Tuesday, July 12, 2011

နာကြင်မူထဲက ဆုတောင်းသံ

မြသန္တာကို စိုင်းစားလိုက်ကေ သနားမိလာပါရေ ။ တပါတ်လှိုဆံထုံးနာင့် မဟာနဖူးဟိန့် ဗြီးကေ ဖြူဖွီးနိန်ရေ မျက်နှာက ကြက်သရီ ဟိန့် ရေ ။ မြသန္တာမှာ သာမန်ကလေ့မေ-မဟုတ်။ တန်ဆောင်းမင်းသမီးလို့  ခေါ်ရေ ။ မြသန္တာက တချိန်က ၀မ်းနည်းကြီကွဲမူဒဏ်ကို ခံစားရဗြီးခသူဖြစ်တေ။ ယေကေလဲ ဒေဘ၀မှာမြသန္တာက ဒေချင့်ကို မမူ။ အသိုင်းအ၀န်း အခြီအရံနာင့် ခံစားနိန်ရေအခါ မြသန္တာက မဟာမြတ်မုနိရှင်ဘုရားကို လက်စုံမိုးလို့  ရက်ပြတ်ဟိန့် ခိုးဗြီးသား။ သူ့ မှာ ဘုရားတရားသင်္ဃာ .ဆရာသမားဂုဏ်ကျေးဇူးကို ထာဝရ သတိရနိန်ရေ။

စံနန်းတော်မှာ အပျိုတော်တိက တခါတခါ ရယ်စရာတိန့် ကို ပြောတတ်ကတ်တေ။ ယင်းအချိန်ခါ စိတ်မှာမထိမ်းနိုင်လို့  အသံထွက်အောင် ရယ်မိရေ။ ယေကေလဲ မြသန္တာရယ်သံက လီတိုးသံလောက်ရာ။ တဖေ့ချေရာ အသံထွက်တေ။ ယိုင်ကျေးစွာက မြသန္တာကို ထိုင်လို့  ဟိန့် ခိုးရလောက်အောင် ဖြစ်တေ။ ခြီတလှမးလိုက်ကေ ကုဋေတသန်းတန်ရေလို့  မြသန္တာကို ဥပမာထားပနာ ပြောကတ်စွာမျိုး။ ပြတင်းပေါက်က ကြည့်လိုက်ကေ တောင်ခိုးဝီနိန်ရေ တောင်တန်းတိကို မြင်နိန်ရရေ။ တောင်တန်းက ကျော်လို့ ကြည့်ကေ လက်ဆီးကန်ကို မြင်ရရေ ။ ယင်းလက်ဆီးကန်မှာ မြသန္တာက ရံရွေတော်တိန့် နာင့် အပျင်းဖြီလားနိန်ကျ။

မြသန္တာမျက်စိထဲ အရာခပ်သိမ်းကား ၀ိုးတ၀ါးမြင်နိန်ရရေ ။ အယင်ကပိုင် ရံရွေတော်၇ို့ က ရယ်သံ ပလီပလာ အသံတိန့် ကို မကြားရ။ အနားက ထိုင်ပနာ ခစားနိန်ရေ အပျိုတော်က အသံမထွက်ဘဲ ငိုင်ပနာ ယပ်ခပ်ပီးနိန်ရေ ။ ရံရွေတော်ရို့ က တယောက်တပေါက် ယပ်ခပ်ပီးနိန်ကေလဲ ရင်ထဲက အပူကို တယောက်ကလဲ မဖြီပျောက်နိုင်ဗျန်။ တချိန်က ပန်းမွိရာ ညောင်စောင်းမှာ ရံရွေတော်ရို့  နာင့် သာခြင်းရတုတိန့် ကို နားထောင်နိန်ခရေ ဘုရင်မတပါးက အခုအချိန်မှာ အကျဉ်းစံမင်းသမီး။ အကျဉ်းစံမင်းသမီး တယောက်ဖြစ်လို့  ဇါပိုင်ပျော်နိုင်ဖို့ လဲ ။ အသက်က အငယ်ချေ။ အရုပ်ကလှရေ ။ ဘုရင်မတပါးဖြစ်တေ အတွက်နာင့် ဂုဏ်မာနတက်နိုင်သူလို့  ပြောကေလဲ မြသန္တာက ယင်းပိုင် မဟုတ်။

အပျိုတော်ဘ၀ကပင် ရံရွေတော်ရို့  နာင့် ပျော်ရွှင်မြူးတူးနိန်ခစွာမှာ အဆောင်တခုလုံးက အပျော်တိက အခြားလူပျိုဆောင်တိန့် ကိုပါ ကူးစက်တတ်တေ။ ယေအခါ ဘုရင်ကြီးကတောင် ပြောယူရရေ ။ မင်းသမီးတော်ဆောင်က ရယ်သံပျော်သံတိန့် ကို သာခြင်းဆိုလို့  ဆက်သရဖို့  လတ်။

