Monday, November 14, 2011

မင်းပြားဇျီး မီးလောင်ရခြင်းအကြောင်းရင်းအား မဆမခြီရာခံ လိုက်လံ စစ်ဆီးခြင်း။

http://popularmyanmar.com/mpaper/wp-content/uploads/2011/04/Tar-chi-late.jpg
မင်းပြားမြို့ရေ ရခိုင်ပြည်မြောက်ပိုင်း အလယ်ရိုးတွင် တည်ဟိပြီး စီးပွားရေ အရ အချက်အချာကျသော မြို့တစ်မြို့ဖြစ်ပါရေ။ မြောက်ဦးနယ်၊ ပေါက်တောနယ်၊ မြေပုံနယ်၊ အမ်းနယ် နဲန့် ပုဏ္ဍားကျွန်းမြို့နယ် တိက ရီကြောင်းပုံမှန် ပြီးဆွဲနီပြီးကေ တစ်ရက်ကို အနည်းဆုံး မော်တော်ဘုတ် (လှိုင်းဘုတ်) သုံးဆယ်ခန့် နဲန့် ကုန်းကြောင်း ကား၊ ထော်လာဂျီ၊ ဆိုင်ကယ် (carry) တိအများကြီး ၀င်ထွက်နီရေ မြို့တစ်မြို့ဖြစ်ပါရေ။ မင်းပြားဇျီးထဲတွင် ဆိုင်ခန်းပေါင်း ထောင်ကျော်ဟိပြီးကေ တစ်ခန်းစီ၏ တန်ဖိုးရေ အောက်ဆုံးအဆင့် သိန်းငါးဆယ်ကနီ အထက် ဆုံး သိန်းသုံးရာ အဆင့် ဆိုင်ခန်းတိဖြစ်ကတ်ပါရေ။
ဆိုင်ခန်းဇျီးနှုန်းတိစွာလည်း တစ်နှစ်ထက် တစ်နှစ် အဆမတန် မြင့်တက်လို့လာပါရေ။ ဇျီးဝင်းထဲမှာလည်း အဆောင်သစ်ဆောက်လုပ်ဖို့ မြေကွက်လပ်နီရာ တစ်ခုလည်း မဟိပါဗျလ်။ မြို့နယ် တာဝန်ကျ လူကြီးတိက တစ်ခုမကျန် ဆောက်လုပ် ရောင်းချပြီးလားခပါဗျလ်။ အယင်လည်း ယင်းပိုင် အုန်းမိုးဇျီးကို မီးတိုက်လို့ အသစ်ဆောက်လာရေ ဇျီးမဟုတ်ပါလား။ မြို့နယ်တာဝန်ကျလူကြီးတိက ဇျီးကို နှစ်ထပ် အသစ်ဆောက်လုပ် ရောင်းချဖို့ အားသန်နီကတ်တုန်းဖြစ်ပါရေ။ မီးလောင်ရခြင်းအကြောင်းရင်းကလည်း လူကြီးတိ ဇျီးသစ်ဆောက်ချင်ရေ ကိစ္စနန့် အနည်းအများ ဆက်စပ်နီပါရေထော (သူရို့ကတော တာဝန်အရ စစ်ဆီးမိန်းလား လုပ်နီကတ်တယ်ပယေ) သမားရိုးကျကြည့်ကေတော ဆီဆိုင်က မီးလောင်ရေဆိုဝါ။ ယကေမီးလောင်နီတုန်းခါ မီးသတ်ကားကို ဇာဖြစ်လို့ မြို့နယ်မူးက ထုတ်မပီးစွာလေ၊ ကားပျက်နီစွာက ဟုတ်လို့လား၊ ဇျီးတံခါးကို ဇာဖြစ်လို့ အဆောင်တစ်ဆောင်နှစ်ဆောင် ကျွမ်းပြီးမှ ဖွင့်ပီးစွာလေ၊ ဇျီး အလယ်တည့်တည့်နှစ်ဖက် စလုံးကို မီးကူစက်နိုင်ရေ အခြေအနည်က ဇာဖြစ်လို့ စလောင်ရလေ၊ ဇျီးချောင်းမှာ ရီတစ်စက်လည်း မဟိရေ အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ဇာကြောင်းလောင်ရလေ၊ ယင်းချင့်တိ ပေါင်းခြုံလို ကြည့်ကေ လူကြီးတိ ဇျီးသစ်ဆောက်လုပ်ချင်ရေ ကိစ္စ၊ ဆန္ဒနန့် အနည်းအများဆက်စပ်နီပါဖို့မလား။