Monday, June 6, 2011

ရွှီဆင်းထုကို ယူလားဖို့  အမိန့်  မရုပ်သိမ်းသရွိ မြောက်ဦးမှာ သွီးမြီကျရဖို့  ပါသိကာ



ဇါပိုင်ပြောပြော လက်ခုပ်တီးလိုက်စွာကတော့ အမှန်။ အားရ၀မ်းသာ ကောင်းကောင်းဟိန့် ရပါရေ ။ ယေကေလဲ စိတ်ထဲမှာ ပြသနာတိက နဲစွာကား မဟုတ်ပါယေ။ ရှေးဟောင်းသုတေသန ဦးစီးဌါန ညွှန်ကြားရီးမှူး ( အငြိမ်းစား ) ဦးကျော်ထွန်းအောင်က သူတွိဟိန့် စွာတိ မြင်စွာတိ ခံစားရစွာတိကို ပြောစွာတိကြားရပေါရ ။

     ဦးကျော်ထွန်းအောင်ဆိုစွာက ဆရာကြီးဦးဦးသာထွန်းသားဖြစ်ပါသည်။ စစ်တွေထောင်မှာ ၁၉၈၉-ခုနှစ်က ရခိုင်ဒီမိုကရေစီအဖွ့ဲချုပ်အတွက် ရခိုင်နိုင်ငံတော်နာင့် ရခိုင်လူမျိုးအကြောင်း.တရားဟောယင်း ထောင်ထဲမှာ ကွယ်လွန်လားခရေ ရခိုင်ပဏ္ဍိတ် ဆရာကြီး ဦးဦးသာထွန်းဖြစ်ပါသည်။ ဦးကျော်ထွန်းအောင်က မေလ-၃- ရက်နိန့်က တူးဖေါ်ရရှိရေ ကြေးဆင်းထုတော်-၂၃-ဆူ၊ ကျောက်ဆင်းထုတော်-၂- ဆူ နာင့် ရွှီဆင်းထုတော်-၁-ဆူ ၊ ဓါတ်တော်ဌါပနာစီးဗြီး ဘုရားက ၂၀၀-ဆူ ၊- ကြေးမန်တိုင်က၂-ခု၊ ရွှီနာင့်စွာက အရာ-၂-ခု၊ စဥ့်က ၁-ခု၊ အုပ်ခွက်ဘုရားက တခု ၊ စကျင်ကျောက်ဘုရားက -၂-ခုယင်းအထဲမှာ ရွှီဆင်းထုတော်က ရွှေသား-၄-ပိသာနာင့် ၆၄ ကျပ်သား -အခုဆိုကေ ကာလပေါက်ဈေး- သိန်း-၃၀၀၀- လောက်ဟိန့့် ဖို့  ရှိရေ ရှေးဟောင်း ဘုရားတိကို တူးဖေါ်ရစွာကို ပြောပြပါသည်။ ယင်းချင့်မှာ နေပြည်တော် ဒုဝန်ကြီးက ရှေးဟောင်းဘုရားတိကို နေပြည်တော်သို့  ချက်ချင်း ပို့ ဆောင်စီရန်ဆိုပနာ အမိန့် စာထုပ်ဗျန် ကြေညာလိုက်သည်။

    ယေဇူးနာင့် ရခိုင်ပြည်နယ် အစိုးရ ယိုင်ကျေးမူဝန်ကြီး ဦးအောင်သန်းတင်က စစ်တွေမြို့ က နိန်ပနာ မြောက်ဦးမြို့ ကို လားပနာ စစ်ဆီးကြည့်ရသည်။ မြောက်ဦးသားရို့  ထုံးစံအတိုင်း ရှေးဟောင်းဘုရားကို ရွှီဖြစ်ဖြစ် ကြေးဖြစ်ဖြစ် ရခိုင်ပြည်က တခုဘုရားကိုလည်း မပင့်ဆောင်စီချင်ရေ ဆန္ဒက ဒေအချိန်မှာ အထွဋ်အထိပ် တက်နိန်လာသည်။