ဘုရင်မင်းကြီးက ချစ်စနိုးနာင့် နပ်ယောင်ကား ခံစွာကို အပျော်တော်ဆက်ဖို့  သာခြင်းသည်ကို မြသန္တာက ဖျော်ဖြေဖို့  လုပ်တေအခါ နန်းရင်ပြင်တခုလုံး ဆိုင်းသံဗုံသံတညံညံနာင့် ဟိန့် နိန်ခစွာဗျန်။ ယေခါ မြို့ သူမြို့ သားတိန့် က နန်းရင်ပြင်ကို ထွက်လာပနာ ပျော်ပွဲရွှင်ပွဲ ကျင်းပကတ်စွာဗျန်ကာ။ အခုဆိုကေ နန်းရာကုန်းမှာ သွီးသံရဲရဲနာင့် ငိုသံ အော်သံ ၊ ရ ရောင်းသတ်သံတိန့် နာင့် ကမ္ဘာပျက်နိန်ကတ်ပါဗျန်ဒေ။ လူတိ ဇါလောက်သီလို့  ဇါပိုင် ကြောက်ဖို့  ကောင်းဖို့ လဲ ။ မြသန္တာမစိုင်းစားဝံ့။ စိုင်းစားမိလိုက်စွာနာင့် ဆောက်တည်ရာမရ ။ ရင်ထဲအသဲထဲ ပဗျြန်းတုန်လို့ ။
ယေကေလဲ အားတင်းထားရေ ။ ဒေအချိန်မှာ ကြောက်နိန်ရေ စိတ်နာင့်ရာ ငိုနိန်ပြကေ မင်းတရားကြီးကား မျက်နှာကောင်းဖို့  မဟုတ်။ မင်းတရားကြီးရာဇမာန်ကို သိရေ ။ ဒေပိုင်စစ်ဖြစ်ဖို့  ဆိုကတည်းက မင်းတရားကြီးက စစ်မက်ဖြစ်ဖို့  စွာကို ကြော်ငြာခသူ။ စိုင်းစားကြည့်ကေ ရင်က ဆတ်ဆတ်ခါ နာကြင်ရေ ။

ယောက်ဖတော်ဒါးပိုင်ကြီး ပြောရေ စကားကို မဟာသမတရာဇာမင်းက လက်ကား မခံကာ။ ဇါပိုင်နည်းနာင့်လဲ လက်ခံဖို့  မဟုတ်။ သမီးချေတိက အခုမှ အပျိုတော်ရွယ်ကိုတောင် မ၀င်သိ။ အောက်သားစစ်သည်တိကို လက်ဆောင်ပဏ္ဍာ နာင့် သမီးကညာကို ဆက်သလိုက်ကေ စစ်မတိုက်ဗျန်လတ်။ ဘုရင်မင်းတရားကြီးက ဒေစကားကို လုံးဝ လက်မခံ ။ သူ့ မှာ ရာဇမာန် ဟိန့် ရေ ။
တခွန်းတည်းကိုရာ မဟာသမတရာဇါမင်းတရားကြီးက မိန့် မြွက်ရေ ။
" ရှေးဘေးလောင်းတော် -ဘိုးလောင်းတော်ရို့ လက်ထက် ဤရခိုင်ပြည်ကို စစ်ချီ စစ်တိုက်ဖို့ လာကေ သမီးကညာကို လက်ဆောင်ဆက်သဖူးခစွာမဟိန့် ခ ။

ငါရို့  ရခိုင်ပြည်သို့ ရာ ယင်းပိုင်ထိုသူရို့ ကရာ လက်ဆောင်ပဏ္ဍာ နာင့် သမီးကညာဆက်သဖူးစွာ ဟိန့် ရေ အကြောင်း ရာဇ၀င်တိမှာ ရီးသားမှတ်တမ်းတင်ထားစွာ ဟိန့် ရေ ။ အခုငါ့လက်ထက်မှာမှ သမီးကညာကို ဆက်သရဖို့ ဆိုကေ ကမ္ဘာကြီကေလည်း ဥဒန်းစကားကား မကြီ ဟိန့့် နိန်လီဖို့ ။ "
ယင်းပိုင်မိန့် မြွက်ဗြီးမှ ညီတော်အိမ်ရှေ့ မင်းချစ်လှရွှေကို ဗိုလ်ချုပ်ခန့် ပနာ စစ်ပြန်လို့  တိုက်ခိုက်ခစီရေ ။ ၁၁၄၆-ခုနှစ် ပြာသိုလဆန်း-(၆) ရက်နိန့်မှာ စစ်တိုက်စွာ ရခိုင်သားအချင်းချင်း မညီညွတ်ကတ်လို့ ဒေပိုင် ဖြစ်လားရစွာ။ ပြာသိုလဆန်း( ၁၅ ) ရက်နိန့် မှာ မြသန္တာနာင့် မဟာသမတရာဇာမင်းရို့  ကျွှန်းသာယာမှာ အဖမ်းခံရရေ ။ ဘုရင်မင်းကြီးကို သံခြီကျင်းနာင့် ခပ်ပနာ အမရပူရမြို့ ကို ယူရေ ။ အမရပူရမြို့ ကို ယူရေအခါ ပခန်းမင်းသားအိမ်မှာ မဟာသမတရာဇါမင်းကို ထားဟန်ဆောင်ရေ ။ သမီတော် မောက်တော်ကြီး ၊ သမီးလတ် မောက်တော်လတ်၊ သားတော်မောက်ရဲတော်နာင့် သားထွီး မောက်ရဲကျော် ရို့ ကို သီးခြားထားရေ ။ အကြံပက်စက် ယုတ်မာရေ ဘိုးတော်မောင်ဝိုင်းက ရခိုင်မူးမတ်တိကို ဖေ့ချာ တယောက်ကို တထောင်စီ ပီးပနာ မဟာသမတရာဇါမင်းနာင့် မြသန္တာကို ကွာကင်းခိုင်းရေ ။ ယေဗြီးကေ မြသန္တာကို ဘိုးတော်မောင်ဝိုင်းက မယားအဖြစ် သိမ်းပိုက်လက်ထပ်ယူခရေ ။

