Wednesday, July 20, 2011

လက်ဟိစာသည်ပင် ရခိုင်စာဖြစ်တေ

မကြာမကြာ အငြင်းပွါးနိန်ရရေ ဖတ်နီရရေ ရခိုင်စာပီနန့်ပါတ်သက်လို့ ကျနော်အမြင်ချေတခုကို တစေ့ချေလောက် တင်ပြချင်ပါရေ။ ကျနော်က ဘာသာဗေဒပညာရှင်တယောက်မဟုတ်တေပိုင်။ သုတေသီတယောက်လည်း မဟုတ်ဆိုစွာ အယင်ဆုံး နားလည်ထားဖို မိတ္တာရပ်ခံချင်ပါရေ။ အမှားအ ယွင်းတိပါလားခကေလေ့ ခွင့်လွှတ်ကတ်ဖို့ တောင်းပန်ပါရေ။


ဒေနိန့် ကျနော်ရို ပြောပြောနီကတ်တေ ရခိုင်စာဆိုစွာ ဇာစာကို ခေါ်ဆိုစွာပါလည်း။ ဒေစာနန့် ပါတ်သက်လို့ ကျနော်ရို့ ရခိုင်အမျိုးသား အချင်းအချင်းကြားထဲမှာ စိတ်ဝမ်းကွဲစရာတိ ဖြစ်လာနိုင် ပါရေ။ မဆလ အစိုးရလက်ထက် ဦးနေဝင်းက ဦးဘစော ကို ဝန်ကြီးတင်ပြီးကေ ကျောက်ဖြူမှာ ကောလိပ်ကျောင်းချပီးရေ ယင်းစွာက စစ်တွေကကျောင်းသားတိက မကြေနတ်လို့ ရန်ကုန်မှာ ကျောင်းလားတက်ကတ်တေ။ ကောင်းမကြာခင် ဦးသာကျော် ဝန်ကြီးဖြစ်လာရေခါ ကျောက်ဖြူ ကောလိပ်ကို စစ်တွေသို့ပြောင်းပလိုက်တေ။ ယကေ ကျောက်ဖြူက ကျောင်းသားတိက မကြေနတ် လို့ ရန်ကုန်မှာ ကျောင်းလားတက်ကတ်တေ။ ယေနန့် ရခိုင်မှာ တောင်ပိုင်း မြောက်ပိုင်း ဆိုပြီးကေ ခွဲခြားလာရေ။ ယင်းပိုင်း ဗမာတိသွီးခွဲမူကို ကျနော်ရို့ခံရခပြီးယာ။ ယေနန့် သင်္ခန်းစာ ယူကတ်ရပါဖို့။


ဒေဂုလည်း ကျနော်ရို့ သတိထားကတ်ရဖို့စွာတခုက ကျနော်အထက်က မီးခရေ ရခိုင်စာဆိုစွာ ဇာစာကို ခေါ်ချင်စွာပါလည်း။ ကျနော်ရို့မှာ ရခိုင်စာဆိုစွာ ဟိပြီးသားပါ။ သီးသန်ထွင်ပနာ ရွီးစရာမလိုပါ။ အေဂု ပြောပြောနီကတ်တေ ရခိုင်စာဆိုစွာမှာ စကားပြောအသံထွက်နန် ရွီးသားမူကို ဆိုလိုစွာထင်ပါရေ။ ယင်းပိုင်ဆိုကေ ဇာဖက်က လီသံနန် ပြောဆိုစွာကို အတည်ယူပနာ ရခိုင်စာဆိုပြီး ကေ သတ်မှတ်ပါဖို့လည်း။ စစ်တွေလီသံ ပြောရေစကားသံကို ယူပြီးကေ ရွီးဖိုလား။ ရမ်းဗြဲလီ သံပြောရေ စကားသံကိုယူပြီးကေရွီးရဖို့လား။ လက်ဟိအခြေအနီအရ ကျနော်ရို့မှာ စံထားပနာ ရွီးဖို စာမဟိပါသိမ့်။ ဂွ။ အမ်း။ သံတွဲ စရေ မြို့နယ်က သူရိုအသံထွက်နန် ရွီးနီကတ်စွာကို ရခိုင်စာမဟုတ် ဆိုပြီးကေ ပြောလိုက်ကေ ဇာစာက ရခိုင်စာပါလည်းလိုမီးလာရေခါ ဇာစာကို ရခိုင်စာလို့သတ် မှတ်ပြီးကေ ပြောပါဖိုလည်း၊ ယင်းလူတိကိုရမ်းဗြဲလီသံ။ စစ်တွေလီသံနဲစာမရွီးလို ရခိုင်မဟုတ်ဆိုပြီး ကေ ပြောလို့ရပါဖိုလား။ ရခိုင်စာပီးအရွီးအသားနန့် ပတ်သက်လို့ ငြင်းခုံနီကတ်စွာရေ တယောက် နန့်တယောက် စိတ်ဝမ်းကွဲပြားမူတိကို ဖြစ်ပေါ်လာစီတတ်ပါရေ။ ယေနန့်ဒေအပြုအမူတိကို ရှောင်ရှားကတ်ရပါဖို့။


