Tuesday, July 19, 2011

ဒုတိယ-အကြိမ် မျက်ရည်ကျရသူ- မဟာစန္ဒသူရိယ-

အခုတလိုင်း ကျွှန်တော့်စိတ်ထဲ ဇါပိုင် ယောက်ယက်ခတ်နိန်စွာလဲ မပြောတတ်။ တခုခု အလိုမကျစွာလား မဆိုနိုင်။ ကိုယ့်စိတ်နာင့် အလိုမကျတိုင်း စိတ်ညစ်ရဖို့  စွာကလဲ မဖြစ်နိုင်။ လူဆိုစွာက လူအမျိုးမျိုး စိတ်အထွီထွီရာမနား။ ယေကေလဲ စိတ်က မကြီနပ်စွာတော့ အမှန်။ ကိုယ့်ကိုကိုယ် မကြီနပ်စွာက သီချာပါရေ။ ကောင်းပါဗျန် ။ ယင်းချင့်က ကျွှန်တော့်ဖက်က အမှားလား ။

ဇါသူ့ ဖက်ကအမှားလဲ။ ယင်းပိုင်စွာကို ကြည့်ရေအခါ မပြည့်စုံစွာက စလို့  ပြောရဖို့  ထင်ပါရေ။ မိသားစုထဲမှာ မပြည့်မစုံဟိန့် ကေ စကားပြောစွာချေတိတောင်မှ အခက်အခဲတိ ဖြစ်နိန်ရပါသိရေ။ အခုက ရခိုင်လူမျိုးတိနာင့် ပတ်သက်လို့  နိုင်ငံနာင့် ပတ်သက်လို့  ပြောရဖို့  စကားပါဒေ။ ယင်းချင့်မှာကိုယ်က တလုပ်ချေတောင် ရခိုင်လူမျိုးတိကို ထမင်းဝအောင် မကျွှေးနိုင်သိရေအခါ ပြောရဆိုရစွာ လက်ကုန်ပါရေလေ။ ယင်းပိုင်လဲ ကိုယ့်စိတ်ကို ဖျောက်ကြည့်ရပါသိရေ ဒေ။

ရခိုင်သမိုင်းထဲက ဘုရင်ကိုလွမ်းလို့  ကျလားခရေ မျက်ရည် မကန်ပါဗျန် ။ ကျေးဇူးတော်ရှင် ရခိုင်ရှင်ဘုရင်ကို ထီးတော်မိုးလို့  အနားမှာ ဒူးထောက်ခစားပနာ လားနိန်ချင်စွာပါကာ။ နန်းရာကုန်းက အပြန်မှာ အိမ်သူသက်ထား အရှင်မကို ရွှီနန်းသခင်က လက်ဆောင်ပဏ္ဍာ ချီးမြှင့်ပီးလိုက်တေ ဆိုစွာကို မျက်နှာလိုမျက်နှာရ ပြောပြလိုက်ချင်ပါရေဒေ။ ကံဇါတာမကောင်းလို့ 
ရွှီနန်းတော်လဲ ပျောက်ပနာ ရွှီနန်းသခင် ကျေးဇူးတော်ရှင် မင်းတရားကြီးကလဲ အဖမ်းခံ အဆီးခံနှာင့် ဖြစ်လားခရစွာမှာ ကျွှန်တော့်ရင်မနာ အသူနာပါဖို့ လဲ ယေ။ ဒေပိုင်အခြီအနိန်မျိုးတိကို မတွိချင်ပါဗျန်ကာ။ ရွှီထီးဆောင်းခစိုင်ကာလက ဤမြီဤနိန်ရာကား ဆွပ်ပျံ့ဘွယ်ကောင်းလောက်အောင် ရိပ်ကြီးမြိုင်ကြီးနန့်  တောတောင်ရီမြီတိက စိမ်းလို့  စွပ်လို့ ။ အခုဆိုကေ ခြောက်သွိနိန်ပနာ သဲကန္တရ ပိုင် ခြောက်သွိလို့ ။

