Tuesday, November 22, 2011

ရခိုင်နာမည်ကြီးအဆိုတော် သန်းမောင်-စင်ကာပူကို ရောက်နီခြင်း

၂၀-ရာစုအတွင်းမှာ ရခိုင်ဂီတိအနုပိုင်ညာကို ခေတ်ပေါ်တေးခင်းဂီတနင့် ဖန်တီးပနာ တီထွင်သီဆိုခရေ ရခိုင်အဆိုတော် နာမည်ကြီး ကိုသန်းမောင်မှာ စင်ကာပူနိုင်ငံကို အလည်အပါတ်ရောက်နီရေလို့  သတင်းရဟိပါရေ ။ လွန်ခရ ဂီရိမုန်တိုင်းတိုက်ခိုက်ခံရရလို့  မုန်တိုင်းဒုက္ခသည်တိကို ကူညီထောက်ပံ့ပီးနိုင်ဖို့  အတွက် အဆိုတော်ကိုသန်းမောင်မှာ လေးဝတီတေးဂီတ ဥက္ကဌဖြိုက်တေပိုင် တာဝန်ဟိရေလူတယောက်ဖြိုက်တေအတွက်နင့်လေး ရန်ကုန်ုမြို့  သုဝဏ္ဍကွင်းမှာ တေးဂီတ ရံပုံငွေရှာပွဲ တခုကို ဦးဆောင်ကျင်းပနိုင်ခသူလေးဖြိုက်ပါရေ ယေ။
ယင်းရံပုံငွေဖေ့ချာတိကို ဂီရိမုန်တိုင်းဒုက္ခသည်တိကို အားလုံးပီးလှူခဗြီးဗျန်လို့ လေး သတင်းကြားရပါရေဒေ။ လွန်ခရေလက -ARAKAN -ဆိုရေ နာမည်ကို သမိုင်းလိမ်ကုလားတိက သုံးစွဲစော်နင့် ပါတ်သက်လို့  ရွှေတိဂုံမှာဟိရေ ရခိုင်ဓမ္မာရုံမှာ ရခိုင်လူမျိုးအစီးအ၀ီး တခုကို ပြုလုပ်ရေအခါလေး ဦးဆောင်ပနာ အခန်းအနားမှူး အဖြိုက် ဆောင်ရွက်ခပနာ ကန့် ကွက်စာတစောင်ကို ရီးသားဖြန့်ချီခရေပိုင် ကုလားကို သက်တော်ရှည်ကျော် ရှည်ပါစီလို့  ဆုတောင်းပနာ ထောက်ခံရးသားသူ လန်ဒန်က ဒေါက်တာဇါနည်ကိုလေး အဆိုတော်သန်းမောင်က အင်္ဂလိပ်ဘာသာနင့် စာရီးပနာ ပြင်းပြင်းထန်ထန် တုန့် ပြန်စာ ရီးလို့  အကြောင်းပြန်ကြားခပါရေယေ။ နိုင်ငံတကာဥပဒေရီးရာ အကြံပီးပုဂ္ဂိုလ်ဖြိုက်သူ အဆိုတော်ကိုသန်းမောင်မှာ စင်ကာပူနိုင်ငံကို ခေတ္တရောက်နီသူဖြိုက်တေအတွက်နင့် စင်ကာပူနိုင်ငံက ရခိုင်တေးခင်းကို ချစ်မြတ်နိုးသူတိအတွက် တကိုယ်တော် ဖြေဖျော်ပွဲ တခုကို မေတ္တာရပ်ခံကေ ရခိုင်သားရို့  ပျော်နိုင်ကတ်တေ ပွဲကောင်းတပွဲတော့ ဖြိုက်ဖို့ လို့  ယူဆရပါရေ ။ ရခိုင်စတီရီယိုဖခင်ကြီးတယောက်ဖြိုက်တေ အဆိုကျော်သန်းမောင်မှာ ရန်ကန်ုမြို့ ရှိ လေးဝတီအဖွဲ့ ကို ဦးဆောင်နီသူဖြိုက်တေပိုင် မျိုးဆက်သစ်အဆိုကျော်တိနင့် လက်ပွန်းတတီး ရခိုင်ရိုးရာ တေးခင်းတိကိုရာ ရီးစပ်သီဆိုနီသူဖြိုက်ပါရေ ဒေ။ ယေကေ စင်ကာပူရောက် ရခိုင်သားတိ အဆိုတော်ကိုသန်းမောင်တတူ ရခိုင်ပြည်ကို ချစ်လို့  တေးခင်းလိုက်လို့  ဆိုလိုက်ကတ်ပါဖိလို့ ရာ သတင်းကောင်း ပီးလိုက်ရပါယင့် ။