ရခိုင်ရို့  ကိုယ့်အချင်းချင်း ဆက်သွယ်ပြောဆိုကတ္တေခါ ရခိုင်စကားကို အသုံးပြုကတ်ပါရေ။ ဒေအဆိုစွာ ယှင်းလင်းချက်ထုတ်နီစရာလို ဖို့  အဆိုမဟုတ်လို့  ထင်ပါရေ။ ယေကေလေး " ရခိုင်စကား " ဆိုရေအချက်တော့ နည်းနည်းပါးပါး ပြောစရာ ဆိုစရာ ဟိလိမေဖြစ်ပါရေ။ ရခိုင်ပြည်နယ် မြောက်ဖက်ဖျားက တောင်ဖက်ထိ တရွိရွိစုန်ဗျာ ဆင်းလတ်ပါကေ ဒေသအသီးသီးမာ ပြောဆိုနိကတ္တေ " ရခိုင်စကားသံ " ရို့ ရေ မြစ်ကြောင်းကြီးတိအလိုက်၊ ကျွန်းကြီးတိအလိုက် တရွိရွိကွဲပြားခြားနားလားလိုက်စွာကို တွိရပါဖို့ ။ တနိရာနာင့် တနီရာ တဆိသျှေ တဆိသျှေစီ ကွဲပြားခြားနားလာလိုက်စွာ ထိုးမြောက်ဖက်ဖျား မယူမြစ်ညာ၊ ကုလားတန်မြစ်ညာရို့ တိရာ အရပ်ကစကားသံနင့် တောင်ဖက်ဖျားသံတွဲမြို့ ၊ ဂွမြို့  ဟိရာ အရပ်က စကားသံရို့ ကို နားထောင်ကြည့်လိုက်ပါကေ ဒေလူတိရေ " ရခိုင်စကား " တခုတည်းကို ပြောနီကတ်စွာပါရာလို့  အတည်ပြုပြောဖို့ တောင် ခက်ခက်ဖြစ်နီစွာကို တွိရပါရေ။
စင်စစ်ယင်းပိုင် ဖြစ်နီစွာက အထူးအဆန်းမဟုတ်ပါ။ ဘာသာစကားရို့ ၏ သဘာဝ ၊ ဘာသာစကားရို့  ၏ လက္ခဏာတရပ်ရာဖြစ်ပါရေ။ ဘာသာစကားဆိုစွာ အသုံးပြုနီရေ လူစုအသိုင်းအ၀ိုင်း ၊နီရာဒေသကို လိုက်ဗြီးကေ ကွဲပြားရေ သဘောဟိပါရေ။ ယေတင်မက အသုံးပြုပြောဆိုရေ လူတယောက်တည်းက အကြောင်းအရာတခုတည်းကို ပြောခစွာပင် ဖြစ်ကေလေး တခါနင့် တခါမတူဘဲ ကွဲပြားစွာကို တွိရပါရေလတ်။
ကွဲပြားနီရေ " ရခိုင်စကားသံ" ကို သီသီချာချာ နားထောင်ကြည့်ကေတာ့ခါ ယင်းစကားသံတိရေ ဘာသာစကား တခုတည်း၏ ဒေသအလိုက် ကွဲပြားနီကတ္တေ အသံထွက်တိရာဖြစ်တေလို့  သိနိုင်ပါရေ။ ဘာသာစကားနှစ်ခု၊ သုံးခမဟုတ်လို့ ဆိုရပါဖို့ ။ ဇါဖြစ်လို့ လဲ ဆိုကေ စကားလုံးဖွဲ့ ပုံရို့ ၊၀ါကျဖွဲ့ ပုံရို့ မာ အတူတူပင်ဖြစ်လို့  ဖြစ်ပါရေ။ အဂုအကျွန်ရို့ ရေ စကားအသံထွက်တိ ပဇေါင်ကွဲပြားနီကတ္တေလေ ဆိုစွာကို နမူနာသျှေတခုလောက် ကြည့်ကတ်ပါမေ။ " ကြင်နာ " ဆိုရေ စကားလုံးကို ဒေသအသီးသီးက အသံထွက်ပနာ ဆိုကတ်ပုံတိကို သဒ္ဒဗေဒအက္ခရာအပြင် ယင်းနင့် ညီမျှရေ မြန်မာအက္ခရာရို့ နင့် ယှဉ်ကြည့်ခါ အောက်ပါအတိုင်း တွိရပါရေ။
1----Kron na-------------ကြောန်နာ
