ်းရီးးရုံးမှာ ယင်းပိုင်တင်ပြတောင်းဆိုခလို့ လွပ်လွပ်ရီးး ရလားခရေ နိုင်ငံတိ စာရင်းကို ကမ္ဘာ့ကုလသမဂ္ဂမှတ်တမ်းမှာ ဖေါ်ပြထားစွာ ဟိပါယင့်ယေ ၊ ယင်းရုံးနန့် ပါတ်သက်လို့ ထုတ်ပြန်ထားစွာတိမှာ အတိအကျ ဖေါ်ပြထားစွာ ဟိပါရေကာ ၊ ဒေပိုင်နိုင်ငံတိ လွပ်လွပ်ရီး ရလားစွာကို တွိရရေ အခါ ကျွန်တော်ရို့  ရခိုင်နိုင်ငံတော် အတွက် ကောင်းကောင်းပင် ကြက်သီးထခမန်း စိတ်ထဲမှာ ခံစားရမိကတ်ပါရေယေ၊ 
           ဇါဖြစ်လို့လဲ ဆိုကေ ယုံကြည်စိတ်ချရမှူတိရေ မှေးမှိန်နီရေ အချိန်တိကို ဖြတ်ကျော်လို့ လားခပါဗျန်မဟုတ်ပါလားချင့် ၊ ကျွန်တော်ရို့ က ကြိုးစားလို့ ဒေအချိန်မှာ ကိုလိုနီဖျက်သိမ်းရီး ကော်မီတီက လွပ်လွပ်ရေး မပီးနီသိတိုင်အောင် ရခိုင်တော်လှန်ရေး လက်နက်ကိုင်တိ ဟိနီသမျှ ၊ ရခိုင်နိုင်ငံရေးသမားတိ ဟိနီသမျ ၊ ရခိုင်သမိုင်းသုတေသီတိ ဟိလီသမျ ၊ ရခိုင်နိုင်ငံတော် ဟိနီသမျှ တနိန့် မှာ မုချလွပ်မြောက်ရဖို့ ဆိုစွာကတော့ ကျိန်းသီပါရာယေ၊ မျက်မှောက်ကာလမှာ ရခိုင်နိုင်ငံတော်၏ ကံကြမ္မာရေ ကျွန်တော်ရို့တိ လက်ထဲမှာ ဟိပါရေ ၊ ဒေနိုင်ငံတော်ကို ကိုလိုနီကျွန်ဘ၀က လွပ်မြောက်အောင် ကျွန်တော်ရို့  ရခိုင်လူမျိုးတိုင်းမှာ တာဝန်ကိုယ်စီ ဟိကတ်ပါရေ၀ါ ၊
        ယေဇူးနန့် ဒေသမိုင်းပီး တာဝန်ကို လူတိုင်းကျရာနီရာက ယူပြီးကေ လုပ်ကိုင် ဆောင်ရွက်ဖို့ လိုပါရေမနားယေ ၊ ယင်းပိုင်သမိုင်းပီးတာဝန်ကို လုက်ခကေ ရခိုင်နိုင်ငံတော် လွပ်မြောက်လားပါဖို့လားလို့ စိတ်ထဲမှာ တစိချေလောက် မတင်မကျ ဟိနီချင်ကေလဲ ဟိနီကတ်ဖို့လို့ ထင်မိပါရေဒေ၊ နားမလည်လို့ ၊ မရှင်းလင်းလို့ ၊ နိုင်ငံရေး အခြီအနီတိကို မသိကတ်လို့ ၊ ဟိချင်ကေ ဟိပါဖို့လို့လဲ ထင်ပါရေ ၊ ယင်းချင့်ကို သိစီချင်ရေ အတွက် ဒေပိုင် ရီးပြီးကေ တင်ြ့ပရီးလိုက်စွာ ဖြစ်ပါရေဒေ၊ ပထမဆုံး အနိန်နန့် ကိုလိုနီကျွန်ဘ၀ကို ရောက်ခရေ နိုင်ငံတိ လွပ်လွပ်ရီး ရလားခစွာကို ကုလသမဂ္ဂက မှတ်တမ်းထုတ်ပြန်ထားစွာကို တင်ပြလိုက်ပါရေ ၊ ယင်းချင့်ရေ ယင်းရုံးကနီပြီးကေ ကြီးကြပ်ပီးရေအတွက် လွပ်လွပ်ရေး ရစွာနိုင်ငံပါလို့ အတိအကျ ဖေါ်ပြထားစွာပါရာယေ၊ အောက်မှာ ယင်းရုံးက ရီးထားရေ အတိုင်းဖေါ်ပြလိုက်ပါယင့်၊၊ The following Trust Territories are or were supervised by the Council ( 1 ) Western Samoa ( Newzealand ) Independence - 1962- Samoa ( 2 ) Tanganyika - ( Great Britain ) Independence - 1962 ( 3 ) Ruwando- Burundi - ( Belgium ) Independence - 1962-Burundi Independence - 1962- Ruwando ( 4) Cameroons ( Great Britain ) Independence - 1960- Republic of Cameroons ( 5 ) Cameroons ( France ) Independence- 1960- Republic of Cameroons ( 6 ) Togo land ( Great Britain ) Independence United with Ghana - 1957 ( 7 ) Togo land ( France ) Independence- 1975- Togo ( 8 ) New Guinea -( Australia ) Independence -1975, Papua- New Guinea ( 9 ) Nauru ( Australia, New Zealand, Great Britain Independence- 1975- Nauru ( 10 ) Somali land ( Italy ) Independence - 1960- Republic of Somalia ( 11 ) Pacific Island- ( USA ) 1990, security Council
