Monday, November 21, 2011

မော်တော်ကားရောင်းလို့  သိန်းရာနှင့်ချီလို့  ရကေလေး ပါတီရုံးခမ်းတောင် မဟိသော ၀န်ကြီးဘဝ

ပြည်ထောင်စုလွှတ်တော်ကို တက်နီရရေ ၀န်ကြီးတိနင့် လွှတ်တော်ကိုယ်စားလှယ်တိကို သမတဦးသိန်းစိန်အစိုးရက မော်တော်ကား မမောင်းတတ်ကေလေး တစီးစီ ပီးပါရေ ဒေ။ ယင်းချင့်ကို ရတပပါတီက ပုဂ္ဂိုလ်ကြီးတိက သိန်းရာနှင့်ချီပနာ ရောင်းစားလိုက်ကတ်ပါရေ ။ တချို့ က ယင်းပိုင်ရောင်းလို့ ရရေ ဖေ့သာထဲက တယောက်စီ -၁၀% ခန့် စွာ ပါတီရံပုံငွေအဖြိုက် ထည့်ဝင်ကတ်ဖို့  ပြောစော်ကို လက်မခံကတ်ပါလတ်။ ရသေ့တောင်က ဒေါ်ခင်စောဝေဆိုကေ သိန်း-၁၃၀- လောက်ရပနာ တခြားဥက္ကဌတိ ၀န်ကြီးတိက သိန်းတရာဝန်းကျင်လောက် ရကတ်စော်ပါယေ ။ ယေကေလေး ယင်းပိုင်ရာ ရာခိုင်နုံ့းနင့် ထည့်ကေ မထည့်နိုင်ဆိုပနာ စကားများ ရန်ဖြိုက်ကတ်လို့  သတ်ပွဲတောင် တတားချေ ကျလားဖို့  ဖြိုက်တေလို့  သိရပါရေ ။
အဆိုးဆုံးကတော့ခါ ရခိုင်ပြည်သူတိက တင်ပြဖို့  ခိုင်းထားရေ မီးခွန်းတိ ( ဆန္ဒသဘောထား ) တိကို တခုချေလေး လွတ်တော်တိမှာ မပြောကတ်တေပိုင် မီးစရာလေး- မလိုလို့  ဆိုပနာ ပြည်သူကမဲပီးလိုက်စော်ကိုပင် မိလားခကတ်ဗြီးကေ သူရို့ ကံနင့် ပါရမီနင့် ၀န်ကြီးဖြိုက်စော် ၊ လွှတ်တော်ကိုယ်စားလှယ်ဖြိုက်စော် ဆိုပနာ လုပ်နီကတ်တေလို့  သိရပါရေ ။ အခုဆိုကေ ဥပမာအားဖြင့် ပုဏ္ဍားကျွန်းမြို့ က ရတပပါတီရုံးဆိုကေ ပိတ်ထားစော်ကြာဗျန်ဖြိုက်ပနာ ရုံးခမ်းတောင် မဟိပါဗျန်လတ်။ ဇါဖြိုက်လို့ လေးဆိုကေ ပါတီရုံးခမ်းခ- လစာ -ကို မပီးနိုင်လို့ သိရပါရေ ။ ပုဏ္ဍားကျွန်းမြို့ မှာ ပါတီရုံးခမ်းက တလကို တသောင်းတောင် မကျဘဲနင့် ပါတီအတွက် ဖေ့ချာ မဟိလို့  ရုံးခမ်းတောင် မဟိဆိုစော်က ပြသနာပါကားယေ ။ ယေကေလေး ပုဏ္ဍားကျွန်းက ၀န်ကြီးဖြိုက်သူ ဦးအောင်သန်းတင်မှာတော့ ၀န်ကြီးစည်းစိမ်နင့် ဇိမ်ကျနီရေပိုင် မြောက်ဦးက ၀န်ကြီး ဦးကျော်သိန်းမှာလေး သူ့ ဘုန်းကံနင့် သူဝန်ကြီးဖြိုက်စော်ရာလို့  ပြောနီပါရေလတ်။ အခုဆိုကေရခိုင်ပြည်မှာ တပါတီဖြိုက်လို့  