မဟာစန္ဒသူရိယမင်းက မြတ်စွာဘုရားရုပ်ထုတော်ကို ရင်ငွိတော် ခုနှစ်အုပ်နန့်  မြတ်မုနိဘုရားရုပ်ထုကို သက္ကရစ်-၁၂၃-ခုနှစ်မှာ တည်ထားခပါရေ ။ ရခိုင်နိုင်ငံက ရခိုင်လူမျိုးတိက ဗုဒ္ဒဘာသာကို သက်ဝင်ယုံကြည်လို့  ကိုးကွယ်ခကတ်စွာဖြစ်တေ။ တနိန့် မှာ ရခိုင်နိုင်ငံတ၀ှမ်းလုံး ဗုဒ္ဒဘာသာနိုင်ငံဖြစ်ဗြီးကေ အခြားအိမ်နီးချင်း နိုင်ငံတိကလဲ ဗုဒ္ဒဘာသာဝင် ဖြစ်လားဖို့  စွာကို ယုံကြည်ခလို့  သွန်းလုပ်ကိုးကွယ်ခစွာလို့  ဆိုကေ မမှားထင်ပါရေ။ ယေကေလဲ မြတ်မုနိဘုရားကို ဗုဒ္ဒဘာသာအယူဟိန့် ရေ အောက်ပြည်အောက်ရွာသားတိက သက္ကရစ် ၁၁၈၆-ခုနှစ်မှာ ယူဆောင်ပင့်လားခပါရေ ။ စစ်ရှုံးရေအခါ စစ်နိုင်ရေလူတန်းစားတိက လူတိကို သုံ့ ပမ်းအဖြစ် ဖမ်းယူလားရေ ။

မြတ်မုနိရုပ်ထုတော်ကို လက်ချိုးခြီချိုး လေးပိုင်းပိုင်းပနာ အောက်ပြည်အောက်ရွာကို ယူလားခကတ်တေ။ ပြောချင်စွာက မဟာစန္ဒသူရိယမင်းက ရခိုငရှင်ဘုရင် ဖြစ်လို့  မြတ်စွာဘုရားကခွင့်ပြုချက်ပီးလို့  ရင်ငွိတော်နန့်  သွန်းလုပ်ခစွာ။ အခုက စစ်နိုင်လားရေ အောက်သားတိက ရုပ်ထုကို လေးပိုင်းပိုင်းပနာ ခြီတိ လက်တိ ခေါင်းတိ ချိုးပနာ ယူလားခကတ်တေ။ အဂင့်ဂင့်ရာ တမလွန်ဘ၀က မဟာစန္ဒသူရိယက လာလို့ ရာ ပြောနိုင်ခကေ ယင်းအချိန်က ငါ့မျက်ရည် ကျလို့  မဆုံးပါဒေလို့  ပြောဖို့  စွာက အသီအချာပါကားယေ။

အခုတခါ ယင်းပိုင်နမူနာဖြစ်လာပါဗျန်ထော။ ရခိုင်ရှင်ဘုရင်ရို့  ထီးနန်းဥကင် ချက်မြှုပ်ရာ ရျွှီမြို့ တော်မှာ ဗဟိုရ်စည် တိတ်လားခစွာ ကြာခပါဗျန်ကာ။ ယင်းပိုင် ဗဟိုင်္ရစည်အသံ သောသောမညံဘဲ နိန်ခစွာ နှစ်ပေါင်းနှစ်ရာကျော် ကြာလာရေအခါ ရခိုင်ရို့  နန်းတော်ကြီး၊ ရခိုင်ရှင်ဘုရင်ရို့  တည်ထားကိုးကွယ်ခရေ ဘုရားကျောင်းကန် ဇါတီပုထိုးတိကလဲ ဆည်းလည်းသံ မညံပါကားယေ။ လူသားအသက်ပေါင်း မြောက်မြားစွာ သီလားခရရေ ရခိုင်ရှင်ဘုရင် နန်းတော်ကြီးကား သွီးမခြောက်ဘဲ ဟိန့် နိန်ပါရေထော။ ယင်းပိင် ဘ၀နန့်  နိန်ခစွာမှာ အင်္ဂလိပ်လက်အောက်ရောက်ခါရောက် ၊ ဂျပန် လက်အောက် ရောက် ရောက်ခါရောက်နန့် နောက်ဆုံး အင်္ဂလိပ်လက်အောက် ရောက်လို့  ဘ၀ကို ကျွှန်ဘ၀နန့်  အဆုံးသတ်ဖို့  ဖြစ်ခရပါသိရေယေ ။