မဟာသမတရာဇာမင်းက အကျဉ်းကျခံနိန်ရစွာကပင် တန်ဆောင်မင်းသမီး မြသန္တာကို လက်ပိုက်ကြည့်နိန်ရယင်းပင်း ယင်းရောဂါ နာင့် သီလားခရစွာပါကာ။ ရွီအိမ်စံမင်းသမီးကို မယားအဖြစ် နစပ်စွာကို ကြည့်နိန်ရရေ မဟာသမတရာဇါမှာ ရှူးလောက်အောင် ခံစားရစွာကို မြသန္တာ သိပါရေ ။
နောက်ဆုံးမှာ ဒေပိုင် မဟာသမတရာဇါမင်း စိတ်ရောဂါ ၀ီဒနာ ခံစားရပနာ နိန်မကောင်းဖြစ်လို့  သီခရရေ ။ မြသန္တာ နိန်မကောင်းဖြစ်လာရေအခါ ရခိုင်ပြည်မှာ ခေါင်းချချင်ရေလို့  ဘိုးတော်မောင်ဝိုင်းကို ခွင့်တောင်းရပါရေ ။ ယေခါ သားတော် မောက်ရဲတော် တယောက်ထဲကိုရာ လားခွင့်ပီးလို့  ရခိုင်ပြည်ကို ပြန်လားခရရေ ။ ရခိုင်ပြည်ကိုရောက်လို့  မသီခင် ရမ္မာဝတီ သံသမ သမီးကြီး အိုဇါဖြူနာင့် သားတော် မောက်ရဲတော်ကို လက်ထပ်ပီးခရေအခါမှာ မြသန္တာ ရင်မှာ ပြီလားစွာပါဒေ။ ဇါဖြစ်လို့ ဆိုကေ မြသန္တာရင်သွီးက ရခိုင်မျိုးဆက်သစ်တိကို ရဖို့  ဗျန်ကာယေ-မောက်တော်ကြီး ၊မောက်တော်လတ် နာင့် သားထွီး မောက်ရဲကျော် ကား အမျိုးသီလ နှစ်ဌနကို မထိမ်းသိန်းလိုက်နိုင်ဗျန်။

မြသန္တာ ဘ၀တပါးကို မလားခင် ဆုတောင်းခပါရေ ။ မျက်ဝါးထင်ထင် လွပ်လွပ်ချင်ရေ ရခိုင်နိုင်ငံတော်ကို မမြင်ခရစွာ ရင်နာစရာပါယေ။ ၁၁၈၆-ခုနှစ် တန်းခူးလဆန်း-၁၄-ရက်နိန့် မှာ မြသန္တာနာင့် မဟာသမတရာဇာမင်း လက်လွပ်ဆုံးရှုံးခံလိုက်ရစွာ - နောက် နှစ်ပေါင်း လေးဆယ် အကြာမှာ ရခိုင်ရှင်ဘုရင်နိုင်ငံတော်ဖြစ်တေ မြောက်ဦးမြို့ ကို အင်္ဂလိပ်စစ်တပ်က သိမ်းပိုက်လိုက်တေအတွက် ရခိုင်နိုင်ငံနာင့် ရခိုင်လူမျိုး ရို့  အောက်သားလက်အောက်က လွပ်မြောက်လားခပါဗျန်ဒေ။

အော်- တန်ဆောင်းမင်းသမီး မြသန္တာ ဆုတောင်းပြည့်ရေအခါမှာ အကျဉ်းစံနိန်စိုင် ရခိုင်နိုင်ငံတော် လွပ်မြောက်ပါစီလို့  ဆုတောင်းခစွာကို ပြည့်လားခဗျန် မှန်း မသိလိုက်ရပါကားယေ။။။။။။။။။။


ခိုင်အောင်ကျော် ( နယူးယောက် )