        ဒေပိုင် နိုင်ငံတိက လွပ်လွပ်ရေးကို ရလားခကတ်တေလို့ ဆိုကေ ရခိုင်နိုင်ငံတော်ကိုလဲ လွပ်လွပ်ရေး ရလားအောင် အသူ့မှာ တာဝန်ဟိကတ်ပါဖို့လဲယေ ၊ ရခိုင်နိုင်ငံတော်၏ ကံကြမ္မာကို ရခိုင်လူမျိုးတိုင်းက ဖန်တီးယူရဖို့ လိုရေ မဟုတ်ပါလားယေ ၊ ယေကေ ဒေကိစ္စကို ကိုလိုနီရုံးမှာ အစီရင်ခံစာ တင်သွင်းရေ အခါ ရခိုင်လူမျိုးတိမှာ ဒေအကြောင်းအရာတိကို ၊ ရခိုင်သမိုင်းတိကို ရှင်းလင်းပြဖို့ သမိုင်းပိုင်ညာရှင်တိ လိုလာပါရေကာ ၊ ရခိုသားသမိုင်းဆရာတိက ရခိုငသမိုင်းတိကို တင်ြ့ပရေပိုင် နိုင်ငံခြားသား သမိုင်းသုတေသီတိလဲ လိုအပ်လာပါရေ ၊ ဇါဖြစ်လို့လဲ ဆိုကေ ကိုလိုနီဖျက်သိမ်းရီးရုံးက ကြားနာပွဲလုပ်ပနာ အစီရင်ခံစာကို လုပ်ကိုင်ဆောင်ရွက်လာဗျန်ဆိုကေ ရခိုင်သမိုင်းကို ရခိုင်လူမျိုးတိက အချက်အလက်တိနန့် တင်ပြရပါဖို့ယေ ၊ ယင်းတင်ပြချက်တိကို မှန်ကန်ကြောင်းပြောရေအတွက် ယင်းအဆိုကို ချေပဖို့ ဗမာစစ်အစိုးရက ဗမာသမိုင်းပညာရှင်တိနန့် ကာကွယ်ပြောဆိုလာဖို့စွာတိ ဖြစ်လာနိုင်ပါရေယေ၊ ယင်းချင့်ကို ပိုင်ပိုင်နိုင်နိုင် ရခိုင်သမိုင်းနန့် ပါတ်သက်လို့ စာတမ်းပေါင်းများတိကို အကိုးအကားလုပ်ပြီးကေ တင်ပြနိုင်ခကေ ကိုလိုနီဖြစ်နီရရေ ဆိုစွာကို ကမ္ဘာမှာ အသိအမှတ်ပြုရလာပါဖို့ယေ ၊ ယေကေလဲ စိုင်းစားစရာ တခုက ကိုလိုနီဖျက်သိမ်းရေးကော်မီတီမှာ တရုပ်နိုင်ငံက ပါနီပါရေ ၊ အခုလက်ဟိ ပြင်သစ်နိုင်ငံက ဥက္ကဌ ဖြစ်ပြီးကေ ဒုတိယ ဥက္ကဌက ဗြိတိန်နိုင်ငံက ဖြစ်နီပါရေ ၊ တရုပ်နိုင်ငံက ယင်းပိုင်လွပ်လွပ်ရေးပီးရဖို့စွာကို မပီးရအောင် ဗမာစစ်အစိုးရဖက်က ဗီတိုအာဏာကို သုံးလို့ လုပ်ချင်ကေ လုပ်လားနိုင်ပါရေယေ ။
           ဇါပင်ဖြစ်ဖြစ် ကိုလိုနီဖျက်သိမ်းရီး ကော်မီတီ ရုံးမှာ ရခိုင်နိုင်ငံတော် အကြောင်းကို လွပ်လွပ်ရေးပီးဖို့အတွက် တောင်းဆိုခနိုင်ကေ ရခိုင်လူမျိုးတိအတွက် ကျွန်ဘ၀က ကျိန်းသီလွပ်မြောက်ဖို့စွာကတော့ တနိန့် မဟုတ်ကေ တနိန့်  မုချ ဖြစ်လာပါဖို့ရာ ၊ ယေဇူးနန့် ရခိုင်သားတိရေ မြန်မာနိုင်ငံက တိုင်းရင်းသား လူမျိုးမဟုတ်ဘဲ ကျွန်ပြုခံနီရရေ လူမျိုး ဆိုစွာကို အခုလက်ဟိ တိုင်းရင်းသားလို့ပြောနီကတ်တေ ရှမ်း ၊ ချင်း ၊ ကရင်၊ ကချင် ၊ ကယား ၊ မွန် ၊ ဗမာတိ ကြားမှာ ကြေညာချက်ထုတ်လို့ တမျိုး ၊ စာနန့် တမျိုး အသိပီး ပြောထားရဖို့လိုပါရေဒေ၊ သမိုင်းအမှန်ကို သိမှ ၊ ပစ္စုပန်မှာ ဖြစ်နီရေ ဘ၀ကိုသိမှရာ ၊ အနာဂါတ်မှာ ရခိုင်နိုင်ငံတော် ကံကြမ္မာကို ဖန်တီးနိုင်ဖို့ ရခိုင်သားတိ တက်ညီလက်ညီ လုပ်ခကတ်ဖို့ ဆိုကေ ကျွန်တော်ရို့မျှော်မှန်းနီရေ ရခိုင်နိုင်ငံတော်မှာ ဗဟိုရ်စည် သောသောညံလို့ ဟိလာပါဖို့ဗျန် ၊
    

ခိုင်အောင်ကျော် ( နယူးယောက် )