2----Kran na-----------ကြာင်နာ
( ရခိုင်စာလုံးပေါင်း--ကြင်နာ )
3-----krEn na --------ကြဲင်နာ
4-----krin na ----------ကြိင်နာ
5-----k6i na(=Kjin ) --- ကျိင်နာ
( ဗမာစာလုံးပေါင်း---ကြင်နာ )
စသည်ဖြင့်  တွိရပါရေ။ ကြာင်နာဆိုရေ စကားလုံးမာ ဒုတိယ၀ဏ္ဍ " နာ " ရေ အပြောင်းအလဲ မဟိဘဲ ပထမ " ကြင် " ကို ကျခါ နံပါတ် ( 1 ) က ( 5 ) ထိ အသံထွက်ထိ ကွဲပြားနီစွာကို တွိရပါဖို့  ။ ယင်းပိုင်ပွဲပြားနီစွာမာလေး " ၀ဏ္ဍ " ၏ ပထမပိုင်း အလွှတ်ဗျည်း နီရာမာ နံပါတ် ( 1 ) က ( 4 ) ထိ /kr/ ကြ ဆိုစွာကို မကွဲမပြား တွိရပါရေ။ ၀ဏ္ဍ၏ အလယ် နီရာဖြစ်တေ ( သရ ) နီရာမာတော့ခါ /၁/ သြ သရအစ / i /က္က သရအဆုံး သရသံ အမျိုးမျိုး ကွဲပြားနီဗြီးကေ နှာသံဗျည်းကို တွိရပါရေ ။ ဒေနီရာမာ ပုံနှိပ်ရစွာ လွယ်အောင်လို့  နှာသံဗျည်းသင်္ကေတကို မြန်မာ -အင်္ဂလိပ်စစ်စစ်နင့် ဆိုကေ တမျိုးပြရပါဖို့ ။ အဂု ယှင်းလင်း ရီးသားခစွာတိကို သတ္တုချကြည့်ပါကေ
1----kr+ ၁+ n
2 ---kr + an
3----kr + i + n
4--kjr+ i + n
5--kj + i + n
စသည်ဖြင့်ဖြစ်ပါရေ ။ ယင်းချင့်တိကို စိစစ်ကြည့်ပါကေ-
(၁ ) လျာလိပ်သံ /r/ ရ သံရေ ရခိုင်စကားမာ ထင်ရှား ရေ သံရင်း တခုဖြစ်ကြောင်းကို နံပါတ်( 1 ) က ( 4 ) ထိ ကြာင်ဝဏ္ဍ ပထမပိုင်းရို့ က ဖေါ်ပြပါရေ ။
အေစကားသံရေ ရိုးမတောင်အရှိ ( =ရှေ့ ) ဖက်က ဗမာစကားသံနင့် ကွဲပြားချက် တခုဖြစ်ပါရေ ။ ယေကေလေး ရခိုင်-ဗမာ ကူးသန်းဆက်သွယ်မူများပြားရေ အရပ်ဒေသ၊ မြို့ တိမာတော့ခါ /r? သံရင်း ပျောက်ပနာ / kr/ ကြ နီရာကို ဗျည်းအသစ်/ t6 / =kj ကျ က နီရာ ယူလာစွာကို တွိရပါရေ ။ နံပါတ်( 5 ) ကို ကြည့်ပါ။
( 1 ) နံပါတ် ( 3 ) အသံထွက် /krEn /ကြဲင်နာ ဆိုစွာကို ရမ်းပြည့်မြို့ နယ်နင့် တောင်ကုတ်မြို့ နယ် တချို့ ကျေးလက်ပိုင်းရို့ မာ ကြားရပါရေ ။ ယင်းအသံထွက်မာပါရေ /E / အဲ သရကို ရခိုင်စကားသံ စစ်စစ် အပွင့်ဝဏ္ဍရို့ မာ မတွိရပါ။ အပိတ် ၀ဏ္ဍရို့ မာရာ တွိရပါရေ ။ အဂု " ကြင်နာ " ဆိုရေ စကားလုံးထဲက ၀ဏ္ဍ " ကြင် " ရေ အပိတ်ဝဏ္ဍတခုဖြစ်ပါရေ ။ အပိတ်ဝဏ္ဍ တခုဖြစ်တေအတွက်နင့် ၀ဏ္ဍနောက်ဆုံးနီရာမာ အဖမ်းဗျည်း /n/နှာသံဗျည်း ) ဟိနီပါရေ ။ အပွင့်ဝဏ္ဍဆိုစွာကတော့ ၀ဏ္ဍတခု၏ နောက်ဆုံး နီရာမာ အဖမ်းဗျည်း မဟိရေ ၀ဏ္ဍရို့ ကို ဆိုပါရေ။ " ကြင်နာ " က " နာ " ရေ အပွင့်ဝဏ္ဍတခု ဖြစ်ပါရေ။
