Sunday, November 27, 2011

ဖလောင်းချိတ်မြို့ မဟာသိမ်တော်ကြီး သမုတ်တိုင်အားတူးဖေါ်ခြင်းနှင့်ပတ်သက်၍ အစည်းအဝေးကျင်းပါရေလတ်




အများသဘောမပါဘဲ ဇေယျသုခ ကျောင်းထိုင်ဆရာတော်ဦးဇောတိပါလ ဦးဆောင်ပြီးကေ ၂၃- ၁၁ ၂၀၁၁ အင်္ဂါနေ့ တွင်သိမ်တော်ကြီးသမုတ်တိုင်အား အကြောင်းမဲ့တူးဖေါ်ခြင်းးနှင့်ပတ်သက်ပြီးကေ ဖလောင်းချိတ်မြို့ ရှိကျောင်းထိုင်ဆရာတော်များက အစည်းအဝေးတရပ်ကို စေတီရင်းကျောင်းမှာ ၂၆- ၁၁-၂၀၁၁ နေ့  မွန်းလွဲ ၃နာရီ၄၅ မိနစ်အချိန်မှာကျင်းပခရေအစည်းအဝေးမှာ စန္ဒမဉ္ဖူကျောင်းထိုင်ဆရာတော်ကြီးက ခိုက်အဆက်ဆက်ကပင် တည်ထားကိုးကွယ်လာရေမဟာသိမ်တော်ကြီးကိုအကြောင်းမဲ့မတူးဖေါ်သင့်ကြောင့်၊ ယခုတူးဖေါ်စွာသိမ်သမုတ်တိုင်ကိုပြန်ပြီးကေတူးဖေါ်စစ်ဆေးရဖို့ပြောကြားခရေ
ဆရာတော်ကြီး၏မိန်းကြားချက်အားအစည်းအဝေးတက်ရောက်လာသောဆရာတော် အားလုံးကလက်ခံကပ်ပြီး ဦးဇောတိပါလနှင့်ပတ်သက်၍လည်းမြို့ ပေါ်ရှိသံဃာတော်များ အားလုံးက ပစ္စယသမ္ဘောဂ၊ ဓမ္မသမ္ဘောကတိကိုလက်မခံကြောင်းလက်မှတ်ထိုးအတည်ပြုဆုံး ဖြတ်ကြပ်တေလပ်။(ယင်းဆရာတော်ဇောတိပါလ နှင့်အတူတူဇာကိုမဆိုမလုပ် အတူတူမထိုင် အတူတူဆိုကေအလူတိကိုလက်မခံ) အစည်းအဝေးတက်ရောက်ရေဆရာတော်တိ 
၁။စန္ဒမဉ္ဖူဆရာတော်ကြီး ဦးပညာဝံသ 
၂။ဝိမလသာရဆရာတော် ဦးပဏ္ဍိတ 
၃။ စေတီရင်းဆရာတော် ဦးခေမိန္ဒ 
၎။မြစ်နားကျောင်းဆရာတော် ဦးဥာဏာလင်္ကာရ
၅။တောကျောင်းဆရာတော် ဦးစန္ဒာဝရ 
၆။ ပိဋကတ်ကျောင်းဆရာတော် ဦးပညိန္ဒြိယ 
၇။သိမ်ကျောင်းဆရာတော် ဦးသီလာစာရ 
၈။ အဂမေဓာဆရာတော်ကြီး ဦးပဏ္ဍိတ 
(နိန်မကောင်းလို့်အစည်းအဝေးမတက်ရောက်နိုင် ကေလည်း ဆုံးဖြတ်ချက်ကိုလက်မှတ်ရေးထိုးရေ။) မှတ်ချက်။ ဤဆုံးဖြတ်ချက်ရေအများစုသံဃာတော်များဆုံးဖြတ်ချက်တေလပ်။