Tuesday, July 19, 2011

ဗမာကိုလိုနီစနစ် ဖျက်သိမ်းရေး

မြန်မာနိုင်ငံမှာ နိုင်ငံရေးဆိုရေစကားလုံးကို တစ်ချို့လူတိက ကြောက်လန့်ဖို့ကောင်းရေ စကားလုံး  အဖြစ် အထင်အမြင်မှားနီကတ်ချိန်၊ တန်းတူရည်တူ ဆိုရေနစ် လိုဖွယ်ကောင်းရေစကားလုံးတိကို   ပြောဆိုနီကတ်ချိန်မှာ ကိုလိုနီစနစ်ဖျက်သိမ်းရေးဆိုရေစကားလုံးကိုထူးဆန်းအံ့သြဖွယ်ရာ စကားလုံးအဖြစ် ထင်နီကတ်ခြင်းမှာကား သဘာဝကျလှပါရေ။

ရခိုင်နိုင်ငံတော်ကျဆုံးလားရေ ၂၂၆ နှစ်မြောက် အထိမ်းအမှတ်နိန့်မှာ ရခိုင်လူမျိုးရို့က အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်ရှေ့မှာ ရခိုင်ပြည်က ဗမာကိုလိုနီစနစ်ကို ဖျက်သိမ်းပီးဖို့ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခကတ်ပြီးနောက်မှာ အပြန်အလှန်ရီးသားနီကတ်စွာတိကို တွိရပါရေ။ ကိုလိုနီစနစ် ဖျက်သိမ်းရေးတောင်းဆိုခြင်းရေ ဗမာလူမျိုးရို့က ရခိုင်လူမျိုးရို့ကို အတင်းအဓမ္မ ဖိနှိပ်အုပ်ချုပ်နီရေအတွက် ရခိုင်လူမျိုးရို့က ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးနိုင်ခွင့်ရရှိရေးကို တောင်းဆိုခြင်းပင်ဖြစ်ပါရေ။

ရခိုင်လူမျိုးရို့ရေ တချိန်က ကိုယ်ပိုင်သီးခြားနိုင်ငံနန့် နီလာကတ်တေ လူမျိုးဖြစ်ပါရေ။ ၁၇၈၄ ဒီဇင်ဘာလ ၃၁ ရက်နိန့်မှာ ဗမာဘုရင်ဘိုးတော်မောင်ဝိုင်းက စစ်မကြေညာပဲ ၀င်ရောက်သိမ်းပိုက်လိုက်တေအတွက် ရခိုင်နိုင်ငံရေဗမာလက်အောက်သို့ကျရောက်လားပနာ ရခိုင်တမျိုးသားလုံးလည်း ဗမာကိုလိုနီ စနစ်ဆိုးအောက်သို့ ရောက်ရှိလားပါရေ။ ယင်းနိန့်ယင်းအချိန်ကစလို့ ရခိုင်လူမျိုးရို့၏ သမိုင်း၊ စာပေ၊ ယိုဉ်ကျေးမှုရို့မှာ        တဖြေး ဖြေးချင်းဖျက်ဆီးခံလာရပနာ ဒေနိန့် ရခိုင်လူမျိုးရို့မှာ စာပီရှိလားလို့ မီးမြန်းနီကတ်ရရေအခြေအနီမျိုးသို့ ရောက်ရှိလျှက် ရှိနီပါဗျာယ်။ ယင်းပိုင်ဖြစ်ရခြင်းမှာကား ဗမာနယ်ချဲ့ ကိုလိုနီက ရခိုင်လူမျိုးရို့၏ အမျိုးသားရီး စိတ်ဓာတ်    ပြန်ပနာထွန်းကားမလာအောင် ရည်ရွယ်ချက်နန့် ရခိုင်သမိုင်းကိုသင်ခွင့်မပြုပဲထားခြင်း၊ရခိုင်စာပီကိုဖော်ထုတ်ပိုင်ခွင့်မပီးခြင်းနန့် ရခိုင် ယိုဉ်ကျေး မှုအမွေအနှစ်တိ ပျောက်ကွယ်လားအောင် ဖျက်ဆီးနီ ကတ်ခြင်းကြောင်းဖြစ်ပါရေ။ ယင်းပိုင် ရခိုင်လူမျိုးရို့အပေါ် နိုင်ထက်စီးနင်းမှုတိပြုလုပ်ပနာ လူ့အခွင့်အရေး အမျိုးမျိုးကိုချိုးဖေါက် နီစွာရေ ဒေနိန့် အုပ်ချုပ်နိရေ ဗမာရာမဟုတ်ပဲ အယင်အထက်ထက်က အုပ်ချုပ်ခရေ ဗမာနယ်ချဲ့ ကိုလိုနီအစိုးရတိလည်း ပြုလုပ်ခကတ်ပါရေ။

