Friday, November 25, 2011

ထိုင်းနိုင်ငံ မဲဆောက်မှာ ရခိုင်သမ အလုပ်သမား ၂၂ ယောက်ကို အလုပ်တစ်လနားခိုင်းပြီး (၉) ယောက် အလုပ်ကထုတ်ခံရ

 
နိုဝင်ဘာ ၂၅ ရက်နိက ထိုင်နိုင်ငံ၊ မဲဆောက်မြို့၊ မယ်ပရပ်ကွက်က အရုပ်လုပ်တေ စက်ရုံမှာ အလုပ်လုပ်နိန် ကတ်တေ၊ ရခိုင်သမချေတိ (၃၁) ယောက်မှ အလုပ်သမား ၂၂ ယောက်ကို အလုပ်တစ်လနားခိုင်းပြီး (၉) ယောက်ကို အလုပ်ကထုတ်လိုက်တေလို့ ယင်းစက်ရုံက ရခိုင်သမချေ တစ်ယောက်က ပြောသည်။ ယင်းအရုပ်ချေစက်ရုံမှာ အလုပ်လုပ်နိန်ရေ ရခိုင်သမချေ တစ်ယောက်က အဂုပိုင်ပြောပြပါရေ။
“ ဒေနိခါ ၂ နာရီကျော်မှာ အကျွန်ရို့ကို စက်ရုံက မန်နေဂျာက အစည်းအဝေး ခေါ်ပါရေ၊ စကားပြန်က အလုပ်သမားတိ ကိုယ့်ရွာကို ပြန်ရပါဖို့၊ ဒေမှာ အလုပ်မဟိရာ၊ ပြန်လာဖို့ဆိုကေ ၂၀၁၂ ခုနှစ် ၁ လပိုင်း (၉) ရက်နိကို အရောက်ပြန် လာလို့ရရေ၊ မလာချင်ကေလည်းရရေ လို့ပြောရေ၊ အထုတ်ခံရရေလူတိကို နက်ဖန်ကပင်အလုပ် ဆင်းဖို့မလိုဗျယ်၊ ဆင်းကေလည်းပသာမရ၊ လစာမထုတ်ခင်တော့ ဒေမှာ နိန်လို့ရရေ၊ ထမင်းကျွေးထားပါဖို့၊ လစာကို ဒီဇင်ဘာ (၄) ရက် မဟုတ်ကေ (၆) ရက်နိထုတ်ပီးပါဖို့၊ လစာထုတ်ပြီးကေ စက်ရုံမှာ ဆက်နိန်လို့ မရပါ၊ ကိုယ်လားချင်စွာကိုလားကတ်ဖိ လို့မန်နေကပြောရေ” လို အလုပ်က တစ်လပီးနားခြင်းကို ခံရရေ ရခိုင်သမချေ တစ်ယောက်က ပြောပါသည်။ ယင်းရခိုင်သမချေက“ သူရို့တိက အကျွန်ရို့ အလုပ်သမ တိကို အလုပ်ဟိခါတော့ ခေါ်ရေ၊ အလုပ်မဟိကေ မောင်းထုတ်ရေ၊ ဒေချင့် မတရားလို့မြင်ပါရေ၊ ထုတ်ကေလည်း အားလုံးကိုထုတ်၊ နားခိုင်းကေလည်း အားလုံးကိုနားခိုင်ပါ့၊ အဂုပိုင်လုပ်စွာက နည်းလမ်းမကျပါလေ၊ အကျွန်ရို့ကို အလုပ်က နားခိုင်စွာလည်း ထုတ်စွာနန့် တတူတူပါရာ၊ သူရို့က ထုတ်တေလို့ တိုက်ရိုက်မပြောစွာပါရာ၊ အကျွန်ရို့က လစာထုတ်ပြီးကေ ဇာမှာလားနိန်ဖို့လည်း၊ နိန်စရာလည်း မဟိ၊ အိမ်ကိုပြန်ဖို့လည်း လမ်းစရိတ်မဟိ၊ တစ်ချို့ကတော့ အိမ်ကို ပေသာမှာဖို့လုပ်နိန်ကတ်ပါရေ၊ အကျွန်ရို့လည်း ဇာပိုင်လုပ်ဖို့လဲလို့ အချင်းချင်းတိုင်ပင်နိန်ကတ်ပါရေ၊ ဒေကိစ္စနန့် စိတ်ညစ်နိန်ကတ်ပါရေ” လို့သူကဆက်ပြောပါသည်။ ယင်းစက်ရုံမှာ မြန်မာ အလုပ်သမား (အမျိုးသမီးသိးသန့်) ၄၀၀ ကျော်ဟိပြီးကေ မြန်မာအလုပ်သမား ၇၀ ကျော် အလုပ်ထုတ်ခံရစွာ ရခိုင်သမချေ ၃၁ ယောက်ပါဝင်ပါရေ၊ ယင်းစက်ရုံမှာ ရခိုင်သမချေ စုစုပေါင်း ၉၀ ကျော်ဟိရေ လို့သိရပါရေ။ မဲဆောက်မှာ ထိုင်းအစိုးရက အလုပ်သမားတစ်ယောက်ကို ၁၆၂ ဘတ်သတ်မှတ် ထားကေလည်း ယင်းစက်ရုံမှာ တစ်ရက်လုပ်အားခ ဘတ်(၈၀) ရာရဟိကတ်ကြောင်း သတင်းရရှိပါရေ။