လွန်ခရေ -၆၃- နှစ်ကရာ ရခိုင်နိုင်ငံတော်က ရခိုင်နိုင်ငံရီးသမားတိ တော်လှန်ရီးသမားတိကရာ ဒေပိုင်လွပ်လွပ်ရီးကိုရာ လုပ်ခကတ်ဖို့  ပြောခကတ်ဖို့ ဆိုကေအခုအချိန်မှာရခိုင်နိုင်ငံတော်လွပ်လွပ်ရီးရလားခစွာ ကောင်းကောင်းကြာလားခပါဗျန်ဒေ။ နှစ်ပေါင်း-၆၆- နှစ်မှာ ဒုတိယကမ္ဘာစစ်ကြီး မီးတောက်လောင်ခလို့  ကမ္ဘာတခုလုံး သီသူသီ ပျောက်သူပျောက်နန့်  ဖြစ်နိန်ခပါရေ ။ ဂျပန်နိုင်ငံ ဟီရိုးရှီးမားနန့်  နာဂါစကီမြို့ ကို အနုမြူဗုံးကြဲပလိုက်လို့  ဂျပန်နိုင်ငံက စစ်ရှုံးဗျန်လို့  လက်နက်ချရေအခါ ရခိုင်လူမျိုးတိမှာ အကြီးအကျယ် အခွင့်ကောင်းတခုရခကတ်ပါရေယေ။ ယင်းချင့်က ဂျပန်နိုင်ငံက လက်နက်ချလို့  ထွက်ဗြီးလားရေအခါ ရခိုင်တော်လှန်ရီးသမားတိက ရခိုင်နိုင်ငံတော်ကို လွပ်လွပ်ရီး ရဗျန်ဆိုပနာ မကြော်ငြာခကတ်ပါဒေ။ နောက်တခါ အင်္ဂလိပ်ဘားက လွပ်လွပ်ရီးပီးဖို့ ဗျန် ဆိုရေအခါမှာလဲ ရခိုင်နိုင်ငံတော်က လွပ်လွပ်ရီးလိုချင်ရေ ဆိုပနာ လှုပ်ရှားခရေ စင်းသီး ရခိုင်နိုင်ငံသမားကား မပေါ်ခပါမနား။

