Friday, July 29, 2011

ခေတ်မှီရခိုင်စာနင့် ပါတ်သက်၍ စံတခုအဖြစ် မဟာပညာကျော်မူ လုပ်ဖို့  စွာကို သဘောထားတောင်းယူခြင်း

လေးစားစွာဖြင့်ရခိုင်လူမျိုးများအားတင်ပြပါသည်

၁။။ အမေရိကန်နိုင်ငံနယူးယောက်မြို့မှာနီထိုင်သောရခိုင်မျိုးသျိုက်တချို့ကရခိုင်စာနင့် ပါတ်သက်၍ စံတခုအဖြစ် မဟာပညာကျော်မူလုပ်ဖို့ စွာကို အစီးအ၀ီးတခုပြုလုပ်ခပါသည်။ ယင်းအစီးအ၀ီး မှတ်တမ်းဗွီဒီိယိုကိုလည်း
ဒီဗွီဘီလိုက်(စလောင်း)တီဗွီမှထုတ်လွှင့်လားခရေပိုင်လေးဝတီအာရကန်ဝပ်ဆိုက်(http://www.laywaddyarakan.com/)မှာပါတင်ပြထားပါသည်။

၂ ။အမေရိကန်နိုင်ငံနယူးယောက်မြို့မှာနီထိုင်သောသမိုင်းပညာရှင် ဆရာကြီးဒေါက်တာ ဦးအေးကျော် နီအိမ်မှာ ယင်းအစီးအ၀ီးကိုပြုလုပ်ခြင်းဖြစ်ပါသည်။ ဆရာကြီးမှာ အသက်အရွယ်အရ ကြီးမြင့်လာရေအတွက်
အခုပိုင်ရခိုင်စာကိုစံတခု အဖြစ်ပြုလုပ်ချင်ရေစိတိဆန္ဒဟိ ကြောင်းတင်ပြပနာဒေဂုပိုင် ပြုလုပ်ရခြင်းဖြစ်ပါသည်။ ယေကေလဲ ရခိုင်စာကိုစံထားပနာ အသုံးပြုဖို့  ဆောင်ရွက်စွာမှာ ပြည်တွင်းပြည်ပမှာ သမိုင်းဆရာကြီးတိ၊
စာရီးဆရာကြီးတိ၊အနုပညာရှင်တိအပါအ၀င်ရခိုင်လူမျိုးတရပ်လုံးနင့် ပါတ်သက်နီရေ ကိစ္စဖြစ်နီပါသည်။
၃။ ။မဟာပညာကျော်မူမှာ ရှေးရခိုင် ရှင်ဘုရင်ရို့ဘုန်းမီးနီလ တောက်ပခရေ အချိန်ဖြစ်တေ ဝေသာလီခေတ်၊ လေးမြို့ခေတ်၊ဓည၀တီခေတ်၊မြောက်ဦးခေတ်က ရီးသားခကတ်တေ ကျောက်စာပီစာတိထဲက ကောင်းနိုးရာရာ
လှပရေစာလုံးချေတိကိုရွီးချယ်ပနာလုပ်ထားစွာဖြစ်ပါရေ။
ယေဇူနင့်ဒေခေတ်မှီရခိုင်စာကိုစံထားပနာမဟာပညာကျော်မူအဖြစ်လက်ခံသင့်ယင့်လားဆိုစွာပြဿနာဖြစ်လာ ပါသည်။ ဆရာကြီးဦးဗသိန်းကမှတ်ချက် သဘောထားပီးထားစွာမှာ ရှေးခေတ်က ရီးခကတ်တေ
ရခိုင်စာပီတိမှာ သက္ကတစာပီနင့် ပါဠိစာပီကို အခြီခံပနာ ရီးထားစွာဖြစ်လို့
ယင်းစာတိကိုမြောက်ဦးခေတ်သုံးစာပီတိထဲမှာရောနှောသုံးလို့ရလို့မှတ်ချက်ပီးထားပါရေ။