အေနီရာမာ စကားချပ်လို့  ပြောချင်စွာက ဘာသာစကား ဆိုစွာလေး လူပိုင်ဗျာ။ အမြဲရွိလျှား ပြောင်းလဲနီပါရေ။ အဲ သရကို ရခိုင်စကားသံ အပွင့်ဝဏ္ဍရို့ မာ မတွိရလို့  အကျွန်အထက်က ဆိုခပါရေ။ ရခိုင်စကားမာ အရီးအသား အဲ ရေ အေ သရ ကိုယ်ခွဲ တခုရာ ဖြစ်ပါရေ ။ ပုံစံအဖြစ် တန်ခိုးဆရာထွန်း ၏ " မဟာမျိုးနွယ် ( =နွေ ) ၊ သတိုးဆွေမှာ " မဟေညာတောင် " - ဆိုရေ အစပ်အဟပ် ကိုကြည့်ပါ။ ဒေနိစစ်တွေ စကားမာ
" လားဗျယ်--ဟုတ်ဗျယ်- " စရေ အဲ သရ၏ တက်ကျသံ တခုကို ကြားနီရပါရေ ။ ဘာသာစကား ပြောင်းလဲလာမူ တခုပါချင့်။
( 3 ) နံပါတ် ( 1 ) အသံထွက် / kr၁n/ မာ သြ သရ / ၁ / သံ ထင်ထင်ရှားရှား ပါဝင် ဖွဲ့ စည်းနီစွာက
နံပါတ် ( 5 ) က / t6i / ပိုင် ကူးလူးဆက်သွယ်မူ နီးစပ်များပြားရေ ဗဂါလီစကားသံက ၀င်ရောက်ရောနှော လာစွာ ဖြစ်လီဖို့ လို့  ယူဆစရာတိ ဟိပါရေ။
ရခိုင်ဒေသအသီးသီးမာ ပြောဆိုနီကတ္တေ " ရခိုင်စကားသံ " ရို့ ရေ လူအစုအဖွဲ့ အလိုက် နီရာဒေသအလိုက် ပြောဆိုရေ သရသံအရ အမျိုးမျိုး ကွဲပြားနီကတ္တေလို့  ထင်စရာဟိကေလေး အကြမ်းဖျင်း ပြောရပါကေ ' စစ်တွေ စကား" နင့် " ရမ်းပြည့်စကား" လို့  နှစ်မျိုးရာ ရနိုင်ဖို့  ထင်ပါရေ ။ ယင်းနှစ်မျိုးစွာကလေး အထက်မာ ပြောခရေပိုင်ရာ ခြားနားချက်တိ ဟိတန်သလောက် ဟိကေလေးမများပါ။ အနည်းအကျဉ်းရာ ဖြစ်တေလို့  ဆိုရပါဖို့ ။ စကားသံ စကားလုံး ပုဒ် ၀ါကျ အများစုရေ အတူတူဗျာ လို့  ဆိုနိုင်ါဖို့ ထင်ပါရေ။
အဂုအကျွန်ရို့ ရေ ကိုယ့်စကား ကိုယ့်စာ စနစ်တကျဖြစ်ဖို့  ၊ နောင်းနောင်းနင်းနင်း ဖြစ်ဖို့ ဆိုဗျာ ကြိုးစားနီကတ်ပါရေ ။ ဒေချင့်ကိုပြော၊ ထိုပိုင်မရီး( မရီး ) ကေ့။ ဒေပိုင်ရာရီး( ရွီး) ။့ လို့  တော့ခါ အာဏာမထားနိုင်၊ မတားမြစ်နိုင်ပါ။ လုပ်လေးမလုပ်အပ်ပါ။ ဇါဘာသာစကားမာမဆို ဒေသအလိုက် အပြောအဆို ဟန်ပန်လီသံ ခြားနားကွဲပြားချက်တိ ဟိကတ်စွာချည်းပါဗျယ်။ ဥပမာ အင်္ဂလိပ်ဘာသာစကားမာဆိုကေ - လန်ဒန်စကား- ဝေလစကား- ဘာမင်ဂမ်စကား- စကော့စကား စသည်ဖြင့် ကွဲပြားရေလို့  ဆိုပါရေ ။ ယပိုင်ဖြစ်ကေလဲ အများနင့်ဆိုင်ရေ အသံလွှင့်စကား ၊ စာသင်ရာမာ သုံးရေ စကားရို့ က့ အတွက်တော့ ဒေသတခုတည်း၊ လူ့ တစုတဖွဲ့ တည်းကရာ အသုံးပြုရေ စကားမျိုး မဟုတ်တေ အများဆိုင်ရေ စကားမျိုးကိုရာ သုံးရေလို့  ဆိုပါရေ ။ အကျွန်ရို့ မာလေး ကိုယ့်ရခိုင်စကား ၊ ရခိုင်စာ၊ စနစ်တကျဖြစ်ဖို့  အတွက် ( ၁) ရခိုင်စကားလက္ခဏာ ပေါ်လွင်ထင်ရှားခြင်း၊ ( ၂ ) ဒေသတခုတခု လူတစုအဖွဲ့ တခုတည်း သုံးစွာမဟုတ်ဘဲ တပြည်လုံးက သုံးရေ အများသုံး စကားဖြစ်ခြင်း ၊ (၃ ) စကားရင်းမြစ် ခိုင်မာခြင်း -- ဆိုရေ အချက်တိနင့် ကိုက်ညီအောင် ကြိုးစားသင့်ရေလို့  ထင်မြင်မိပါကြောင်း ။
နောက်ဆက်တွဲအဖြစ် ပြောချင်စွာ တခုက အဂုအခါ လူတော်များများက "သူနှင့်ငါ " ကို ရီးရေအခါ " သူနန့် ငါ ' လို့  ရီးနီကတ်ပါရေ ။ ဤချင့်ရေ ရခိုင်မကျ ဗမာမကျ အရီးအသား တခုဖြစ်ပါရေ ။ " ခန့် ညား " ဆိုရေစကားက " ခန့်  " ဆိုရေ စကားကို ရခိုင်သံနင့် ဖတ္တေခါ ဇါပိုင်ဖတ်ပါလေး။ " နန့်  " ကို ဖတ်ကေလေး ယင်းကာရန်အတိုင်းပါဗျယ်။ ယကေ ကိုယ်လိုချင်ရေ အသံရပါရေလား။ သီသီချာချာ စိုင်းစားပါ။ ရခိုင်နင့် ဗမာရို့ ရေ အပိတ်ဝဏ္ဍရို့ ကို ပြောရေအခါ အပြောကွဲပြားကေလေး အရီးအသား သင်္ကေတကျခါ တခုတည်းကို အသုံးပြုကတ်ပါရေ ။
တနည်းပြောရေကေ အပိတ်ဝဏ္ဍအရီးအသား ကို ဖတ်တေ့ခါ ရခိုင်နာင့် ဗမာရို့ ရေ အရီးအသား တမျိုးတည်းပင်ဖြစ်ကေလေး ကိုယ့်အသံနင့် ကိုယ်တမျိုးစီ ဖတ်ပါရေ။ ဒေအချက်ကိုလေး သတိပြုဖို့  လိုပါရေ ။ စကားသံဆိုစွာ စကားပြောကတ္တေခါ ထွက်လာရေ ပြောစကားအသံထွက်ကို ဆိုလိုပါရေ ။ စာလုံးပေါင်း ဆိုစွာကတော့ခါ စကားသံကို အက္ခရာတင်မှတ်ထားဖို့  ပေါင်းစပ်ရီးသားရေ စာလုံး သင်္ကေတေရို့ ကို ပေါင်းစပ်ပုံဖြစ်ပါရေ ။ စကားနင့် စာမှာ အပြောစကားဦးဆောင်ဖြစ်ဗြီးကေ စာအရီးအသားက နောက်လိုက်ဖြစ်ပါရေ။