ရခိုင်တိုင်းရင်းသားတိုးက်ရီးပါတီက အနိုင်ရထားကေလေး အခုပိုင် ၀န်ကြီးတိ -လွှတ်တော်ကိုယ်စားလှယ်တိနင့်တော့ ကောင်းကောင်းကြီး ဂွကျနီကတ်ပါဗျန်ဒေလို့  ၀ီဖန်သံတိ ထွက်နီကတ်ပါဗျန်ကာ ။ ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်အတွက်လေး တချို့ ဆိုကေ စည်းရုံးရီးဆင်းနီရေစော်မှာ တချို့  မြို့ နယ်တိက နှင်လွှတ်နီစော်ကိုလေး ကြားရပါရေ ဒေ။ ဇါပင်ဖြိုက်ဖြိုက် ရခိုင်ပြည်မှာ ရခိုင်လူမျိုးနိုင်ငံရီး ပါတီက တပါတီတည်းရာ ဖြိုက်ရဖို့  လို့  ၇ခိုင်သားတိုင်းက ခံယူထားကတ်ပါရေ ဒေ။ ယင်းပိုင်မဖြိုက်ခကေ -၉၀-ခုနှစ်ကပိုင် ကုလားတိက မဲနိုင်လားပနာ ၀န်ကြီးတိ ဖြိုက်လားပါကတ်ဖို့ ဗျန်ဒေ။ အခုဆိုကေ ရတပပါတီက ဇါဝန်ကြီးက ဇါပိုင်- ဇါလွှတ်တော်ကိုယစားလှယ်က ဇါပိုင် လေး - ဆိုစော်ကို လူတိ သိနီကတ်ပါဗျန် ။ နောင်လာဖို့  ရွီးကောက်ပွဲမှာတော့ခါ ဒေပိုင် ၀န်ကြီးတိ ကိုယ်စားလှယ်တိကို မပါစီဘဲ အကောင်းဆုံး ရခိုင်နိုင်ငံရီးပါတီတခုဖြိုက်အောင် လုပ်လားကတ်ဖို့ လို့  သတင်းကြားရပါယင့် ။ ပြည်ထောင်စုလွှတ်တော်ကို တက်နီကတ်တေ အခြားဝန်ကြီးတိ လွှတ်တော်ကိုယ်စားလှယ် ၊ ရခိုင်ပြည်အစိုးရလွှတ်တော်ကို တက်နီကတ်တေ လွှတ်တော်ကိုယ်စားလှယ် -သတင်းတိကိုလေး ကြားထားရရေအတွက်နင့် ကိုယ့်သိက္ခာကို ကိုယ်ရို့  ထိမ်းပနာ မော်တော်ကားရောင်းလို့  ရရေ ဖေ့ချာတိနင့် သက်ဆိုင်ရာမြို့ နယ်တိမှာ ပါတီရုံးခမ်းကို ဖွင့်ထားကတ်ပါလို့  ပြောနီကတ်ပါဗျန်ဒေ။ ၀န်ကြီးဖြိုက်လားစော်နင့်ပါတီရုံးကိုပင် မလာကတ်တေ ၀န်ကြီးတိ လွှတ်တော်ကိုယ်စားလှယ်တိ သတင်းကို အားလုံးလိုလို ကြားနီရရေအတွက် ရခိုင်တိုင်းရင်းသားတိုးတက်ရီးပါတီက ပုဂ္ဂိုလ်တိက ရှောင်စရာတိကို ရှောင်ဖို့ - ပြုပြင်သင့်စော်တိကို ပြုပြင်ကတ်ဖို့  အချိန်ဟိပါသိရေလို့  လူထုကြားမှာ ၀ီဖန်သံတိ ထွက်နီကတ်ပါဗျန်ကာ။ သိက္ခာတိကို မထိမ်းနိုင်ကေတာ့ခါ မကြာခင် လူသိရှင်ကြား ရခိုင်ပြည်သူတိက ဒဏ်ခတ်ကတ်ဖို့ ရာ ဟိဗျန်လို့  ပြောသံတိ ကြားနီရပါဗျန်ဒေ။