လူမျိုးတမျိုး၏ သမိုင်း၊ စာပီ၊ ယဉ်ကျေးမှု အမွီအနှစ်တိကို ခေတ်အဆက်ဆက် ဖျောက်ဖျက်ခံနီရလို့ ထိုလူမျိုး၏အမျိုးသား လက္ခဏာတိ ပျောက်ကွယ်လုနီးပါး အခြေအနေသို့ ရောက်လာရေအတွက် ထိုလူမျိုးရို့က သူရို့၏လွတ်လပ်ခွင့်၊ တရားမျှတရေးနန့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးပိုင်ခွင့်ရို့အတွက် ရခိုင်ပြည်မှ ဗမာကိုလိုနီစနစ်ကိုဖျက်သိမ်းပီးဖို့ တောင်းဆိုကတ်စွာဖြစ်ပါရေ။

ရခိုင်နိုင်ငံတော် ဗမာလက်အောက်ကို ကျရောက်လားရေ အခါကပင် ရခိုင်ရို့၏အရေးရေ ဗမာလူမျိုးတိနန့် တနည်းတဖုံ ဆက်နွယ်ပတ်သက်ခရပါရေ။ ဗမာနိုင်ငံရေ ဂျပန်နန့် အင်္ဂလိပ်ကိုလိုနီစနစ်အောက်သို့ ကျရောက်လားရေ အခါကလည်း ဗမာနိုင်ငံလွတ်မြောက်ရီးအတွက် ဗမာလူမျိုးတိနန့်အတူ ရခိုင်လူမျိုးရို့ပါ တိုက်ပွဲဝင်ခကတ်စွာရေ သမိုင်း၏အမှန်တရားဖြစ်ပါရေ။
    ဗမာနိုင်ငံ လွတ်မြောက်ရီးအတွက် တိုက်ပွဲဝင်ခကတ်တေ ရခိုင်ခေါင်းဆောင်တိထဲမှာ ဆရာတော်ဦးဥတ္တမကား အထင်ကရပုဂ္ဂိုလ် တဦးဖြစ်ရုံသာမက ဗမာတနိုင်ငံလုံး အမျိုးသားရီးစိတ်ဓာတ် နိုးကြားရေးအတွက် ဦးဆောင်လမ်းညွှန် ချမှတ်ခသူ ရဟန်းတပါးလည်းဖြစ်ပါရေ။ ဗမာနိုင်ငံလွတ်မြောက်ရီးအတွက်    အေပိုင် ရခိုင်အမျိုးသားရို့လည်း ကိုယ်ကျိုးစွန့် အနစ်နာခံပနာ တိုက်ပွဲဝင်ခကတ်ပါရေ။     ယေဒါလေ့ လွတ်လပ်ရီး ရရှိလာရေအခါ ရခိုင်လူမျိုးရို့အတွက် တန်းတူရည်တူအခွင့်အရေးကိုထားဖိ       ပြည်နယ်ချေတခုကိုပင် မရရှိခကတ်ပါ။ ဗမာတနိုင်ငံလုံး လွတ်မြောက်ရီးအတွက် စတင်ဦးစီးဦးဆောင် စည်းရုံးရေးတရားတိ     ဟောပြောခပနာ ဖမ်းဆီးချုပ်နှောင်ခြင်းတိ အကြိမ်ကြိမ်ကို ခံခရရေ ဆရာတော်ဦးဥတ္တမကိုလည်း ပြည်တွင်းရှိဗမာနိုင်ငံရေး သမားတိကသာမက ပြည်ပရှိ ဗမာနိုင်ငံရေး သမားတိကလည်း ဗမာအမျိုးသမီးငယ် စုစုနွဲ့လောက်ပင် အလေးမထားကတ်စွာရေ ဗမာတနိုင်ငံလုံးအသိပင်ဖြစ်တေ။ ယင်းပိုင် ဖြစ်နီကတ်ရစွာရေ ရခိုင်လူမျိုးရို့က အတူတကွ လက်တွဲနီထိုင်ရေးကို သဘောထားကြီးစွာနန့် လုပ်ဆောင်ခကတ်ကေလည်း ဗမာလူမျိုးတိက ရခိုင်နန့် တခြားလူမျိုးတိကို ခွဲခြားဆံဆက် နီကတ်ခြင်းကြောင့်ဖြစ်တေ။
     

