Saturday, November 26, 2011

စစ်တွေအကျဉ်းထောင်က နိုင်ငံရီးအကျဉ်းသားတိ ၀ိညဉ် လွပ်မြောက်

စစ်တွေအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားများ အပါအ၀င် အကျဉ်းသားတိ-၀ိညဉ်- လွပ်မြောက် စစ်တွေမြို့  အကျဉ်းထောင်ကြီးက နိုင်ငံရေးအကျဉ်းသားများနှင့် အခြားပြစ်မှုကျူးလွန်သူ ရာဇ၀တ်သားတိကို နိုဝင်ဘာ-၂၅-ရက်နိ ညဥ့်-၁၁-ချက်တီးလောက်မှာ လူမသိ သူမသိ အိပ်ရာဝင်နီရေအချိန်မှာ လွှတ်ပီးလိုက်တေလို့  သိရပါရေ ။ ယင်ပိုင်လွှတ်စော်မှာ သက်ရှိထင်ရှား ထောင်ကျနီရေ အကျဉ်းသားတိကို လွှတ်စော်မဟုတ်ဘဲ အကျဉ်းထောင်ထဲမှာ သီပါလားခရေ အကျဉ်းသားတိကို လွှတ်ပီးစော်ရာဖြိုက်တေလို့  စစ်တွေထောင်က ထောင်ဝန်ထမ်းတိက ပြောပြစော်ပါရာ။ အခုပိုင်လွှတ်ပီးလိုက်စော်ထဲမှာ -၁၉၈၉-ခုနှစ် သြဂုတ်လ-၁၄-ရက်နိမှာ သီဆုံးလားခရေ ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်က ရခိုင်သမိုင်းဆရာကြီး -ရခိုင်-မြန်မာပဏ္ဍိတ် ဦးဦးသာထွန်းလေး လွပ်လားနိုင်ဗျန်လို့ ပြောကတ်ပါသိရေဒေ။ ဇါဖြိုက်လို့ ဆိုကေ ဆရာကြီးမှာ ယင်းအချိန်က ထောင်ထဲမှာ သီလားခကေလေး ထောင်ကျနှစ်-၃-နှစ်ဖြိုက်တေအတွက် -၃-နှစ်ပြည့်ပြီးကေလေး တခါချေလေး အခုပိုင် ထောင်က၀ိညဉ်တိကို လွှတ်ပီးစော်မျိုး မဟိသိရေအတွက် အခုဆိုကေ လွပ်လားနိုင်ဖြိုက်တေလို့  ပြောဆိုနီကတ်ပါရေ ဒေ။ အခြားရာဇ၀တ်ပြစ်မှုနင့် ထောင်ထဲမှာ ကျနီခရေ အကျဉ်းသားတိကလေး ကြိုးဆွဲ ချလို့  သီလားခစော်တိ၊ နီမကောင်းလို့  သီလားခစော်တိ ။ မြောက်ဦးမြို့ မှ ဘုရားဆင်းထုတော်နင့် ဘုရားမှောင်ခိုကူးမှုကြောင့် ခြီကျင်းခတ်လို့  စစ်တွေဆီးရုံမှာ သီလားခရေရေ ကျေးပင်ကြီးရပ်ကွက်က စောရွှေမောင်ရို့ မှာလေး ထောင်ကျနီခရရေအတွက် အခုဆိုကေ သူရို့လေး လွပ်နိုင်လားဗျန်ဖြိုက်တေလို့  ပြောကတ်ပါရေ ဒေ။ ရခိုင်လူမျိုးတိမှာ အချုပ်မှာ ကျနီကေ ၀ိညဉ်တိကို ဆက်လို့  မလွှတ်ပီးသမျှ အချုပ်ထဲမှာ ခြောက်လန့် နီတတ်တေ ဆိုပနာ ပြောသံတိလေး ကြားရဖူးပါရေ ။ စစ်တွေမြို့ က သချိင်္ုင်းကို ပြောင်းခါလေး ၀ိညဉ်တိကို အသစ်နီရာဖြိုက်တေ မန်စီသချိုင်္င်းကို လားရေအခါ မော်တော်ကားတိနင့် တစ္ဆေ၀ိညဉ်တိကို တင်ယူလားစော်တိ ဟိခပါရေ ယေ ။ အခုလေးသော့  စစ်တွေထောင်ကြီးမှာ နိုင်ငံရီးအကျဉ်းသားတိနင့် အခြားအကျဉ်းသားတိ ၀ိညဉ်ကို ဒေပိုင်လွှတ်ပီးလိုက်စော်မှာ သမတ ဦးသိန်းစိန်၏ လွပ်ငြိမ်းချမ်းသာခွင့်နင့် လွှတ်ပီးလိုက်စော်ဖြိုက်တေလို့  ပြောနီကတ်သံကြားရပါယင့် ။ ယင်းထောင်မှာ နိုင်ငံရီးအကျဉ်းသားတိ ဟိကေလေး လွပ်ငြိမ်းချမ်းသာခွင့်နင့် တယောက်ချေလေး မလွပ်ဘဲ ရှမ်းပြည့်လွပ်မြောက်ရီးတပ်မတော်က စစ်ဦီးချုပ် ဗိုလ်ချုပ်ဆေထင် တယောက်ကိုရာ လွှတ်ပီးခစော်ကို တွိရပါယင့်ဒေ။