Thursday, November 10, 2011

ရင်မှချမ်းစီ အီးမြစီနင့် ရခိုင်ပြည်

ရင်မှချမ်းစီ အီးမြစီနင့် ရခိုင်ပြည်
ငါရို့ ပြည်သည်။ ချမ်းမြစီနင့်
မြောက်လီတိုးညှင်း၊ ၀န်းကျင်တွင်းမှာ
ပျ့ံသင်းမွှီးကြိုင် ။ ရနံ့ လှိုင်၍
ရက္ခိုင်နာမ ၊ တွင်လီခချင့်
မျိုးကစောင့်ထိမ်း ၊ သီလထိမ်းဗျန်
အံကြိမ်းပနာ ၊ စိတ်ဓါတ်မာလို့ 
ပဇါအချိန် ။ ပဇေါင်မသိ
ကြိုးပမ်းဟိလေး ၊ မသိကြမ္မာ
လှည့်မလာသော် ၊ တခါမကြီ
ရဲစိတ်နီသည် ၊ အဖပြည်က
ရင်မှချမ်းစီ ၊ အီးမြစီနှင့် ဟိဇေါင်လေး ။။။။    ။။။။။။။
ငါရို့ ပြည်သည် ၊ ရင်မှချမ်းစီ
သာယာစီနင့် ၊ အလီလီဆု
တောင်းဗျန်ပြုလို့ ၊ လက်ဦးချီ၍
ဖြားရီတက်ချိန် ၊ လီသက်ချိနှ်မှာ
အိမ်ပြန်နောက်ကျ ၊ မိနင့်ဖကို
ယုယပလီ ။ ပြောချင်နီယင့်
ငါ့ပြည်ကောင်းစား ၊ သူရဲများလေး
အားကြိုးမန်တက် ၊ ခွန်အားဆက်ဗျန်
ကျွန်သက်တုန်းဖို့  ၊ လက်ရုန်းတောက်၍
သွီးသောက်ပနာ ၊ ငါ့ပြည်ရွာတွက်
အာဂယောက်ျား ။ ညာသံပီးက
ရင်မှချမ်းစီ အီးမြစီနှင့် ဟိဇေါင်လေး ။။။။။။     ။။။။။။။။။။

ငါရို့ ပြည်သည် ၊ ရင်မှချမ်းစီ
သာစွလီနင့် ၊ ညီညီညာညာ
ပဏာစားလို့  ၊ ခွန်အားပြင်းပြင်း
ဆန္ဒရင်းခံ ၊ စိတ်မန်တက်ကြွ
သီရေမှခါ ၊ စွန့် ရပါချင့်
ခန္ဒာမမြဲ ၊ ၀ိညဉ်မြဲနီ
သွီးရဲနီထုတ် ၊ လက်သီးဆုပ်ယင်း
အံကြိတ်ယင်းနင့် ၊ ရင်တွင်းမုန်တိုင်း
ပြီသည့်နိုင်းဆ ၊ လှိုင်းဘောင်ဘင်ခတ်
တချိန်ရပ်သော် ၊ လွပ်လွပ်ရဖို့ 
ငါကတူသည် ။ ငါ့ ပြည်ရွာတွက်
အသက်စွန့် လှူ ၊ ရှင်လူများက
သွီးသားဆက်ပနာ ၊ ပြောကတ်ပါက
ရင်မှချမ်းစီ အီးမြစီနင့် ဟိဇေါင်လေး ။။။။။     ။။။။။။။။။။။။

ခိုင်အောင်ကျော် ( နယူးယောက် )