Thursday, July 7, 2011

လွမ်းဘွယ်ဌါနီ-လေးရပ်ဝတီသို့ 


မျှော်ယောင်တမ်းတ ၊ မျက်ရည်စနှာင့်
ဘ၀ဆက်ဗျာလ် ၊ သံသရာရို့
ကြမ္မာဆိုးလျှက် ၊ ကြိမ်နွယ်ယှက်၍
ပြန်ခက်ဖန်တီး ၊ ဤခရီးကား
မနီးလှဒေ ၊ တစကြီကွဲ



ဝိလည်ပါတ်လား ၊ ၀ိုးတ၀ါးစိတ်
ရှည်လျှားညတာ ၊ အိပ်ပျက်ကာယင်
ဝဲယာစောင်းကြည့်  ၊ ဆွီးနွမ်းမြိသည်
ဓလိထုံးစံ ၊ မိပျောက်ဟန်ထင့်
ရင်ပူနှာင့်တွီး ၊ တိုင်းအရီးကို
တလေးတစား ၊ ဦးထိပ်ထားဗြီး
စိတ်အားညီညွတ် ၊ လက်ချင်းဆက်ကာ
လွမ်းဘွယ်ဌါနီ ၊ ဓညာမြီသို့ 
မျှော်ရည်ဆုတောင်း မိသည်ချည်း။။။။ ။။။။။။။။။

ပေါ်အောင်စိတ်ထား ၊ ထန်ပြင်းရနှင့်
တချက်မပျော် ၊ သန်ကောင်ကျော်၍
ညမျှော်ရက်မှန် ၊ အချိန်တန်ခိုက်
ခေါ်းငိုက်စိုက်ဗျာလ် ၊ ရှိုက်လျက်လမ်းလျောက်
တယောက်ထီးတည်း ၊ ရင်နာကျည်းလျက်
စိတ်ထဲဆန္ဒ ၊ ဖြစ်သမျှကို
တနားရာယင် ၊ ရာဇ၀င်မှာ
ရှုံးချင်သည့် စိတ် ၊ တိတ်တဆိတ်မျှ
မကူးရခ ၊ ဓညနိုင်ငံ
ပြည်တော်ပြန်ဖို့  ၊ ချိန်တန်ကောင်းကို
အားလောင်းစံပြု ၊ လူထုများစွာ
ဟိန့် ထားသည်ကြောင့် ၊ စိတ်ရည်မျှော်မှန်း
အောင်ပွဲလန်းလျှက် ၊ လက်ချင်းဆက်ကာ
တမ်းရည်ဌါန ၊ ရမ္မာဝတီသို့ 
မျှော်ရည်ဆုတောင်း မိသည်ချည်း ။။။။။။ ။။။။။။။။

ကျော်အောင်ရည်ကာ ၊ ပေါ်ခရနှင့်
ဘ၀ကူးလား ၊ ဇါနည်များလည်း
တခြားမကြည့် ၊ ချစ်သည့်စိတ်ကြောင့်
အိပ်မက်ထဲမှာ ၊ ပြန်လာကာနိုး
ဝိညာဉ်ပျိုး၍ ၊ အတိုးချဗြီး
ဤခရီးကို ၊ အနီးချေထင့်
ရင်မှာချင့်ထွီး ၊ ဦးမလေးယေ
ဖီးဖီးမမ ၊ တယုယနှင့်
သားလှရင်နှစ် ၊ ပွိ့ ဖက်ချစ်သို့ 
ကျစ်ကျစ်ဆုပ်ထား ၊ လက်သီးများလည်း
ခွန်အားပြည့်စွာ ၊ ဟိန့် ကတ်ပါယင့်
သံသာချိုအီး ၊ နားဝယ်မြဲသည်
ဗဟိုလ်စည်သံ ၊ သောသောညံလို့ 
မိုးယံချုံးလျှက် ၊ လက်ချင်းဆက်ကာ
ဆွီးရည်ဌါနီ ၊ မေဃ၀တီသို့ 
မျှော်ရည်ဆုတောင်း မိသည်ချည်း။။။။။။ ။။။။။။။။။။

ဖေါ်ဆောင်တမ်းတ ၊ ယင်းခါကနှင့်
သောကငိုသံ ၊ ရှိုက်ဘွယ်သံရို့ 
ချိန်မှန်ဖြစ်မြဲ ၊ စိတ်ဝယ်စွဲဗျာန်
တလွှဲမလျှော် ၊ ရောင်ခြည်ပေါ်စ
တမ်းမျှော်ရမိ ၊ ကိုယ်ကချိနွမ်း
အမိသော်လဲ ၊ သားတော်ခဲယေ
မီးရဲရဲတောက် ၊ ကိုယ်ရာလျှောက်ချင်
ရင်မှာညွန့် ဖူး ၊ ချစ်ဦးသူသို့ 
မငြူမစူ ၊ နာမူခံခက်
ကင်းကွာလျှက်ဗြီး ၊ လက်ဆက်၍ရာ
သံညီညာနှင့် ၊ သြဘာစည်ခတ်
အောင်ပွဲမှတ်ပိုင် ၊ လေးရပ်မျက်နာ
ကြွီးကြော်ပါလီ ၊ ချိန်ခါမင်္ဂလာ
ကျရောက်လာ၍ ၊ ကျိန်စာပြီပျောက်
ဘုန်းရှိန်တောက်လျှာက် ၊ လက်ချင်းဆက်ကာ
လွမ်းဘွယ်ဌါနီ ၊ ဒွါရာဝတီသို့ 
မျှော်ရည်ဆုတောင်း မိသည်ချည်း ။။။။။။ ။။။။။။။။

ခိုင်အောင်ကျော် ( နယူးယောက် )