ယေဇူးနာင့် ဆန္ဒပြကတ်ဖြစ်သည်။ ကြားရရေ မြောက်ဦးကလာသောသတင်းအရ ( မှတ်ချက်- ရခိုင်တိုင်းရင်းသားတိုးတက်ရီးပါတီမှ သတင်းပီးပို့ ခြင်းမဟုတ်) မြောက်ဦးသားတိက ဒေအချိန်မှာ အသီခံဖို့ ဆိုပနာအထိ ရွှီဆင်းထုတော်ကို မပင့်ဆောင်လားလီရအောင် အသက်နာင့် လဲလို့  ကာကွယ်ပီးဖို့ ဆိုပနာ ပြောကတ်သံတိ ထွက်လာစွာကြားလာရသည်။ နောက်ဆုံးမှာ ပြည်တင်းကေ မင်းလဲမခံနိုင် ဆိုစွာစကားအတိုင်း အခုအချိန်မှာ ရွှီဆင်းထုတော်နာင့် အခြားဘုရားအဆူဆူတိမှာ ရတနာမန်အောင် ကျောင်း၌ ကိန်းဝပ်စံပ္ပါယ် နိန်ပါသည်။ ပုလိပ်တိအစောင့်အရှောက်တောင် မဟိန့် ဘဲနင့် မြောက်ဦးသားရို့  ကိုယ့်စွာကို ကိုယ့်အသိနာင့် ကာကွယ် စောင့်ရှောက်နိန်ကတ်တေလို့  ကြားရပါသည်။ ၀မ်းမြောက်ရပါ၏ ။ ဒေချင့်က ရခိုင်ငံတော် မြို့ တော်ဟောင်းက ရခိုင်လူမျိုးရို့  ၏ လောကမဉ္ဖူဘုရားဌါပနာမှ ရွှီဆင်းထုတော်နာင့် အခြားဘုးရားအဆူဆူ ရို့  အဖြစ်အပျက်။ ယင်းပိုင်ဆိုကေ ကျွန်တော် ဒေအချက်အလက်တိကို သုံးသပ်ကြည့်ဖြစ်ပါသည်။ ပထမအချက်မှာ ရွှီဆင်းထုတော် နာင့် အခြားဘုရားအဆူဆူ တွိပါသည်။ ဒုတိယအချက်မှာ နေပြည်တော်က ချက်ချင်းယူဆောင်ပင့်လာရန် အမိန့် ထုတ်ထားပါသည်။ တတိယအချက်မှာ ရခိုင်လူမျိုးတိက ၀ိုင်းဝန်းဆန္ဒပြတောင်းဆို ပန်ကြားမူကြောင့် ရတနာမန်အောင်ကျောင်းမှာ လုံခြုံရီး မဟိန့် ဘဲ မြို့ သူမြို့ သားတိက စောင့်ရှောက်နိန်ပါသည်။ ယင်းပိုင်ဆိုကေ ပထမအချက်က မြောက်ဦးမြို့ မှာ ရခိုင်ဘုရင်တိ ထီးနန်းစိုက်ခရေ မြို့ တော်ဟောင်းဖြစ်၍ ရှေးဟောင်းဘုရားအဆူဆူ တွိနိုင်စွာ လက်ခံနိုင်ပါသည်။ ဒုတိယအချက်မှာ နေပြည်တော်က ချက်ချင်း ယူဆောင်ပင့်ဆောင်လာရန် အမိန့် ထုတ်ထားစွာကို လက်မခံနိုင် ဖြစ်မိပါသည်။ တတိယအချက်မှာ လုံခြုံရီးမဟိန့် ဘဲ မြို့ သူမြို့ သားတိက စောင့်ရှောက်ကာကွယ် နိန်စွာကို ကန့် ကွက်ချင်သည်။ ယင်းပိုင်ဆိုကေ ဒေကိစ္စကို ကျွန်တော်ရို့  အဖြီရှာပနာ ရှင်းရဖို့  လိုအပ်နိန်သည်။ ရခိုင်နန်းတော်ဟောင်းမှ ရှေးဟောင်းပစ္စည်းတိမှာ ကုန်သလောက် ဟိန့် နိန်ပါသည်။ သမိုင်းကိုချီလို့  ပြောရဖို့  ဆိုကေ မဟာမြတ်မုနိဘုရားက စလို့ ပြောရဖို့  သာရှိသည်။ ဦးကျော်ထွန်းအောင် ပြောသော စကားအရ ပတ္တမြားလက်စွပ်တကွင်းနာင့် ရွှီဒင်္ဂါး -ရ၀-ကိုပါ ကုန်ုခရေနှစ်က နေပြည်တော်ကို ယူလားခရေလို့  သိရသည်။ ယင်းချင့်တိက လူမသိ ရှင်မသိ ယူလားခစွာမျိုး။ အခု ရွှီဆင်းထုတော်မှာ သိန်းပေါင်း-၃၀၀၀- ကျော် တန်ဖိုး ရှိသည်လို့  ယာယီ ခန့် မှန်းထားစွာတွိရသည်။ ရှေးဟောင်းပစ္စည်းဆိုစွာက အမေရိကန် ဒေါ်လာသန်းနာင့် တန်စွာလဲ ဟိန့် သည်။ တန်ဖိုးကြီးမားသည် ဆိုစွာထက် ယင်းရှေးဟောင်းရွှီဆင်းထုတော်ကို ဇါပိုင် ထိမ်းသိမ်းကာကွယ် စောင့်ရှောက်ရဖို့  ဆိုစွာက ပြသနာ ဖြစ်သည်။ မြို့ သူမြို့ သားတိက ဇါပိုင်စောင့်ရှောက်နိန်ကတ်တေ ဆိုစွာကို မသိရကေလဲ သိနိုင်ရေ အချက်တခုက ယူချင် ပါင့်ဆောင်ချင်ရေ- အခြီအနိန်ကောင်းရေ နိန့်မှာ သူရို့  အလွယ်တကူ ယူလို့  ရနိုင်ရေ အခြီအနိဟိန့် ပါသည်။ 