အပြောစကားအရ ပြောနီတုံး မတ္တတ်လောက်ရာ တည်တန့် နိုင်ဗြီး ပြောဗြီးစွာနင့် ပျောက်ပျက်လားရပါရေ ။ ယင်းစကားကို နောက်တကြိမ် ထပ်ပြောခကေလေး ပထမပြောစွာနင့် ထပ်တူထပ်မျှ ဖြစ်နိုင်ဖို့  ခဲယဉ်းပါရေ။ ယေဗြီးကေ အပြောစကားကို မျက်ကွယ်မှာဟိရေ လူ၊ အ၀ီးမှာဟိရေ လူကိုလေး မပြောနိုင်ပါ။ ယေဇူးနင့် ယင်းအားနည်းချက်တိကို ဖြည့်စွမ်းနိုင်အောင် " စာ" ကို တီထွင် ရီးသားရပါရေ ။ ယင်းပိုင်နင့် ဘာသာစကားတခုမှာ အပြောစကား ( အပြောဘာသာစကား ) နင့် အရီးအသား ( အရီးဘာသာစကား ) လို့  နှစ်ခုဖြစ်လာပါရေ ။ အပြောစကားနင့် အရီးအသားဆိုရေ နှစ်မျိုးမှာ အပြောစကာရေ မူလဖြစ်ပါရေ။ အရီးအသားက တဆင့်ခံဖြစ်ပါရေ ။ ဘာသာစကားရို့ ရေြောပင်းလဲတတ်တေ ဆိုရေ သဘောတရားနင့် ကြည့်ပါကေ အပြောစကားက အပြောင်းအလဲမြန်ဆန်ပနာ အရီးအသားက နှေးကွေးပါရေ။ နောက်မာကျန်ခပါရေ။
ပုဂံကျောက်စာရို့ ကို ကြည့်ကေ ရခိုင်စကားသံ ၊ ထားဝယ် စကားသံရို့ နင့် နီးနီစပ်စပ် အသံထွက်စွာမျိုးကို ရနိုင်ပါရေ။ ယေဇူးနင့် ယင်းကျောက်စာ စာလုံပေါင်းတချို့ ရေ လွန်ခရေ နှစ်ပေါင်း တထောင်လောက်က ရခိုင်စကားအသံထွက် ၊ထားဝယ်စကားအသံထွက် ရို့ ကို ကိုယ်စားပြုထားစွာ လို့ ဆိုကေ မမှားနိုင်လို့  ဆိုချင်ပါရေ။ အရီးအသားကို ရှိမှာရောက်နီရေ အပြောစကားနင့် လိုက်လျှောညီထွေဖြစ်အောင် ဘာသားစကား အသုံးပြုသူရို့  မကြာမကြာ ပြုပြင် ပီးကတ်ရစွာကို ဘာသာစကားတိုင်းမာ တွိရပါရေ။ ဘာသာစကားဆိုင်ရာ အချက်အလက်တချို့ ကို အဓိက စောင့်ကြည့်ဗြီးနောက် ကိုယ့်ဘာသာစကားအကြောင်းကို တချက်ပြန်ကြည့်ကတ်ပါမေ။ အကျွန်ရို့  ရခိုင်ဘာသာကို မြန်မာဘာသာ၏ ဒေသိယစကားတခုအဖြစ် ပိုင်ညာသျှင်သုတေသီရို့  သုံးသပ်လေ့လာဟိကတ်ပါရေ။ ယင်းအထဲမှာ မစ္စတာတေလာ ( L.F Taylor ) ဆိုရေ ပိုင်ညာသျှင်တယောက်လည်း ပါပါရေ။ သူက ဒေပိုင်ဆိုပါရေ။ ရခိုင်ဘာသာရေ မြန်မာဘာသာနင့် အများကြီး ကွာခြားမူဟိတိကြောင်း ၊ ရခိုင်စကားက ပိုမိုရှိကျဗြီးကေ စကားသံနင့် စာလုံးပေါင်းရို့  ပိုမိုဆီလျော်မူဟိကြောင်း ၊ လွန်ခရေ နှစ်ပေါင်းတထောင်ခန့် က ဘာသာစကားကို အက္ခရာ တင်ရီးသားခြင်းမပြခင်က ရခိုင်စကားသံရေ မြန်မာ( ဗမာ) စကားသံနင့် ဆင်တူလိမ့်မေလို့  ထင်မြင်ရကြောင်း။ ရခိုင်နင့် မြန်မာရို့ ရေ လွန်ခရေ နှစ်ပေါင်းတထောင်နင့် နှစ်ထောင်ကြားမှာ တတိုင်နင့် တတိုင် ခွဲခွါခကတ်လိမ့်မေ ဖြစ်ကြောင်းးဆိုထားပါရေ ။