နောက်တခု ကျနော်တင်ပြပါအုံးမယ်။ ဘာသာဗေဒ ပညာရှင်တိ၏ သုတေသနပြုချက်အရ ကမ္ဘာမှာ “စာ”ဆင်းသက်လာစွာရေ ၄ မျိုးရာ ဟိရေလို့ လေ့လာမှတ်သားဖူးပါရေ။ ယင်းစာတိမှာ-



၁။ ရောမစာ

၂။ အရ်ပီစာ

၃။ ပါချန်စာ

၎ ဗြမ္မဟီးစာ ဆိုပြီးကေ ဖြစ်ပါရေ။



ကျနော်ရို့ (ရက္ခ၀ဏ္ဍ) (ရခိုင်စာ)အက္ခရာကို အေဒီ ၄-ရာစုမှာ (ဗြမ္မဟီးအက္ခရာ)ကတဆင့်ပွားပါရေ။ ယင်းနည်းတူ မွန်စာပီးကိုလည်း အေဒီ ၈-ရာစုမှာ ဗြမ္မဟီးစာက ပွါးပါရေ။ ဗမာစာလို့ ပြောနီကတ်တေ လက်ရှိသုံးစွဲနီရေစာကို အေဒီ ၁၁-ရာစုမှာ ပျူစာ၊ မွန်စာ၊ ရက္ခ၀ဏ္ဍအက္ခရာကျောက်စာ ရို့ကတဆင့် ပွါးထားစွာလို့ မွန်လူမျိုး သမိုင်းပညာရှင် ဒေါက်တာ နိုင်ပန်းလှက ပြောဖူးပါရေ။ ဒေနီရာမှာ သတိတခု ပြုမိစွာက မွန်စာပီနန့် အခုလက်ဟိသုံးနီရေ ဗမာစာလို့ ပြောနီရေစာနန့် ဆက်စပ်မှုတိ စကေလောက် မဟိပိုင်တွိပါရေ ဗမာတိ၏ အစောဆုံး ကျောက်စာတိ အရွီးအသားတိရေ ကျနော်ရို့ ရခိုင်လူမျိုးတိ အခုလက်ဟိ ပြောဆိုနီကတ်တေ အသက်ထွက်နန့် တူနီစွာကို တွိရပါရေ။ ယင်းစွာတိကိုကြည့်ခြင်းအားဖြင့် (ရက္ခ၀ဏ္ဍအက္ခရာ) ကတဆင့် ပွါးထားစွာလို့ ပြောလို့ရပါရေ၊ အထက်တန်းပညာဦးစီးဌာန ညွှန်ကြားရေးမှုချုပ် ဆရာကြီး ဦးစံသာအောင်က ”အေဒီ ၆-ရာစု မတိုင်မှီ ရခိုင်ပြည်သုံး အက္ခရာများ“ ဆိုရေနာမေနန့် စာအုပ်တအုပ် ထုတ်ဝီဖူးခပါရေ ယင်းစာအုပ်၏ အမှာစာမှာ ”လက်ရှိသုံးနီရေ စာသည်ပင်လျင် ရခိုင်စာဖြစ်သည်“ ဆိုပနာ ရွီးထားစွာကို တွိရပါရေ။ ယင်းစာအုပ်ကိုထုတ်ပြီးလို့ ကောင်းမကြာခင်မှာ ပုသိမ်ဆီးရုံမှာ ဆရာကြီး ဆုံးလားခရေ။ တချို့ ကပြောကတ်တေ ဗမာတိ ဆီးထိုးပနာ သတ်ပလိုက်ကတ်တေလို့။