           စစ်အစိုးရ၏ ရုပ်သီးအစိုးရမှာ ဥပဒေဆိုစွာမဟိန့်  ။ အရှက်သိက္ခာ တပြားမဟိန့် ။ လူသတ်နိန်ခြင်း ၊မုဒိမ်းကျင့်ခြင်းကို လုပ်ချင်တိုင်း လုပ်နိုင်သည်။ နောက်ဗြီးကေ ရခိုင်လူမျိုး ဖြစ်နိန်သည်။ ရခိုင်နိုင်ငံတော်က ရခိုင်လူမျိုးတိမှာ မြောက်ဦးက ဘုရားကို အသက်နှာင့်လဲလို့  ကာကွယ်ထားဖို့  စွာက ယုံမှားသံသယ ထားဖို့ မလို။ ယေကေလဲ နောက်ကျလားဖို့ ဗျန်လို့ ထင်ရသည်။ ယေဇူးနာင့် နောက်မကျရအောင် ကြိုတင် ပြင်ဆင်ရန် အထူးလိုနိန်သည်။ ယင်းချင့်ကား ဌါပနာတွင်းက ရလာရေ ရွှီဆင်းထုနာင့် အခြားဘုရားအဆူဆူကို ဌါပနာလုပ်ဗျန် ပြန်လို့  ထားလိုက်ရဖို့ ရာ ဟိန့် သည်။ ဌါပနာတွင်းမှာဆိုပါက ဌါပနာစေတီကို ဖျက်လို ဖျက်ဆီးမလုပ်နိုင်။ လုပ်ကေ ပွဲက ကြမ်းလားဖို့ ရာဖြစ်သည်။ ယင်းပိုင်မဟုတ်ဘဲာနင့် ရတနာမန်အောင်ကျောင်းမှာ ဒေအတိုင်းထားနိန်လို့ ဟိန့် ကေ တရက်မှာ ဘောက်သာအိပ်နာင့် ခိုးသားငါးရာအဖွဲ့ က ဇါသူမှန်းမသိ သူခိုးတိ ကျောင်းကို တက်လာဖို့ စွာကို မြင်ယောင်နိန်မိပါသည်။ ယင်းပိုင်နိန့် မျိုးက သွီးအီးရေအချိန်ခါ ဖြစ်လာဖို့  များသည်။ ဇါဖြစ်လို့ ဆိုကေ နေပြည်တော်က ဒုဝန်ကြီး ဒေါ်သန္တာခင် အမိန့် ကို ရခိုင်ပြည်ယိုင်ကျေးမူဝန်ကြီး ဦးအောင်သန်းတင်က လိုက်နာနိန်ရဖို့  ဟိန့် နိန်ရသည်။ 
           ယေက ရွှီဆင်းထုကို ယူလားဖို့  အမိန့် ကို မရုပ်သိမ်းသရွိ မြောက်ဦးသားရို့  သွီးမြီကျရဖို့  ပါသိကာလို့  နိမိတ်မကောင်း ယ မကောင်း ပြောရပါဖို့ ကာ ။ ယင်းအတွက်နာင့် နေပြည်တော်က ဒုဝန်ကြီး ဒေါ်သန္တာခင် အမိ န့်  ချက်ချင်းရုပ်သိမ်းဖို့  ကျွန်တော်တောင်းဆိုဖို့  ပြင်ဆင်လိုက်ရပါသည်လို့ ဆိုကေ မှားဖို့  မထင်ပါကားယေ။ . 


ခိုင်အောင်ကျော်(နယူးယောက်)