ယင်းအချိန်က ဗမာနိုင်ငံရီးသမားတိနန့်  လားပေါင်းစွာမှာ ပြသနာတိ ရှင်းလို့ ကား မကျီပါဗျန်ကားယေ။ ၁၉၄၈-ခုနှစ်မှာ မြန်မာနိုင်ငံလွပ်လွပ်ရီးရလားရေအခါ လက်နက်အားကိုးနန့်  တိုက်လို့  ရလားစွာကား မဟုတ်ပါဒေ။ ယင်းချင့်ကို သတိထားဖို့ လိုပါရေ ။ နိုင်ငံရီးအရ အောင်ဆန်းရို့ က လှုပ်ရှားလားစွာမှာ ရခိုင်နိုင်ငံရီးသမားတိက ယင်းပိုင် အောက်သားတိနန့်  လားပေါင်းစွာမှာ ရခိုင်နိုင်ငံလွပ်လွပ်ရီး ရလာစွာကား မဟုတ်ပါကားဒေ။ ယင်းပိုင်ပါဗျန်ကာ ။ မရလိုက်စွာထက် ရခိုင်နိုင်ငံတော်ပျောက်လားချရေ စွာက ကောင်းကောင်းကြီး အခံရခက်ရစွာပါဒေ။ လွန်ရေအချိန်က-၆၃-နှစ်ရာ ဟိန့် ပါသိရေ ဒေ။ ယင်းပိုင်ဟိန့် နိန်ရေအတွက် ရခိုင်နိုင်ငံရီးသမားတိက ရခိုင်နိုင်ငံတော်ကို လွပ်လွပ်ရီး အတွက် တညီတညွတ်နန့်  ဇါဖြစ်လို့  မလုပ်နိုင်ရဖို့ လဲချင့်။ ဇါဖြစ်လို့  လက်နက်ကိုင်တော်လှန်ရီးမှာ တညီတညွတ်တည်း မဖြစ်နိုင်ဘဲ ဟိန့် လီရဖို့ လဲချင့်။ ကျွှန်တော်ပြောခရေပိုင် ထမင်းတလုပ်ကို မကျွှေးနိုင်သိလို့  ရာ ပြောရဖို့  စွာပါကာ။ ဇါဖြစ်လို့ ဆိုကေ ကျွှန်တော်ကရာ ထမင်းတလုပ်ကို ကျွေးခနိုင်ကေ ရခိုင်နိုင်ငံရီးသမားတိ တော်လှန်ရီးသမားတိမှာ ကျွှန်တော်ပြောရေပို့င် ရခိုင်နိုင်ငံတော် လွပ်လွပ်ရီးမှ အပ အခြားမဟိန့် ဗျန် ဆိုပနာ လုပ်ကတ်ဖို့  စွာပါကားယေ။ ယင်းချင့်က ရခိုင်လူမျိုးတိုင်းက ရခိုင်နိုင်ငံတော်ကို လွပ်လွပ်ချင်ကတ်စွာပါရာ။ အမျိုးကိုလဲ ချစ်ကတ်စွာပါရာ။ ယင်းချင့်က ဆိုကေ လုံးဝ သံသယကင်းနိုင်စွာပါရာချင့်။

အင်္ဂလိပ်နယ်ချဲ့ ကို လွပ်လွပ်ရီးအတွက် နောက်ဆုံးတိုက်ပွဲ ၀င်ခစွာ မင်းသားကြီးရွှီဘန်းရို့ ဗြီးကေ ရခိုင်တော်လှန်ရီးသမားတိ ကွင်းဆက်ပြတ်လားခပါရေ ။ ယင်းပိုင်နာင့်ပင် ရခိုင်နိုင်ငံရီးသမိုင်းမှာ ရခိုင်နိုင်ငံတော်အတွက် တော်လှန်ရီးခေါင်းဆောင် မပေါ်ပေါက်ဘဲ နိန်ခစွာမှာ ၁၉၃၉-ခုနှစ်မှာ ပျံလွန်လားခရေ ဆရာတော်ဦးဥတ္တမက ရခိုင်လူမျိုးဖြစ်လီကေလဲ ရခိုင်နိုင်ငံတော် လွပ်လွပ်ရီးအတွက်ကား မလုပ်ပြနိုင်ခပါဒေ။ ဒုတိယကမ္ဘာစစ်ဖြစ်လာရေအခါ ဆရာတော် ဦးစိန္တာ ရို့  - ဆရာတော်ဦးပညာသီဟ- ဘုံပေါက်သာကျော်ရို့  ပေါ်ပေါက်လာပါရေ ။ ယေကေလဲ ရခိုင်နိုင်ငံတော်လွပ်လွပ်ရီးအတွက် လုပ်ခကတ်စွာ မဟုတ်ဘဲ အောက်ပြည်အောက်၇ွာ နိုင်ငံရီးသမားတိ နန့် လားလို့ ပေါင်းခြီစွာမှာ ငါးပါးကြီးမှောက်လားစွာပါယေ။ နောက်ဆုံးမှာ ပင်လုံညီလာခံ စာချုပ်တိကို လက်မှတ်ထိုးကတ်လို့  ယင်းပိုင်နန့် ပင် မြန်မာနိုင်ငံလွပ်လွပ်ရီး ရလားခစွာမှာ ရခိုင်ငံရီးသမားတိက ၀န်ကြီးနိန်ရာတိကို ယူလိုက်ဗြီးစွာနာင့် ရခိုင်နိုင်ငံတော်လဲ ပျောက်လားခရစွာပါရာ။