မစ္စတာတေလာ၏ အဆိုမှာ အမှန်တရား အင်တန်များများပါရေလို့  ဆိုနိုင်ဖို့  ထင်ပေါရ။ သူ့ အဆိုကို အကျွန်ရို့  လေးမြို့ ခေတ် ကျောက်စာရို့ နင့် ပုဂံကျောက်စာရို့ က ထောက်ခံချက်ပီးနီရေလို့  ဆိုနိုင်ပါဖို့ ။ ပုဂံကျောက်စာရို့ ကို ဖတ်ကြည့်ကေ ရခိုင်စကားသံ၊ ထားဝယ်စကားသံရို့ နင့် နီးနီးစပ်စပ် အသံထွက်မျိုးကို ရနိုင်ပါရေ။ ယေဇူးနင့် ယင်းကျောက်စာစာလုံးပေါင်းတချို့ ရို့ ရေ လွန်ခရေ နှစ်ပေါင်းတထောင်လောက်က ရခိုင်စကားအသံထွက်၊ ထားဝယ်စကားအသံထွက်ရို့ ကို ကိုယ်စားပြုထားစွာလို့ ဆိုကေ မမှားနိုင်လို့  ဆိုချင်ပါရေ။ အသံထွက်မတူဆိုစွာက ဗျည်းစကားသံနင့် သရစကားသံရို့ ကို ထုတ်လုပ်ပုံမတူလို့  ဖြစ်ပါရေ။ အကြမ်းဖျင်းအားဖြင့် ရခိုင်နင့် ဗမာရို့  မှာ ဗျည်းစကားသံ သုံးဆယ်လောက်နင့် သရစကားသံ ငါးဆယ်လောက် ဟိပါရေလတ်။
အကျွှန်ရို့ ပါးမာ မြောက်ဦးခေတ်ရို့ နင့် ရိုးမအရှိဖက်က အင်းဝခေတ် တောင်ငူခေတ်၇ို ရေ့ ခေတ်ပြိုင်တိဖြစ်ကတ်ပါရေ။ ယင်းအချိန်အတွင်းမှာ ပေါ်ပေါက်ခရေ ရခိုင်စာဆို ၊ ဗမာစာဆိုတိနင့် ရှင်ဘုရင်ချင်းချင်း ပါးကတ္တေတ-သဏ်လွှာရို့ ကိုကြည့်ကေ ဂန္တ၀င်မြန်မာစာရေ ရခိုင် ဗမာနှစ်တိုင်စလုံးမှာ အသုံပြုရေ စာဖြစ်ကြောင်း တွိရပါရေ။ စာလုံးပေါင်းကျခါ အဓိပ္ပါယ်တူ စကားလုံးရို့ ကို အသံထွက်မတူဒါလေ့ အတူတူ စာလုံးပေါင်းကတ်ပါရေ။ ယေဘူယျပြောရကေ ရခိုင်နင့်ဗမာရို့ မာဟိရေ " ရကောက်သံ" နင့် " ရကောက်ဟ,ထိုးသံ" ( ရှ_တရ-တြ) ရို့  ဗမာစကားသံမာ မဟိပါ။ ယင်းချင့်ကြောင့် " ရန်ကုန် " လို့  ရီးသားစွာကို သူရို့ က " ယန်ကုန် " လို့ အသံထွက်ဖတ်ပါရေ။ ယင်း " ရကောက်သံ" နင့် " ရကောက်ဟ_ထိုးဝံ ( ရှ) " ရို့ ရေ ဘင်္ဂလီစကား ၊ ဟိန္ဒီစကားရို့  ပြောရေနယ်နင့် နီးစပ်တေနီရာက ရခိုင်စကား အသံထွက်မာ ပိုများလာပါရေ။ စစ်တွေနင့် ရန်းဗြဲဒေသ စကားအသံထွက်တိမှာတော့ ခါ ပုံမှန်လောက်ရာ ဟိပါရေ။ ရခိုင် ဗမာနှစ်တိုင် စလုံးနင့် ဆိုင်ရေ မြနမာဘာသာမာ သရသံငါးဆယ်ဟိရေလို့  ဆိုပါရေ။ ယင်းချင့်ကို တူရာတူရာစုဗျယ် အောက်မှာ ဖေါ်ပြထားပါရေ ။
၁။ ရိုးရိုးသရ