   ဗမာတိအများအပြားက အခုပိုင် ကမ္ဘာ့ကုလသမဂ္ဂရုံးရှေ့ရခိုင်ပြည်ထဲက ဗမာကိုလိုနီစနစ်ဖျက်သိမ်းရေး တောင်းဆိုစွာကို ကျဉ်းမြောင်းရေ အမျိုးသားရေး ၀ါဒီတိဆိုပနာ ရှုတ်ချကတ်ပါရေ။ တချို့ ရခိုင်တိကတောင် မျိုးချစ်မျက်ကန်းဆိုပနာ ပြစ်တင်ဝေဖန်ကတ်တေ။

ကမ္ဘာမှာရှိရေ လူမျိုးတိုင်း လူမျိုးတိုင်းရေ ကိုယ့်အမျိုးကိုချစ် ကတ်တေ။ ကိုယ့်လူမျိုးတိ ကိုလိုနီစနစ်ဆိုးအောက်သို့ ကျရောက်နီကတ်ကေ ယင်းစနစ်ဆိုးလက်အောက်က လွတ်မြောက်ဖို့အတွက် နည်းမျိုးစုံနန့် ရုန်းကန် လှုပ်ရှားကတ်စွာရေ တကမ္ဘာလုံးမှာ ဖြစ်ပျက်လျှက် ရှိနီကတ်ပါရေ။ ဗမာနိုင်ငံလည်း တချိန်က ဂျပန်နန့် အင်္ဂလိပ်ကိုလိုနီစနစ် လက်အောက်သို့ ကျရောက်ခ ရေအခါ ယင်းနည်းတူ အမျိုးသားလွတ်မြောက်ရီးအတွက် နည်းမျိုးစုံနန့် ကြိုးပန်းခကတ်စွာရေ ဗမာတနိုင်ငံလုံး အသိပင်ဖြစ်ပါရေ။   ယင်းပိုင် ဗမာနိုင်ငံ အင်္ဂလိပ် ကိုလိုနီစနစ်အောက်က လွတ်မြောက်ရီးအတွက် ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် တခြားဗမာနိုင်ငံဖက်က ခေါင်းဆောင်တိရေ အင်္ဂလိပ်ကိုလိုနီတိဖက်က စွပ်စွဲရေပိုင် အမျိုးသားရေးကျဉ်းမြောင်းသူတိမဟုတ်ပါ။ ယင်းနည်းတူ ရခိုင်လူမျိုးရို့ရေ ဗမာကိုလိုနီစနစ် ဆိုးလက်အောက်က လွတ်မြောက်ဖို့ကြိုးစားနီကတ်စွာရေ အမျိုးသားရေး ကျဉ်းမြောင်းသူတိမဟုတ်ပါ။ လူမျိုးတမျိုးရေ အဖက်ဖက်က ဆင်းရဲနွမ်းပါး၊ လူအခွင့်အရေးတိ ချိုးဖောက်ခံလာရရေအခါ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း ကြိုးပမ်းကတ်စွာကို နားလည်မှုမပီး တတ်တေအပြင် ကျဉ်းမြောင်းရေအယူရှိသူတိလို့ မြင်နီကတ်ခြင်းကား ကြီးမားရေ လူ့အခွင့်အရေးချိုး ဖေါက်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နီကတ် သူတိဖြစ်ပနာ၊ လူမျိုးရေးရ၀ါးမျိုဖို့ ကြိုးစားနီကတ်တေ မဟာဗမာဝါဒီတိရာဖြစ်ပါဖို့။