ယေနက် ကျနော်ဆိုလိုချင်စွာက ကိုယ့်စာကို သူများစာဖြစ်အောင် မလုပ်ပလိုက်ကတ်ဖို အထူးတိုက် တွန်းချင်ပါရေ။ ကျနော်ရို့မှာ စာဟိပြီးသားပါ လက်ဟိသုံးနီရေစာစွာ ကျနော်ရို့ ရခိုင်စာဖြစ်ပါရေ။

ဥပမာတခုအနီနန့် ကျနော်တင်ပြချင်ပါရေ (စကားပြောအရွီးအသားနန့်။ စာအရွီးအသား နှစ်မျိုးဟိ ပါရေ။)စာအရွီးအသားမှာ ”ဦးသာလှသည် ကျောင်းသိုလားသည်။ ဗမာအရွီးအသား- ဦးသာလှသည် ကျောင်းသိုသွားသည်။ (စကားပြောအရွီးအသား၊ ဗမာအသံထွက် ဦးသာလှ ကျောင်းသို့သွားတယ်၊ ရခိုင်စကားပြော အရွီးအသား-ဦးသာလှ ကျောင်းကို လားရေ။


ကျနော်ရို့စာကို ဗမာတိက ယူထားစွာရာဖြစ်တေ။ ကျနော်ရို့က ဗမာတိပါးက ယူထားစွာမဟုတ်ပါ။ ယေနန်။ နဂို ဟိနီပြီးသားစာကို သူများစာ မဖြစ်လားအောင် အားလုံး ဝိုင်းဝန်းထိမ်းသိမ်းလားကတ် ပါမေလိုတိုက်တွန်းလိုပါရေ။



ခိုင်ဘခင်
နယူးယောက်


ပုဂံကျောက်စာ/ ရခိုင်အသံထွက်

က္ကယ်ရှုပ်ပုရှာကာ (အေရွှီဘုရားကား) (မြစေတီကျောက်စာ၊ မြန်မာ-၄၇၄)
အဖူရစိယ် (ဖူးရစီ) (မြစေတီကျောက်စာ၊ မြန်မာ-၄၇၄)
ပီယဧအ် (ပီးဧ့) (မြစေတီကျောက်စာ၊ မြန်မာ-၄၇၄)
သြက်မိရအာ (အောက်မိရကား) (မြစေတီကျောက်စာ၊ မြန်မာ-၄၇၄)
သက်သိယ် (သက်သီ) (စခီပုနာကျောက်စာ၊ ၅၃၀)
ကြီမုံ (ကြီးမုံ) (သူဌေးမုခ်ဂူဘုရား၊ ၅၅၉)
လှူခသော (လှူခသော) (ငါပေါင်သင်ကျောက်စာ၊ ၅၃၇)
စာတီ (စာတီ) (သူဌေးမုခ်ဂူဘုရား၊ ၅၅၉)
ဟုတ္တေ (ဟုတ်တေ) (ဇမ္ဗူရာဇိဘုရား၊ ၅၅၈)
ရိယ်ကန်ရိယ်တွင်တန်ထာ (ရီကန်ရီတွင်းတန်ထား) (သင်ကြီးညောင်ခုပ်၊ ၅၆၉)
ကြိယ်ဆိမီတိုင် (ကြီးဆီမီးတိုင်) (ပုဂံပြတိုက် အမှတ် ၈၂၊ ၅၇၃)