Wednesday, November 30, 2011

မလေးသျှားမှာ ရခိုင် ၆ ယောက် အဖမ်းဆီခံရရေ

မလေးသျှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ဒုက္ခသည်အရေးကို ကူညီဆောက်ရွက်ပီနီရေ ရခိုင်ရုံးတရုံးက လူ ၆ ယောကို ရဲက ညဇာက ဖမ်းဆီ ခေါ်ဆောင်လားကြောင်းကို သတင်းရဟိပါရေ။ အဆိုပါ ရုံး ဒုတိယအထပ်က မလေးသျှားလ၀က ရတပ်ဖွဲ့က ဖမ်းဆီးလားကြောင်းကို ARRC ရုံးဥက္ကဌ ဖြိုက်တေ ကိုစိုးထွန်းက ပြောလားပါရေ။ “ညဇာက ၅ ချက်တီ ၁၅ မိနစ်လောက်မှာ ကျနော်ရို့ ARRC အဆောင်ကို မလေးသျှား လ၀က ရဲ ၆ ယောက်ဝင်လာပါရေ၊ အဆောင်တခုလုံးမှာ ဟိရေ လူ ၆၀ ဆယ် ၇၀ ဆယ်လောက်ကို စစ်ဆေးပါရေ။ ယင်းချင်ထဲမှာ ၆ ယောက်ကို ဖမ်းလားပါရေ၊ ဇာဖြိုက်လို့ ဖမ်းရေ ဆိုစော်ကိုတော့ အတိအကျ မသိရပါသိမ့်”လို့ပြောပါရေ။ အဖမ်းအဆီခံရစော်ထဲမှာ ရခိုင်သား ၄ ယောက်နန့် ရခိုင်သမ ၂ ယောက်ကို ဖြိုက်တေလို့လည်း သိရပါရေ။ “ ယောက်ကျား ၄ ယောက်မှာ ယူအန်ကဒ်ဟိပါရေ၊ မိမ်မ ၂ ယောက်မှာတော့ လျှောက်ထားတုန်း ကဒ်ဟိပါရေ၊ ယင်းမိမ်မ နှစ်ယောက် လင်တိမှာတော့ ယူအန်ကဒ်ဟိပါရေ၊ ဖမ်းဆီးလားပုံကို ကြည့်ရကေ ယင်းသူရို့အပေါ်ကို မကျေနပ်ချက်တိ ဟိပုံရရေ” လို့လည်း ပြောပါရေ။
အဆောင်ထဲကို ၀င်ဖမ်းရေ လ၀က အရာရှိက “ မင်းရို့ အေအနားမှာ စည်းမဲ့ ကမ်းမဲ့ နီလို့ မရ” ဆိုပြီးကေ ပြောလားပါရေ။ ARRC အဆောင်နားမှာ High School တခုဟိပြီးကေ အဆောင်အောက်မှာလည်း ၂၄ နာရီဖွင့်လှစ်ထားရေ Seven Eleven ဆိုင်တဆိုင် ဟိပါရေ၊ စည်းကမ်းတကျ မနီလို့ ရဲက အမြင်ကတ်လာဖမ်းစော်ဟိဖို့ လို့ သုံးသပ်ကတ်ပါရေ။ အဂုအခါ ဖမ်းဆီးခံရရေ ၆ ယောက်ကို မလေးသျှား လ၀ကရုံးကနီ စစ်ဆေးမီမြန်ချက်တိ ပြုလုပ်နေကြောင်း ၊ ယကေလည်းသို့ အပြစ်တစုံတရာ မဟိကေ မကြာခင် လွတ်မြောက်လာနိုင်ပါရေ လို့လည်း ဆက်ပြောပါရေ၊ ယေကေလည်းသို့ လူတိအများကြီးထဲက ၆ ယောက်တည်ကိုရာ ရွေးဖမ်းလားရေ အတွက် စိုရမ်းမှုတိကတော့ဟိနီကတ်ပါရေလို့ လည်းသိရပါရေ။
Ref: နိရဉ္စရာ