တချို့ရခိုင်တိက ရခိုင်ပြည်က ဗမာကိုလိုနီစနစ် ဖျက်သိမ်းပီးဖို့ တောင်းဆိုကတ်တေအခါ စိုးရိမ်ပူပန်မှုတိ ထွက်ပေါ်လာကတ်စွာကို တွိရပါရေ။ ဗမာတိရေ ခေတ်အဆက်ဆက် ဖိနှိပ်ပနာ အုပ်ချုပ်တေစနစ်ကို ကျင့်သုံးခကတ်တေ။ ကိုလိုနီစနစ်ဖျက်သိမ်းရေးကို တောင်းဆိုရေဖြစ်စီ၊ မတောင်းဆိုရေဖြစ်စီ အုပ်ချုပ် သူဗမာတိရေခေတ်အဆက်ဆက်ကရခိုင်ပြည်သူတိကိုနည်းမျိုးစုံနန့်  နှိပ်စက်ခကတ်စွာဖြစ်တေ။ ဒေပိုင် တောင်းဆိုလိုက်ကေ ပိုလို့ဖိနှိပ်လာနိုင်ရေလို့ စိုးရိမ်မိကတ်စွာလည်း မမှားပါ၊ ရခိုင်ပြည်သူတိကို သနား ညှာတာလို့ အေပိုင်စိုးရိမ်မှုတိ    ဖြစ်စွာပါ။ ယကေလေ့ မတောင်းဆို၊ မတော်လှန်ပဲနန့် အုပ်ချုပ်သူတိ အလိုကျ နီထိုင်လားကတ်ဖို့ဆိုကေကား ဖိနှိပ်မှုတိ နည်းကောင်းနည်းကေလေ့ ရခိုင်တမျိုးသားလုံး ၀ါးမျိုခံရဖို့စွာ သေချာပါရေ။

ရခိုင်ပြည်သူရို့ကို ဖိနှိပ်ခံရဖို့စွာကြောက်လို့ ဗမာကိုလိုနီစနစ်ဖျက်သိမ်းပီးဖို့ မတောင်းဆိုသင့်လို့ ယူဆကေ ဗမာတနိုင်ငံလုံး အင်္ဂလိပ်ကိုလိုနီစနစ်လက်အောက်က လွတ်မြောက်ဖို့ အင်္ဂလိပ်အစိုးရကို ဇာကြောင့် တော်လှန်ခကတ်လည်း ဗမာတနိုင်ငံလုံး စစ်ကျွန်ဘ၀က လွတ်မြောက်ဖို့အတွက် ၈၈ အရေးတော်ပုံ၊ရွှေဝါရောင်တော်လှန်ရေးတိကိုဇာကြောင့်ဆင်နွှဲခကတ်လည်း။ ဒေအရေးတော်ပုံတိကား ပြည်သူတိ စစ် ကျွန်ဘ၀က လွတ်မြောက်ရေးအတွက် ဆင်နွှဲခကတ်စွာဖြစ်တေ။ ပြည်သူများကို ဒုက္ခရောက်လိုရေ ဆန္ဒနန့် လုပ်ခကတ်စွာဟုတ်ပါ။ ထို့အတူ ဗမာကိုလိုနီစနစ်အောက်က ရခိုင်တစ်မျိုးသားလုံး လွတ်မြောက်ရေး လှုပ်ရှားမှုရေ ဖိနှိပ်ခံနီရရေ ရခိုင်ပြည်သူတရပ်လုံးအတွက် ဖြစ်ပါရေ။

ဇာနိုင်ငံ၊ ဇာဒေသမှာမဆို မတွန်းလှန်၊ မပုန်ကန်ပဲနန့် နိုင်ငံတစ်ခု (သို့မဟုတ်) အမျိုးသာလွတ်မြောက်မှုတခုကို အောင်ပွဲခံခစွာဟိဖူးပါလား။ ယေနန့် ရခိုင်လူမျိုးရို့ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးနိုင်ရေးအတွက် ရခိုင်တ မျိုသားလုံး ဗမာကိုလိုနီစနစ်ဆိုးကို တွန်းလှန်တိုက်ထုတ်ကတ်ပါမေလို့ ရခိုင်ပြည်လွတ်လပ်ရီး လှုပ်ရှားမှု ကော်မီတီက ဆော်နိုးတိုက်တွန်းလိုက်ပါရေ။။
 
ရခိုင်ပြည် လွတ်လပ်ရီး လှုပ်ရှားမှု ကော်မီတီ
 
Arakan Freedom Movement Committee