၁----အိ။ အီ ။ အီး ၊ (၂ ) အေ့ ။ အေ ။ အေး။ (၃) အဲ့  ၊ အယ် ၊ အဲ ။ (၄ ) အ ၊ အာ ၊ အား ။ ( ၅ ) အော့ ။ အော် ။ အော။ ( ၆ ) အို့  ၊ အို ၊ အိုး၊ ( ၇ ) အု ၊ အူ ၊ အူး ။
ရိုးရိုးသရ ( သရသန့်  Pure Vowel လို့ ခေါ်ပါရေ ) က ( အိ-အေ-အဲ-အာ-အော ) ခုနှစ်လုံးဖြစ်ပါရေ ။ ရခိုင်နင့် ဗမာရို့ ၏ မြန်မာဘာသာစကားအရ တက်ကျသံ ဘာသာစကားဖြစ်တေ အတွက်နင့် အထက်မာဖေါ်ပြထားရေပိုင် တလုံးတလုံးမှာ သုံးမျိုးစီဖြစ်လားခပါရေ။
၂။ ရပ်သံပါ သရ
(၁ ) အက်။ (၂) အောက် ။ (၃ ) အိုက် ။( ၄) အစ် ။ (၅ ) အတ်(ပ်) ။(၆) အိတ်( ပိတ်) ။(၇) အုတ်(အုပ်) ။ (၈) အွတ်( အွပ်)
၃ ။ နှာသံပါသရ
(၁) အင် ။ အင့်၊ အင်း။ (၂) အောင်၊ အောင့် ။ အောင်း။ ( ၃ ) အိုင်။ အိုင့် ၊ အိုင်း။ (၄ ) အန်၊ အန့် ၊ အန်း။ ( မ်း )
(၅) အိမ်။ အိန့်  ။ အိန်း (အိမ်း) ၊ ( ၆) အုန်၊ အုန့်  ။ အုန်း။ ( အုမ်း) ။ (၇) အွန်၊ အွန့်  ။ အွံန်း ၊
ရပ်သံပါသရ ( ၅၊၆၊၇၊၈၊ ) နင့် နှာသံပါသရ ( ၄၊၅။။၆။၇။ ) ရို့  နောက်မှာ ပိုက်ကွင်းနင့် ပြထားစွာတိက စကားသံကို အက္ခရာတင်ရီးသားရာမာ အသုံးပြုကတ်တေအသံထွက်တူ အသံကွဲပြားစွာကို ပြထားစွာဖြစ်ပါရေ ။
ရိုးရိုးသရတိကို အသံထုတ်ပုံမှာ ရခိုင်နင့်ဗမာ အတူတူပင်ဖြစ်တေလို့  ဆိုနိုင်ပါယင့်။ ယေဒါလေး သုံးပုံမှာ ကွဲပြားကတ်ပါရေ။ ယေဇူးနင့် အသံထွက်ကွဲပြားလားစွာဖြစ်ပါရေ။ ဗမာ(အိ) သရအားလုံးနင့် (အေ) သရ အင်တန်များများကို ရခိုင်က ( အိ) သရ တလုံးတည်းကို သုံးပနာ ပြောကတ်ပါရေ။ ယင်းအချက်နင့် ပါတ်သက်လို့  ဥက္ကာပျံစာကို နမူနာကြည့်နိုင်ပါရေ ။ ဥက္ကပျံက " မိုးဖွဲ့ ရတု" မှာ အောက်အာကာဗွီ ၊ ၀ါယောထွီ၍၊ လီထက်ကားရီ၊ ရီထက်မြီနင့် ၊ ပထ၀ီဟု၊ ထုထူနှစ်သိန်း၊ လေးသောင်းကိန်းထက် " စသဖြင့် စပ်ဆိုထားပါရေ။ " ဗွီ၊ ထွီ၊ လီ၊ ရီ၊မြီ " ရို့ ရေ ဗမာနင့် အသံထွက် ကွဲပါရေ။ ဗမာက " အေ " သရနင့် အသံထွက်ပါရေ။ ယေဒါလေ့ " လေးသောင်းကိန်း" က " လေး" ကို ကျခါ ဗမာနင့် အတူတူ အသံထွက်ပါရေ။