အခုတခါ ရခိုင်လူမျိုးတိ ကမ္ဘာတည်သရွိ ကျွှန်သက်ရှည်ဖို့  ဒုတိယပင်လုံညီလာခံ လုပ်ဖို့  ပြင်ဆင်နိန်ပါဗျန်ကာ။ ယင်းပိုင်ပြင်ဆင်နိန်စွာမှာ ရခိုင်လူမျိုးတိက ရှေ့ဆုံးက ပါနိန်ပါရေထော။ ရခိုင်နိုင်ငံရီးသမိုင်းကို မသိလို့ လား နားမလည်စွာလား ။ မပြောတတ်ပါဒေ။ ကျွှန်တော်သိထားစွာ တခုက အောက်ပြည်အောက်ရွာသားတိနန့်  ပေါင်းလို့  ပထမပင်လုံမှာ ရခိုင်ငံတော်ပျောက်လားခရပါဗျန်။ အခုတခါ ဒုတိယပင်လုံညီလာခံလုပ်လာကေ ကျိန်းသီလုံးဝ ရခိုင်နိုင်ငံတော်ပျောက်စွာ မဟုတ်ဘဲ ကမ္ဘာမြီပုံမှာ စုံးစုံးမြုပ်လို့  ပျေက်ကွယ်လားလီဖို့  ပါဗျန်ကာ။ ယေဇူးနာင့် ကျွှန်တော်စိတ်ထဲမှာ တစိချေလဲ စိတ်ထားကောင်းကောင်းနန့်  အခုတလိုင်း မဟိန့် ပါဒေ။ ကောင်းကောင်းကြီး စိတ်ညစ်နိန်မိပါရေ။ ယင်းပိုင်စွာမျိုးမှာ အခုတခါ ကြားလာရပါဗျန်ထော။ မြောက်ဦးမြို့ က ရွှီဆင်းထုတော်တိကို အခုတခါ အောက်သားစစ်အစိုးရက လက်နက်အားကိုးနန့်  အနိုင်ကျင့်လို့ နေပြည်တော်ကို ယူလားဖို့  လုပ်လာကတ်ပါရေလတ်။ ကံကောင်းလို့  မြောက်ဦးမြို့  သူမြို့ သားတိက ၀ိုင်းပနာ ကန့် ကွက်လို့  မယူဖြစ်ပါသိဒေ။ ရတနာမန်အောင် ဆရာတော်ကြီးက ယင်းပိုင်ဖြစ်နိန်ရေအချိန်မှာ အမေရိကန်နိုင်ငံမှာ သီတင်းသုံးလို့  ၀ိပသနာတရား ဟောကြားနိန်ရေအချိန်ဖြစ်ပါရေ ။ ဆရာတော်ကြီးက နယူးယောက်မြို့ မှာ ၀ိပသနာတရား စခမ်းဖွင့်လို့  သီတင်းသုံးနိန်ခကတ်တေအခါ တွိလိုက်ဖူးလိုက်ပနာ ပြောဖြစ်ခကတ်ပါရေ။ မြောက်ဦးက ရွှီဆင်းထုဘုရားနန့်  အခြားရှေးဟောင်းယိုင်ကျေးမူတိကို ရခိုင်ပြည်မှာရာ ထားသင့်ကြောင်းကို လျောက်ထားခကတ်ပါရေ ။ အခုတော့ကာ ဆရာတော် ကြီးရို့  ပြန်လို့  ကြွလားခကတ်ပါဗျန်ဒေ။

