Saturday, July 9, 2011

ရခိုင်သဟာယအသင်း နှစ်၅၀ပြည့် အခမ်းအနားကျင်းပ

(ရခိုင်ရိုးမ)။ ။09,july,2011


ရခိုင်သဟာယအသင်း(ရန်ကုန်) နှစ်(၅၀)ပြည့် ရွှေရတု အခမ်းအနား တစ်ခုကို ၉ရက် ၇လပိုင်းနိန့်တွင် ရန်ကုန်မြို့ ရခိုင်ပြည်နယ် ဓမ္မာရုံမှာ ကျင်းပခပါရေ။ ယင်းဖွင့်ပွဲကို အရင်ဆုံးအနိန်နန့် ရခိုင်မောင်မယ် တံမြက်စည်းလှည်း အသင်းမှ ရခိုင် မောင်မယ်ရို့က ဗျာလ အက အပါအ၀င် ရခိုင်ရိုးရာ အကတိနန့် ဦးစွာ ကပြဖျော်ဖြေပနာ အခမ်းအနားကို စတင်ဖွင့်လှစ်ခကြောင်း သိရပါရေ။


နိုင်ငံခြားရေးရာ ၀န်ကြီးဌာနမှ အငြိမ်းစား ဦးမင်းကြည်(နာယက)မှ အဖွင့် အမှာစကား ပြောကြားခပြီး ရခိုင်သဟာယအသင်း၏ နာယကတိဖြစ်တေ ဦးမြသိန်း၊ ဒေါ်တင်တင်ရို့ကလည်း အမှာစကား ပြောကြားခပါရေ။

ရခိုင်သဟယအသင်းမှ ဒုဥက္ကဌ ဦးမျိုးဆွေနှင့် အတွင်းရေးမှုး ဦးသာမြကျော်ရို့ကလည်း အသင်း၏ လက်ရှိ လုပ်ဆောင်ချက်တိကို
ရှင်းလင်း ပြောကြားပနာ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီးတစ်ဦး ဖြိုက်တေ ဦးဇော်အေးမောင်ကလည်း
"ကမ္ဘာတည်သရွီ့ ရခိုင်သားဟိန့်ရဖို့၊ရခိုင်သားဟိန့်သရွီ ရခိုင်သဟာယ အသင်း ဟိန့်ရဖို့၊ ရခိုင်သဟာယအသင်း ဟိန့်သရွီ့ ရခိုင်ပြည် အကျိုးကို သယ်ပို့လားကတ်ပါ" လို့ ပြောကြားခကြောင်းသိရှိရပါရေ။

ယင်းနောက်တွင် ရခိုင်သဟာယ အသင်း၏ ဂုဏ်ထူးဆောင် ဆုတံဆိပ်တိကိုလည်း တာဝန်ဟိရေ လူကြီးတိက အသီးသီး ပီးအပ်ခကတ်ပါရေ။

ယင်းအခမ်းအနားသို့ ရခိုင်ရေးရာ ၀န်ကြီးတစ်ဦးဖြစ်တေ ဦးဇော်အေးမောင်၊ ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်၊ ပြည်သူ့ လွှတ်တော်က အမတ်တိလည်း တက်ရောက်ခကတ် ပနာ ဒေါက်တာကျော်သိန်း၊ ဦးအေးသာအောင်၊ အကယ်ဒမီနေအောင်၊ ဦးထွန်းရွေခိုင်ရို့လည်း တက်ရောက်ခကြောင်းနန့် အခမ်းအနားသို့ တက်ရောက်သူ လူထု၂၀၀ ကျော်ကြောင်း သိရှိရပါရေ။

ယင်းအခမ်းအနားပွဲတွင် ပန်းချီ-ဓါတ်ပုံ-စာအုပ်စာတမ်းပြပွဲနန့် ရခိုင်တိုင်းရင်းသားရိုးရာ အစားအစာများ ရောင်းချခကြောင်းလည်း သိရှိရပါရေ။

ရခိုင်သဟာယအသင်း ဥက္ကဋ္ဌဖြစ်တေ ဦးခင်မောင်စိုးက နိဂုးံချုပ်စကားကို ပြောကြားယင်း အခမ်းအနားကို ရုပ်သိမ်းခကြောင်း သိရပါရေ။
အခမ်းအနားကို မိုးထသား ၉နာရီမှ စတင်ကာ နိန့်ခင်း၁၂နာရီတွင် ပြီးစီခကြောင်း သိရှိရပါရေ။