" ရီ ၊ မြီ " ရို့ ပိုင် ရိုးရိုးသရနင့် အဆုံးသတ်ပနာ ဖွဲ့ စည်းထားရေ ၀ဏ္ဍစကားသံကို အပွင့်ဝဏ္ဍလို့ ခေါ်ပါရေ။ ရပ်သံပါသရ ၊ နှာသံပါသရရို့  နင့် အဆုံးသတ်ဖွဲ့ စည်းထားရေ ၀ဏ္ဍရို့ ကိုတော့ခါ အပိတ်ဝဏ္ဍလို့  ခေါ်ပါရေ။ အပွင့်ဝဏ္ဍ၇ို့ မာ " အယ်" ဆိုရေ သရကို ရခိုင်ရို့ က " အေ " သရနင့် တူတူအသံထွက်ပြောဆိုကတ်ပါရေ။ အဂုတော့ခါ စစ်တွေစကားသံတိမှာ " ဗျယ်၊ လယ် " ဆိုရေ " အယ် " သရတလုံးစ နှစ်လုံးစကို တွိရပါယင့်။ စာအရီးအသားမှာ " စည်" ရို့ ပိုင် ညသတ်နင့် ရီးထားစွာကိုလည်း ရခိုင်ရို့ က "အေ" သရသံနင့် အသံထွက်ပါရေ။ တခါတလီတော့ခါ " ညသျှေသတ် ( ဉ်) " သတ်နင့် အတူထားဗျယ် ပြောကတ်ပါရေ။
ရပ်သံပါသရတချို့ နင့် နှာသံပါသရတချို့ ကို အသံထုတ်ခါမှာတော့ ရခိုင်နင့် ဗမာ လုံးလုံး ကွဲပြား ပါရေ။ ယင်းချင့်ကြောင့် ယင်းအသံထုတ်ပုံကွဲပြားရေ ရပ်သံပါသရ ၊ နှာသံပါသရ ရို့ နင့် ဖွဲ့ စည်းထားရေ အပိတ်ဝဏ္ဍစကားလုံးရို့ ကို အသံထွက်တေခါ ရခိုင်နင့် ဗမာ အများကြီး ကွဲပြားလားခပါရေ။ ဒေနီရာမှာ ယင်းအကြောင်းကို ကျယ်ကျယ်ပြန့် ပြန့်  ဆွေးနွေးနိုင်ဖို့  မဟုတ်ပါယာ။ ယင်းအသံထုတ် ကွဲပြားရေ သရတိနင့် ဇပိုင်အသံထွက်မှာ ကွဲပြားရေ ဆိုစွာလောက်ကိုရာ အချုပ်လောက်ရီးလိုက်ပါဖို့ ဗျယ်။
ဝဏ္ဍ ( စာလုံးပေါင်း ရခိုင်အသံထွက် ဗမာအသံထွက်
အက် အာ့က် အဲ့က်
အစ် အိုက် အိစ်
အတ် အဲ့ တ် အာ့တ်
အွတ် အွဲ့ တ် အွတ်
အင် အာင် အိင်
အွန် အွယ်န် အွန်
အထက်ပါ အသံထွက် စာလုံးပေါင်းရို့ မှာ " အစ် " ၀ဏ္ဍ၏ ရခိုင်အသံထွက် " အိုက်" ကလွဲလို့  ကျန်စွာတိမှာ ( က်.စ်။တ်။ငင်။န်၊ ) ဆိုစွာတိကို စာအရီးအသားကို ထည့်လိုက်စွာပါ။ အမှန်က ( က်။စ်။ တ်၊ ) ရို့ ရေ ရပ်သံသင်္ကေတဖြစ်ပနာ ( င်၊ န် ၊ ) ရို့ ရေ ရပ်သံနင့် နှာသံမှာဟိရေ သရသံကို ပင်တိုင်ထားဗျယ် ထွက်ရပါဖို့ ။ ဒေနီရာမာ ဆက်ပြောချင်စွာတခုက " အဉ် " လို့  စာလုံးပေါင်းထားရေ သရကို ဗမာက အင်နင့် အတူတူ အသံထွက်ဗျာ ရခိုင်က " အိုင် " လို့  အသံထွက်တေ ဆိုစွာပါ။
နောက်ဆုံးစကားချပ်ပနာ ပြောချင်စွာ တခုက အကျွန်ရီးစာရို့ မှာပါရေ စာလုံးပေါင်းတိက စာဆိုဥက္ကာပျံနမူနာကို ယူဗျာ အကျွန်ရို့  အစိုင်အလာ ရိုးရာ ဂန္တ၀င်မူနင့် လည်း များများစားစား မကွဲမပြားစီဘဲ အကျွန်ရို့  စကားအသွံထွက်နင့်လည်း ကိုက်ညီအောင် ပေါင်းစပ်ထားစွာဖြစ်ပါကြောင်း
မောင်စံဖေါ်