ယေပြီးကေ အခုသုံးနီရေစာမှာ မြောက်ဦးခေတ်သုံး ရခိုင်စာ
ဥက္ကာပျံမူဖြစ်တေလို့လဲပြောရေပိုင်ဒေနိသုံးစွဲနီရေမြောက်ဦးခေတ်သုံးစာကို စံတခုအဖြစ် သုံးရဖို့ လို့  တိုက်တွန်းထားပါသည်။
၎။ ။အခုမျက်မှောက်ကာလမှာသုံးနီကတ်တေ ကကြီးခခွေးဗျည်းမှာမြောက်ဦး ခေတ်သုံး ရခိုင်စာဖြစ်တေ အတွက်ခေတ်နင့်အညီ အခုလက်ရှိသုံးနီရေ ကကြီးခခွေးဗျည်း ၃၃လုံးပါရေရခိုင် သင်ပုန်းကြီးကိုရာ သုံး သင့်ကြောင်းအကြံပြုပီးထားပါသည်။ မဟာပညာကျော်မူမှာဗျည်း-၃၆-လုံးထိသတ်မှတ်ထားစွာ ဟိပါသည်။
၅ ။ယေဇူးနင့်ဆရာတော်အရှင်သူမြတ်တိ။ရခိုင်သမိုင်းဆရာကြီးတိ ၊ စာရီးဆရာကြီးတိ၊ ရခိုင်အနုပညာရှင်တိ ၊
မျိုးဆက်သစ်ရခိုင်သမိုင်းစိတ်ဝင်စားသူတိနင့်ရခိုင်လူမျိုးတိကဒေကိစ္စကိုအခုအချိန်မှာ အဖြီပီးသင့်ကတ်ပါဗျန်လို့  ထင်မြင်ယူဆပါသည်။ရခိုင်လူငယ်ရို့မှာရခိုင်မူတခုစံတခုကိုမရသိရေအခါရခိုင်စာစံတခုကိုလိုချင်နီကတ်တေအတွက်အခုအချိန်မှာ ဒေချင့်ကိုလည်း စဉ်းစားစရာ ဖြစ်လာပါသည်။ ဇါပင်ဖြစ်ဖြစ်
ရခိုင်လူမျိုးတရပ်လုံးကဒေပိုင် ရခိုင်စာကိုသတ်မှတ်ဖို့စွာမှာအမေရိကန်နိုင်ငံနယူးယောက်မြို့ က ပြုလုပ်နီသော မဟာပညာကျော်မူကိုလက်ခံပါယင့်လားဆိုရေမီးခွန်းကိုဖြီဆိုပီးကတ်စီချင်ပါသည်။

၆။အောက်ပါအဖြီတခုခုကိုပီးကတ်စီချင်ပါသည်။
(က)အခုလက်ရှိသုံးနီသောမြောက်ဦးခေတ်မူကိုရခိုင်မူအဖြစ်သုံးခြင်းကို လက်ခံပါသည်။
သို့မဟုတ် လက်မခံပါ ။
။(အသိအမှတ်ပြုခြင်းကို မှင်ဖြင့်
အမှတ်အသားပြုလုပ်ပီးစီချင်ပါသည်)
(ခ)ခေတ်ပေါင်းစုံကစာလုံးအလှပချေနင့်ရီးသားပြုစုထားသည့်
မဟာပညာကျော်မူကို လက်ခံပါသည်။ သို့မဟုတ်လက်မခံပါ ။။
(အသိအမှတ်ပြုခြင်းကိုမှင်ဖြင့်အမှတ်အသားပြုလုပ်ပီးစီချင်ပါသည်)

နာမေ -နိစွဲ။ လက်မှတ်


ခိုင်ဥက္ကာပျံ (လေးဝတီဝိုင်းတော်သား.....0088 01819895026)
အီးမေး(khaingautgapyan@gmail.com)
ကိုသဘောထားပီးပို့ နိုင်ပါရေ။