ရခိုင်ပြည်က ဒုတိယပင်လုံညီလာခံ လုပ်ဖို့ လို့ ကြွီးကြော်နိန်ရေ ရခိုင်နိုင်ငံရီးသမားတိကလဲ အခုဆိုကေ ရခိုင်နိုင်ငံတော်က ၇ွှီဆင်းထုတော် ဘုရားနန့်  ရခိုင်ရှေးဟောင်းဘုရား ယိုင်ကျေးမူလက်ရာတိကို နေပြည်တော်ကို ယူလားဖို့  လုပ်နိန်စွာကို တခွန်းချေတောင် မယူကေ့လို့  ပြောသံမကြားပါသိ။ နေပြည်တော်က သမတဦးသိန်းစိန် အနားမှာ ဟိန့် နိန်ရေ ရခိုင်တိုင်းရင်းသား တိုးတက်ရီးပါတီက ဥက္ကဌကြီးကလဲ အခုအချိန်ထိ ယင်းရွှီဆင်းထုတော်နန့်  ယိုင်ကျေးမူတိလက်ရာတိကို မယူပါကေ့လို့  ဟန့် တားစွာကို မကြားရပါသိ။ ရခိုင်သဟာယအသင်းကြီးနန့်  ရခိုင်စာပီယိုင်ကျေးမူ အသင်းကြီးတိကလဲ လုံးဝဟန့် တားရေဆိုစွာကို မကြားရပါသိကာ။ ကျွှန်တော်ကြားရစွာက မြောက်ဦးမြို့ သား မြို့ သူတိက အသက်ကို မကြောက်မရွံ့နန့်  သီချင်ကေ သီလီပတ်စီ ဆိုပနာ ဟန့် တားနိန်ကတ်စွာကိုရာ ကြားရပါရေ ဒေ။ နေပြည်တော်ကို တရက်မဟုတ်ကေ တရက်မှာ ယင်းဘုရားတိ ယူလားဖို့  စွာက အသီအချာပါရာ။ လက်နက်အားကိုးနန့်  ယူလားဖို့  လုပ်ထားရေ အမိန့် ကို မဖျက်သိသမျှ လုပ်လာဖို့  စွာပါရာ။ ၂၀၁၀- နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြီခွ ဥပဒေပြဌန်းထားစွာမှာ ရှေးဟောင်းယိုင်ကျေးမူတိကို နေပြည်သို့  ယူလားရဖို့  ဆိုစွာ မပါစွာကို ရခိုင်တိုင်းရင်းသားတိုးတက်ရိးပါတီက ပုဂ္ဂိုလ်ကြီးတိ သိကတ်ပါဖို့ စွာပါရာ။ လက်နက်လဲမဟိန့်  နိုင်ငံရီးပါတီကလဲ မဟုတ်ပါဘဲ ယိုင်ကျေးမူ အမွေအနှစ်ကို အသက်စွန့် လို့  ကာကွယ်နိန်ကတ်တေ အမျိုးသမီး( မမချေ ) တိကို ရခိုင်နိုင်ငံရီးသမားကြီးတိက လက်အုပ်ချီလို့  ရှိခိုးဖို့  အချိန် ကျနိန်ပါဗျန်ဒေ။

ဇါပင်ဖြစ်ဖြစ် တခါက မဟာမြတ်မုနိဘုရား အလှူရှင် မဟာစန္ဒသူရိယမင်းက ဘုရားကို ရင်ငွိတော် ခုနှစ်အုပ်နန့် အုပ်လို့  လှူဒန်းခစွာကို တမလွန်ဘ၀က မျက်ရည်ကျလို့  ငိုကြွီးဖူးခပါဗျန်ဒေ။ အခုလဲ မျက်ရည်မခမ်းသိရေအခါမှာပင် လောကမဉ္ဖူ ရွှီဆင်းထုတော်ဘုရားနန့်  ယိုင်ကျေးမူတိကို စစ်နိုင်သူ အောက်သားလူမျိုးတိက အခုတခါ ယူလားဖို့  ပြင်ဆင်နိန်ရေဆိုကိုသိရကေ ဒုတိယအကြိမ်မြောက်က မဟာစန္ဒသူရိယမင်းကြီး မငိုကြွီးဘဲ နိန်လီပါဖို့ လားချင့်။ ပထမတကြိမ်က ငါလှူခလို့  ငါမျက်ရည်ကျခစွာကို အခုအချိန်ထိ ရခိုင်လူမျိုးတိ သတိမရကတ်သိလားယေလို့  ပြောခကေ ကျွှန်တော် ကိုယ့်ကိုယ်ကို ပြန်လို့  ကြည့်ပနာ ဇါပိုင် ဖြီရဖို့ လဲ မပြောတတ်ပါကာ ။။။။။


ခိုင်အောင်ကျော် ( နယူးယောက် )