Monday, July 25, 2011

ရီကြီးမှုကြောင်း ဒေသခံတိ စီးပွားပျက်

ရခိုင်ရိုးမ။ ။July25,2011


မင်းပြားမြို့နယ်တွင်း ဖြစ်ပျက်မှု

ဒေလ ၁၇-ရက်နိက စလို့ ရခိုင်ပြည်ရှိ မြို့နယ် အချို့မှာ ရီကြီးခရေအတွက်
အိမ်တိ နစ်မြုပ်လားခစွာတိထဲက မင်းပြားမြို့နယ်၊ တောင်ကုတ်မြို့နယ်၊
မြောက်ဦး၊ ပေါက်တောမြို့နယ်ရို့မှာ ဆိုးဆိုးရွားရွား ခံခရကြောင်း သိရသည်။


“ရီမြုပ်စွာကတော သုံးရပ်ကွက်ပါ၊ ဈီးဟောင်းပိုင်း အလယ်ပိုင်းနိန့် အောက်ရွာပိုင်းရပ်ကွက်ရို့မြုတ်ခပါရေ။ ဒေဂုတော့ ရီတော့ခါ မရှိပါဗျာယ်၊ အိမ်တိမှာကျန်လိုက်တေ အမှိုက်တိနန့် ကျုပ်တိကို ဆီးပနာ နိန်ကတ်ရပါရေ။

ကမ်းနားလမ်းက အိမ်တိဆိုကေ အများဆိုးဆိုးဝါးဝါး ခံရပါရေ၊ ဆန်အိတ်တိ၊ စားစရာတိ အားလုံး ရီဲမြုပ်လားပါရေ၊ တိုက်အိမ်တိထက် ဒေပိုင်သစ်ဝါးအိမ်တိဆိုကေ ပိုဆိုးပါရေ။ ရီမြုပ်လားလို့ပါလေ”လို့ မင်းပြား အလယ်ပိုင်းရပ်ကွက် ဒေါ်ခင်သာမြက ရခိုင်ရိုးမကိုပြောသည်။

ယင်းအပြင် မြို့မဈိးလဲ ရီးကြီးခရေ အတွက်ကုန်ပစ္စည်းတိ ဆုံးရှုံးမှုတိ ရှိလားကြောင်း အ၀တ်အထည်ဆိုင်သည်တဦးက ဒေဂုပိုင် ရှင်းပြခသည်။

“အေးဝေး တဈီးလုံးရီမြုပ်ခရေ အတွက်၊ ကုန်တိလဲ ပျက်စီးလားရေ၊ ငါ့ရို့မှာက အခန်းနီဆိုခါ အ၀တ်အထည်တိလဲ အားလုံးစွတ်လားဗျယ်၊ ရောင်းလို့ကား ရဖို့မဟုတ်ဗျယ်”။

မင်းပြား နယ်ဘက်တိမှာလဲ ရီကြီးရေအတွက် လယ်ကွင်းတိ ပျက်စီလားကြောင်း၊ မျိုးစပါးတိလဲ ပျက်စီးလားကြောင်း သိန်တောင်၊ ဆင်ကြီးပြင်၊ ကုတိုးဆိပ်၊ ပန်ဇင်းမော်၊ ကင်းဆိပ် ၊ပြားချောင်းစရေ ကျေးရွာတိက လယ်သမားတိက ပြောပြသည်။

ယင်းအပြင် ပန်းမြောင်း မြောင်းဘွေ ဖက်တိမာလဲ အိမ်(၁၀)ကျော် ရီထဲမျောပါလားကြောင်းလဲ သိစုံစမ်းသိရှိရသည်။

ပေါက်တောမြို့နယ်တွင်းဖြစ်ပျက်မှု

ပေါက်တောမြို့နယ် မီးကျောင်းတက်ကျေးရွာက လယ်သမားတဦးဖြစ်တေ ဦးသာအောင်က ပြောပြစွာကတော့
“စပါးတိက ကြဲထားစွာတိ အားလုံးရီနန့်ပါလားဗျာယ်၊ မျိုးစပါးကွင်းတိလဲ ပျက်စီးလားဗျာယ်ဒေ၊ ပြန်စရဖို့က
ဝါဆိုလတောင်ရောက်နီဗျာယ်”လို့ ပြောပြသည်။
လယ်ကွယ်တိမှာ ရီမြုပ်စွာက မပြောကေ့ လူတောင်ငုတ်လို့ရရေ၊ ငါ့ရို့ကောင်းကံဆိုးစွာမနားဝေ”လို့ နတ်မော် ကျေးရွာက လယ်သမားတဦးက ပြောပြသည်။

တောင်ကုတ် မြို့နယ်တွင်းဖြစ်ပျက်မှု

တောင်ကုတ်မြို့နယ်မှာ နတ်မော်၊ သလိန်ပြင်၊ တောင်ရွာ၊ မှိုဟင်းတော ကျေးရွာတိအတွင်း လယ်ကွင်းတိရေ ရီမြုပ်လားရေအတွက် ဒေသခံ လယ်သမားတိ ဒုက္ခရောက်နီရကြောင်း သိရသည်။
ရီကြီးမှုကြောင်း မျိုးစပါး ပျက်စီးမှု၊ စိုက်ပျိုးထားရေ မျိုးစပါးတိ ရီနန့် မျှောပါလားခလို့ လယ်သမားတိ ဒုက္ခ ရောက်နိန်ကြရေပိုင် ရီမြုပ်ရာမှာ ပါခရေ အိမ်သားတိ တချို့စော် နီထိုင်စရာ အခက်ခဲတိနိန့် ရင်ဆိုင်နီကြရကြောင်း စုံစမ်းသိရှိရသည်။